NUBIA Myanmar HR

NUBIA Myanmar HR Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NUBIA Myanmar HR, Recruiter, Kantharyar Centre Office Tower, No. 11, Corner of KanYeik Thar Road & U Aung Myat Street, Mingalar TaungNyunt Township, Myanmar, Tower: Kantharyar Centre/Office Tower, Level 19th Floor, Unit # 07, Yangon.

Happy Birthday Wai Yan Htet Aung & Theint Theint Thu 🎂🎂🎂I hope you have a prosperous future and a happy life. You are on...
12/08/2026

Happy Birthday Wai Yan Htet Aung & Theint Theint Thu 🎂🎂🎂
I hope you have a prosperous future and a happy life. You are one of our company's pearls, and we forever appreciate such devoted workers. Enjoy your special day! 🎊🎊🎊
&TheintTheintThu

Happy Birthday Yoon Nandar🎂🎂I hope you have a prosperous future and a happy life. You are one of our company's pearls, a...
11/08/2026

Happy Birthday Yoon Nandar🎂🎂
I hope you have a prosperous future and a happy life. You are one of our company's pearls, and we forever appreciate such devoted workers. Enjoy your special day! 🎊🎊🎊

11/08/2026

Tongue Twisters Game 😵‍💫😁



Happy Birthday Naw Hnint Theint Khin🎂🎂🎂I hope you have a prosperous future and a happy life. You are one of our company'...
10/08/2026

Happy Birthday Naw Hnint Theint Khin🎂🎂🎂
I hope you have a prosperous future and a happy life. You are one of our company's pearls, and we forever appreciate such devoted workers. Enjoy your special day! 🎊🎊🎊

ဒီနေ့မှာတော့ Nubia Myanmar HR Page လေးကနေ ဖတ်လို့လည်းကောင်း ၊ ဗဟုသုတ လည်းရမယ့်Career Story လေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပ...
06/08/2026

ဒီနေ့မှာတော့ Nubia Myanmar HR Page လေးကနေ ဖတ်လို့လည်းကောင်း ၊ ဗဟုသုတ လည်းရမယ့်Career Story လေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
ကဲ... ဒါဆိုရင်အချိန်မဆွဲဘဲစလိုက်ကြရအောင် 🫵🏼

Career Story 💪🏼😎
ကျရှုံးမှုကို ကြောက်နေမယ့်အစား သင်ယူဖို့အသုံးချပါ။

Soichiro Honda
အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာမမြင်ရတဲ့ အခက်အခဲပေါင်းများစွာ ရှိနေပါတယ်။ အခက်အခဲမရှိတဲ့ဘဲ အောင်မြင်လာတယ်ဆိုရင် တော့ အဲ့ဒီအောင်မြင်မှုဟာ အတုရောင်အောင်မြင်မှုပဲဖြစ်ပါလိမ့်မယ်။
ကမ္ဘာကျော် Honda Motor ကုမ္ပဏီကြီးကိုတည်ထောင်ခဲ့တဲ့ Soichiro Honda လည်း ထိုသူတွေထဲက တစ်ယောက်ပါ။ ငယ်စဥ်ကတည်းက စက်ပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ Honda ဟာ အင်ဂျင်နီယာတစ်ယောက်
ဖြစ်ချင်ခဲ့တာပါ။ သူဟာ ကားထုတ်လုပ်ရေးကုမ္ပဏီ Toyota အတွက် Piston Ring တွေထုတ်လုပ်ဖို့ကြိုးစာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပထမဆုံး Design ကို Toyota ကလက်မခံခဲ့ပါဘူး။
တခြားလူဆိုရင် ‘’ငါဟာဒီလုပ်ငန်း နဲ့ ပတ်သတ်ပြီးအတော်ညံ့တာပဲ ’’ ဆိုပြီးလက်လျော့သွားနိုင်ပါတယ်။ ဒါပေမယ့် Honda က‌တော့ မတူခဲ့ပါဘူး ။ သူဘာကြောင့် ငြင်းပယ်ခံရတယ်ဆိုတာကိုပြန်လေ့လာတယ်။ အင်ဂျင်နီယာပညာကိုလည်း ပိုပြီးတော့တိုးတက်လာအောင်လေ့လာတယ်။ Design ကိုလည်း ရှုထောင့်ပေါင်းစုံကနေ ပြည့်စုံအောင် လေ့လာတယ် ထပ်တလဲလဲ စိတ်တိုင်းမကျမခြင်း ပြင်ဆင်တယ်။
အကြိမ်ကြိမ်ကြိုးစားပြီးနောက်မှာတော့ Toyota က သူ့ ရဲ့ Piston Ring ကိုလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှု က အဲဒီမှာ မပြီးသေးပါဘူး။ ဒုတိယ ကမ္ဘာစစ်အတွင်း သူရဲ့ စက်ရုံ Tokai Seiki ဟာ ဗုံးကြဲခံရပြီးပျက်စီးသွားခဲ့ပါတယ်။ စစ်ပြီးတဲ့နောက် ငလျင်ကြောင့် ကျန်ရှိခဲ့တဲ့ စက်ရုံလည်းထပ်ပြီးပျက်စီးခဲ့ပါတယ်။ လူအများစုအတွက် ဒီအခြေအနေဟာ အဆုံးသတ်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Honda ကတော့ အခက်အခဲ ကို အခွင့်အရေးအဖြစ် မြင်ခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ ဓာတ်ဆီရှားပါးနေတာကို သတိထားမိပြီး စက်ဘီးပေါ်မှာအင်ဂျင်အသေး လေးတပ်ဆင်ကာ မော်တော်စက်ဘီးအဖြစ် ဖန်တီးခဲ့ပါတယ်။ အဲ့စိတ်ကူးလေးကပဲ လူအများရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသွားခဲ့ပြီး
၁၉၄၈ ခုနှစ်မှာ Honda Motor Co.,Ltd. ကိုတည်ထောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ခေတ်အချိန်မှာတော့ Honda ဟာ ကမ္ဘာပေါ်က အကြီးဆုံးမော်တော်ဆိုင်ကယ် ထုတ်လုပ်သူတွေထဲက
တစ်ခုဖြစ်သလို ကားထုတ်လုပ်‌ရေးနယ်ပယ်မှာလည်း ကမ္ဘာကျော် Brand တစ်ခုဖြစ်လာခဲ့ပါတယ်။

Soichiro Honda ကပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။
" Success is 99% Failure "
အောင်မြင်မှုဆိုတာ ကျရှုံးမှုမရှိတဲ့သူတွေ ရရှိတာမဟုတ်ပါဘူး။ ကျရှုံးမှုတိုင်းကနေ သင်ယူပြီး နောက်တစ်ကြိမ်
ပိုကောင်းအောင် ကြိုးစားတဲ့သူတွေသာ အောင်မြင်မှု နဲ့ ပိုနီးလာတာပါ။

Career တစ်ခုမှာလည်းဒီလိုပါပဲ။
Interview မအောင်မြင်တာ၊ Promotion မရတာ၊ အမှားလုပ်မိတာတွေက သင့်ရဲ့ Career ကို အဆုံးသတ်မပေး
နိုင်ပါဘူး။
အရေးကြီးတာက အဲဒီအတွေ့အကြုံကနေ ဘာတွေသင်ယူခဲ့လဲ၊ နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်လုပ်
မလဲဆိုတာပါ။
တစ်ခါတစ်လေသင့်ကိုအောင်မြင်စေတာက အရည်အချင်းတစ်ခုတည်းမဟုတ်ပါဘူး။ အရှုံးမပေးတဲ့ စိတ်ဓာတ်ပဲ
ဖြစ်နိုင်ပါတယ်။
ဒီနေ့တင်ဆက်ပေးခဲ့ Career Story လေးကတော့ ဒီလောက်ပါပဲခင်ဗျာ။
သင်ရာအလုပ်မှာ ကြုံနေရတဲ့ အခက်အခဲတစ်ခုကနေဘာသင်ခန်းစာတွေရခဲ့လဲဆိုတာကို Comment မှာ မျှဝေ
ပေးခဲ့ပါအုံး ။

Career Tip Of This Week Part-4အချိန်သည်လူ ၏ တန်ဖိုး/ အချိန်နဲ့ ဒီရေက လူကိုမစောင့်ဘူးတို့/ အချိန်ရှိခိုက် လုံ့လစိုက်တို့ ...
03/08/2026

Career Tip Of This Week Part-4
အချိန်သည်လူ ၏ တန်ဖိုး/ အချိန်နဲ့ ဒီရေက လူကိုမစောင့်ဘူးတို့/ အချိန်ရှိခိုက် လုံ့လစိုက်တို့ အစရှိတဲ့ စကားပုံတွေကို မိတ်ဆွေတို့ အနေနဲ့ စာအုပ်များမှ ဖြစ်စေ ၊ တခြားသူတစ်ဦးထံမှ ဖြစ်စေ တနည်းမဟုတ်တနည်းနဲ့ ကြားဖူးကြမှာပါ။ ဒီစကားပုံတွေက အချိန် ရဲ့ အရေးကြီးဆုံးပုံ အချိန်ရဲ့ အရေးပါပုံတို့ကို
ကွက်ကွက်ကွင်းးကွင်း မြင်အောင် မီးမောင်းထိုးပြထားတဲ့ မြန်မာစကားပုံတွေပဲဖြစ်ပါတယ်။

အားလုံးပဲမင်္ဂလာပါ ခင်ဗျာ ဒီနေ့ မှာတော့ ကျွန်တော်တို့ရဲ့ Nubia Myanmar Hr Page လေးကနေပြီးတော့အချိန်ရဲ့ အရေးပါပုံနဲ့အချိန်မှန်ခြင်းက သင့်ရဲ့ Professionalism ကို ဘယ်လိုပြသပေးမလဲဆိုတာကို ပြောပြပေးမှာပဲဖြစ်ပါ
တယ်။ Interviewပဲ ဖြစ်ဖြစ်အလုပ်ဝင်တဲ့ ပထမဆုံးနေ့ပဲဖြစ်ဖြစ်အချိန်မှန်ရောက်ရှိခြင်း က သင့်ရဲ့ပထမဆုံး
အထင်အမြင် (First Impression) ကိုကောင်းမွန်စေပါတယ်။ လူအများကInterviewအတွက် အဖြေတွေ ကိုပဲပြင်
ဆင်ကြပေမယ့် အချိန်ကိုလေးစားတက်တဲ့ အလေ့အကျင့်ကိုတော့ တခါတလေမေ့လျော့နေတက်ပါတယ်။
အချိန်အတိအကျ ရောက်ခြင်းဆိုတာက လည်း Interviewer တွေသတိထားမိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်.....
1. အင်တာဗျူး မတိုင်ခင် ၁၀-၁၅ မိနစ်ကြိုရောက်ပါ။
2. လိုအပ်တဲ့ Document တွေကို ကြိုတင်စစ်ဆေးထားပါ။
3. အလျင်လိုပြီး စိတ်လှုပ်ရှားနေတာထက်အေးအေး ဆေးဆေးနဲ့ စတင်နိုင်အောင် ပြင်ဆင်ထားပါ။
အချိန်မှန်ရောက်လာတဲ့ သူက တာ၀န်ယူတက်သူ ၊ ပြင်ဆင်မှုရှိသူ ၊ Professional ဖြစ်သူဆိုတဲ့ အထင်အမြင်ကောင်း ရရှိနိုင်ပါတယ်။
Career တိုးတက်မှုဆိုတာ အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အချိန်ကိုတန်ဖိုးထားတဲ့ အလေ့အကျင့် ကလည်း သင့်ကို ယုံကြည်စိတ်ချရတဲ့ Professional တစ်ယောက် ဖြစ်လာစေပါတယ်။
မိတ်ဆွေတို့ရော အင်တာဗျူး သွားတဲ့ အခါ ဘယ်နှစ်မိနစ်လောက်ကြိုရောက်နေလေ့ရှိလဲ ဆိုတာ Comment မှာ မျှ‌ဝေပေးသွားပါအုံးခင်ဗျာ။

30/07/2026

မီးရှုးမီးပန်းက ဘာအသံ ထွက်လဲ ?? 🤔🤔




NUBIA MYANMAR CO., LTD မှ မကွးတိုင်း နှင့် တာချီလိတ်တွင် Area Sales Manager Position ဖြင့် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ...
30/07/2026

NUBIA MYANMAR CO., LTD မှ မကွးတိုင်း နှင့် တာချီလိတ်တွင် Area Sales Manager Position ဖြင့် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူနေပါသည်။

လုပ်ဆောင်ရမည့် တာဝန်များ
၁။ Market ၏ ရောင်းအားကို Analysis ပြုလုပ်၍ product ၏ ရောင်းအားကို မြှင့်တင်ရန် စီစဥ်ခြင်း။
၂။ နယ်မြေရှိ ဆိုင်ပိုင်ရှင်/ဆိုင်တာဝန်ခံများနှင့် ကောင်းမွန်သော Relationship တည်ဆောက်ခြင်း။
၃။ လက်အောက်ရှိ Teamwork ကို Motivate နှင့် Active ဖြစ်စေရန် Management ပြုလုပ်ခြင်း။
၄။ Market နှင့် Teamwork တွင်ဖြစ်ပေါ်နေသော ပြဿနာများအား ကောင်းမွန်စွာ ဖြေရှင်းခြင်း။
၅။ သက်ဆိုင်ရာ Head Office Department များနှင့် သေချာချိတ်ဆက်၍ လိုအပ်သည့် Data နှင့် Tools များအား အချိန်မီပေးပို့ခြင်း။

လိုအပ်သော အရည်အချင်းများ
၁။ Sale Management ပိုင်းတွင် လုပ်သက်အနည်းဆုံး (၃) နှစ်နှင့်အထက်ရှိရမည်။
၂။ Communication skill, Negotiation skill နှင့် Problem Solving skill ကောင်းမွန်ရမည်။
၃။ Microsoft Office (Word, Excel, Power point) ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
၄။ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
၅။ အသက် (၃၀နှစ် မှ ၄၀နှစ်) အတွင်းရှိသူ။

- အခြေခံလစာ + Transportation Allowance နှင့် Incentive ခံစားခွင့်များ။
- တစ်ပတ်တစ်ရက် ပိတ်ရက်ခံစားခွင့်။
- မွေးနေ့ ပိတ်ရက် ခံစားခွင့်။
- အခြားခံစားခွင့်များစွာ။

အထက်ဖော်ပြပါ အချက်အလက်တွေနဲ့ကိုက်ညီပြီး စိတ်ဝင်စား၍ လျှောက်ထားချင်တယ်ဆိုပါက မိမိ၏ CV FORM အပြည့်အစုံကို အောက်ပါပုံတွင် ပါဝင်သော Email, Viber Phone Number နှင့် NUBIA MYANMAR HR page ထံသို့ လျှောက်ထားလိုသည့် ရာထူးနှင့်တကွ ပို့ဆောင်လျှောက်ထားနိုင်ပါသည်။
#𝐌𝐚𝐠𝐰𝐚𝐲

အားလုံးပဲ မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Nubia Myanmar Hr Page ကနေပြီးတော့Interview မှာ အဖြေတွေကောင်းကောင်းဖြေတက်ရုံနဲ့ လုံ...
28/07/2026

အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ဒီနေ့မှာတော့ Nubia Myanmar Hr Page ကနေပြီးတော့
Interview မှာ အဖြေတွေကောင်းကောင်းဖြေတက်ရုံနဲ့ လုံလောက်ပြီလား ? ဆိုတဲ့ မေးခွန်းလေးကိုဘာ်လိုဖြေကြားရမလဲ‌ဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

အလုပ်အင်တာဗျူး တစ်ခုမှာ Candidate အများ စုက ဘယ်မေးခွန်းတွေမေးမလဲ ဆိုတာကိုပဲ အချိန်ပေးပြင်ဆင်တက်ကြပါတယ်။ ဒါပေမယ့် Interviewer တွေသတိထားကြည့်တဲ့ အရာတစ်ခုလည်း ရှိပါသေးတယ်။ Candidate တွေက ဒီအလုပ်ကို တကယ်စိတ်၀င်စားရဲ့လား ။
Company အကြောင်းကိုလေ့လားထားရဲ့ လား ဆိုတာပဲဖြစ်ပါတယ်။ Interview အဆုံးနားရောက်ရင် Interviewer က
'' Do you have any question for us? '' လို့မေးတက်ပါတယ်။

ဒီမေးခွန်းကို အပေါ်ယံပဲကြည့်မယ်ဆိုရင်တော့ Candidate ကိုမေးစရာရှိ၊ မရှိ သိချင်လို့မေးတာလို့ထင်ရပေမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။
သင်ရဲ့ ပြင်ဆင်မှု ၊ စိတ်ဝင်စားမှုနဲ့ Professionalism ကိုလည်းမြင်နိုင်တဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်။
သင့်အနေနဲ့ ဒီအခွင့်အရေးကိုကောင်းကောင်း အသုံးချတက်ဖို့လိုပါတယ်။ ဒီအချိန်မှာ ‘ မရှိပါဘူး ‘’ လို့ဖြေလိုက်တာထက် အလုပ်နဲ့ သက်ဆိုင် တဲ့မေးခွန်း လေးတွေမေး ကြည့်ပါ။
Example: ဒီရာထူးမှာ အောင်မြင်ဖို့ အတွက် ဘယ်လို
Skill တွေက အရေးအကြီးဆုံးလဲ ?
ဒီ Team က လက်ရှိ ဘယ်လို Project တွေကို
အဓိကလုပ်ဆောင်နေပါသလဲ ?
Employee တွေကို သင်ယူတိုးတက်အောင် Company ကဘယ်လို Training ဒါမှမဟုတ် Learning Opportunities တွေ ပံ့ပိုးပေးပါသလဲ ?
ဒီမေးခွန်း တွေက .....
၁။ ကိုယ်က ဒီအလုပ်ကိုအလေးအနက်ထား‌ကြောင်းပြပေးတယ်။
၂။ Career ကိုရေရှည်တိုးတက်ချင်တဲ့ သူဆိုတာကို Interviewer ကိုမြင်စေပါတယ်။
၃။ Company ရဲ့ လုပ်ငန်းခွင်ယဥ်ကျေးမှုနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက် ကိုက်ညီမှုရှိ၊ မရှိ ကိုလည်းပိုနားလည်စေပါတယ်။
ဒါပေမယ့် Interview အစပိုင်းမှာပဲ လစာ၊ ခွင့်ရက်၊ ရုံးဆင်းချိန် ကိုပဲ ဆက်တိုက်မေးတာမျိုးက မသင့်တော်နိုင်ပါဘူး။ ဒီအချက်တွေက အရေးမကြီးတာမဟုတ်ပေမယ့် အချိန် နဲ့ အခြေအနေကို ကြည့်ပြီးဆွေးနွေးတာက ပိုပြီး Professional ဆန်စေပါတယ်။
ဒီနေရာမှတ်ထားရမယ့် အချက်က -
Interview ဆိုတာ Company က ကိုယ့်ကို အကဲအဖြတ်ပေးတဲ့ နေရာတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်ကလည်း Company ကိုလေ့လာပြီး ‘’ဒီနေရာက ငါ့ရဲ့ Career တိုးတက်ဖို့ သင့်တော်ရဲ့လား ‘’ ဆိုတာကို ဆုံးဖြတ်ရတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
အဖြေကောင်းကောင်းဖြေနိုင်ဖို့ လိုသလို ၊ မေးခွန်းကောင်းကောင်း မေးနိုင်တာက လည်း Professional Candidate တစ်ယောက်ရဲ့ အမှတ်အသားတစ်ခုပါပဲ။
မိတ်ဆွေတို့ ကရော Interview အဆုံးမှာ Interviewer ကိုဘယ်လိုမေးခွန်းမျိုးမေးဖူးလဲ၊ ဒါမှမဟုတ် ဘယ်လိုမေးခွန်းမျိုးမေးချင်လဲဆိုတာကို Comment မှာ မျှဝေခဲ့ပါဦးခင်ဗျာ ။

Big congratulations to Aye Chan Myae Aung, Thant Zin Phyoe, Hnin Thanzin Thant, and Sai San Mai on your 1st work anniver...
28/07/2026

Big congratulations to Aye Chan Myae Aung, Thant Zin Phyoe, Hnin Thanzin Thant, and Sai San Mai on your 1st work anniversary with Nubia! 🎉🎉🎉
Your hard work, dedication, and positive attitude are truly inspiring to all of us. Wishing you all continued success and happiness in your careers ahead! 🎉🎉🎉

Address

Kantharyar Centre Office Tower, No. 11, Corner Of KanYeik Thar Road & U Aung Myat Street, Mingalar TaungNyunt Township, Myanmar, Tower: Kantharyar Centre/Office Tower, Level 19th Floor, Unit# 07
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Website

Alerts

Be the first to know and let us send you an email when NUBIA Myanmar HR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NUBIA Myanmar HR:

Share

Category