Kakeru Employment Agency

Kakeru Employment Agency Dynamic & Forward thinking recruitment agency specialized in facilitating employment opportunities.

“Professional ဆန်စွာ အလုပ်မှ နှုတ်ထွက်ကြရအောင်” 🫶 အလုပ်ကနေ ထွက်ဖို့ စပြီး စဉ်းစားပြီ မိမိဘက်ကနေလည်း ထွက်မှာ သေချာပြီ ဆို...
18/06/2025

“Professional ဆန်စွာ အလုပ်မှ နှုတ်ထွက်ကြရအောင်” 🫶

အလုပ်ကနေ ထွက်ဖို့ စပြီး စဉ်းစားပြီ မိမိဘက်ကနေလည်း ထွက်မှာ သေချာပြီ ဆိုတာနဲ့ ရာထူးအလိုက် ကိုယ်တာဝန်ယူထားတဲ့ အရာတွေကို တဖြည်းဖြည်းချင်း Handover လုပ်နိုင်ဖို့အတွက် စပြီး ကြိုတင် ပြင်ဆင်ပါ။ ✅

ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ Data တွေ Documentation တွေ File တွေ ကို အသေးစိတ် စစ်ဆေးပါ ပြီးလျှင် Excel နှင့် စာရင်းသေချာပြုလုပ်ပါ။ File တွေ ထားတဲ့ Location တွေက အစ အကုန် ထည့်ရေးပါ။✅

Pending ဖြစ်နေတာတွေ၊ InProgress ဖြစ်နေတာတွေကိုလည်း အသေးစိတ် စာရင်းပြုလုပ်ထားပါ။‼️

ကိုယ်နဲ့ ဆက်သွယ်ပြီး လုပ်ဆောင်နေရတဲ့ Internal, External ဌာနတွေရဲ့ Information တွေ Contact တွေကအစ Handover လုပ်မယ့်အထဲမှာ တစ်ခါတည်း လွှဲပေးပါ။✅

File တွေ နဲ့ ပတ်သက်ပြီး Hard Copy, Soft Copy အကုန်လုံးကို သေချာစွာ စစ်ဆေးပါ။ ✅

ကုမ္ပဏီက သတ်မှတ်ထားတဲ့ Rule and Regulations နဲ့ အညီပဲ အလုပ်မှ နှုတ်ထွက်ပါ။ ✅

ကိုယ်တာဝန်ယူထားရတဲ့ အရာတွေက နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ အကုန်လုံးကို တာဝန်ကျေပွန်စွာ လွှဲပြောင်းပေးပါ။✅

“Professional” ဆန်တယ်ဆိုတာက Resign တင်ပြီးတဲ့နေ့ကစပြီး မိမိရဲ့ နောက်ဆုံး “Last Date” အထိ တာဝန်အားလုံးကို ကျေပွန်စွာ လုပ်ဆောင်ပေးခဲ့ပြီး Handover ကောင်းကောင်း လွှဲပေးခဲ့ခြင်းပဲ ဖြစ်ပါသည်။✅

ဒါကြောင့်ဘယ်အလုပ်ကိုမဆို Professional ဆန်စွာနှုတ်ထွက်လိုက်ပါ။✅

" ကိုယ်ရောဘယ်လိုလူလဲ? "





#

15/06/2025

父の日とは、、、
နှစ်စဉ် ဇွန်လရဲ့တတိယအပတ် တနင်္ဂနွေနေ့ကိုဂျပန်နဲ့တကွ အာရှ၊ အမေရိကနဲ့ ဥရောပနိုင်ငံများစွာတို့ကအဖေများနေ့လို့ သတ် မှတ်ပါတယ်။ ဒီနှစ်မှာတော့ အဖေများနေ့က ယနေ့ ဇွန် (၁၅) ရက်နေ့ပါ။💛

ဒါဆို အဖေများနေ့မှာကော ဂျပန်လူမျိုးတွေကဘာလုပ်လေ့ရှိကြသလဲဆိုတာအောက်မှာဆက်လေ့လာရအောငနော်။

* プレゼントを贈る:
အဖေတွေကြိုက်နှစ်သက်တဲ့လက်ဆောင်တွေပေးကြတယ်။ ဥပမာ- အရက်၊ နက်ကတိုင်၊ ရှပ်အင်္ကျီစတဲ့လက်ဆောင်များနဲ့ ကိုယ်တိုင်ပြုလုပ်တဲ့အဖေကြိုက်တဲ့လက်ဆောင်များ။

* 一緒に食事をする:
မိသားစုလိုက် အဖေကြိုက်တဲ့စားသောက်ဆိုင်မှာအတူစားသောက်ခြင်း။

* 家族で団らん:
အိမ်မှာအဖေနဲ့အတူဂိမ်းကစားခြင်း၊ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်များတဲ့အဖေနဲ့အတူတနေ့လုံးနေပြီး စားသောက်
စကားပြောခြင်းတို့ကိုပြုလုပ်၍မိသားစုအမှတ်တရအချိန်ကိုဖန်တီးခြင်း။

* 手紙やメッセージ:
ပုံမှန်စကားမပြောဖြစ်တဲ့အဖေ့ဆီကို ပို့စကတ် (သို့) မက်ဆေ့များနဲ့ကျေးဇူးတင် စာတွေပို့ပေးခြင်း။ ကလေးများကပန်းချီဆွဲပြီးအမှတ်တရလက်ဆောင်ပေးခြင်း။

* お父さんのリクエストに応える:
အဖေသွားချင်တဲ့နေရာကိုအတူသွားလည်ခြင်း၊ အတူဂေါ့ဖ်ရိုက်ခြင်း/ငါးမျှားထွက်ခြင်း။

……စတဲ့အမှတ်တရလေးတွေပြုလုပ်လေ့ရှိကြပါတယ်။
みなさんတို့ရဲ့အဖေများနဲ့အတူ တကမ္ဘာလုံးမှ အဖေများကျန်းမာပါစေ။

Happy father's day ပါ💕💕

#父の日
文章や画像元: グーグル

❗️
06/06/2025

❗️

အလုပ်အင်တာဗျူးမှာ မလုပ်သင့်တဲ့အပြုအမူတွေနဲ့ အရွေးမခံရတဲ့အကြောင်းအရင်းများ‼️Interview ဟာ သင်နဲ့အလုပ်အတွက် “ကိုက်ညီမှု” ရှ...
29/05/2025

အလုပ်အင်တာဗျူးမှာ မလုပ်သင့်တဲ့အပြုအမူတွေနဲ့ အရွေးမခံရတဲ့အကြောင်းအရင်းများ‼️

Interview ဟာ သင်နဲ့အလုပ်အတွက် “ကိုက်ညီမှု” ရှိ/မရှိ ကို စစ်ဆေးတဲ့အချိန်ဖြစ်တဲ့အတွက် အပြုအမူကောင်းတာ၊ မကောင်းတာတွေက သင်ရဲ့ first impression အဖြစ် အရေးကြီးဆုံးပါပဲ။

အောက်မှာ မလုပ်သင့်တဲ့အရာတွေ နဲ့ အရွေးမခံရနိုင်တဲ့အကြောင်းတွေကို ရိုးရိုးရှင်းရှင်းနဲ့ပြောပြပေးပါ့မယ်။

မလုပ်သင့်တဲ့အပြုအမူများ‼️

▫️အချိန်မမှန်တာ
Interview စချိန်ကိုနောက်ကျမှ‌ရောက်တာ၊ အမြန်မပြင်ဆင်နိုင်တာက ပထမဆုံးမတော်တဆဖြစ်စေတတ်တယ်။ အနည်းဆုံး ၅–၁၀ မိနစ်အလိုမှာရောက်နေဖို့ကြိုးစားပါ။

▫️အင်တာဗျူးအတွက် ကြိုတင်မပြင်ဆင်ထားတာ
Company name မှတ်မိခြင်းမရှိတာ၊ သူတို့ဘာလုပ်တယ်လို့မသိ၊ Position role ကိုမနားလည်တာ၊ ဒီအရာတွေက အလေးမထားတာလို့မြင်တတ်ပါတယ်။

▫️Eye Contact မရှိတာ
Self-confidence မရှိတာကို ပြသတတ်တယ်။ မိမိအကြောင်းကို ပြောမယ်ဆိုရင် ယုံကြည်မှုနဲ့ သဘာဝကျအောင်ပြောဖို့လိုပါတယ်။

▫️အကြောင်းအရာမပြည့်စုံသောအဖြေတွေ ဖြေတာ
Yes/No ဖြေပေးပြီး details မရှိတဲ့အဖြေတွေက သင်ရဲ့ critical thinking၊ communication skill မရှိသလိုဖြစ်သွားတတ်ပါတယ်။

▫️အလုပ်ရှင်ဟောင်းကိုသံသယဖြင့်ပြောတာ
ယခင်အလုပ်အပေါ် မသဘောကျတဲ့အကြောင်းအရာကို ချက်ချင်းပြောတာက negative attitude တစ်ခုအဖြစ်ရောက်သွားတတ်ပါတယ်။

▫️အရမ်းသိ၊ အရမ်းတတ် လုပ်ပြတာ
မိမိအရည်အချင်းထက်ပိုပြီး ဖော်ပြတာ၊ ကိုယ်မသိတာတွေကို သိသလိုတမင်ပြထားတာတွေက ရိုးသားမှုကို လျစ်လျူရှုရာကျပါတယ်။

အရွေးမခံရတဲ့ အကြောင်းအရာများ‼️

▫️လိုအပ်တဲ့အရည်အချင်းနဲ့ မကိုက်ညီခြင်း
Job description မှာဖော်ပြထားတဲ့ skill set မရှိရင် တော်တော်များများ reject ဖြစ်တတ်ပါတယ်။

▫️အလုပ်နဲ့ မသင့်တော်တဲ့ attitude
Teamwork မရနိုင်တာ၊ feedback မခံနိုင်တာတွေက အလွယ်တကူသတိထားခံရတတ်ပါတယ်။

▫️လိုအပ်ချက်မပြည့်ခြင်း
တစ်ချို့ role တွေမှာ minimum years of experience, certification, or technical test results လိုအပ်တတ်ပါတယ်။

▫️Self-presentation မကောင်းခြင်း
Body language, tone of voice, outfit မသင့်တော်တာတွေကလည်း negative effect ဖြစ်တတ်ပါတယ်။

▫️မေးခွန်းမရှိခြင်း
အင်တာဗျူးအဆုံးမှာ “မေးခွန်းမရှိပါ” လို့ပြောတာက curiosity နဲ့ interest မရှိသလိုခံစားစေတတ်ပါတယ်။

တကယ်တော့ Interview ဆိုတာ မိမိကိုယ်ကိုရောင်းဖို့အချိန်ဆိုတာထက် ကိုယ့်အနေနဲ့ ဒီအလုပ်မှာ တကယ်ပေါင်းစည်းနိုင်မလားဆိုတာပြဖို့အချိန်ပါ။ သင့်ရဲ့သဘောထား၊ ပြင်ဆင်မှု၊ နားထောင်တတ်မှုနဲ့ ပြန်ဖြေနိုင်မှုတွေက အရေးကြီးပါတယ်။ဒါကြောင့်ကိုလည်းအလုပ်အင်တာဗျုးဖြေမယ်ဆိုရင်ဆောင်ရန်၊ရှောင်ရန် သေချာလေးပြင်ဆင်သွားကြပါလို့ပြောချင်ပါတယ်။

Crd to original owner


Tokutei Interview အောင်သွားသည့် ကျောင်းသူများအတွက် ဂျပန်လုပ်ငန်းခွင်မှ ဂျပန်စာလေ့ကျင့်သင်ကြားပေးနေတဲ့ ပုံရိပ်လေးတွေကို မ...
21/05/2025

Tokutei Interview အောင်သွားသည့် ကျောင်းသူများအတွက် ဂျပန်လုပ်ငန်းခွင်မှ ဂျပန်စာလေ့ကျင့်သင်ကြားပေးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်✅

Tokutei အောင်လက်မှတ်ရှိထားသူများ အနေဖြင့် ရုံးတွင် Form များလာတင်ထားနိုင်ပါတယ်။✅

တောင်ဥက္ကလာပရုံး
+959 777 154 803
လိပ်စာ - အမှတ် ၂၈၇(က) ၊မြေညီထပ်၊ မိကသီလမ်း ၊ (၁၂) ရပ်ကွက် ၊တောင်ဥက္ကလာမမြို့နယ် ၊ ရန်ကုန်မြို့။

ဘုရင့်‌နောင်ရုံး
+959 950 110 010 &
လိပ်စာ - အမှတ် (၁၈) (B) ၊သီရိမွန်လုံးချင်းအိမ်ယာ၊ဘုရင့်နောင်ရပ်ကွက်၊မရမ်းကုန်းမြိုနယ်၊ ရန်ကုန်မြို့။

Tokutei Gaishoku ( Food Service ) ✅“ Second Interview ”ဒီနေ့မှာတော့ အရင်တစ်ခေါက်တင်ထားတဲ့ frist interview မှထပ်မံရွေးချယ...
15/05/2025

Tokutei Gaishoku ( Food Service ) ✅
“ Second Interview ”

ဒီနေ့မှာတော့ အရင်တစ်ခေါက်တင်ထားတဲ့ frist interview မှထပ်မံရွေးချယ်ခံထားရတဲ့ ညီမလေးတွေရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်✅

အားလုံးအောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ဖြေဆိုနိုင်ကြတဲ့အတွက်ဝမ်းသာပါတယ်❤️

Tokutei Gaishoku Form ကိုလည်းရုံးမှာလာရောက်၍တင်နိုင်ပါပြီ✅



အလုပ်Interview အတွက်ဘာတွေပြင်ထားဖို့လိုမလဲ?  to AKC Japan Vlogဂျပန်မှာ အလုပ်လျှောက်တဲ့အခါ 一次面接(いちじめんせつ)、二次面接(にじめんせつ)、最終面...
14/05/2025

အလုပ်Interview အတွက်ဘာတွေပြင်ထားဖို့လိုမလဲ?

to AKC Japan Vlog

ဂျပန်မှာ အလုပ်လျှောက်တဲ့အခါ 一次面接(いちじめんせつ)、二次面接(にじめんせつ)、最終面接(さいしゅうめんせつ) ဆိုပြီးအဆင့်အဆင့်面接(インタビュー)interview တွေရှိပါတယ်。

ဒီနေ့ Post မှာတော့Interview မှာမေးတတ်တဲ့ မေးခွန်းတွေကိုစုစည်းပေးထားပါတယ်။


🍀【一次面接(first interview)】

ရည်ရွှယ်ချက်:

基本的人物評価、履歴書の確認、志望動機の確認。
အခြေခံအားဖြင့် လူပုံပန်းသွင်ပြင်အခြေအနေကို အကဲခတ်ပါတယ်။CVမှာရေးထားတဲ့အကြောင်းအရာတွေကို မေးမြန်းတဲ့သဘောပါ။ နောက် ကုမ္ပဏီကိုလျှောက်ရတဲ့ရည်ရွှယ်ချက်ကိုမေးမြန်းပါတယ်။ အလုပ်ပြောင်းဆိုရင်တော့ အလုပ်ထွက်ချင်တဲ့အကြောင်း အလုပ်ပြောင်းချင်တဲ့အကြောင်းတွေမေးမြန်းပါတယ်။

よく聞かれる質問例:မေးတတ်တဲ့မေးခွန်းတွေ

✔︎ 簡単に自己紹介してください。
→ မိမိကိုယ်ကို အကျဉ်းချုပ်မိတ်ဆက်ပေးပါ။

✔︎ 志望動機を教えてください。
→ ဒီကုမ္ပဏီမှာ ဘာကြောင့်လုပ်ချင်တာလဲ?

→ 私は〇〇という点に魅力(みりょく)を感(かん)じ、この会社で自分のスキルを生かして貢献したいと思いました。
ဘယ်အချက်ကိုအဓိက စိတ်၀င်စားပြီးလျှောက်ခဲ့ကြောင်း မိမိအနေနဲ့ဘယ်Skillတွေကိုတော့ဖြင့်အသုံးချချင်ကြောင်း ဖြေဆိုပေးရပါမယ်။Careerပေါ်မှာမူတည်ပြီး ဖြေဆိုတာအနေည်းငယ်ကွဲနိုင်ပေမဲ့အခြေခံအချက်ကိုခေါင်းထဲထည့်ပြီးပြင်ဆင်ထားပါ။

✔︎ 今までどんな仕事をしてきましたか?
→ ယခင်လုပ်ငန်းအတွေ့အကြုံတွေ ပြောပြပေးပါ။

✔︎ 長所・短所は何ですか?
→ မိမိရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကဘာလဲ?

✔︎ 今までの経験で一番頑張ったことは何ですか?
→ ယခင်အလုပ်တွေမှာ မိမိအကောင်းဆုံး ကြိုးစားခဲ့တဲ့အရာကဘာလဲ?

✔︎ チームで働くとき、どんな役割を意識しますか?
→ အဖွဲ့နဲ့အလုပ်လုပ်ရင် မိမိက ဘယ်လိုတာဝန်ယူရတတ်လဲ?

✔︎ このポジションでどんな貢献ができますか?
→ ဒီအလုပ်position အတွက်ဘာတွေ အထောက်အပံ့ပေးနိုင်မလဲ?

✔︎退職(たいしょく)/転職(てんしょく)理由を教えてください。
→ အလုပ်ထွက်ချင်တဲ့အကြောင်းပြချက်/အလုပ်ပြောင်းချင်တဲ့အကြောင်းပြချက်ကိုပြောပြပါ။
အလုပ်က2ခုအထက်ပြောင်းတာရှိခဲ့ရင် အဲ့ဒီအလုပ်တွေအားလုံးအတွက် အထက်ပါမေးခွန်းရဲ့အဖြေကိုပြင်ထားသင့်ပါတယ်။

✔︎ 給与の希望はありますか?
→ လစာဘယ်လောက်မျှ မျှော်မှန်းထားပါသလဲ?
လစာနဲ့ပတ်သက်ပြီးဖြေရင်တိုက်ရိုက်ဖြေလို့မကောင်းပါ။ အခြေခံအားဖြင့်အောက်ပါပုံစံ年収(ねんしゅう)နှစ်စဉ်၀င်ငွေဘယ်လောက်ဆိုတဲ့ပုံစံနဲ့ဖြေသင့်ပါတယ်။

→ 具体的には御社の基準に従いますが、前職では年収〇〇万円程度でしたので、それに近い条件を希望します。

※CVမှာရေးထားတဲ့အကြောင်းအရာ ခုနှစ်/အလုပ်အမည်ကျောင်းအမည် အားလုံးခေါင်းထဲရှိနေပါစေ။



🍀【最終面接(final interview / 役員面接)】

ရည်ရွှယ်ချက်:

トップ(社長や役員)による最終判断、価値観・人柄の確認。
Company တစ်ခုရဲ့ Top Management Levelတွေ ကစစ်ဆေးမေးမြန်းပါတယ်။တော်ရုံကြီးမားတဲ့အမှား မရှိရင် pass နိုင်ချေများပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ်/စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်ရှုပါတယ်။

よく聞かれる質問例:မေးတတ်တဲ့မေးခွန်းတွေ

✔︎ 自己紹介してください。
first interview မှာလုပ်ခဲ့ပြီးသိပြီးသော်လည်းထက်မှန်မေးမြန်းပါတယ်။သေချာလေး ဖြေပေးပါ။ လူကြီးပိုင်းတွေမို့ မေးခွန်းအဖြေတွေ ကိုသေချာပြတ်ပြတ်သားသား တက်တက်ကြွကြွဖြေပါ။

✔︎ なぜうちの会社を選んだのですか?
→ ဘာကြောင့် ဒီကုမ္ပဏီကို ရွေးချယ်တာလဲ?

✔︎ 将来どんなキャリアを築きたいですか?
→ မိမိရဲ့ အနာဂတ်မှာအတွက် ဘယ်လိုCareer ဖြင့်အလုပ်လုပ်ချင်သလဲ?
Privateနဲ့ပတ်သက်တာတွေဖြေလို့ရပေမဲ့။Mainအနေနဲ့အလုပ်နဲ့ပတ်သက်ပြီး ဖြေရမှာဖြစ်ပါတယ်။

✔︎ 入社後の目標は何ですか?
→ အလုပ်ဝင်ပြီးတဲ့နောက် ဘာတွေကိုလုပ်ဖို့ ရည်ရွှယ်ထားလဲ?

✔︎入社希望日(にゅうしゃきぼうび)を教えてください。
→ အလုပ်၀င်နိုင်တဲ့အချိန်ကိုပြောပြပါ။

✔︎ 最後に質問はありますか?
→ နောက်ထပ် မေးချင်တာ ရှိသေးလား?
ဒါက first interview မှာလည်းမေးတတ်တယ်။3ခုလောက်တော့ပြင်ထားသင့်ပါတယ်။

※နောက်ဆုံးinterview မှာ လျှောက်ထားတဲ့ အလုပ်ရဲ့Wesiteကိုသေချာဖတ်ရှုထားပါ။အဓိက会社の理念、方針companyရဲ့ မူဝါဒ/သဘောထားတွေပေါ့။

——————————————————————

#面接準備 #質問例 #一次面接 #二次面接 #最終面接 #役員面接 #ミャンマー人就職

今日は母の日❤️
11/05/2025

今日は母の日❤️

ဂျပန်မှာ အလုပ်ရှင် (or)အထက်လူကြီးဆီမှာ ယုံကြည်မှုရရှိဖိုအချက် 6 ချက်!ဂျပန်မှာ အလုပ်လုပ်ဖို့ရောက်လာတဲ့ သူတွေအတွက်ဆိုရင်အလ...
05/05/2025

ဂျပန်မှာ အလုပ်ရှင် (or)အထက်လူကြီးဆီမှာ ယုံကြည်မှုရရှိဖိုအချက် 6 ချက်!

ဂျပန်မှာ အလုပ်လုပ်ဖို့ရောက်လာတဲ့ သူတွေအတွက်ဆိုရင်အလုပ်ရှင် or အထက်လူကြီးမှုရဲ့
“ယုံကြည်မှု (信頼/しんらい)” ရဖို့က အလွန်အရေးကြီးပါတယ်။

အလုပ်ထဲမှာအမြဲ အားကိုးခံရပြီးတော့ ယုံကြည်မှုရပြီး ဂျပန်တွေနဲ့အမြဲအဆင်ပြေနေတဲ့သူရှိရင် ကြည့်ကြည့်ပါ။ ပြောရရင်ဂျပန်တွေရဲ့လေးစားမှုခံရတဲ့သူမျိုးပေါ့။ သူဆီမှာအောက်မှာ ဖော်ပြတဲ့အချက်တွေရှိနေလို့ပါ။


① အချိန်ကိုလေးစားပါတယ်
時間厳守•じかんげんしゅ

ဂျပန်လူမျိုးတွေအတွက် အချိန်တိကျမှု /လိုက်နာမှု(時間厳守) ဆိုတာအလုပ်အတွက် အခြေခံအချက်တစ်ချက်ဖြစ်ပါတယ်။

• အလုပ်တက်ချိန် 9:00 ဆိုရင် → 8:50 မှာရောက်နေဖို့က ပုံမှန်
• Zoom meeting တက်ရင် → 2~3 မိနစ်မှာ login ဖြစ်နေတာကMannerဖြစ်ပါတယ်။

‼️Point: နောက်ကျတာကို “အလုပ်ပေါ်မလေးစားတာ” လို့ယူဆတတ်ကြပါတယ်။


② 報・連・相 (ほうれんそう) ကိုသေချာလုပ်ပါတယ်။

ဂျပန်မှာအလုပ်လုပ်နေတဲ့သူဆိုရင် 報連相(ほうれんそう) ဆိုတာသိကြမှာပါ။ဒီဘက်ခေတ်ဂျပန်လူငယ်တွေorဂျပန်companyအကြီးတွေမှာအလုပ်လုပ်နေတဲ့ဂျပန်လူမျိုးအများစုလည်းပဲ တကယ်က 報連相(ほうれんそう)ကိုသေချာမလုပ်နိုင်တာများပါတယ်။ဒါကြောင့် ဂျပန်မှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ သေချာလုပ်ဖို့လိုအပ်ပါတယ်။

• 報告(ほうこく) → အလုပ်အခြေအနေကို အထက်လူကြီး ထံ reportလုပ်တာဖြစ်ပါတယ်
• 連絡(れんらく) → အရေးကြီးသောအကြောင်းအရာကိုဆက်သွယ်ပြီး ပြောဆိုတာဖြစ်ပါတယ်
• 相談(そうだん) → မသေချာတာ/ မဖြေရှင်းနိုင်တဲ့ကိစ္စတွေရှိရင်ဆွေးနွေးတိုင်ပင်တာဖြစ်ပါတယ်။


③ အသေးစိတ်များကိုလည်း သတိထား ခြင်း【気配(くば)り・マナー】

ဂျပန်လုပ်ငန်းခွင်မှာ 気配り(きくばり) ကိုအလွန်တန်ဖိုးထားပါတယ်။ ဘယ်ကိစ္စမဆိုအသေးစိတ်လုပ်တတ်ပြီး တစ်ဘက်သားဘက်ကိုစဉ်စားပြီးလုပ်ပေးတဲ့သူဟာအလုပ်ရှင်နဲ့အထက်လူကြီးတွေရဲ့ ယုံကြည်မှုရတတ်ပါတယ်။

• ကိုယ့်ရဲ့အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကိုသန့်ရှင်းသပ်ရပ်အောင်ထားတာ
• သူများအလုပ်များနေတယ်ဆိုရင် လက်လှမ်းမီသလိုကူညီပေးတာ/မေးမြန်းတာ
•လိုအပ်တယ်ထင်တဲ့အရာကို ခိုင်းတာမစောင့်ပဲလုပ်တာမျိုးပါ။


④ မသိတာများကို မရှက်ပဲ မေးမြန်းပါ

知(し)らないのに、聞(き)かない → ミスに繋(つな)がる!
ဂျပန်မှာ မသိတာရှိရင် တစ်ဦးတည်းနဲ့ ဆုံးဖြတ်မလုပ်ဘဲအရင်ဆုံးတိုင်ပင်ဆွေးနွေးမှု相談(そうだん) လုပ်ပါ/မေးမြန်းပြီးမှလုပ်ပါ။
ဒီမှာသတိထားရမှာက အခုကအလုပ်၀င်ခါစလူတွေ(အသက်30အောက်/အသက်20အလယ်အလတ်အထိ)ဆိုရင်တော့ မသိတာကို မေးမြန်းလို့ရပါတယ်။ဒါပေမဲ့ လုပ်သက်ကြာလာပြီဆိုရင်တော့ ရိုးရိုးမေးလို့မရတော့ပါဘူး။အရင်ဆုံးကြိုတင်ရှာဖွေဖတ်ရှုထားရမယ်။ အဲဒီထဲကမှ ကိုယ်လုံး၀နာမလည်နိုင်တဲ့ အရာမျိုးကိုပဲ ဒီလိုမျိုးဟုတ်ရဲ့လား/ကိုယ်သိထားတာနဲ့ကိုက်မကိုက်စစ်ဆေးမေးမြန်းသင့်ပါတယ်။


⑤ တာဝန်ယူမှု(責任感/せきにんかん)နဲ့約束守る(やくそくまもる)
လုပ်မယ်ပြောထားတာကို လုပ်တတ်တဲ့သူ၊ကတိတည်သူ/ကိုယ့်အလုပ်ပေါ်တာ၀န်ယူမှု責任感(せきにんかん) ရှိတဲ့သူဆိုရင်လုပ်ငန်းခွင်မှာ ယုံကြည်မှုရတတ်ပါတယ်။



⑥言い訳(いいわけ)を言(い)わない

言い訳(いいわけ) ဆိုတာကအမှားတစ်ခုဖြစ် သွားတဲ့အခါ“ဆင်ခြေပေး” တာကိုပြောတာပါ။လူအတော်များများက 実(じつ)は・・・တကယ်ကဘာဖြစ်လို့/ညာဖြစ်လို့ဆိုပြီး「မိမိတာ၀န်ကိုတစ်ခုခု(or)တစ်ယောက်ယောက်အပေါ်ကိုလွှဲချတာမျိုးပါ」

ယုံကြည်မှုခံရတဲ့သူဆိုတာက ဆင်ခြေမပြောပါဘူး။မှားရင်တောင်းပန်တယ်၊နောက်မဖြစ်အောင်ဆင်ခြင်သုံးသပ်ပါတယ်။

ယုံကြည်မှု ဆိုတာ တစ်ရက်တည်းနဲ့ မရပါဘူး။
နေ့စဉ်လုပ်ငန်းခွင်ထဲမှာအပြုအမူအပြောဆိုကနေ တဖြည်းဖြည်းခြင်း တည်ဆောက်ရတဲ့အရာဖြစ်ပါတယ်။ဂျပန်မှာ အလုပ်အကိုင်အဆင်ပြေစေဖို့လိုက်နာကျင့်သုံးကြပါစို့။
——————————————————————



Tokutei Gaishoku (Food Service)အင်တာဗျုးပုံရိပ်များ ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ✅ပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားတဲ့အတွက...
02/05/2025

Tokutei Gaishoku (Food Service)
အင်တာဗျုးပုံရိပ်များ ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ✅

ပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာရပါတယ်ဗျ❤️

Tokutei Gaishoku form တင်ချင်သူများလည်းလာတင်လို့ရပါတယ်ဗျ။

Page messenger or Kakeru office သို့လာရောက်နိုင်ပါတယ်ခင်ဗျာ❗️

ဘုရင့်‌နောင်ရုံး
+959 950 110 010 & +959 950 110 020
လိပ်စာ - အမှတ် (၁၈) (B) ၊သီရိမွန်လုံးချင်းအိမ်ယာ၊ဘုရင့်နောင်ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

မေလ(၁)ရက်နေ့သည် အလုပ်သမားများနေ့ဖြစ်သောကြောင့် ရုံးပိတ်ပါတယ်ခင်ဗျာ✅သိချင်တာလေးရှိရင် Page Messenger ကိုဆက်သွယ်ပေးပါခင်ဗျ...
30/04/2025

မေလ(၁)ရက်နေ့သည် အလုပ်သမားများနေ့ဖြစ်သောကြောင့် ရုံးပိတ်ပါတယ်ခင်ဗျာ✅

သိချင်တာလေးရှိရင် Page Messenger ကိုဆက်သွယ်ပေးပါခင်ဗျာ။

ဖုန်းဖြေကြားခြင်းကိုတော့ ရုံးဖွင့်ရက်မပဲပြန်လည်ဖြေကြားပေးပါမည်။


ဂျပန်စာလေ့လာနေသူများအတွက် အသုံးဝင်တဲ့ YouTube Channel (၅) ခုဒီကနေ့မှာတော့ ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်မယ့်သူမျ...
28/04/2025

ဂျပန်စာလေ့လာနေသူများအတွက် အသုံးဝင်တဲ့ YouTube Channel (၅) ခု

ဒီကနေ့မှာတော့ ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်မယ့်သူများ၊ ဂျပန်စာလေ့လာနေသူများအတွက် အသုံးဝင်တဲ့ YouTube Channel (၅) ခုကို မျှဝေလိုက်ပါတယ်။

1️⃣JapanesePod101: Level တိုင်းအတွက် စုံလင်တဲ့ သင်ခန်းစာဗီဒီယိုတွေအများကြီးရှိလို့ ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် အဆင်ပြေတဲ့ Channel တစ်ခုပါ။ www.youtube.com/

2️⃣Japanese Ammo with Misa: လုပ်ငန်းခွင်သုံးစကားပြောတွေ၊ မဖြစ်မနေသိထားသင့်တဲ့စကားပြောတွေအပြင် သင်ခန်းစာတွေက နားလည်လွယ်အောင် သေချာရှင်းပြပေးထားတဲ့ Channel တစ်ခုပါ။
www.youtube.com/

3️⃣Learn Japanese with Japanese From Zero!: ဂျပန်စာစတင်လေ့လာသူများအတွက် သေချာရှင်းပြပေးထားတဲ့အတွက် အထူးသင့်တော်ပါတယ်။ https://www.youtube.com/

4️⃣Japan Care Worker Guide: Kaigo (ဘိုးဘွားစောင့်ရှောက်ရေး) အလုပ်များနှင့် ဂျပန်ဘဝအကြောင်းကို နိုင်ငံခြားသားများအတွက် လေ့လာစရာ သတင်းအချက်အလက်များ ပါဝင်ပါတယ်။https://www.youtube.com/

5️⃣Learn Japanese with Tokhimo: Kaigo ဆိုင်ရာဝေါဟာရများ ပါဝင်ပြီး အလုပ်နဲ့သွားရောက်မယ့်သူများအတွက် အရမ်းအသုံးဝင်စေမယ့် Channel တစ်ခုပါပဲ။ www.youtube.com/

ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ဖို့ ရည်ရွယ်ထားသူများအတွက် အခုပြောပြထားတဲ့ Channel လေးတွေကနေ လေ့လာပြီး အထောက်အကူပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။✨

Address

18(B), Thirimon 9th Street, Thirimon Lonechin Housing
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Website

Alerts

Be the first to know and let us send you an email when Kakeru Employment Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share