Sakura Sisters Japanese Language Centre

Call Directions Website Contact the business

Sakura Sisters Japanese Language Centre ဂျပန်လူမျိုးများနှင့် ဂျပန်တွင်လက်ရှိနေထိုင်သူများဦးစီးသည့် ဂျပန်စာသင်တန်းနှင့် အလုပ်အကိုင်ရှာဖွေရေးစင်တာ။

15/09/2026

ဒို့လဲ သိချင်တာပေါ့လို့ 🤣

ျပန်စာသင်တန်း

🇯🇵🗑️ ဂျပန်နိုင်ငံက မြို့ကြီးတစ်မြို့မှာ အမှိုက်တွေကို သိမ်းထားစရာ နေရာမရှိတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်…“ဂျပန်ဆိုရင် သန့်ရှင...
15/09/2026

🇯🇵🗑️ ဂျပန်နိုင်ငံက မြို့ကြီးတစ်မြို့မှာ အမှိုက်တွေကို သိမ်းထားစရာ နေရာမရှိတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်…

“ဂျပန်ဆိုရင် သန့်ရှင်းတယ်၊ စည်းကမ်းရှိတယ်” လို့ လူအများက သိထားကြပါတယ်။

ဒါပေမယ့် အခု အိုဆာကာမြို့ မှာတော့ မထင်မှတ်ထားတဲ့ အမှိုက်ပြဿနာတစ်ခု ပေါ်ပေါက်လာပါတယ်။

အမှိုက်တွေကို မီးရှို့ဖျက်ဆီးတဲ့ စက်ရုံတွေက အမှိုက်ဝင်လာတဲ့နှုန်းကို မလိုက်နိုင်တော့တာကြောင့် စက်ရုံအတွင်းမှာ ယာယီသိုလှောင်ထားတဲ့ အမှိုက်ပုံတွေက 100% ကျော်အထိ ပြည့်သွားခဲ့ပါတယ်။

😳 ဆိုလိုတာက… အမှိုက်ချဖို့နေရာတောင် မလုံလောက်တော့တာပါ။

ဘာတွေဖြစ်နေလဲ?

အိုဆာကာမှာ မီးရှို့စက်ရုံ ၇ ခုရှိပေမယ့် တစ်ခုက ပြန်လည်တည်ဆောက်နေပါတယ်။

ကျန်တဲ့ စက်ရုံ ၆ ခုမှာ မီးရှို့စက် စုစုပေါင်း ၁၂ လုံးရှိပေမယ့် စက်ပျက်တာ၊ ပြုပြင်ထိန်းသိမ်းနေတာတွေကြောင့် ၈ လုံးလောက်ပဲ လည်ပတ်နိုင်တဲ့အချိန် ရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ အမှိုက်က ဆက်ပြီး ဝင်လာနေပါတယ်။

အထူးသဖြင့် ခရီးသွားတွေ ပိုများလာတာ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ပိုစည်ကားလာတာတွေကြောင့် စီးပွားရေးလုပ်ငန်းသုံးအမှိုက်တွေ တိုးလာနိုင်တယ် လို့လည်း သုံးသပ်ထားပါတယ်။

နောက်ဆုံးမှာတော့ အခြေအနေက ဒီလောက်အထိ ရောက်လာခဲ့ပါတယ်👇

🚛 အမှိုက်ကားတွေ ဝင်လာတယ်
⬇️
🗑️ အမှိုက်ချတယ်
⬇️
🔥 မီးရှို့ဖို့ စက်ရုံစွမ်းရည် မလုံလောက်ဘူး
⬇️
📦 အမှိုက်တွေကို ယာယီသိုလှောင်ထားရတယ်
⬇️
😰 သိုလှောင်ရာနေရာပါ ပြည့်သွားတယ်

ဒါကြောင့် ဩဂုတ်လမှာ အိမ်သုံးအမှိုက်အချို့ကို အနီးအနားက Sakai မြို့မှာ သွားရောက်စီမံပေးဖို့ တောင်းဆိုခဲ့ရပါတယ်။

🤔 ဒီပြဿနာက အိုဆာကာတစ်မြို့တည်းအတွက်လား?

မဟုတ်ပါဘူး။

တိုကျိုမှာလည်း အမှိုက်နောက်ဆုံးစွန့်ပစ်ရာနေရာတွေဟာ လက်ရှိအခြေအနေအတိုင်း ဆက်သွားရင် နှစ် ၅၀ ခန့်အတွင်း ပြည့်သွားနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် မေးခွန်းတစ်ခု ပေါ်လာပါတယ်—

“အမှိုက်များလာတိုင်း မီးရှို့စက်ရုံတွေ ထပ်ဆောက်သွားမလား၊ ဒါမှမဟုတ် အမှိုက်ထွက်လာတဲ့နေရာကတည်းက လျှော့ချဖို့ လိုအပ်ပြီလား?”

♻️ အမှိုက်ကို စနစ်တကျခွဲခြားမယ်
♻️ ပြန်အသုံးချနိုင်တာတွေကို Recycling လုပ်မယ်
♻️ မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူသုံးစွဲမှု လျှော့မယ်
♻️ စီးပွားရေးလုပ်ငန်းတွေက ထွက်တဲ့အမှိုက်ကိုလည်း လျှော့ချမယ်

အမှိုက်ပြဿနာဆိုတာ “သန့်ရှင်းရေးဝန်ထမ်းတွေ ဖြေရှင်းရမယ့်ပြဿနာ” တစ်ခုတည်း မဟုတ်ပါဘူး။

နေ့စဉ် ကျွန်တော်တို့ တစ်ယောက်ချင်းစီက ထုတ်လိုက်တဲ့ အမှိုက်သေးသေးလေးတွေ စုပေါင်းလာတဲ့အခါ မြို့တစ်မြို့လုံးအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🌏

သင်နေတဲ့မြို့မှာလည်း ဒီလိုအခြေအနေမျိုး ဖြစ်လာရင် ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်လဲ? 💬

#အမှိုက်ပြဿနာ #ဂျပန်နိုင်ငံ #ဗဟုသုတ

15/09/2026

N4 Offline Class Uniform Day 🌸❤

ဆူရှီဘူးထဲက အစိမ်းရောင် သစ်ရွက်စိမ်းလေးရဲ့ လျှို့ဝှက်ချက် 🍣🌿ဆူရှီ (Sushi) ဒါမှမဟုတ် ဂျပန် Bento ဘူးတွေ ဝယ်စားတဲ့အခါ အစား...
14/09/2026

ဆူရှီဘူးထဲက အစိမ်းရောင် သစ်ရွက်စိမ်းလေးရဲ့ လျှို့ဝှက်ချက် 🍣🌿

ဆူရှီ (Sushi) ဒါမှမဟုတ် ဂျပန် Bento ဘူးတွေ ဝယ်စားတဲ့အခါ အစားအသောက်တွေကြားထဲမှာ ညှပ်ထည့်ထားတဲ့ အစိမ်းရောင် ပလတ်စတစ် ရွက်တုလေးကို မြင်ဖူးကြမှာပါနော်။
"ဒါလေးက အလှဆင်ရုံတင် ထည့်ထားတာလား" 🤔💭 လို့ တွေးမိဖူးရင်တော့ ဒါလေးကို ဖတ်ကြည့်ကြည့်ပါ။
ဒီရွက်တုလေးကို ဂျပန်လို (Baran / バラン) လို့ ခေါ်ပါတယ်။
သူ့မှာ ရိုးရိုးရှင်းရှင်းနဲ့ အရမ်းအရေးပါတဲ့ အဓိက အခန်းကဏ္ဍ ၃ ခု ရှိပါတယ်

၁။ အရသာတွေ မရောသွားအောင် တားဆီးပေးတယ်
ငါးအမျိုးအစား တစ်ခုနဲ့တစ်ခု၊ ဒါမှမဟုတ် ဟင်းရည်နဲ့ ဆော့စ်တွေ အချင်းချင်း ကူးပြီး အရသာ ပျက်မသွားအောင် ကြားကနေ အကာအကွယ်အဖြစ် ခြားပေးထားတာပါ။
၂။ အစားအသောက်ကို ပိုမို ဆွဲဆောင်မှုရှိစေတယ်
အနီရောင်၊ အဖြူရောင် အသားတွေကြားမှာ အစိမ်းရောင်လေး ပါဝင်နေတာကြောင့် အစားအသောက်ကို ပိုပြီး လတ်ဆတ် စာချင်ဖွယ်ဖြစ်အောင် ကူညီပေးပါတယ်။
၃။ သဘာဝ သစ်ရွက်ကနေ ဆင်းသက်လာတာပါ
ရှေးခေတ် ဂျပန်မှာတော့ ပလတ်စတစ် မရှိသေးတာမို့ (Haran) လို့ခေါ်တဲ့ သဘာဝ သစ်ရွက်စစ်စစ်တွေကို ကတ်ကြေးနဲ့ လှပစွာ ညှပ်ပြီး ခြားလေ့ရှိခဲ့ကြပါတယ်။ စက်မှုခေတ်ရောက်မှ စျေးနှုန်း သက်သာပြီး တာရှည်ခံတဲ့ ပလတ်စတစ် "Baran" အဖြစ် ပြောင်းလဲလာတာပါ။

နောက်တစ်ခါ ဆူရှီစားတဲ့အခါ ဒီအစိမ်းရောင် "Baran" လေးကို တွေ့ရင် ဂျပန်လူမျိုးတွေရဲ့ သေချာ ဂရုစိုက်တတ်တဲ့ ယဉ်ကျေးမှုလေးကို သတိရလိုက်ပါနော် ✨

ျပန်စာသင်တန်း

14/09/2026

Founder Sensei ကိုယ်တိုင်သင်ကြားတဲ့ Interview Training Free Class မှ အလှလေးများ 🤩🫰🏻

ျပန်စာသင်တန်း

Tokyo, Shinjuku ရှိ Ramen ဆိုင်တွင် အလုပ်လုပ်ကိုင်ရန်  ကျား/မ (3) ဉီးခေါ်ယူနေပါသည်။ ( ယောင်္ကျားလေးဖြစ်ပါက ဉီးစားပေးခေါ်...
12/09/2026

Tokyo, Shinjuku ရှိ Ramen ဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ကျား/မ (3) ဉီးခေါ်ယူနေပါသည်။ ( ယောင်္ကျားလေးဖြစ်ပါက ဉီးစားပေးခေါ်ယူပါမယ်။ )

Shinjuku-ku ရှိ နာမည်ကြီး Ramen ဆိုင်တွင် အမြန်ဆုံး အလုပ်ဝင်ရောက်နိုင်မည့် သတ်မှတ်ကျွမ်းကျင်လုပ်သားများ ခေါ်ယူနေပါသည်။

💰 လစာနှင့် ခံစားခွင့်များ
စုစုပေါင်းလစာ: 305,440 Yen ~ ( အချိန်ပိုကြေး ပါဝင်ပြီး)
အခြေခံလစာ: 257,200 Yen (အတွေ့အကြုံပေါ် မူတည်၍ အခြေခံလစာ ထပ်မံတိုးမြှင့်ပေးမည့် ခံစားခွင့် ရှိပါသည်)
လစာထုတ်ရက်: လကုန်ရက် စာရင်းပိတ်၍ နောက်လ ၁၀ ရက်နေ့ လစာထုတ်ပေးမည်

ခံစားခွင့်များ:
ဘောနပ်စ် (賞与) - ရှိမည် (စွမ်းဆောင်ရည်ပေါ် မူတည်)
လစာတိုး (昇給) - ရှိမည်
ဝန်ထမ်းစာ (まかない) - စီစဉ်ပေးထားမည်
လုပ်သက်ခွင့် - ၆ လပြည့်ပါက ၁၀ ရက် ရရှိမည်

⏰ အလုပ်ချိန်နှင့် ပိတ်ရက်များ
ပုံမှန်အလုပ်ချိန်: ၁၀:၀ဝ ~ ၂၁:၀ဝ (နားချိန် ၁၅:၀ဝ ~ ၁၈:၀ဝ ၃ နာရီ ပါဝင်)
အချိန်ပို (残業): ရှိမည် (အချိန်ပိုကြေး သီးသန့်ရရှိမည်)
ဆိုင်ဖွင့်ချိန်များ:
တနင်္လာ မှ သောကြာ: ၁၀:၀ဝ ~ ၂၂:၀ဝ
စနေ၊ တနွေနှင့် အစိုးရရုံးပိတ်ရက်: ၁၀:၃၀ ~ ၁၅:၀ဝ

ပိတ်ရက်: တစ်လလျှင် ၆ ရက် (နှစ်စဉ်ပိတ်ရက် ၁၀၅ ရက်)
🛡 အာမခံများ
အလုပ်အကိုင်အာမခံ (雇用保険)
လုပ်ငန်းခွင်ထိခိုက်မှုအာမခံ (労災保険)
အမျိုးသားကျန်းမာရေးအာမခံနှင့် အမျိုးသားပင်စင် (国民健康保険・国民年金)

🎯 လိုအပ်သော အရည်အချင်းများ
သတ်မှတ်ကျွမ်းကျင်လုပ်သား စားသောက်ဆိုင်လုပ်ငန်း (特定技能外食) အောင်မြင်ထားသူ ဖြစ်ရမည်။
စမ်းသပ်ကာလ (၂) လ ရှိပါမည်။
လက်ရှိ ဂျပန်ပြည်တွင်းနေထိုင်သူဖြစ်ရပါမည်။

Ramen ဆိုင် အတွေ့အကြုံရှိသူနှင့် ဧည့်သည်ဝန်ဆောင်မှု အတွေ့အကြုံကောင်းသူများကို ဦးစားပေးပါမည်။

📩 စိတ်ပါဝင်စား၍လျှောက်ထားလိုပါက
📲 Viber: +959775356883 သို
အောက်ပါအချက်အလက်များကို ပြည့်စုံစွာပေးပိုရပါမည်။

- Zairyu Card (ရှေ့/နောက်ပုံ )
- JLPT N4 / ( N3 Level Kaiwa ) + Tokutei ွGaishoku Certificate
- Passport
- လက်ရှိလုပ်ကိုင်နေသည့် အလုပ်အမျိုးအစားနှင့် လိပ်စာ
- လက်ရှိနေထိုင်သည့် လိပ်စာ

📞 ဆက်သွယ်လျှောက်ထားရန်

အမှန်တကယ် စိတ်ဝင်စားသူများအနေဖြင့် အထက်ပါအချက်အလက်များကို Viber မှတစ်ဆင့် ပေးပိုလျှောက်ထားနိုင်ပါသည်။

📲 Viber: +959775356883

မှတ်ချက်: အချက်အလက်များ ပြည့်စုံစွာ ပေးပိုသူများကိုသာ ဦးစားပေး စဉ်းစားမည်ဖြစ်ပါသည်။

12/09/2026

Yukiho Sensei ရဲ့ ဂျပန်စာ အခြေခံ N5 Online အတန်းလေးမှာ ရာ,ဂဏန်းတွေကိုအလွယ်ကူဆုံးပုံစံ မှတ်နည်းလေးကိုသင်ကြားပေးနေတဲ့ Record လေးဘဲဖြစ်ပါတယ်။ 🫰🏻
အွန်လိုင်းအတန်းမို့လို့ စာမရမှာ / မထိရောက်မှာ စိတ်ပူစရာမလိုပါဘူးနော် အပြင်အတန်းတွေမှာလိုဘဲ သေချာလေးတာဝန်ယူပြီးသင်ကြားပေးနေပါတယ် 🌸

ဂျပန်စာကို အခြေခံကနေ သေချာလေး သင်ယူလေ့လာချင်တယ်ဆိုရင် Sakura Sisters မှာ N5,N4 online အတန်းနှင့် N4 အပြင်အတန်းသစ်တွေကို ၉ လပိုင်း ဒုတိယအပတ်မှာဖွင့်လှစ်ပေးထားပါတယ် 🤩
အွန်လိုင်းတန်းလေးတွေက သတ်မှတ်လူဉီးရေဖြင့်သာ လက်ခံသင်ကြားပေးမှာမို့လူမပြည့်ခင်အမြန်သာလာအပ်လိုက်တော့နော် 😙
📍 Edit
သတ်မှတ်လူဦးရေပြည့်ရန် (၂) ယောက်သာလိုပါတော့သည်။

#ဂျပန်စာသင်တန်း

12/09/2026

ကြုံတဲ့သကြားမင်းတောင်ဆင်းမကယ်နိုင်တော့ဘူး 🤦🏻‍♀

ျပန်စာသင်တန်း

🗼အင်တာဗျူးမှာ ဘယ်နေရာသွားချင်လဲလို့မေးရင် Tokyo Tower နဲ့ Disneyland ဒါတွေဘဲ ပြောနေတုန်းပဲလား?အင်တာဗျူး ဖြေတဲ့အခါ "တိုကျ...
11/09/2026

🗼အင်တာဗျူးမှာ ဘယ်နေရာသွားချင်လဲလို့မေးရင် Tokyo Tower နဲ့ Disneyland ဒါတွေဘဲ ပြောနေတုန်းပဲလား?

အင်တာဗျူး ဖြေတဲ့အခါ "တိုကျိုမှာ ဘယ်နေရာကို သွားချင်လဲ/စိတ်ဝင်စားလဲ" လို့ မေးရင် အားလုံးနီးပါးဖြေကြတာ Tokyo Tower နဲ့ Disneyland ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုဆိုရင် အင်တာဗျူးမှာ သူများနဲ့မတူဘဲ ထင်းခနဲဖြစ်သွားအောင် ဂျပန်နိုင်ငံရဲ့ အသစ်စက်စက် Highlight Spot တစ်ခုအကြောင်း ထည့်ပြောလို့ ရနေပါပြီ! 😉

အဲ့တာက ဘာများဖြစ်မလဲဆိုတော့ PokéPark KANTO ဘဲဖြစ်ပါတယ် 😍
တိုကျိုမြို့ Yomiuriland အပန်းဖြေဥယျာဉ်အတွင်းမှာ မနှစ်ကမှ အသစ်စက်စက် ဆောက်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး Outdoor Pokémon Theme Park ဖြစ်ပါတယ်။

🎮 ဒီ Theme Park ရဲ့ ထူးခြားတဲ့ Point (၃) ခု -
🟢 ပထမဆုံးတစ်ခုကတော့ PokéPark Entrance Plaza ဘဲဖြစ်ပါတယ်။ ဝင်လိုက်တာနဲ့ ပိုကီမွန်ရုပ်ထုကြီးတွေနဲ့ ကြိုဆိုနေပြီး စွန့်စားခန်း စတင်မယ့်နေရာ!
🟢 Pikapika Paradise နဲ့ Buibui Voyage စီးတော်ယာဉ်တွေ စီးရင်း ပိုကီမွန်စင်တာမှာ Shopping ထွက်လို့ရတဲ့ မြို့ငယ်လေး!
🟢 နောက်ဆုံး တစ်ခုကတော့ တကယ့် သဘာဝသစ်တောထဲ လမ်းလျှောက်ရင်း ပိုကီမွန် ရာပေါင်းများစွာကို လိုက်ရှာရမယ့် Trainer အစစ် ခံစားချက်ရရှိစေတဲ့ ဆွဲဆောင်မှုကြီးပါဘဲ

ဂိမ်းနဲ့ Anime ထဲက Pokémon Trainer တစ်ယောက်လို သဘာဝတောအုပ်ထဲမှာ ပိုကီမွန်တွေကို ရှာဖွေနိုင်မယ့် Pokémon Forest၊ စီးတော်ယာဉ်တွေ စီးလို့ရမယ့် Sedge Town နဲ့ Entrance Plaza ဆိုပြီး ဇုန် (၃) ခုနဲ့ ခမ်းနားစွာ ဖန်တီးထားတာပါ။

ယေဘုယျဆန်တဲ့ Tokyo Tower တို့ Disneyland တို့အပြင် PokéPark KANTO လို အသစ်စက်စက် နေရာကို ထည့်ပြောရင် Interviewer တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိမှာပါ။ဂျပန်ရဲ့ သစ်သစ်လွင်လွင် ဖွင့်ထားတဲ့ နေရာအကြောင်း သိထားတာကြောင့် ဂျပန်သတင်းနဲ့ ယဉ်ကျေးမှုကို အမြဲလေ့လာနေသူလို့ မြင်စေပါတယ်။

အင်တာဗျူးမှာ ကိုယ့်ရဲ့ စိတ်ကူးတွေကို ရဲရဲဝံ့ဝံ့ ဂျပန်လို ပြောနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့အတွက် ဂျပန်စာ အခြေခံကို ပိုင်ပိုင်နိုင်နိုင် လေ့ကျင့်ထားဖို့ လိုပါတယ်။

ဂျပန်ရောက်နေကြတဲ့ မြန်မာကျောင်းသား/သူတွေနဲ့ အစ်ကို၊ အစ်မတို့ရော PokéPark KANTO ကို သွားရောက်လည်ပတ်ဖူးကြပြီလား? သွားဖူးတယ်ဆိုရင်လည်း ရိုက်ထားတဲ့ လှလှပပ ဓာတ်ပုံလေးတွေကို Comment မှာ ပြန်လည်မျှဝေပြသသွားခဲ့ကြပါဦးနော်! 📸✨

ျပန်စာသင်တန်း #ဂျပန်ဗဟုသုတ

11/09/2026

ဂျပန်လူမျိုးတွေ 日常会話(နေ့စဉ်သုံးစကားပြော) မှာ သုံးလေ့ရှိတဲ့ရေတွက်ပုံ

Address

No. 59 Corner Of Myaynigone Zay Street And Damaryone Street , Sanchaung (Myaynigone) Yangon. , Ph…09942002213
Yangon
11111

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30
Sunday 08:30 - 16:30

Telephone

09750110178

Alerts

Be the first to know and let us send you an email when Sakura Sisters Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sakura Sisters Japanese Language Centre:

Shortcuts

Share

Category