Shwelethla Real Estate

Shwelethla Real Estate အိမ်ခြံမြေယုံကြည်စိတ်ချစွာဝယ်ပါ
ကျွမ်းကျင်မှုဖြင့် အကျိုးဆောင်ပါမည်။

အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများအတွက် သိမှတ်စရာ
07/09/2026

အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများအတွက် သိမှတ်စရာ

အိမ်တော်ရာစေတီ
07/09/2026

အိမ်တော်ရာစေတီ

    😁😁😁
07/09/2026



😁😁😁

30/08/2026

တိုးချဲ့ရွာမြေ တို့၊ ရွာမြေစစ်စစ်လို့ ပြောတိုင်း မယုံပဲ
မဝယ်ယူမီ ပဏာမ စစ်ဆေးကြည့်ရမယ်။

ကိုယ်ဝယ်မယ့် မြေရှိရာ မြို့၊ ရပ်ကွက်နဲ့ ကျေးရွာများ ကို
တိုးချဲ့ ပြင်ဆင်ရာမှာ ဆောင်ရွက်ရမယ့်
အခြေခံ လုပ်ငန်းစဥ်တွေ စိစစ်လေ့လာရမယ်။

လမ်းမကြီး မေးတင်လို့ ပြောတယ်
လမ်းနယ်နိမိတ်နဲ့ လွတ်ကင်းမှု ရှိ၊ မရှိ
သိရှိထားရမယ့် သတ်မှတ်ချက်တွေရှိတယ်။

လယ်ယာမြေ ဝယ်ယူတဲ့အခါ
မိမိ ဝယ်မယ့်မြေက ဘယ်အမျိုးအစားထဲ ပါဝင်နေသလဲဆိုတာ ကြိုတင် စစ်ဆေးထားသင့်တယ်။

30/08/2026

အိမ်ခြံမြေက အရှုပ်အရှင်း အရမ်းများတယ်
လူညစ်တွေလည်း များတယ်
စိစစ်ပြီး မှ ရောင်းတယ်၊ ဝယ်ပေးတယ်။
ငွေရလိုမှု တခုတည်းနဲ့ မလုပ်ဘူး။

30/08/2026

မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

(၁) လျှောက်လွှာနှင့် လျှောက်ထားသူ၏ ထွက်ဆိုချက်။

(၂) ခရိုင်၊ မြို့နယ်ထွေ/ အုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လက်မှတ်၊ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရုံးတံဆိပ်ဝိုင်းများနှင့် ရက်စွဲပါဝင်သော မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) (၂)စုံ (မြေပုံတစ်ပုံ၌ အခွန်တံဆိပ်ခေါင်း ကပ်ရမည်။ )

(၃) မြေပိုင်ဆိုင်မှု အထောက်အထား တင်ပြရန်။

(၄) မြေငှားစာချုပ် မူရင်း (သို့မဟုတ်) မိတ္တူ။

(၅) အရောင်းအဝယ်စာချုပ် (မှတ်ပုံတင်ပြီးသော)။

(၆) ယခင်မြေပိုင်ဆိုင်သူအမည်ဖြင့် စည်းကြပ်သည့် မြေခွန်ပြေစာ။

(၇) စည်းကြပ်မည့် မြေခွန်အပေါ် သဘောတူကြောင်း လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။

(၈) ပတ်ဝန်းကျင် ထွက်ဆိုချက်များ တင်ပြရန်။

(၉) လမ်းနယ်နိမိတ်ကပ်ပါက စည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ်) ဦးစီးအရာရှိ(မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၏ ထောက်ခံချက်။

(၁၀) အဆောက်အဦ မှတ်တမ်းဓာတ်ပုံများ။

(၁၁) မူလမြေပိုင်ရှင်၏ ထွက်ဆိုချက်။

(၁၂) မြေအရောင်းအဝယ် စာချုပ်စာတမ်းပါ သက်သေများ၏ထွက်ဆိုချက်၊(အထွေထွေကိုယ်စားလှယ် လွှဲခြင်းခံရသူ(သို့)အထူးကိုယ်စားလှယ်လွှဲခြင်းခံရသူ၏ ထွက်ဆိုချက် )။

(၁၃) GP / SP လွှဲအပ်ထားပါက ကိုယ်စားလှယ်လွှဲစာ တင်ပြရန်။

(၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက် (သို့မဟုတ်) ထောက်ခံချက်။

(၁၅) သက်ဆိုင်ရာမြေတိုင်းစာရေး၏ ထွက်ဆိုချက်။

(လက်မှတ်ရေးထိုးသူများသည် ဌာန၊ အဖွဲ့အစည်းဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန်။)

30/08/2026

ဆောက်လုပ်ပြီးသားဝယ်တော့မယ်ဆိုရင်
အိမ်ဆိုတာ ဈေးကွက်အရ အိုတဲ့ အမျိုးဖြစ်ပြီး
မြေဆိုတာ ဈေးကွက်အရ ကြာလေ နုပျိုလာနိုင်တာမျိုးဖြစ်တယ်။

အိမ်၊ မြေ ဝယ်ယူတဲ့အခါ
location ကောင်းကောင်းကို မရွေးတတ်ရင်
ကိုယ်မနေချင်လို့ ပြန်ရောင်းတဲ့အခါ တန်ဖိုးဆုံးရှုံးနိုင်ချေများပါတယ်။

ဒါကြောင့်
အိမ်၊ မြေ ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှု အရှုပ်အရှင်းရှိမရှိ စစ်ဆေးဖို့အပြင်
location ကောင်းကောင်း ရွေးပြီး ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။

29/08/2026

မြေခွန်ပြေစာအကြောင်း

ပြေစာအရွယ်အစားသည် ၄လက်မ၊ ၅ လက်မ ခန့်သာရှိပါသည်။
ယခုအခါ မြန်မာနိူင်ငံ နယ်ပယ်ဒေသ အချိူ့မှာ
ပြေစာများ တွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးသည်။

ရွာမြေ၊ ဘိုးဘွားပိုင်မြေ၊ ဥယျာဉ်ခြံမြေ စသည်တို့သည်
ပြေစာနှင့်သာ အသုံးပြုလျှက် ရှိကြသည်။

ပြေစာမှာ
မြေလုပ်ကိုင်သူ၏ အမည်နဲ့ ဧရိယာ အကျယ်အဝန်းပါသည်။

ပြေစာ နဲ့မြေ ကို အချို့က သုံးမရဘူး
ရောင်းမရဘူး၊ ဘာမှအသူံးမဝင်ဘူးဟု ယူဆ
ထားကြတာမျိုး တွေ့ရတတ်သည်။

ပြေစာရှိထားခြင်းသည်
ရောင်းဝယ်ခွင့်ရှိပြီး နေထိုင်ခွင့်ရှိသော မြေအမျိုးအစား
တခုဟု ဆိုနိုင်သည်။
သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေ
ဆောင်ရွက်လို့ရပါသည်။

မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ပြီး ပါမစ်မြေ
ဂရန်မြေ ထက် အဆင့်နိမ့်သောမြေ အမျိုးအစားဖြစ်ပါသည်။ သို့သော် မြေပိုင်ဆိုင်မှု ခိုင်မာပါသည်။

29/08/2026

ပြေစာ(စလစ်)
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည်။
သို့သော် စည်ပင်ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
Gပြေစာ(စလစ်)၊
R/G ပြေစာ(စလစ်)၊
L ပြေစာ (စလစ်)၊
စ/ ပြေစာ (စလစ်)၊
ပုံစံ(5) ပြေစာ (စလစ်)၊
ရွာမြေ ပြေစာ(စလစ်)၊
R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

G ပြေစာ (စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ် လူနေထိုင်နိုင်သည်။ ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ၊ အ) လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက် (လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က ၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေဖြစ်သည်။

ရွာမြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှုမျိုး အရှင်းမရှိပါ

R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည်။ အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်။ လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည်။
R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်သတိထားရပါမည်။ လမ်းမဘေးတွင် ရှိသည့်မြေမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည်။ တခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်သည်။

Address

No(1), 60th Street, Hlaing Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shwelethla Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share