Saku Japan Opportunity

  • Home
  • Saku Japan Opportunity
Directions

Saku Japan Opportunity Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saku Japan Opportunity, Recruiter, .

💻 IT Knowledge Sharing Session🌱Career တစ်ခုကနေ IT Career တစ်ခုဆီသို့“IT ဆိုတာ Computer Science ဘွဲ့ရထားတဲ့သူတွေအတွက်ပဲလာ...
14/08/2026

💻 IT Knowledge Sharing Session

🌱Career တစ်ခုကနေ IT Career တစ်ခုဆီသို့

“IT ဆိုတာ Computer Science ဘွဲ့ရထားတဲ့သူတွေအတွက်ပဲလား?”

မဟုတ်ပါဘူး။
ကိုယ့်ရဲ့ လက်ရှိ Career က IT မဟုတ်လို့ IT Career ကို ပြောင်းလို့မရဘူး ဆိုတာ မမှန်ပါဘူး။

ဂျပန်မှာ IT ကို Career Change လုပ်ချင်သူတွေအတွက် တက္ကသိုလ်၊ ကောလိပ်ကို အစကနေ ပြန်တက်ရမယ်ဆိုတာ တစ်ခုတည်းသောလမ်းမဟုတ်ပါဘူး။

အရေးကြီးတာက
“IT ကို တကယ်နားလည်အောင် သင်ယူထားလား?”
“ကိုယ်လုပ်မယ့် IT Job အတွက် လိုအပ်တဲ့ Skill တွေ ရှိလား?”
“ကိုယ့်ရဲ့ Knowledge နဲ့ Skill ကို အလုပ်မှာ အသုံးချနိုင်လား?” ဆိုတာတွေပါ။

💻 Zero IT Knowledge ကနေ စနိုင်ပါတယ်။

ပြီးရင် ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ IT Certification / Practical Skills / Portfolio တွေကို တည်ဆောက်ပြီး ဂျပန် IT Company တွေမှာ Career Change အတွက် ပြင်ဆင်နိုင်ပါတယ်။

တစ်ခါတလေ
“ငါက IT ဘာမှမသိဘူး… နောက်ကျနေပြီထင်တယ်” လို့ ကိုယ့်ကိုယ်ကိုယ် တွေးမိနိုင်ပါတယ်။

ဒါပေမယ့် Career ပြောင်းဖို့အတွက် အစကနေ ပြန်စတင်တာဟာ နောက်ကျတာမဟုတ်ပါဘူး။
ကိုယ့်ဘဝမှာ မကြိုက်တဲ့အလုပ်တစ်ခုကို ဆက်လုပ်နေမယ့်အစား၊ ကိုယ်တကယ်သွားချင်တဲ့လမ်းကို သိပြီး ပထမခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာက ပိုအရေးကြီးပါတယ်။

🌱 No IT Background? It’s okay.
🎓 No IT Degree? There are other paths.
💻 Zero IT Knowledge? You can start from zero.

အရေးကြီးဆုံးက — “ငါ IT ကို ပြောင်းချင်တယ်” ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ “ဒီနေ့ကစပြီး လေ့လာမယ်” ဆိုတဲ့ ပထမခြေလှမ်းပါ။

ဒီ Knowledge Sharing Session မှာ IT လုံးဝမသိသေးသူတွေကိုပါ အခြေခံကနေ စတင်ပြီး IT Career Change အတွက် ဘာတွေသိထားသင့်လဲ၊ ဘယ်လိုလေ့လာသင့်လဲ၊ ဘယ်လို Skill တွေတည်ဆောက်သင့်လဲ ဆိုတာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Your past career doesn’t have to decide your future.
Your next step can. 🌱💻

ပါဝင်ချင်တဲ့လူတွေ အတွက် မနက်ဖန်
ထိုင်းချိန် ည ၇ နာရီ
ဂျပန်စံတော်ချိန် ည ၉ နာရီမှာ

💻 IT Knowledge Sharing Zoom
Session
လေးကို ပြုလုပ်သွားပေးမှာဖြစ်ပါတယ်။

ပါဝင်ချင်သူတွေကတော့ Saku job Opportunity ရဲ့ page Messenger မှာ စာရင်း ပေးသွင်း နိုင်ပါတယ်😍




🇯🇵 ဂျပန်နိုင်ငံ Tokutei Ginou Kaigo အလုပ်ခေါ်စာ 🇯🇵ဂျပန်နိုင်ငံတွင် Tokutei Ginou (特定技能) Kaigo (介護) ဖြင့် အလုပ်လုပ်လိုသူမ...
11/08/2026

🇯🇵 ဂျပန်နိုင်ငံ Tokutei Ginou Kaigo အလုပ်ခေါ်စာ 🇯🇵

ဂျပန်နိုင်ငံတွင် Tokutei Ginou (特定技能) Kaigo (介護) ဖြင့် အလုပ်လုပ်လိုသူများအတွက်

Kaigo အောင်လက်မှတ်လည်းရှိထားမယ်ဆိုရင်
ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူးနော်။

အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခု ရှိပါတယ်။ 🇯🇵✨

📌 လျှောက်ထားရန် လိုအပ်ချက်များ

✅ ဂျပန်ဘာသာ N4 အဆင့် ရှိရမည်။

✅ Tokutei Ginou Kaigo နှင့်သက်ဆိုင်သော စာမေးပွဲများ အောင်မြင်ထားရမည်။

✅ ပညာအရည်အချင်း — ၁၀ တန်း မအောင်မြင်သူများလည်း လျှောက်ထားနိုင်ပါသည်။

✅ N4 လက်မှတ် မရှိသေးသူများလည်း သတ်မှတ်ထားသော အရည်အချင်းနှင့် စာမေးပွဲလိုအပ်ချက်များ ပြည့်မီပါက လျှောက်ထားနိုင်ပါသည်။

✅ ထိုင်းနိုင်ငံတွင် နေထိုင်ပြီး လျှောက်ထားသူများအနေဖြင့် Long-Term Visa ရှိရမည်။
💥ဗီဇာသက်တမ်းသည် အနည်းဆုံး 2027 3လပိုင်းထိရှိရမည်။

📩 လျှောက်ထားလိုသူများအနေဖြင့် Page Messenger မှတစ်ဆင့် လာရောက်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

📧 Email: [email protected]

⏰ လျှောက်ထားရန် နောက်ဆုံးရက် — 12.8.2026



🇯🇵 ဂျပန်နိုင်ငံ Tokutei Ginou Kaigo အလုပ်ခေါ်စာ 🇯🇵ဂျပန်နိုင်ငံတွင် Tokutei Ginou (特定技能) Kaigo (介護) ဖြင့် အလုပ်လုပ်လိုသူမ...
09/08/2026

🇯🇵 ဂျပန်နိုင်ငံ Tokutei Ginou Kaigo အလုပ်ခေါ်စာ 🇯🇵

ဂျပန်နိုင်ငံတွင် Tokutei Ginou (特定技能) Kaigo (介護) ဖြင့် အလုပ်လုပ်လိုသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခု ရှိပါတယ်။ 🇯🇵✨

📌 လျှောက်ထားရန် လိုအပ်ချက်များ

✅ ဂျပန်ဘာသာ N4 အဆင့် ရှိရမည်။
✅ Tokutei Ginou Kaigo နှင့်သက်ဆိုင်သော စာမေးပွဲများ အောင်မြင်ထားရမည်။
✅ ပညာအရည်အချင်း — ၁၀ တန်း မအောင်မြင်သူများလည်း လျှောက်ထားနိုင်ပါသည်။
✅ N4 လက်မှတ် မရှိသေးသူများလည်း သတ်မှတ်ထားသော အရည်အချင်းနှင့် စာမေးပွဲလိုအပ်ချက်များ ပြည့်မီပါက လျှောက်ထားနိုင်ပါသည်။
✅ ထိုင်းနိုင်ငံတွင် နေထိုင်ပြီး လျှောက်ထားသူများအနေဖြင့် Long-Term Visa ရှိရမည်။
💥ဗီဇာသက်တမ်းသည် အနည်းဆုံး 2027 3လပိုင်းထိရှိရမည်။

👵 Kaigo အလုပ်တွင် လုပ်ဆောင်ရမည့်အရာများ

• သက်ကြီးရွယ်အိုများ၏ နေ့စဉ်ဘဝတွင် ကူညီပေးခြင်း
• အစားအသောက်၊ ရေချိုးခြင်းနှင့် အိမ်သာအသုံးပြုခြင်းများတွင် ကူညီပေးခြင်း
• လမ်းလျှောက်ခြင်းနှင့် သွားလာရေးတွင် ကူညီပေးခြင်း
• နေ့စဉ်နေထိုင်မှုအတွက် လိုအပ်သော စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း
• အသက်ကြီးသူများနှင့် နွေးထွေးစွာ ဆက်ဆံပေးခြင်း ❤️

📩 လျှောက်ထားလိုသူများအနေဖြင့် Page Messenger မှတစ်ဆင့် လာရောက်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

📧 Email: [email protected]

⏰ လျှောက်ထားရန် နောက်ဆုံးရက် — 12.8.2026

ဂျပန်နိုင်ငံမှာ Kaigo အလုပ်လုပ်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုပါ။ 🇯🇵❤️
စိတ်ဝင်စားသူများ Page Messenger မှာ အမြန်ဆုံး လာရောက်မေးမြန်းလျှောက်ထားနိုင်ပါတယ်။

Sakuကို ရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပတဲ့ Kaigo Job Eventတွင် ပထမနေ့နဲ့ ဒုတိယနေ့ ဖြေထားတဲ့သူတွေထဲကမှ...
06/08/2026

Sakuကို ရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပတဲ့ Kaigo Job Eventတွင် ပထမနေ့နဲ့ ဒုတိယနေ့ ဖြေထားတဲ့သူတွေထဲကမှ အောင်တဲ့သူတွေကတော့

No.19 Thae Thiri Lwin
No.61 May Thae Po
No.65 Thu Thu Lwin
No.67 Chit Ko Htwe

လေးယောက်ဖြစ်ပါတယ်။

အောင်မြင်တဲ့သူတွေအတွက်လည်း おめでとう🎉

ဒီတစ်ခေါက်ရွေးချယ်မခံရတဲ့သူတွေ အနေနဲ့လည်း
အားမလျော့ဘဲ ဆက်လက်ကြိုးစားသွားကြမယ်နော်။

#さく

လူကိုယ်တိုင်လာရင် chanceအများကြီးပိုရှိတယ်လို့ပြောတာ အလကားမဟုတ်ဘူးနော်။ companyအများကြီးနဲ့တစ်ပြိုင်နက်တည်းတွေ့ရမယ့်အပြင...
04/08/2026

လူကိုယ်တိုင်လာရင် chanceအများကြီးပိုရှိတယ်လို့ပြောတာ အလကားမဟုတ်ဘူးနော်။ companyအများကြီးနဲ့တစ်ပြိုင်နက်တည်းတွေ့ရမယ့်အပြင် သေချာလည်းထပ်ရှင်းပြပေးတာမို့ ရွေးချယ်ပြီးသားထဲကမှ ကိုယ့်စိတ်ကြိုက်ပြန်ပြောင်းလဲလို့လည်းရပါတယ်။




01/08/2026

ဂျပန်ကုမ္ပဏီနှင့် တိုက်ရိုက် အင်တာဗျူးဖြေဆိုရန် လျှောက်ထားခဲ့ကြသော ကျောင်းသားများအားလုံးအတွက် အင်တာဗျူးဖြေဆိုခွင့်ရမည့် စာရင်းနှင့် အချိန်ဇယားများ ရရှိပြီဖြစ်ကြောင်း
ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

​✅ Interview Date: 4 August 2026 (Tuesday)

📍 Location: Bangkok, Thailand (အသေးစိတ်နေရာကို Message Box တွင် ထပ်မံအကြောင်းကြားပါမည်ပြီး 4 ရက်နေ့ ဘန်ကောက်မှာ အားလုံးစုံညီစွာ ဆုံတွေ့ကြပါစို့။

​




🇯🇵 CV Form တွေ ပေးပို့ထားကြတဲ့သူများလည်း အင်တာဗျူးအတွက် အဆင်သင့်ဖြစ်နေကြပြီလား? 🙋‍♀️✨​ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်း Par...
23/07/2026

🇯🇵 CV Form တွေ ပေးပို့ထားကြတဲ့သူများလည်း အင်တာဗျူးအတွက် အဆင်သင့်ဖြစ်နေကြပြီလား? 🙋‍♀️✨

​ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်း Part-time အလုပ်လုပ်ခွင့်ရမယ့် အခွင့်အရေးအတွက် CV Form တွေ ပေးပို့လျှောက်ထားထားသူတွေရဲ့ အင်တာဗျူးရက်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါပြီ။
​လက်ရှိမှာ CV တွေ ရရှိထားပြီးဖြစ်သလို ဘန်ကောက်မှာပြုလုပ်မယ့် Direct Interview ကလည်း လာမယ့် August လ ပထမပတ် မှာပဲ ပြုလုပ်တော့မှာမို့လို့ ထပ်မံလျှောက်ထားချင်တဲ့သူတွေအတွက် အချိန် အရမ်းနည်းနေပါပြီ ⏱️

​ဒါကြောင့် စိတ်ကူးယဉ်မနေဘဲ လက်တွေ့အကောင်အထည်ဖော်ချင်တဲ့သူတွေ၊ ဒီအခွင့်အရေးကို လက်လွှတ်မခံချင်တဲ့သူတွေအနေနဲ့ အမြန်ဆုံး လာရောက်လျှောက်ထားပေးဖို့ မျှော်လင့်နေပါတယ်။ 🤝
​SAKU Agency နဲ့အတူ သင့်ရဲ့ ဂျပန်ခရီးစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်လိုက်ပါ။ ✈️🏫
​အခွင့်အရေးဆိုတာ အချိန်တိုင်း ရမနေတတ်တာမို့လို့ အခုပဲ Page Messenger ကနေ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်! 💌

အော်မေ့လို့ ‌အင်တာဗျူးအတွက် သေချာသင်ကြားပေးမယ့် sessionလည်းရှိတယ်နော် 👌



17/07/2026

ဘန်ကောက်မှာရှိနေတဲ့သူ သို့မဟုတ် ဘန်ကောက်သို့သွားရောက်နိုင်တဲ့သူဖြစ်ပါက
လာမယ့်8လပိုင်း ပထမအတွင်း ဂျပန်company 20ခန့်လာရောက် အင်တာဗျူးမယ့်အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်လာရောက် စာရင်းပေးသွင်းလိုက်ပါ။
အလုပ်နဲ့ကော ကျောင်းနဲ့ကော အင်တာဗျူးရှိတာမို့ အခွင့်အရေးကို အမိအရအသုံးချဖို့ မမေ့နဲ့နော်။


15/07/2026

🇯🇵 N4 အောင်ထားပြီး Tokutei မရှိလည်း ဂျပန်သွားလို့ရပြီ! ✈️
​ထိုင်းနိုင်ငံကနေ ဂျပန်ကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ သွားရောက်နိုင်မယ့် Kaigo Scholarship Program အကြောင်းကို ဒီဗီဒီယိုထဲမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်ခင်ဗျာ။
​⏳ ထိုင်းမှာ တိုက်ရိုက် Interview မယ့်ရက်စွဲနဲ့ သွားရမယ့် အဆင့်ဆင့်ကို ဗီဒီယိုထဲမှာ အဆုံးထိ ကြည့်ပေးပါဦး! 👇
​📩 အသေးစိတ်သိလိုပါက Page Messenger ကို အခုပဲ ဆက်သွယ်နိုင်ပါပြီ။
https://www.facebook.com/profile.php?id=61591561153553

​ #ထိုင်းရောက်မြန်မာများ #ဂျပန်အလုပ်အကိုင်

🇯🇵 ဂျပန်နိုင်ငံမှာ ကျောင်းနဲ့ဖြစ်စေ၊ အလုပ်နဲ့ဖြစ်‌စေသွား‌ရောက်လိုသူများအတွက်ထူးခြားတဲ့ အခွင့်အရေးကြီး လာပါပြီ! 🇹🇭🇲🇲​ထိုင...
15/07/2026

🇯🇵 ဂျပန်နိုင်ငံမှာ ကျောင်းနဲ့ဖြစ်စေ၊ အလုပ်နဲ့ဖြစ်‌စေသွား‌ရောက်လိုသူများအတွက်ထူးခြားတဲ့ အခွင့်အရေးကြီး လာပါပြီ! 🇹🇭🇲🇲

​ထိုင်းနိုင်ငံမှာရှိနေတဲ့ အမျိုးတို့အတွက် ဂျပန်နိုင်ငံကုမ္ပဏီများနှင့် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင် ချိတ်ဆက်နိုင်မယ့် "Enterprise Explanation & Matching Fair in Thailand" ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။

​ဒီပွဲဟာ ဂျပန်နိုင်ငံ စာပေ၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး ပါဝင်တက်ရောက်ခွင့် လုံးဝ (အခမဲ့) ဖြစ်ပါတယ်!

​📌 ဘယ်သူတွေ တက်ရောက်လို့ရလဲ။

​ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်လိုသူများ

Kaigo Toukutei အောင်လက်မှတ်ရထားပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများ

​(အထူးသဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးပိုင်း စိတ်ဝင်စားသူများအတွက် အထူးအခွင့်အရေး ဖြစ်ပါတယ်)

​📅 ပွဲကျင်းပမယ့် ကာလနှင့် နေရာ

​ကျင်းပမယ့်ရက်: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက် (တနင်္လာ) မှ ၆ ရက် (ကြာသပတေး) အထိ

​နေရာ: ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်ကြီးတစ်ခု (ခန်းမနှင့် စကားပြန်ကို စီစဉ်ပေးပါမည်)

​✨ ဒီပွဲမှာ ဘာတွေ ရရှိမှာလဲ။

​ဂျပန်ကုမ္ပဏီများနှင့် တစ်ဦးချင်း မျက်နှာချင်းဆိုင် တိုက်ရိုက်လူတွေ့စစ်ဆေးခြင်း (Interview)

​ကုမ္ပဏီများအကြောင်း တိုက်ရိုက်မေးမြန်း စုံစမ်းနိုင်ခြင်း

​ချိတ်ဆက်မှု အောင်မြင်ပါက အလုပ်ရရှိသည်အထိ တာဝန်ယူ ဆောင်ရွက်ပေးခြင်း

​⏳ လျှောက်လွှာပိတ်မည့်ရက်စွဲ

​ဇူလိုင်လ 25 ရက် ည ၂၃:၅၉ နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရပါမည်။

​ဒီလို ထူးခြားတဲ့ အခွင့်အရေးကြီးကို လက်လွတ်မခံဘဲ စာရင်းပေးသွင်း လျှောက်ထားလိုက်ပါ။

​💡 သင့်ရဲ့ ဂျပန်အိပ်မက်တွေကို ထိုင်းနိုင်ငံမှာ အကောင်အထည်ဖော်လိုက်ပါ!

​
#ထိုင်းရောက်မြန်မာများ

Address


Website

Alerts

Be the first to know and let us send you an email when Saku Japan Opportunity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed recruitment company?

Share