MyJobs Myanmar

MyJobs Myanmar "Myanmar’s #1 Recruitment Platform"
MyJobs Myanmar is the pioneer of recruitment services in Myanmar.
(6795)

မြန်မာ့အကြီးဆုံး Food & Beverage ပွဲကြီး 𝐇𝐨𝐑𝐞𝐂𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟎𝟐𝟔 မှာ 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာဖ...
11/06/2026

မြန်မာ့အကြီးဆုံး Food & Beverage ပွဲကြီး 𝐇𝐨𝐑𝐞𝐂𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟎𝟐𝟔 မှာ 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာဖွေလိုက်ရအောင်! 💼✨
ဟိုတယ်၊ Restaurants တွေနဲ့ Food & Beverage လုပ်ငန်းခွင်ထဲ ခြေလှမ်းသစ်လှမ်းဖို့ ပြင်ဆင်နေတဲ့ Jobseekers တို့အတွက်... အခွင့်အရေးကောင်းကြီး ရောက်လာပါတော့မယ်။ 🔥

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ (၄) ကြိမ်မြောက်အဖြစ် ပိုမိုခမ်းခမ်းနားနား ကျင်းပတော့မယ့် Food & Beverage ပြပွဲတော်ကြီးဖြစ်တဲ့ 𝐇𝐨𝐑𝐞𝐂𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟎𝟐𝟔 ပြပွဲကြီးကို ဇွန်လထဲမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ F&B ပြပွဲကြီးမှာ 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို ယူဆောင်လာပေးမယ့် Official Recruitment Partner အဖြစ် ဂုဏ်ယူစွာ ပူးပေါင်းပါဝင်ထားပါတယ်။ 🤝🌟

𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 က ဒီပွဲကြီးရဲ့ အထူးအစီအစဉ်အနေနဲ့ Job Fair ကဏ္ဍ ကို အကောင်းဆုံး ဦးဆောင်စီစဉ်ပေးသွားမှာပါ။ ပွဲထဲမှာ ဝင်ရောက်ပြသနေကြတဲ့ ပြည်တွင်း၊ ပြည်ပက ထိပ်တန်း Brands တွေ၊ လုပ်ငန်းစုကြီးတွေအပြင် နာမည်ကြီး ဟိုတယ်နဲ့ စားသောက်ဆိုင် (Hospitality, F&B & Agriculture) အဖွဲ့အစည်းပေါင်းများစွာက ခေါ်ယူနေတဲ့ Vacancy တွေကို အလုပ်ရှာဖွေနေတဲ့ Jobseekers တွေ တစ်နေရာတည်းမှာ တိုက်ရိုက်လျှောက်ထားနိုင်မယ့် အခွင့်အရေးကို ဖန်တီးပေးထားပါတယ်။ 🏢🎯

ကိုယ့်ရဲ့ အရည်အချင်းတွေကို သက်ဆိုင်ရာလုပ်ငန်းခွင်က Decision Makers တွေ၊ လုပ်ငန်းရှင်တွေဆီမှာ တိုက်ရိုက်ချပြပြီး Career အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဒါဟာ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 🚀🙌🏼

🛑 Jobseekers တွေအနေနဲ့ ကိုယ့်ရဲ့ နောက်ဆုံး Update CV Form (Hard Copy / Soft Copy) တွေကို တစ်ခါတည်း ယူလာကြဖို့ မမေ့နဲ့ဦးနော်။ 📑🎯

📅 ပွဲကျင်းပမည့် အစီအစဉ်
နေ့ရက်: ၂၆ - ၂၈ ဇွန်လ၊ ၂၀၂၆ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
အချိန်: နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ
နေရာ: YCC ခန်းမ (Yangon Convention Center)၊ Inya Lake ဟိုတယ်ဝင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ 📍

ပွဲအကြောင်းပိုမိုသိရှိနိုင်ရန်…
👇🏼 https://www.facebook.com/share/1HpgozVjPQ/?mibextid=wwXIfr

11/06/2026

ဖြစ်ရပ်မှန်လေးတစ်ခု ပြောပြမယ် 🤭

10/06/2026

💡Talent မလိုတဲ့ အလေ့အကျင့်ကောင်း ၁၀ ချက်

၁။ အချိန်တိကျခြင်း (Being on Time) ⏰
ချိန်းဆိုမှုတွေ၊ Meeting တွေနဲ့ ရုံးတက်ချိန်တွေကို နောက်မကျဘဲ တိကျတာဟာ ကိုယ့်ရဲ့ စနစ်ကျမှုနဲ့ တစ်ဖက်လူအပေါ် လေးစားမှုကို ပြသရာရောက်ပါတယ်။

၂။ အလုပ်ကျင့်ဝတ် ရှိခြင်း (Work Ethic) 💼
ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်း၊ မခိုမကပ်ခြင်းနဲ့ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ခြင်းက ဘယ်လုပ်ငန်းခွင်မှာမဆို မျက်နှာပွင့်စေပါတယ်။

၃။ ကြိုးစားအားထုတ်မှု ရှိခြင်း (Effort) 💪
"ပြီးစလွယ်" မလုပ်ဘဲ ကိုယ်လုပ်တဲ့အလုပ်အပေါ် အကောင်းဆုံးဖြစ်အောင် ရာနှုန်းပြည့် အားစိုက်ထုတ်တာဟာ ကျွမ်းကျင်မှုကိုပိုပြီးမြှင့်တင်နိုင်ပါတယ်။

၄။ ကိုယ်ခန္ဓာလှုပ်ရှားမှု သတိပြုခြင်း (Body Language) 🤝
ပြုံးပြုံးရွှင်ရွှင်နေတာ၊ နှုတ်ဆက်တဲ့အခါ ယုံကြည်မှုရှိရှိ လက်ဆွဲနှုတ်ဆက်တာနဲ့ စကားပြောရင် မျက်လုံးချင်းဆုံကြည့်တာတွေက ကောင်းမွန်တဲ့ အထင်အမြင်ကို ပေးစွမ်းနိုင်ပါတယ်။

၅။ တက်ကြွမှုရှိခြင်း (Energy) ⚡
အလုပ်ခွင်ထဲကို ပင်ပန်းနွမ်းနယ်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ၊ လန်းဆန်းတက်ကြွတဲ့ Energy မျိုး ယူဆောင်လာခြင်းက ဘေးကလူတွေကိုပါ Positive ဖြစ်စေပါတယ်။

၆။ အကောင်းမြင်စိတ်ရှိခြင်း (Attitude) ☀️
အခက်အခဲတွေ ကြုံလာရတဲ့အခါ ညည်းညူနေမယ့်အစား "ဒါကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ" ဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားမျိုး မွေးမြူခြင်း ဖြစ်ပါတယ်။

၇။ ထက်သန်တဲ့ စိတ်ဆန္ဒရှိခြင်း (Passion) 🔥
ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် စိတ်ဝင်တစားနဲ့ တန်ဖိုးထား လုပ်ကိုင်တတ်တဲ့ စိတ်ဆန္ဒပြင်းပြမှုက အောင်မြင်မှုရဲ့ အရှိန်အဟုန်ကို မြှင့်တင်ပေးပါတယ်။

၈။ သင်ယူလိုစိတ်ရှိခြင်း (Being Coachable) 🧠
ကိုယ်အကုန်မသိသေးကြောင်း ဝန်ခံရဲပြီး တခြားသူတွေရဲ့ ဝေဖန်အကြံပြုချက် (Feedback) တွေကို စိတ်နှိမ့်ချစွာနဲ့ လေ့လာပြင်ဆင်လိုတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

၉။ ပိုမိုလုပ်ဆောင်ပေးခြင်း (Doing Extra) 🚀
ကိုယ့်ကို ခိုင်းထားတဲ့၊ သတ်မှတ်ထားတဲ့ တာဝန်ထက် တစ်ဆင့်ပိုပြီး (Go the extra mile) ကူညီပေးခြင်း၊ ပိုမိုကောင်းမွန်အောင် တွေးတောပေးခြင်း ဖြစ်ပါတယ်။

၁၀။ အမြဲအဆင်သင့်ဖြစ်နေခြင်း (Being Prepared) 📋
Meeting မသွားခင် Agenda ကို ကြိုဖတ်ထားတာမျိုး၊ အလုပ်တစ်ခုမစခင် ကြိုတင်ပြင်ဆင်ထားတာမျိုးက အမှားအယွင်းကို အနည်းဆုံးဖြစ်စေပါတယ်။

ပါရမီဆိုတာ မွေးရာပါ ပါလာတတ်ပေမဲ့၊ ဒီအချက် (၁၀) ချက်ကတော့ ကိုယ်တိုင်ရွေးချယ်ပြီး အခုချက်ချင်း တည်ဆောက်ယူလို့ရတဲ့ အရာတွေကြီးပါပဲ။ အခုပဲ တစ်ချက်ချင်းစီ လေ့ကျင့်ပြီး ကိုယ့်ရဲ့ Career ကို Level Up လိုက်ရအောင်။ 💪✨

စိန်ခေါ်မှုအသစ်တွေနဲ့အတူ အတွေ့အကြုံကောင်းတွေ ရယူချင်တဲ့ Jobseekers များအတွက် အခွင့်အရေးကောင်း! 🚀🌾𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊.𝐒.𝐏. ကတော့ မြ...
09/06/2026

စိန်ခေါ်မှုအသစ်တွေနဲ့အတူ အတွေ့အကြုံကောင်းတွေ ရယူချင်တဲ့ Jobseekers များအတွက် အခွင့်အရေးကောင်း! 🚀🌾

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊.𝐒.𝐏. ကတော့ မြန်မာ့ Agro-Industrial & Livestock ကဏ္ဍမှာ ထိပ်တန်းက ရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် 𝐊𝐚𝐬𝐞𝐭𝐩𝐡𝐚𝐧𝐝 𝐆𝐫𝐨𝐮𝐩 ရဲ့ မိသားစုဝင် ကုမ္ပဏီတစ်ခု ဖြစ်ပြီး လုပ်ငန်းခွဲပေါင်း ၈ ခုနဲ့ နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိတဲ့ အင်ဂျင်နီယာလုပ်ငန်းကြီး ဖြစ်လို့ စနစ်ကျပြီး အနာဂတ်အလားအလာရှိတဲ့ စံပြလုပ်ငန်းခွင်တစ်ခုပဲ ဖြစ်ပါတယ်။ 🏢✨

လုပ်ငန်းပိုင်းမှာလည်း စက်ပစ္စည်း တင်သွင်းဖြန့်ဖြူးခြင်း၊ တပ်ဆင်ခြင်းကနေ After-Sales Service အထိ ပြီးပြည့်စုံတဲ့ Turnkey Innovation တွေကို B2B စနစ်နဲ့ စနစ်တကျ ဝန်ဆောင်မှုပေးနေတာကြောင့် အင်ဂျင်နီယာလောကမှာ အားကိုးရဆုံး ထိပ်တန်းလုပ်ငန်းကြီးတစ်ခုအဖြစ် ရှေ့ဆောင်နေပါတယ်။ ⚙️🌟

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊.𝐒.𝐏 𝐂𝐨.,𝐋𝐭𝐝 နဲ့အတူ လက်တွဲရင် ရရှိမယ့် အကျိုးကျေးဇူးများ 👇
📈 Career Growth & Learning: ကဏ္ဍအသစ်တွေမှာ စီနီယာတွေဆီကနေ စနစ်တကျ သင်ယူခွင့်ရမယ့် Training Program တွေအပြင် မိမိအရည်အချင်းအလိုက် ရာထူးတိုးတက်နိုင်မယ့် လမ်းကြောင်းကောင်းများ

🤝 Fun & Professional Environment: ရွှေပြည်သာ၊ သာဓုကန်စက်မှုဇုန်ရှိ စက်ရုံနှင့် ရုံးချုပ်တွင် အဖွဲ့အစည်းစိတ်ဓာတ် (Teamwork) အပြည့်ဖြင့် ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်မယ့် လုပ်ငန်းခွင်အပြင်

💰 Welfare & Benefits: ဆွဲဆောင်မှုရှိတဲ့ လစာနှုန်းထားများ၊ Yearly Bonus၊ Medical Expense Support (ဆေးဝါးကုသစရိတ်ပံ့ပိုးမှု)၊ နေ့လယ်စာ (Lunch Provided) နှင့် အကြိုအပို့ Ferry အစီအစဉ်တွေ ဖြစ်ပါတယ်။

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊.𝐒.𝐏 𝐂𝐨.,𝐋𝐭𝐝 မှာ ကိုယ့်ရဲ့ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှု အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အဆင်သင့်ပဲလား? ယုံကြည်မှုအပြည့်နဲ့ အခုပဲ ဝင်ရောက် လျှောက်ထားလိုက်ပါ။ 💼✨

🔗 အသေးစိတ်ကြည့်ရှုလျှောက်ထားရန် 👇
https://myjobs.com.mm/companies/myanmar-ksp-coltd-tjz8hx

𝐌𝐲𝐉𝐨𝐛𝐬.𝐜𝐨𝐦.𝐦𝐦 - 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐏𝐥𝐚𝐜𝐞 𝐭𝐨 𝐅𝐢𝐧𝐞 𝐚 𝐉𝐨𝐛!

🗓️ 𝐓𝐨𝐩 𝐉𝐨𝐛𝐬 𝐨𝐟 𝐭𝐡𝐞 𝐖𝐞𝐞𝐤 💼သင့်ကိုစောင့်မျှော်နေတဲ့ ဒီတပတ်ရဲ့ ထိပ်တန်းအလုပ်အကိုင်များ! 🚀MyJobs.com.mm မှာ ဝင်ရောက်လျှောက်ထ...
09/06/2026

🗓️ 𝐓𝐨𝐩 𝐉𝐨𝐛𝐬 𝐨𝐟 𝐭𝐡𝐞 𝐖𝐞𝐞𝐤 💼
သင့်ကိုစောင့်မျှော်နေတဲ့ ဒီတပတ်ရဲ့ ထိပ်တန်းအလုပ်အကိုင်များ! 🚀
MyJobs.com.mm မှာ ဝင်ရောက်လျှောက်ထားနိုင်ပါပြီ… 👆🏿





✨ ရုံးမှာ "Work Besties" လေးတွေရှိခြင်းရဲ့ တန်ဖိုးHaving ‘work besties’ makes the tough days easier and the good days be...
08/06/2026

✨ ရုံးမှာ "Work Besties" လေးတွေရှိခြင်းရဲ့ တန်ဖိုး

Having ‘work besties’ makes the tough days easier and the good days better.

ရုံးတက်ရတာ ပျော်စရာကောင်းဖို့နဲ့ စိတ်ညစ်စရာနေ့ရက်တွေကို အတူတူ ဖြတ်ကျော်ဖို့ “Work Besties” (ရုံးက အခင်ဆုံးသူငယ်ချင်း) တွေရှိဖို့ တကယ်လိုအပ်ပါတယ်။ ရုံးမှာ ကိုယ့်ကို နားလည်ပေးမယ့် အခင်ဆုံးသူငယ်ချင်းလေးတွေရှိခြင်းက အလုပ်အပေါ် စိတ်ကျေနပ်မှု (Job Satisfaction) ကို ဘယ်လိုတိုးတက်စေလဲ ဆိုတာ ကြည့်လိုက်ရအောင်။

စိတ်ဖိစီးမှုတွေကို လျော့စေတယ် 🛡️
လုပ်ငန်းခွင်မှာ အဆင်မပြေတဲ့အခိုက်အတန့်တွေ၊ စိတ်ညစ်စရာတွေ ကြုံလာရတဲ့အခါ မျက်လုံးချင်းဆုံရုံနဲ့တင် အခြေအနေကိုသဘောပေါက်ပြီး ကော်ဖီတူတူသောက်ရင်း ရင်ဖွင့်လို့ရတဲ့သူ ရှိနေတာဟာ စိတ်ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

အလုပ်လုပ်ရတာ ပိုမိုမြန်ဆန်ပြီး ထိရောက်စေတယ် 🚀
ကိုယ့်အကြောင်းကို သိနေတဲ့သူဖြစ်လို့ Teamwork အလုပ်လုပ်တဲ့အခါ ညှိနှိုင်းရတာ ပိုလွယ်ကူပြီး အိုင်ဒီယာအသစ်တွေ ဖန်တီးရတာ ပိုပျော်စရာကောင်းလာပါတယ်။

ရုံးတက်ရတာကို မပျင်းစေရဘူး ☀️
Weekends တွေအပြီး ရုံးတက်ရမှာကို တက်ကြွနေတာမျိုး၊ ရုံးရောက်ရင် Updates တွေ တူတူပြောဖို့၊ မုန့်တူတူစားဖို့ မျှော်လင့်နေရတာမျိုးက ရုံးအလုပ်တွေကို ပျင်းစရာမကောင်းတော့အောင် လုပ်ပေးနိုင်ပါတယ်။

အလုပ်တွေ ဘယ်လောက်ပဲ ပိနေပါစေ... အလုပ်မှာ ‘Work Besties’ သူငယ်ချင်းလေးတွေသာ ရှိနေရင် အခက်အခဲဆုံး နေ့ရက်တွေကလည်း လွယ်ကူသွားသလို၊ ပျော်စရာနေ့ရက်တွေကလည်း ပိုပြီး ပြည့်စုံသွားရပါတယ်။

ဒါပေမယ့် တခါတလေ ကိုယ့်ရဲ့ Work Bestie က ကိုယ်နဲ့အမြဲသတ်နေရတဲ့သူလည်းဖြစ်နေတတ်ပါတယ်။ 😄 ကိုယ့် Besties တွေကို Mention ခေါ်လိုက်ကြပါဦး.. 👇❤️


07/06/2026

HR ကို သွားရှုပ်လို့မရဘူး

Skill သစ် သင်ယူပါ မိုးတွင်း ၄ လမှာ 🌧️✨လူငယ်တစ်ယောက်အတွက် "မိုးတွင်း ၄ လ၊ ရက်ပေါင်း ၁၂၀၊ နာရီပေါင်း ၂,၈၀၀ ကျော်" ဆိုတာ အိ...
06/06/2026

Skill သစ် သင်ယူပါ မိုးတွင်း ၄ လမှာ 🌧️✨

လူငယ်တစ်ယောက်အတွက် "မိုးတွင်း ၄ လ၊ ရက်ပေါင်း ၁၂၀၊ နာရီပေါင်း ၂,၈၀၀ ကျော်" ဆိုတာ အိမ်ထဲမှာတင် အချိန်တွေ အလကားကုန်သွားဖို့ အရမ်းနှမြောဖို့ကောင်းပါတယ်။

ဒါကြောင့် ဒီအချိန်ကို ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်ဖို့နဲ့ Skill အသစ်တွေ သင်ယူဖို့ အကောင်းဆုံး Golden Period အဖြစ် အသုံးချလိုက်ရအောင်။ မိုးကုန်လို့ October လ ရောက်တဲ့အခါ ကိုယ်ဟာ Skill သစ်တွေထပ်တိုးလာတဲ့ တိုးတက်ပြောင်းလဲသူတယောက်ဖြစ်နေမှာ လုံးဝသေချာပါတယ်။

မခက်ပါဘူး... ဒီ ၄ လအတွင်းမှာ မင်းလေ့လာချင်တဲ့ အကြောင်းအရာကို သေချာသတ်မှတ်ပြီး တနေ့ကို အချိန်နည်းနည်းစီ ပေးသွားရုံပါပဲ။ 👇

🗣️ Language Skills: နေ့တိုင်း စကားလုံးအသစ်တွေ လေ့ကျင့်မလား? ၄ လအကြာမှာ ဘာသာစကားတစ်ခုကို အခြေခံကနေ ကောင်းကောင်း ပြောတတ်၊ နားလည်တတ်သွားလိမ့်မယ်။

💻 Tech & Digital Skills: Coding, Web Design ဒါမှမဟုတ် UI/UX လား? ၄ လအတွင်းမှာ ကိုယ်ပိုင် Portfolio တစ်ခုတောင် အေးဆေး ဖန်တီးလို့ရတယ်။ AI Platform သစ် တခုခုကို လေ့လာဦးမလား.. ရနိုင်ပါသေးတယ်။

🎨 Creative Skills: Video Editing, Graphic Design ဒါမှမဟုတ် Content Writing လား? ဒီနေ့ခေတ်မှာ ဝင်ငွေရနိုင်တဲ့ ဒီ Skill တွေကို ကျွမ်းကျင်ဖို့ ၄ လဆိုတာ လုံလောက်တဲ့ အချိန်ပါ။

📚 Personal Growth: စာအုပ်ကောင်းတွေ ဖတ်မလား၊ Business & Marketing Course တွေ တက်မလား? ဖတ်မယ်လို့တွေးထားတဲ့ စာအုပ်တွေဖတ်ဦးမလား? မင်းရဲ့ အတွေးအခေါ်တွေ Level Up ဖြစ်သွားဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။

ကဲ… စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ... မိုးဖွဲဖွဲလေးတွေ ရွာနေမယ့် October လရောက်တဲ့အခါ 🤔💭 "မိုးတွင်း ၄ လတာကာလမှာ ငါ အချိန်တွေကို အလကား မဖြုန်းခဲ့ဘူး။ ငါ့ရဲ့ ကြိုးစားမှုကြောင့် Skill အသစ်တစ်ခုကို တတ်မြောက်ခဲ့ပြီ" ဆိုတဲ့ စိတ်ကျေနပ်မှုမျိုးကို မင်း အပြည့်အဝ ခံစားပါရလိမ့်မယ်။ 💪⛈️

05/06/2026

ရင်ခုန်ရဆုံးအချိန်ပါပဲ 😍

Address

No. 38A, Moe Kaung Road, 13 Ward, Yankin Township
Yangon
11081

Alerts

Be the first to know and let us send you an email when MyJobs Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyJobs Myanmar:

Share