18/08/2026
ဝန်ထမ်းများအားလုံး ကိုယ့်ကျန်းမာရေးအကြောင်း ပိုမိုသိရှိနားလည်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် Health Awareness Program လေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ Sweety Home Spring Factory မှာ အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ 🎉
ဒီအစီအစဉ်မှာတော့ Aung Medical Center Team နဲ့ Special Guest တို့ကနေ ဝန်ထမ်းတွေအတွက် အသုံးဝင်တဲ့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးခဲ့ပြီး Distribution & Warehouse နဲ့ Spring Factory က ဝန်ထမ်းတွေကလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး 😊
🔹 အမျိုးသားဝန်ထမ်းများအတွက်
🩺 အသည်းရောင်အသားဝါ B၊ C ပိုးနဲ့ HIV ပိုးတွေအကြောင်း
🚭 ဆေးလိပ်နဲ့ 🍻 အရက်သောက်သုံးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ
💪 ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးပေးခဲ့ပါတယ်။
🔹 အမျိုးသမီးဝန်ထမ်းများအတွက်
🩺 အသည်းရောင်အသားဝါ B၊ C ပိုးနဲ့ HIV ပိုးတွေအကြောင်း
🎗️ သားအိမ်ခေါင်းကင်ဆာအကြောင်း
🔍 ကြိုတင်ကာကွယ်ခြင်းနဲ့ စောစီးစွာ စစ်ဆေးခြင်းရဲ့ အရေးကြီးပုံတွေကို မျှဝေပေးခဲ့ပါတယ်။
ဒီအစီအစဉ်လေးကနေ ဝန်ထမ်းတွေအားလုံးအတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာအသစ်တွေ ရရှိစေခဲ့သလို ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့လည်း အထောက်အကူဖြစ်စေခဲ့ပါတယ်။ 💙
“ကျန်းမာခြင်းသည် အကောင်းဆုံးသော ပိုင်ဆိုင်မှု” ဖြစ်သည့်အတွက် ကျန်းမာရေးအသိပညာများကို ဆက်လက်မျှဝေပြီး ကျန်းမာပျော်ရွှင်သော လုပ်ငန်းခွင်တစ်ခုကို အတူတကွ ဖော်ဆောင်ကြပါစို့။ ❤️