GGG CO.,LTD.

GGG CO.,LTD. ミャンマー送り出し機関

10/03/2026

N(3) Passed Kaigo အလုပ်ခေါ်စာအတွက်၊ အင်တာဗျူးဖြေချင်တဲ့ ကျောင်းသူများ ၊ ဆက်သွယ်စာရင်းပေးလို့ရပါပြီ။

6 Mar 2026 ခုနှစ် (သောကြာနေ့) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော Kaigo နဲ့...
06/03/2026

6 Mar 2026 ခုနှစ် (သောကြာနေ့) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော Kaigo နဲ့သွားမယ့် သမီး (၆) ဦး။ 🥰🥰🥰🥰🥰🥰

11 Feb 2026 မှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော သမီး (၆) ဦး။ 🥰🥰🥰🥰🥰🥰တင်တ...
21/02/2026

11 Feb 2026 မှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော သမီး (၆) ဦး။ 🥰🥰🥰🥰🥰🥰

တင်တာ နောက်ကျသွားတယ် သမီးတို့ရေ ☺️

16/02/2026
ဒီနေ့ 16-Feb-2026 မှာ 特定技能(介護) ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းဖြင့် ဂျပန်နိုင်ငံသို့ရောက်ရှိသွားပြီဖြစ်သော သမီး (၃) ဦး🎉🎉...
16/02/2026

ဒီနေ့ 16-Feb-2026 မှာ 特定技能(介護) ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းဖြင့် ဂျပန်နိုင်ငံသို့ရောက်ရှိသွားပြီဖြစ်သော သမီး (၃) ဦး🎉🎉🎉

လေဆိပ်မှာ စာရွက်စာတမ်းအပြောင်းအလဲအနည်းငယ်ကြောင့် အေဂျင်စီရော ၊ သွားမယ့်သူတွေရော ドキドキတွေဖြစ်ခဲ့ပေမယ့်၊ အဆင်ပြေပြေနဲ့ ထွက်ခွါခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်😊

ဂျပန်မှာ အစစအရာရာအဆင်ပြေပြီး၊ ရည်မှန်းထားတဲ့အတိုင်းဖြစ်မြောက်အောင်မြင်ကြပါစေ🥰🥰🥰

[ ရုံးပိတ်ရက် ကြေညာခြင်း ]၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၇) ရက်နေ့အထိ “ပြည်ထောင်စုနေ့နှင့် တရုတ်နှ...
11/02/2026

[ ရုံးပိတ်ရက် ကြေညာခြင်း ]

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၇) ရက်နေ့အထိ

“ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူးပိတ်ရက်များ”

အဖြစ် GGG အေဂျင်စီအား ရုံးပိတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ပုံမှန်အတိုင်း ရုံးပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

6 Jan 2026 ခုနှစ် (သောကြာနေ့) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော သမီး (၆) ...
07/02/2026

6 Jan 2026 ခုနှစ် (သောကြာနေ့) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော သမီး (၆) ဦး။ 🥰🥰🥰🥰🥰🥰

24/01/2026

年末調整မှာ扶養家族လူဦးရေများတာနဲ့ အခွန်ကအများကြီး ပြန်ရမှာလား?
(၁ယောက်ပဲ ထောက်ပံံ့ငွေပို့တဲ့သူနဲ့၊၃ယောက်ကို ထောက်ပံံ့ငွေပို့တဲ့သူ ပြန်ရတာ တူနိုင်လား)
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ဒါက ဂျပန်မှာရှိတဲ့ မြန်မာတော်တော်များများ သိချင်နေကြတဲ့ မေးခွန်းလေးပါ။ အဖြေကို ရှင်းအောင် ပြောရရင် "အိမ်ကို လူပိုလွှဲတဲ့သူက ပိုရရမယ်" ဆိုတာ အမြဲတမ်းတော့ မဟုတ်ပါဘူး။

ဒါဆို အိမ်ကို လွှဲတာ (၁)ယောက်နဲ့ (၃)ယောက်က ဘာဖြစ်လို့ ၅ သောင်းစီ တူတူပြန်ရတာလဲဆိုတာကို နားလည်လွယ်အောင် အချက် ၃ ချက်နဲ့ ရှင်းပြပေးပါမယ်။

၁။ ကိုယ်ပေးထားတဲ့ အခွန်ပမာဏ (သောက်ရေအိုးနဲ့ ဥပမာ)

အခွန်ပြန်အမ်းတယ်ဆိုတာက ကိုယ်က အစိုးရကို ကြိုတင်ပေးထားတဲ့ အခွန်ထဲကမှ "ပိုနေတာကို ပြန်အမ်းတာ" ဖြစ်ပါတယ်။

👉 ဥပမာ- ကိုယ်က တစ်နှစ်လုံးမှာ အခွန်ကို ၅ သောင်းပဲ ကြိုပေးထားတယ်ဆိုပါစို့။

👉အိမ်ကို လူ ၃ ယောက်လွှဲလို့ အခွန်ကင်းလွတ်ခွင့် ဘယ်လောက်ပဲရရ၊ ကိုယ်ပေးထားတာ ၅ သောင်းပဲရှိတဲ့အတွက် အစိုးရက ၅ သောင်းထက် ပိုပြန်ပေးစရာ အကြောင်းမရှိပါဘူး။ (ကိုယ်ပေးထားတာထက် ပိုရစရာ အကြောင်းမရှိလို့ပါ)။

၂။ ဝင်ငွေ မတူညီမှု
သူငယ်ချင်း ၃ ယောက်စလုံး အလုပ်တူတူ၊ လစာတူတူ ဖြစ်နေလို့လား?

👉အကယ်၍ ၃ ယောက်လွှဲတဲ့သူက လစာပိုများနေလို့ အခွန်ပိုဆောင်ထားရရင် သူက ပိုပြန်ရနိုင်ခြေရှိပါတယ်။

👉ဒါပေမဲ့ သူငယ်ချင်း ၃ ယောက်စလုံးက လစာသိပ်မကွာဘဲ ပေးထားတဲ့အခွန်ကလည်း ၅ သောင်းဝန်းကျင်ပဲ ရှိနေမယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လွှဲလွှဲ ၅ သောင်းပဲ ပြန်ရမှာပါ။

၃။ Fixed Tax Cut (定額減税)

၂၀၂၄ ခုနှစ် မှာ ဂျပန်အစိုးရက လူတစ်ယောက်ကို ယန်း ၄ သောင်း (ဝင်ငွေခွန် ၃ သောင်း + နေထိုင်ခွန် ၁ သောင်း) လျှော့ပေးတဲ့စနစ် ရှိခဲ့ပါတယ်။

👉လူတစ်ယောက်တည်း လွှဲတဲ့သူကလည်း ဒီ ၄ သောင်း ဝန်းကျင်ကို ခံစားခွင့်ရပြီးသား ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် အိမ်ကို လူပိုလွှဲတဲ့သူက အခွန်ကင်းလွတ်ခွင့် ပိုရပေမဲ့၊ ပေးထားတဲ့ အခွန်ပမာဏက နည်းနေရင် (သို့မဟုတ်) အခွန်လျှော့ပေါ့မှု ကန့်သတ်ချက်နဲ့ တိုးနေရင် အားလုံးတူတူပဲ ပြန်ရတာမျိုး ဖြစ်နိုင်ပါတယ်။

⭕️အနှစ်ချုပ်
၃ ယောက်လွှဲတဲ့သူက အခွန်တွက်ချက်တဲ့နေရာမှာ "အခွန်ဆောင်ရမယ့် ဝင်ငွေ" (Taxable Income) ပိုနည်းသွားတာတော့ အမှန်ပါ။ ဒါပေမဲ့ -
• ကိုယ်ပေးထားတဲ့ အခွန်ပမာဏ က အရမ်းနည်းနေရင်။

• သို့မဟုတ် သူငယ်ချင်း ၃ ယောက်စလုံးက ပေးထားတဲ့ အခွန်အားလုံးကို ပြန်ရတဲ့အဆင့် ရောက်သွားရင် (Zero Tax ဖြစ်သွားရင်)။

အားလုံးက ၅ သောင်းစီပဲ တူတူပြန်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ၃ ယောက်လွှဲတဲ့သူက နစ်နာသွားတာမျိုး မဟုတ်ဘဲ အခွန်ကုန်စင်အောင် ပြန်ရလိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

စစ်ဆေးကြည့်စေချင်တာလေးတစ်ခုက 👇

သူငယ်ချင်းတို့ရဲ့ တစ်နှစ်စာ အခွန်ဖြတ်ပိုင်း (Gensen Choshu-hyo) ထဲက "源泉徴収税額" (Gensen Choshu Zeigaku) ဆိုတဲ့ အကွက်မှာ ဘယ်လောက်ရေးထားလဲ ကြည့်ကြည့်ပါ။ အဲဒီအကွက်မှာ ၅ သောင်းလို့ ရေးထားရင် ၅ သောင်းပဲ ပြန်ရမှာပါ။ အဲဒီအကွက်ထဲက ဂဏန်းထက် ပိုရရမှာ မဟုတ်လို့ပါပဲ။

သူငယ်ချင်းတို့ရဲ့ အခွန်ဖြတ်ပိုင်း (Gensen Choshu-hyo) ကို ကြည့်တဲ့အခါ တစ်ခုသတိထားဖို့က -
• အကယ်၍ "源泉徴収税額" (Gensen Choshu Zeigaku) အကွက်မှာ "0" (သုည) ဖြစ်နေတယ်ဆိုရင်တော့ အဲဒါဟာ အိမ်ကိုလူလွှဲထားလို့ရော၊ အစိုးရရဲ့ အခွန်လျှော့ပေါ့မှု (Teigaku Genzei) ကြောင့်ရော ကိုယ်ပေးထားတဲ့ အခွန်အားလုံးကို ပြန်ရလိုက်ပြီလို့ ဆိုလိုတာပါ။

• အဲဒီလို အခြေအနေမျိုးမှာ လူ ၃ ယောက်လွှဲတဲ့သူက အခွန်ပိုလျှော့ခွင့်ရှိနေပေမဲ့ ပြန်အမ်းစရာ အခွန်ငွေ လက်ကျန်မရှိတော့လို့ အားလုံးတူတူပဲ ဖြစ်သွားတာပါ။

ဒါကြောင့် ၃ ယောက်လွှဲတဲ့သူက "ငါပိုရရမှာ" ဆိုပြီး စိတ်မကောင်းမဖြစ်ပါနဲ့ဦး။ တကယ်တော့ သူက အခွန်ဆောင်ရမယ့်နှုန်း (Tax Rate) မှာ ပိုပြီး သက်သာခွင့်ရသွားတာမို့ ရေရှည်မှာ (ဥပမာ- နေထိုင်ခွန် 住民税 လျှော့တဲ့အခါမှာ) ပိုပြီး အကျိုးကျေးဇူး ခံစားရနိုင်ပါသေးတယ်။

အားလုံးအဆင်ပြေကြပါစေနော်။

🚨ကော်ပီကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ🚨
လွတ်လပ်စွာ မျှဝေ(share)နိုင်ပါတယ်။
Ethicsရှိသူများလို့ ယုံကြည်ပါတယ်။

#年末調整 #税金 #နှစ်ကုန်အခွန်ပြန်ညှိတမ်း

16 Jan 2026 ခုနှစ် ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော သမီး (၃) ဦး။ 🥰🥰🥰မက...
18/01/2026

16 Jan 2026 ခုနှစ် ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ၊ ပြည်ပသက်သေခံကတ်ပြား OWIC သွားရောက်ပြုလုပ်ကြသော သမီး (၃) ဦး။ 🥰🥰🥰
မကြာခင် ထွက်ခွါခွင့်ရတော့မယ်။ 🥳🥳🥳

၂၀၂၆ ခုနှစ်ရဲ့အဖွင့်ကာလ၊ ပထမဆုံးအဖွဲ့အနေနဲ့ EC ချုပ်ခွင့်ရတဲ့ သမီး (၆) ယောက်🥰🥰🥰🥰🥰🥰ဒီနေ့ စာချုပ် ချုပ်ဆို ကြီးကြပ်ရေးအဖွဲ...
15/01/2026

၂၀၂၆ ခုနှစ်ရဲ့အဖွင့်ကာလ၊ ပထမဆုံးအဖွဲ့အနေနဲ့ EC ချုပ်ခွင့်ရတဲ့ သမီး (၆) ယောက်🥰🥰🥰🥰🥰🥰

ဒီနေ့ စာချုပ် ချုပ်ဆို ကြီးကြပ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ EC စာချုပ် ချုပ်ခဲ့ပြီး၊ ဩဝါဒ လမ်းညွှန်မှု့ ခံယူခဲ့ပါတယ်🎉🎉🎉🎉🎉🎉

GGGより年末のご挨拶及び休業期間のお知らせ関係者の皆様平素は大変お世話になっております。年末のご挨拶を申し上げます。今年も格別のお引き立てを賜り、誠にありがとうございました。恐れ入りますが、弊社では年末年始の休業期間を下記の通りとさせてい...
31/12/2025

GGGより年末のご挨拶及び休業期間のお知らせ

関係者の皆様
平素は大変お世話になっております。

年末のご挨拶を申し上げます。今年も格別のお引き立てを賜り、誠にありがとうございました。

恐れ入りますが、弊社では年末年始の休業期間を下記の通りとさせていただきます。

【年末年始の休業期間】
2026年01月01日(木)~2026年01月04日(日)

来年も変わらぬご愛顧を賜りますよう、心よりお願い申し上げます。

新しい年が皆様にとって素晴らしい一年となりますようお祈り申し上げます。

📌 GGG မှ နှစ်ကုန်နှုတ်ခွန်းဆက်သမှုနှင့် နှစ်သစ်ကူးပိတ်ရက် ကြေညာချက်

ယခုနှစ်တစ်လျှောက်လုံး GGG ကို အမြဲတမ်း ယုံကြည်စွာဖြင့် လက်တွဲကူညီလုပ်ကိုင်ပေးနေကြသည့် ဂျပန်ဘက်/ မြန်မာဘက်မှ ခုမိအအိများ၊ သူဌေးများ၊ မိတ်ဆွေများ/သင်တန်းသူ သင်တန်းသားများအားလုံးကို နှစ်ကုန်အခါသမယ၌ အထူးပင် ကျေးဇူးတင်ရှိပါသည် 🙏

📅 နှစ်ကုန်နှင့် နှစ်သစ်ကူး ပိတ်ရက်
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် (ကြာသပတေး) မှ
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက် (တနင်္ဂနွေ) အထိ ပိတ်ထားပါမည်။

လာမည့်နှစ်တွင်လည်း ယခင်ကဲ့သို့ ဆက်လက်၍ယုံကြည်စွာဖြင့် လက်တွဲကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နှစ်သစ်သည် မိတ်ဆွေများအားလုံးအတွက် ကံကောင်းပြီး အောင်မြင်မှုများ ပြည့်စုံသော နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် 🎊✨

ယနေ့ (၃၀.၁၂.၂၀၂၅) ခုနှစ်တွင်၊ G.G.G Co.,Ltd မှ တဆင့် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း ကျွမ်းကျင်လုပ်သားအနေဖြင့် ဂျပန်နိုင...
30/12/2025

ယနေ့ (၃၀.၁၂.၂၀၂၅) ခုနှစ်တွင်၊ G.G.G Co.,Ltd မှ တဆင့် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း ကျွမ်းကျင်လုပ်သားအနေဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိပြီဖြစ်သော ညီမလေးများ 🥰🥰🥰

ဒီအချိန်ထိစောင့်ပြီးခေါ်ပေးတဲ့ ဂျပန်ဘက်မှ ကြီးကြပ်သည့်အဖွဲ့အစည်းနဲ့ အလုပ်ရှင်သူဌေးတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🙇‍♀️

လုပ်ငန်းခွင်မှာလဲ အစအစအရာရာ အဆင်ပြေကြပါစေ🥰💐🙏

Address

Dagon Myothit (North)Township
Yangon

Alerts

Be the first to know and let us send you an email when GGG CO.,LTD. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share