Bonsai Career Service

Bonsai Career Service TR ROSE🌹
With 8+ years of ESL teaching, I create engaging, student-centered English lessons that empower learners.

TR ROSE | ESL Teacher | Founder

Passionate about teaching English and inspiring a love for languages. With 9+ years of experience in education, I design engaging, student-centered ESL lessons that empower learners to confidently communicate. Committed to innovative teaching in a diverse, dynamic, and inclusive learning environment.🌍📚

📣 We’re Hiring | Education Content WriterHappy Language Club (HLC) အတွက်၊ English learners တွေအတွက် အသုံးဝင်ပြီး engagin...
27/08/2026

📣 We’re Hiring | Education Content Writer

Happy Language Club (HLC) အတွက်၊ English learners တွေအတွက် အသုံးဝင်ပြီး engaging ဖြစ်တဲ့ content တွေ ဖန်တီးပေးနိုင်မယ့် Education Content Writer တစ်ဦးကို ရှာဖွေနေပါတယ်။

🎯 What You’ll Do
• Educational & practical English content ရေးသားခြင်း
• Facebook Posts / Reels Scripts / Campaign Content ဖန်တီးခြင်း
• HLC ရဲ့ teachers, courses & teaching methods ကို ပေါ်လွင်စေမယ့် content ဖန်တီးခြင်း
• Content Calendar & Content Strategy ဖန်တီးခြင်း

💡 We’re Looking For
✅ Simple, useful & engaging content ရေးနိုင်သူ
✅ Creative thinking + content strategy နားလည်သူ
✅ Social media trends & audience engagement ကို သိရှိသူ
⭐️ Education / ELT / Content Writing experience ရှိသူများကို ဦးစားပေးမည်။

HLC ရဲ့ target learners တွေအတွက် “ဘာ content လိုအပ်လဲ၊ ဘာကြောင့်လိုအပ်လဲ၊ ဘယ်လိုဖန်တီးမလဲ” ဆိုတာ စဉ်းစားနိုင်သူကို ရှာဖွေနေပါတယ်။

💼 Remote | Freelance
💰 Rate - based on experience & portfolio

လျှောက်ထားရန် စိတ်ဝင်စားပါက
CV + Portfolio / Work Samples + Expected Salary တွေနဲ့ ပြည့်စုံစွာ [email protected] အီးမေးလ်ပို့ပေးပါရှင့်။

အတွက်အရွေးခံရသူတိုင်းကို email ကနေအကြောင်းပြန်ပေးပါမယ်❤️ ဖုန်းနဲ့ မဆက်သွယ်ပါဘူးရှင့်။

HLC သင်တန်းကြောင်းပေ့ချ်တွင်မေးမြန်းချင်းသည်းခံပါ၊ pageမှာမေးထားသည်များကိုဖြေကြားပေးရန်အဆင်မပြေပါရှင့်။




တစ်ခါထွက်လာလိုက်တာ…မပြန်ဖြစ်တာ (၄) နှစ်ရှိသွားပြီ 🥹Covid ကာလကြီးထဲ ရောက်လာပြီးပထမတစ်နှစ်ကတော့ နေသားကျအောင် ရုန်းကန်နေရင်...
25/08/2026

တစ်ခါထွက်လာလိုက်တာ…
မပြန်ဖြစ်တာ (၄) နှစ်ရှိသွားပြီ 🥹

Covid ကာလကြီးထဲ ရောက်လာပြီး
ပထမတစ်နှစ်ကတော့ နေသားကျအောင် ရုန်းကန်နေရင်းပဲ
အဲ့ဒီလိုနဲ့ အချိန်တွေ ဖြည်းဖြည်းချင်း ကုန်သွားရော။
နောက်ထပ် (၃) နှစ်က ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်တော့ဘူး။

ထိုင်းမှာ ဆရာမဖြစ်လာတာလည်း (၄) နှစ်။
အိမ်မပြန်ဖြစ်တာလည်း (၄) နှစ်။

တစ်ခါတလေတော့
“ဘယ်တော့များမှ ပြန်ဖို့ အချိန်ကောင်းဖြစ်မလဲ…”
လို့ တွေးမိနေတုန်းပါပဲ။ 🤍

အချိန်တွေကတော့ ဆက်ပြီး ရွေ့နေမှာပဲ။
ကိုယ်ချစ်တဲ့နေရာတွေ၊ ကိုယ်လွမ်းတဲ့လူတွေကတော့
အဝေးတစ်နေရာမှာ ဒီအတိုင်းရှိနေကြဆဲ…

နောက်တစ်ခါ အိမ်ပြန်မယ့်နေ့ကျတော့……
အိမ်အပြန် လူဆုံပါတော့မလား 💔



15/05/2026

ဆရာမတို့ရေ…
အလုပ်လုပ်နေတာ “Teacher” အနေနဲ့ပဲလား⁉️

ဒါမှမဟုတ် ကိုယ်ကျွမ်းကျင်တဲ့ Career လမ်းကြောင်းမှာ “Specialist” ဖြစ်လာနေပြီလား? 👀✨

Experience တစ်ခုတည်းမဟုတ်ဘဲ
Skill, Expertise, Value တွေ တိုးလာတာကပဲ
Career Growth ရဲ့ အဓိကအချက်ပါ 💡

ကိုယ့်ကိုယ်ကို Upgrade လုပ်ဖို့ ဒီချိန်က အကောင်းဆုံး time ဖြစ်နိုင်ပါတယ် 🚀


ESL & AI Educator

10/05/2026

ဘွဲ့လွန်တက်ဖို့ ပြင်ဆင်နေပြီလား? 🎓

အချိန်နဲ့ ငွေကြေးတင်မကဘဲ တကယ့် Career အတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ အရင်ဆုံး စဉ်းစားကြည့်ရအောင်။ 📖✨

Thailand မှာ Teacher အလုပ်တစ်ခုကနေ တစ်ခု ပြောင်းမယ့်သူများအတွက် သိထားသင့်တဲ့အချက်များ⁉ထိုင်းနိုင်ငံမှာ ဆရာ/ဆရာမ အလုပ်ပြေ...
26/04/2026

Thailand မှာ Teacher အလုပ်တစ်ခုကနေ တစ်ခု ပြောင်းမယ့်သူများအတွက် သိထားသင့်တဲ့အချက်များ⁉

ထိုင်းနိုင်ငံမှာ ဆရာ/ဆရာမ အလုပ်ပြောင်းမယ်ဆိုရင် Salary တိုးတာ၊ Location ကောင်းတာလောက်ပဲ မကြည့်ဘဲ **Work Permit + Non-B Visa + Teaching License** ကို အရင်စစ်ရပါမယ်။ မသိဘဲပြောင်းမိရင် Stay problem / Work illegal / Visa cancel ဖြစ်နိုင်ပါတယ်။

📌 1. Work Permit ဆိုတာ ကျောင်းနဲ့ချိတ်ထားတာပါ
လက်ရှိကျောင်းနာမည်နဲ့ ထုတ်ထားတဲ့ Work Permit ကို နောက်ကျောင်းမှာ သုံးလို့မရပါဘူး။
အလုပ်ထွက်ရင် အဟောင်း cancel လုပ်ပြီး အသစ်ပြန်တင်ရပါတယ်။

📌 2. Non-B Visa ကိုလည်း အလုပ်ရှင်အသစ်နဲ့ ပြန်လုပ်ရပါတယ်
Old school sponsor နဲ့ယူထားတဲ့ extension ဆိုရင် အလုပ်ထွက်ချိန်မှာ cancel/update လုပ်ရနိုင်ပါတယ်။
တချို့ case တွေမှာ အသစ်ပြန်လျှောက်ရတတ်ပါတယ်။

📌 3. Teaching License / Temporary Permit
Foreign Teacher များအတွက် school အသစ်ပြောင်းရင် Teaching Permit (Waiver) အသစ်တင်ရတတ်ပါတယ်။
Degree / Transcript / TEFL / Police Check စတဲ့ စာရွက်စာတမ်းတွေ ကြိုပြင်ထားပါ။

📌 4. အလုပ်မထွက်ခင် Offer Letter ရအောင်ယူပါ
New school ကနေ
✅ Salary
✅ Position
✅ Start Date
✅ Visa Support ရှိ/မရှိ
✅ Work Permit လုပ်ပေးမလား
ဒါတွေ confirm ဖြစ်ပြီးမှ resign တင်တာ safest ပါ။

📌 5. ဒီလိုပြောင်းတာ အကောင်းဆုံးပါ
👉 New Contract Signed
👉 Old School Resign
👉 Cancel Old Work Permit
👉 Apply New Non-B / Work Permit
👉 Start New Job

📌 အရေးကြီးဆုံး Advice
Thailand မှာ အလုပ်ပြောင်းမယ်ဆိုရင် “Job Offer ရပြီးမှ ထွက်ပါ”
Visa / Permit မသေချာသေးဘဲ လက်ရှိအလုပ်မထွက်ပါနဲ့။

Myanmar Teacher တွေ Thailand မှာ အလုပ်ပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင် save ထားပါ 💙

Teaching Jobs ရှာဖို့နှင့် အတွေ့အကြုံများ အသေးစိတ်ဆွေးနွေးပေးမယ့် Seminar မှာ joinချင်ရင် ကွန်မန့်မှာ “Seminar” လို့ရေးခဲ့ပါ။


ESL & AI Educator

ထိုင်းနိုင်ငံက International Schools တွေမှာ အခွင့်အလမ်းသစ်တွေ ရှာနေတဲ့ ဆရာ/ဆရာမတို့အတွက်…Native Speaker မဟုတ်ပေမယ့် အရည်...
22/04/2026

ထိုင်းနိုင်ငံက International Schools တွေမှာ
အခွင့်အလမ်းသစ်တွေ ရှာနေတဲ့ ဆရာ/ဆရာမတို့အတွက်…

Native Speaker မဟုတ်ပေမယ့် အရည်အချင်းကိုက်ညီရင် လျှောက်ထားနိုင်တဲ့ **Specialist Roles** ၉ ခုကို ဖော်ပြပေးလိုက်ပါတယ်

🎨 Art & Design – ပန်းချီနဲ့ ဒီဇိုင်း ဝါသနာရှင်များအတွက်
🎸 Music – ဂီတအနုပညာ သင်ကြားပေးနိုင်သူများ
💃 Dance & Performing Arts – အကနဲ့ ပြဇာတ်ပိုင်း ကျွမ်းကျင်သူများ
⚽ Physical Education (PE) – အားကစားကို ဝါသနာပါသူများ
💻 ICT & Digital Literacy – နည်းပညာနဲ့ ကွန်ပျူတာ ကျွမ်းကျင်သူများ
❤️ Learning Support (SEND) – အထူးလိုအပ်ချက်ရှိတဲ့ ကလေးငယ်များကို ကူညီပေးသူများ
👩‍🏫 Learning Assistant (LA/TA) – နိုင်ငံတကာကျောင်း အတွေ့အကြုံ စတင်လိုသူများ
🌟 Gifted & Talented Specialist – ထူးချွန်ထက်မြက်တဲ့ ကလေးတွေကို လမ်းပြပေးသူများ
🌍 EAL Teacher – အင်္ဂလိပ်စာကို ဘာသာစကားအဖြစ် သင်ကြားပေးသူများ

အောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်များ:
✅ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့ဒီဂရီ နှင့် Certificate များရှိခြင်း
✅ အင်္ဂလိပ်စကား ကျွမ်းကျင်မှု ရှိခြင်း
✅ သင်ကြားရေးမှာ နည်းပညာ Tools/AIနဲ့ Creative ဖြစ်တာကို ပြသနိုင်ခြင်း
Job description မှာခေါ်ထားတဲ့ requirmentsအချက်တွေနဲ့ ကိုယ့်ရဲ့CV/ Experienceကိုက်ညီမှုရှိခြင်းမှာလည်း အများကြီးအရေးကြီးပါတယ်။

ဘယ် Website/Platform တွေကအလုပ်လျှောက်လို့ရနိုင်လဲနဲ့ သတိထားရမယ့်အချက်တွေအကြောင်း ပေ့ချ်မှာ videosတွေတင်ပေးထားပါတယ်ရှင့်။

21/04/2026

IB Curriculum School/ Int’l School တွေမှာ main teacher ကို Native Speaker တွေခန့်ကြတာများပါတယ်။
ဒါပေမယ့်….NNES တွေလျှောက်လို့ရတဲ့ Positionsတွေကိုလည်း ရှင်းပြပေးထားပါတယ်။


ESL & AI Educator


18/04/2026

ထိုင်းမှာ Teaching Jobs လျှောက်ဖို့အတွက် အဓိက မဖြစ်မနေ ရှိထားရမယ့် Degree/ Certificate တွေကို ဒီဗီဒီယိုလေးမှာ ပြောပြပေးထားပါတယ်။

တခြားထပ်သိချင်တာရှိလည်း ကွန်မန့်မှာ မေးခဲ့လို့ရပါတယ်ရှင့်။


ESL & AI Educator


Address

Yangon

Alerts

Be the first to know and let us send you an email when Bonsai Career Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bonsai Career Service:

Shortcuts

Share