24/05/2026
📌 “𝐓𝐡𝐞 𝐩𝐞𝐨𝐩𝐥𝐞 𝐭𝐡𝐚𝐭 𝐲𝐨𝐮 𝐡𝐢𝐫𝐞 𝐭𝐨𝐝𝐚𝐲 𝐰𝐢𝐥𝐥 𝐜𝐫𝐞𝐚𝐭𝐞 𝐲𝐨𝐮𝐫 𝐟𝐮𝐭𝐮𝐫𝐞 𝐭𝐨𝐦𝐨𝐫𝐫𝐨𝐰”
✨✨ဒီနေ့ သင်အလုပ်ခန့်လိုက်တဲ့သူတွေဟာ... မနက်ဖြန် သင့်လုပ်ငန်းရဲ့ အနာဂတ်ကို ဖန်တီးပေးမယ့်သူတွေ ဖြစ်လာလိမ့်မယ်"✨✨
စီးပွားရေးလုပ်ငန်းတစ်ခု၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့အတွက် အကောင်းဆုံးစက်ပစ္စည်းတွေ၊ အမိုက်စား Strategy တွေထက် ပိုအရေးကြီးတာ ရှိပါတယ်။ အဲဒါကတော့ **"လူ" (People)** ပါပဲ။
အများစုက အလုပ်ခန့်တဲ့အခါ လက်ရှိလုပ်ရမယ့် Task တွေကိုပဲ ကြည့်ပြီး ခန့်တတ်ကြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် စဉ်းစားရင်တော့…
✅စွမ်းဆောင်ရည်ထက် Mindsetက ပိုအရေးကြီးတယ်။
Skills က သင်ပေးလို့ရပေမဲ့၊ စိတ်ဓာတ်နဲ့ အလုပ်အပေါ် ထားတဲ့ သဘောထား (Attitude) က ပြုပြင်ရခက်ပါတယ်။
✅Company Culture ကို ပုံဖော်သူတွေ ဖြစ်လာမယ်။
သင်ဒီနေ့ ခန့်လိုက်တဲ့သူတွေရဲ့ စရိုက်၊ အလေ့အထတွေကပဲ သင့်လုပ်ငန်းခွင်ရဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးသွားမှာပါ။
✅ခေါင်းဆောင်သစ်တွေ ဖြစ်လာနိုင်တယ်။
အခုလက်ရှိ အောက်ခြေဝန်ထမ်းကပဲ နောက် ၃ နှစ်၊ ၅ နှစ်မှာ သင့်လုပ်ငန်းကို ဦးဆောင်မယ့် Leaderတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
✨✨အဓိကသတိထားရမှာက…✨✨
✅အလုပ်ခန့်တယ်ဆိုတာ လစာပေးပြီး လူငှါးရုံသက်သက်မဟုတ်ဘဲ သင့်လုပ်ငန်းရဲ့ “အနာဂတ်ကို ရင်းနှီးမြှုပ်နှံလိုက်တာ” ဖြစ်ပါတယ်။ ဒါကြောင့် လူမှန်၊ နေရာမှန် ရွေးချယ်တတ်ဖို့က ခေါင်းဆောင်တိုင်းရဲ့ အဓိက သော့ချက်ပဲ မဟုတ်ပါလား???
🌟🌟မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်လေးလည်း နားထောင်ကြည့်ချင်ပါတယ်🌟🌟