11/07/2026
📣 ဝေါ့ပါမစ် (Work Permit) ဝေါ့ပါမစ်ကဒ်
မထွက်သေးလို့ စောင့်နေရတဲ့သူများအတွက်
🛎️ သတင်းကောင်းကြီး လာပါပြီရှင် 🛎️
ထိုင်းအစိုးရကနေ ဝေါ့ပါမစ် (Work Permit) ဝေါ့ပါမစ်ကဒ် အစစ်မရခင် ကြားထဲမှာ
တရားဝင် အေးဆေးအလုပ်လုပ်လို့ရမယ့်
"ယာယီအလုပ်လုပ်ခွင့်လက်မှတ်" ကို စတင်ခွင့်ပြုလိုက်ပြီဖြစ်လို့ပါသည် 👇
👉 စတင်အသက်ဝင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက
စတင်အာဏာတည်နေပါပြီ။ (အစိုးရပြန်တမ်းကို ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ)
❓ ယာယီလက်မှတ် "WP.62" ဆိုတာ ဘာလဲ။
အလုပ်လုပ်ခွင့် (Work Permit) တော့ ကျပြီးပြီ၊ ဒါပေမဲ့ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့်
ဝေါ့ပါမစ်ကဒ်အစစ်လက်ထဲမရောက်သေးခင် စောင့်နေရသူတွေအတွက် ထုတ်ပေးမယ့်
ယာယီအထောက်အထား ဖြစ်ပါတယ်။
ဒီလက်မှတ်ကို ဘတ. ၆၂ (WP.62) လို့ ခေါ်ပြီး စာအုပ်အစစ်အတိုင်း
ဥပဒေအရာမြောက်ပါတယ်။
WP.62 ထဲမှာ ဘာတွေပါမလဲ။
သင့်ရဲ့ ကိုယ်ရေးအချက်အလက်၊
ပတ်စပို့နဲ့ ဗီဇာအချက်အလက်များ
အလုပ်ရှင်/ကုမ္ပဏီအမည်၊ အလုပ်အကိုင်ရာထူးနဲ့
လုပ်ငန်းခွင်လိပ်စာ
ကျန်းမာရေးအာမခံနဲ့ ဆေးကုသခွင့်ဆိုင်ရာ အချက်အလက်များ
💯 အလုပ်ရှင်နဲ့ အလုပ်သမားများအတွက် ရလဒ်
စာအုပ်အစစ် စောင့်နေရတဲ့ ကြားကာလမှာလည်း အလုပ်သမားကော အလုပ်ရှင်ပါ
စိုးရိမ်စိတ်ကင်းကင်းနဲ့ အလုပ်ကို အနှောင့်အယှက်မရှိ ဆက်လုပ်သွားလို့ ရပါပြီ။
လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်ချောမွေ့အောင် ထိုင်းအလုပ်အကိုင်ဦးစီးဌာနက
ဖြေလျှော့ပေးလိုက်တဲ့ သတင်းကောင်းပဲ ဖြစ်ပါတယ်။
#ဘတ်သစ် #စီအိုင်စာအုပ် ာအုပ် #ပိုက်စပို့ဝန်ဆောင်မှု #ချွန်ဖော်ပွဲစား #ရွှေပြောင်းမြန်မာအလုပ်သမားများ