03/09/2026
Good Morning ပါရှင် အမပျောက်နေကြလို့
အလုပ်မလုပ်တော့ ဘူး လားလို့ လာမေးတဲ့ကလေးတွေ အတွက်ပါ
အလုပ်မလုပ်ရင်အမမဟုတ် ပါဘူး
အလုပ်သရဲ မို့ အမြဲ အလုပ်လုပ်နေပါတယ်
စလုံး အလုပ်တွေ quota အခက်အခဲတွေကြောင့် အလုပ်နည်းနည်း ပါးနေတာ က တကြောင်း
ကိုယ့် ရဲ့ quality ကလေးတွေ အတွက် ရထားတဲ့ quality မရှိတဲ့ job offer တွေ ချိတ်မပေးချင်တာကတကြောင်း
အမ အမြဲ active မဖြစ်တာ ပါ
အလုပ်ရှာတဲ့ ကလေးတွေ ကို အမြဲ အလုပ်စိတ်ကြိုက်ရွေးခိုင်းပါတယ်
ဘယ်အလုပ်ကိုမှpush လုပ်ပြီး မရွေးခိုင်းပါဘူး
Confirm job မရှိ ဘဲ လည်း deposit ဘယ်တော့မှ ကြိုမယူပါ
ကြိုယူမိပြီး အကျိုးအကြောင်း တခုခု လွဲမှားရင်
အပြည့်အဝ ရှင်းပြပြီး အကုန်ပြန်အမ်းပါတယ် ရှင့်
ကိုယ် တာဝန်ယူနိုင် သလောက်ဘဲ အလုပ်လုပ်တာ မို့ Sub - agent မပေးပါဘူး ရှင်
ကိုယ်အလုပ်ရှာပေးလိုက်တဲ့ ကလေးတွေက တဆင့် recommend ပေးပြီး ရောက်လာတဲ့ ကလေးတွေကို ဘဲ အလုပ်ရှာပေးရတာ စိတ်ချမ်းသာပါတယ်
ငွေ အရင်းအနှီး အများကြီး ပေးပြီး အလုပ်ရှာ ကြရတော့
စိုးရိမ်စိတ်တွေ များနေကြတဲ့ကလေးတွေ ကို အပြည့်အဝ စာနာ မိပါတယ်
Work life balance လိုချင်သူများ
ဖြစ်နိုင်ရင် စလုံး မှာ အလုပ်လာမလုပ်ကြပါနဲ့
တကယ်လာမယ်ဆိုရင် Job offer တွေ ကိုတကယ် လက်ခံနိုင်ကြမှ လာကြပါ
စလုံးက အလုပ်တွေ ဘဲပေါ တာပါ
စီးပွားရေး အတော်များများက အဖြစ် လုပ်နေကြတာ ပါ
ဟိုတခေတ်က လို bonus အလျှံအပါယ် ပေးနိုင် တဲ့ခေတ်တွေကုန်နေပါပြီ
အာ့ကြောင့်လစာ မများ ဘဲ အလုပ်ချိန် များတဲ့ အလုပ်တွေ တကယ် လက်ခံနိုင်မှလာကြပါ 🙏
အမကတော့ ရေစက်ရှိသူတိုင်းကို အလုပ်ရှာပေးနေပါသေးတယ်
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်