Norstar Crew Management - NCM

Norstar Crew Management - NCM Safeguarding Crew, Elevating Performance.

Deck Cadet ဘဝကနေ... စင်ကာပူနိုင်ငံရဲ့ Trainee Harbour Pilot အထိတက်လှမ်းနိုင်ခဲ့သူ ⚓✨ ၂၀၁၂ မှာ Norstar နဲ့အတူ Deck Cadet ...
09/06/2026

Deck Cadet ဘဝကနေ... စင်ကာပူနိုင်ငံရဲ့ Trainee Harbour Pilot အထိတက်လှမ်းနိုင်ခဲ့သူ ⚓✨

၂၀၁၂ မှာ Norstar နဲ့အတူ Deck Cadet အဖြစ်စတင်ခဲ့တဲ့ ကို Sithu Tin Htut ဟာ ဒီနေ့မှာတော့ ကမ္ဘာ့အလုပ်အများဆုံးဆိပ်ကမ်းကြီးမှာ Vessel တွေကို ကိုယ်တိုင်ကွပ်ကဲမောင်းနှင်ရမယ့် PSA Marine ရဲ့ Trainee Harbour Pilot တစ်ယောက် ဖြစ်နေပါပြီ။ 🚢

ဒီအဆင့်ထိ တက်လှမ်းနိုင်ခဲ့တာဟာ သူ့ရဲ့ အစွမ်းကုန် ကြိုးစားမှုကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ဒီအောင်မြင်မှုအတွက် အဓိက တွန်းအားကတော့ Ship Handling အတွေ့အကြုံတွေကနေစလို့ Bridge Resource Management၊ Safety Culture နဲ့ ထိရောက်တဲ့ Training Programme တွေအထိ Norstar မှာ စနစ်တကျလေ့လာသင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။

ကျနော်တို့ NCM က PSA Marine နဲ့ လက်တွဲပြီး seafarer တွေရဲ့ ရေရှည်အောင်မြင်မှုအတွက် "Beyond the Sea Job" ဆိုတဲ့ရည်မှန်းချက်အတိုင်း ဒီလို Shore Career လမ်းကြောင်းတွေကို အမြဲတမ်းရှာဖွေဖန်တီးပေးနေမှာပါ။

ကိုယ့်ရဲ့ Maritime Career ကို သင်္ဘောပေါ်တင်မကဘဲ နောက်တစ်ဆင့်အထိ Level Up ဖို့ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုရင်တော့ Norstar က အဲဒီလမ်းကြောင်းကို ဖန်တီးပေးဖို့ အမြဲ အသင့်ရှိနေပါတယ်ခင်ဗျာ။ ⚓✨

Norstar နဲ့အတူ အခုပဲ စတင်လိုက်ပါ ⚓ https://bit.ly/NCM2026

👉 Swipe လုပ်ပီး သူ့ရဲ့ journey ကိုဆက်ကြည့်လိုက်ပါဦး...

မေလ ၂၈ ရက် (ကြာသပတေးနေ့)သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့်  ကျွန်တော်တို့ Norstar ရန်ကုန်ရုံးခန်းကို ပိတ်ထားမှာဖြစ်ပ...
27/05/2026

မေလ ၂၈ ရက် (ကြာသပတေးနေ့)သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကျွန်တော်တို့ Norstar ရန်ကုန်ရုံးခန်းကို ပိတ်ထားမှာဖြစ်ပြီး မေလ (၂၉) ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းလေးစားစွာဖြင့်အသိပေးလိုက်ပါတယ်။

Our Norstar Yangon office will be closed for the public holiday on May 28, 2026.Regular operations will resume on May 29, 2026.

သင်္ဘောလိုက်ရုံတင်မကဘဲ... Beyond the Sea Job အထိ စဉ်းစားပေးထားတဲ့ NCM ⚓✨ကျနော်တို့ NCM က seafarer တွေအတွက် ပုံမှန်သင်္ဘေ...
27/05/2026

သင်္ဘောလိုက်ရုံတင်မကဘဲ... Beyond the Sea Job အထိ စဉ်းစားပေးထားတဲ့ NCM ⚓✨

ကျနော်တို့ NCM က seafarer တွေအတွက် ပုံမှန်သင်္ဘောလိုင်းတွေ ချိတ်ဆက်ပေးရုံတင်မကဘဲ၊ ဘဝရဲ့ ရေရှည် Career Growth အတွက်ပါ အမြဲတမ်း တစ်ဆင့်ပိုပြီး တွေးပေးထားပါတယ်။

အဲဒီထဲက သက်သေတစ်ခုကတော့ ကျနော်တို့ NCM က စင်ကာပူရဲ့ PSA Marine နဲ့ Recruitment Partner အဖြစ် လက်တွဲပြီး မြန်မာ Deck Officer တွေအတွက် စင်ကာပူနိုင်ငံမှာ Harbour Pilot Trainee အဖြစ် လုပ်ကိုင်နိုင်မယ့် လမ်းကြောင်းကြီးကို ဖန်တီးပေးထားနိုင်တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ကျနော်တို့ဆီက လျှောက်ထားတဲ့သူတွေထဲက ထပ်မံရွေးချယ်ခံရပြီး စင်ကာပူ Maritime နယ်ပယ်ထဲမှာ ခြေလှမ်းသစ် စတင်နေကြပါပြီ။ ဒါက NCM အနေနဲ့ seafarer တွေရဲ့ ဘဝကို သင်္ဘောပေါ်မှာတင် အဆုံးမသတ်စေဘဲ ကုန်းပေါ်မှာပါ ရေရှည်ခိုင်မာပြီး အောင်မြင်မယ့် Shore Career လမ်းကြောင်းအထိ အကောင်အထည်ဖော်ပေးနေတာ ဖြစ်ပါတယ်။

စင်ကာပူအစိုးရနဲ့ပါ တိုက်ရိုက်ချိတ်ဆက်ထားတာမို့လို့ တိုးတက်မှု Level ကတော့ ပြောနေစရာတောင် မလိုပါဘူး။

ဘဝကို Level Up ချင်တဲ့ Seafarer တွေအတွက်...

✔ စင်ကာပူ Maritime Community ရဲ့ အချက်အချာနေရာမှာ Shore Job လုပ်နိုင်မယ့် အခွင့်အရေး
✔ ရေရှည်အတွက် တဖြည်းဖြည်း တိုးတက်လာမယ့် ခိုင်မာတဲ့ Career လမ်းကြောင်း
✔ ပိုပြီး စိတ်အေးချမ်းရမယ့် အနာဂတ်နဲ့ မိသားစုဘဝ

ကျနော်တို့ NCM က seafarer တွေရဲ့ ရေရှည်အောင်မြင်မှုအတွက် "Beyond the Sea Job" ဆိုတဲ့အတိုင်း ဒီထက်မကတဲ့ အခွင့်အလမ်းကောင်းတွေကို အမြဲတမ်း ရှာဖွေဖန်တီးပေးနေမှာပါ။

ကိုယ့်ရဲ့ Career ကို သင်္ဘောပေါ်တင်မကဘဲ နောက်တစ်ဆင့်အထိ မြှင့်တင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ NCM က အမြဲ အသင့်ရှိနေပါတယ်ခင်ဗျာ။

ပြီးခဲ့တဲ့ မေလ ၆ ရက်နဲ့ ၇ ရက်နေ့က ရန်ကုန်မြို့၊ Eravati Hotel မှာ Norstar ရဲ့ Officers Conference ကို အောင်အောင်မြင်မြင်...
12/05/2026

ပြီးခဲ့တဲ့ မေလ ၆ ရက်နဲ့ ၇ ရက်နေ့က ရန်ကုန်မြို့၊ Eravati Hotel မှာ Norstar ရဲ့ Officers Conference ကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါတယ်။

ဒီပွဲကို သင်္ဘောသားအရာရှိ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး 'Progressive Strategic Growth' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သင်္ဘောသားတစ်ယောက်အနေနဲ့ရော၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ အဖွဲ့အစည်းတစ်ခုလုံး ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ကြမလဲဆိုတာကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

ပွဲအတွင်းမှာ ကျွန်တော်တို့ Co-owner Tom Bonehill ကလည်း Norstar ရဲ့ ရည်မှန်းချက်အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်...

"To Perform with Integrity and Build Purpose-based Partnerships for Positive Impact."

Purpose-based partnership ဆိုတာ စာချုပ်တစ်ခုထက် ပိုမိုနက်ရှိုင်းပြီး အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ (မိသားစု၊ လုပ်ငန်းခွင်၊ သင်္ဘောပေါ်) ကစလို့ Customer တွေနဲ့ ဆက်ဆံရေးအထိ နေရာတိုင်းရှိနေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Core Values တွေဖြစ်တဲ့ Integrity, Community, Quality, Pride, Accountability နဲ့ Resilience တို့က ဒီလို လက်တွဲလုပ်ဆောင်မှုတိုင်းမှာ အမြဲတမ်း လမ်းပြပေးနေမှာပါ။

ဒီပွဲကို တက်ရောက်ခဲ့ကြတဲ့ အရာရှိတွေအားလုံးဟာ ဒီရည်မှန်းချက်တွေကို ကိုယ်တိုင်ကြားသိခဲ့ရသူတွေဖြစ်ပြီး ခရီးစဉ်တိုင်း၊ ဆုံးဖြတ်ချက်တိုင်းမှာ လက်တွေ့အကောင်အထည်ဖော်သွားကြမယ့်သူတွေပဲဖြစ်ပါတယ်။

Progressive Strategic Growth ဆိုတာ ကျွန်တော်တို့ လူတွေဆီကနေပဲ
စတင်တည်ဆောက်ရတဲ့ အရာပါ။ ဒီ ၂ ရက်တာအတွင်း ရရှိခဲ့တဲ့ ဆွေးနွေးမှုတွေ၊ အကြံဉာဏ်တွေကိုလည်း မကြာခင် ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

On 6 and 7 May, close to 100 of our officers came together at Eravati Hotel in Yangon — united under one theme: Progressive Strategic Growth. Over two days, we explored what it truly means to grow — as seafarers, as leaders, and as an organisation.

But the moment that anchored everything came from our Co-owner, Tom Bonehill. He introduced our upgraded mission: "To Perform with Integrity and Build Purpose based Partnerships for Positive Impact."

A purpose-based partnership is more than a contract or a commercial arrangement. It is a collaboration where both sides work toward something meaningful creating value that goes beyond the numbers. Partnerships exist across our lives, at home, in the office, onboard ships and with our customers. As always our 6 values of Integrity, Community, Quality, Pride, Accountability and Resilience should guide us with these Partnerships.

Nearly 100 officers in that room heard this message. And they are the ones who will bring it to life — every voyage, every decision, every interaction.

Progressive Strategic Growth starts with people. Over the coming weeks, we will be sharing the conversations and ideas that came out of those two days. Stay tuned.

ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါ‌တော်နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံက...
30/04/2026

ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါ‌တော်နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ Norstar မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Norstar wishes you a blessed Full Moon Day of Kasong! May this day be filled with peace, joy, and enlightenment for all.

လာမယ့် ဧပြီလ (၃၀) ရက်နေ့နှင့် မေလ (၁) ရက်နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကျွန်တော်တို့ Norstar ရန်ကုန်ရုံးခန်း...
29/04/2026

လာမယ့် ဧပြီလ (၃၀) ရက်နေ့နှင့် မေလ (၁) ရက်နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကျွန်တော်တို့ Norstar ရန်ကုန်ရုံးခန်းကို ခေတ္တပိတ်ထားမှာဖြစ်ပြီး မေလ (၄) ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Our Norstar Yangon office will be closed for the public holiday from April 30 to May 3, 2026.
Regular operations will resume on May 4, 2026.

ရေကြောင်းဖက်ဆိုင်ရာ ဘေးကင်းလုံခြုံရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့က သင်္ဘောပေါ်မှာ ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစို...
29/04/2026

ရေကြောင်းဖက်ဆိုင်ရာ ဘေးကင်းလုံခြုံရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့က သင်္ဘောပေါ်မှာ ဖြစ်ပျက်နေတာတွေကိုပဲ အာရုံစိုက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပိုခက်ခဲတဲ့အပိုင်းကတော့
ရုံးခန်းထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာပါပဲ။

အလုပ်ချိန် သတ်မှတ်တာတွေ၊ သင်္ဘောသား စီမံခန့်ခွဲမှု၊ စာချုပ်စာတမ်းကိစ္စနဲ့ ဆိပ်ကမ်းတွေမှာ ကြုံရတဲ့ ဖိအားတွေဟာ လုပ်ငန်းသဘာဝအရ ရှောင်လွှဲလို့မရတဲ့ စီးပွားရေးဖိအားတွေဖြစ်ပြီး ကမ်းပေါ်ကနေ လက်တွေ့ကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးရတဲ့ အပိုင်းတွေဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်‌တွေဟာ သင်္ဘောပေါ်က သင်္ဘောသားတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ နေထိုင်မှုဘဝအပေါ်တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။

သင်္ဘောသားတစ်ယောက်ဟာ အလုပ်ခွင်မှာ လုံလောက်တဲ့ အနားယူချိန် ရရဲ့လား? ပင်ပန်းနွမ်းနယ်နေလား ?တစ်ခုခု မှားနေတယ်လို့ ခံစားရရင်ရော ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲ့လား? ဒါတွေအားလုံးအပေါ် သက်ရောက်မှုရှိနေပါတယ်။

ဒီနှစ် ကမ္ဘာ့လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနေ့ အတွက် ILO က အလုပ်ခွင်အတွင်းရှိ စိတ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်အကြောင်းကို အဓိကထားဆွေးနွေးပေးထားပါတယ်။ လုပ်ငန်းခွင်မှာ ပင်ပန်းနွမ်းနယ်တာနဲ့ စိုးရိမ်ပူပန်တာတွေဟာ လူတစ်ဦးချင်းရဲ့ အားနည်းချက်များကြောင့်မဟုတ်ပဲ လုပ်ငန်းခွင် စီမံခန့်ခွဲမှုတွေရဲ့ရလဒ်ကြောင့်လို့ ရှင်းလင်းစွာပြောထားပါတယ်။

ရေကြောင်းဖက်ဆိုင်ရာလုပ်ငန်းတွေမှာတော့ လုပ်ငန်းခွင်စီမံခန့်ခွဲမှုတွေနဲ့ဆုံးဖြတ်ချက်တွေဟာ အများအားဖြင့် ကမ်းပေါ်မှာပဲဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန် နားလည်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေကတစ်ဆင့် သင်္ဘောပေါ်ရှိ သင်္ဘောသားများရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ကျွန်တော်တို့ဆောင်ရွက်နိုင်ပါတယ်။

ကျွန်တော်တို့ Norstar အနေနဲ့ ဒီအချက်ကို အမြဲအလေးထားပါတယ်။ BigYellowFish, Marine Benefits နှင့် International SOS တို့မှတစ်ဆင့်ကျွန်တော်တို့ပေးတဲ့ အကူအညီတွေက အရေးကြီးသလိုပဲ၊ သင်္ဘောမထွက်ခင်ကတည်းက စနစ်တကျ စီမံခန့်ခွဲတာနဲ့ သင်္ဘောသားတွေအပေါ် တာဝန်ယူမှု၊ ပံ့ပိုးမှုတွေ ရှိနေဖို့ကလည်း ထပ်တူအရေးကြီးပါတယ်။

"စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုဆိုတာ သင်္ဘောပေါ်မှာတင် စတာမဟုတ်ပါဘူး၊ ရုံးခန်းထဲကစီမံခန့်ခွဲမှု စားပွဲဝိုင်းကနေ စတင်တာဖြစ်ပါတယ်။"

Most conversations about safety at sea focus on what happens on the vessel. The harder conversation is about what happens in the office.

Scheduling decisions, manning levels, contract design, port turnaround pressure — these are made onshore, often under commercial pressures that are real and legitimate. But they shape the psychosocial reality of every crew member on board.

Whether someone is rested or exhausted. Whether they feel in control or overwhelmed. Whether they will speak up when something feels wrong or stay quiet and comply.

This year's World Day for Safety and Health at Work focuses on psychosocial working environments. The ILO is clear that burnout, fatigue, and anxiety are not individual failings. They are outcomes of how work is designed and managed.

In shipping, that design happens largely onshore. Strengthening that connection between onshore decisions and onboard wellbeing is where the most meaningful progress can still be made.

At Norstar, we stay conscious of it. The support we provide through BigYellowFish, Marine Benefits, and International SOS matters. But so do the decisions we make before a vessel sails about workload, about crew, about what we ask of people and what we give them in return.

Psychosocial safety doesn't begin at the gangway. It begins at the desk.


Norstar Crew Management လက်အောက်ရှိ   Capesize Bulk Carrier သင်္ဘောအတွက်  မေလကုန်တွင် စတင်တာဝန်ထမ်းဆောင်နိုင်သူများကို အ...
29/04/2026

Norstar Crew Management လက်အောက်ရှိ Capesize Bulk Carrier သင်္ဘောအတွက် မေလကုန်တွင် စတင်တာဝန်ထမ်းဆောင်နိုင်သူများကို အောက်ပါရာထူးများအတွက် အမြန်ခေါ်ယူလျက်ရှိပါတယ်။ 🚢

- 2/O - $3,900
- 3/O - $3,200

အတွေ့အကြုံရှိသော အရာရှိများနှင့် သင်္ဘောသား (လူဟောင်း/လူသစ်) များအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အမြန်ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။

📌 လျှောက်ထားရန်...

Crew Inspector (C.I) မှတဆင့် https://bit.ly/NCM2026 မှာ အချက်အလက်ပြည့်စုံစွာဖြည့်ပြီး လျှောက်ထားနိုင်သလို လိုအပ်သော Certificates & Documents များနှင့်အတူ ရုံးကို ကိုယ်တိုင်လာရောက် လျှောက်ထားလို့ရပါတယ်။

Norstar Crew Management

📞 01-9253748 / 01-9253798
☎️ Crewing Dept: 210, 211, 208, 209
📍 Junction City Tower, 6th Floor, Pabedan Township, Yangon

သင်္ဘောသားညီအစ်ကိုများကို Norstar နဲ့အတူ ပြန်လည်လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ 🚢

Norstar  မှ Oil and Chemical Tanker သင်္ဘောများအတွက်  မြန်မာသင်္ဘောသားများ အမြန်ခေါ်ယူနေပါတယ်။ အတွေ့အကြုံရှိသော အရာရှိမျ...
27/04/2026

Norstar မှ Oil and Chemical Tanker သင်္ဘောများအတွက် မြန်မာသင်္ဘောသားများ အမြန်ခေါ်ယူနေပါတယ်။

အတွေ့အကြုံရှိသော အရာရှိများနှင့် သင်္ဘောသား (လူဟောင်း/လူသစ်) များအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။

📌 လက်ရှိ ခေါ်ယူနေသော ရာထူးများ...

• 3rd Engineer
• 3rd Officer
• 4th Engineer

📌 လျှောက်ထားရန်
Crew Inspector (C.I) မှတဆင့် https://bit.ly/NCM2026 မှာ အချက်အလက်များဖြည့်ပြီး လျှောက်ထားနိုင်သလို လိုအပ်သော Certificates & Documents များနှင့်အတူ ရုံးကို ကိုယ်တိုင်လာရောက် လျှောက်ထားလို့ရပါတယ်။

Norstar Crew Management
📞 01-9253748 / 01-9253798
☎️ Crewing Dept: 210, 211, 208, 209
📍 Junction City Tower, 6th Floor, Pabedan Township, Yangon

Norstar Crew Management လက်အောက်ရှိ   Bulk Carrier နှင့် Container Fleet သင်္ဘောများအတွက် မြန်မာသင်္ဘောသားများကို အမြန်ခ...
23/04/2026

Norstar Crew Management လက်အောက်ရှိ Bulk Carrier နှင့် Container Fleet သင်္ဘောများအတွက် မြန်မာသင်္ဘောသားများကို အမြန်ခေါ်ယူနေပါသည်။ 🚢

လက်ရှိရာထူး အတွေ့အကြုံ ရှိသောအရာရှိများ နှင့် သင်္ဘောသားများအားလုံးသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် အဆင်သင့် ဖြစ်ပါက လိုအပ်သော စာရွက်စာတမ်းများ နှင့်အတူ အမြန်ဆုံးဆက်သွယ်လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

လျှောက်ထားရန် နည်းလမ်းများ...

(၁) လျှောက်ထားလိုသူများ အနေဖြင့် ကိုယ်ပိုင်အချက်အလက်များကို ဖော်ပြပါ လင့်ခ်မှတဆင့် https://bit.ly/NCM2026 Crew Inspector (C.I) ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

(၂) တခြားနည်းအားဖြင့် လိုအပ်သော စာရွက် စာတမ်းများ (Certificates & Documents) နှင့် အတူ Norstar Crew Management ရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

Norstar Crew Management
📞 01-9253748 / 01-9253798
☎️ Crewing Dept: 210, 211, 208, 209
📍 Junction City Tower, 6th Floor, Pabedan Township, Yangon

သင်္ဘောသားညီအစ်ကိုများကို Norstar နဲ့အတူ ပြန်လည်လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ 🚢

Address

Unit 06-07/08, 6th Floor, Junction City Tower, Pabedan
Yangon
11141

Alerts

Be the first to know and let us send you an email when Norstar Crew Management - NCM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Norstar Crew Management - NCM:

Share

Category