Kaung Myat San Thu Co.,Ltd

Kaung Myat San Thu Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Myat San Thu Co.,Ltd, Employment agency, No(38), Anawrahta(1)street, (22)Ward, Shwepaukkan Myothit, North Okkalapa Township, Yangon.

🔺ကောင်းမြတ်စံသူကုမဏီတွင်အလုပ်လာအပ်သောညီငယ်/ညီမငယ်များ ရုံးသို့မလာခင် ရုံးဖုန်းသို့ ကြိုတင်ဆက်သွယ်ပြီးမှကုမဏီသို့ လာရောက်...
14/01/2024

🔺ကောင်းမြတ်စံသူကုမဏီတွင်အလုပ်လာအပ်သော
ညီငယ်/ညီမငယ်များ
ရုံးသို့မလာခင် ရုံးဖုန်းသို့ ကြိုတင်ဆက်သွယ်ပြီး
မှကုမဏီသို့ လာရောက်စုံစမ်းမေးမြန်းပေးပါလို့
အထူး မေတ္တာ ရပ်ခံပါသည်။
👉ရုံးဖုန်း-၀၉၇၇၈၄၀၁၁၆၈

13/01/2024

🇲🇾ZERO cost VS ဒုတိယအသုတ် ထပ်မံခေါ်နေပါပြီရှင့်။🇲🇲
■■■■■■■■■■■■■■■■■■■■■■■■

✈🍁​ကောင်းမြတ်စံသူကုမ္ပဏီလီမိတက် (ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီ)ရဲ့ စီစဥ်​ဆောင်ရွက်​ပေးမှုနဲ့ 🇲🇾မ​လေးရှားနိုင်ငံ နာမည်​ကျော် VSအီလက်ထ​ရောနစ်ကုမ္ပဏီသို့ အခမဲ့ဝန်​ဆောင်မှုစနစ် (Zero cost)နဲ့ တရားဝင် Work Permitဖြင့် အလုပ်သွား​ရောက်လုပ်ကိုင်ခြင်းသော ညီငယ် /ညီမငယ်များ ၂၀.၁.၂၀၂၄မှ
စတင်၍ လူခေါ်နေပါပြီရှင့်။🙏
✈၂၉.၄.၂၀၂၄ တွင် ထွက်ခွာမည့် ဖြစ်သောကြောင့် ဖောင်လျှောက်လိုသူများ အသေးစိတ်သိရှိလိုပါက

■■■■■■■■■■■■■■■■■■■■■■■■

👉ကောင်းမြတ်စံသူ ကုမဏီလီမိတက်

အမှတ်(၃၈) အနော်ရထာ(၁)လမ်း၊(၂၂)ရပ်ကွက်၊
ရွှေပေါက်ကံ၊ မြောက်ဥဣလာမြို့နယ် ၊ရန်ကုန်မြို့
ရုံးဖုန်း...၀၉ ၇၇ ၈၄၀ ၁၁ ၆၈

👉(နံနက် ၉နာရီမှ ညနေ၅နာရီ ရုံးချိန်အတွင်းသာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉(လူလိမ်များ၊page အတုများ များပြားနေပါသဖြင့်
ကောင်းမြတ်စံသူ ကုမဏီလီမိတက်သည် အောက်ပါဖော်ပြထားသောဖုန်းတခုသာသုံးပါတယ်ရှင့်။
👉 CB /Page /Messenger/Viber စာမပြန်မိပါက
09 778 401 168 📞ဖုန်းသို့တိုက်ရိုက်
ဆက်သွယ်မေးမြန်းပေးပါရှင့်။🙏

🇲🇾 အီလက်ထ​ရောနစ်စက်ရုံ မိန်းခ​လေးအဖွဲ့လုပ်ငန်းခွင်သို့​ ရောက်ရှိပြီ။🇲🇲■■■■■■■■■■■■■■■■■■■■■■■၁၃ဇန်နဝါရီ ၂၀၂၄✈🍁​ကောင်းမြတ...
13/01/2024

🇲🇾 အီလက်ထ​ရောနစ်စက်ရုံ မိန်းခ​လေးအဖွဲ့လုပ်ငန်းခွင်သို့​ ရောက်ရှိပြီ။🇲🇲
■■■■■■■■■■■■■■■■■■■■■■■
၁၃ဇန်နဝါရီ ၂၀၂၄

✈🍁​ကောင်းမြတ်စံသူကုမ္ပဏီလီမိတက် (ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီ)ရဲ့ စီစဥ်​ဆောင်ရွက်​ပေးမှုနဲ့ 🇲🇾မ​လေးရှားနိုင်ငံ နာမည်​ကျော် အီလက်ထ​ရောနစ်ကုမ္ပဏီသို့ တရားဝင် Work Permitဖြင့် အလုပ်သွား​ရောက်လုပ်ကိုင်ဘို့ ၁၃.၁.၂၀၂၄မှာ ထွက်ခွာသွားပြီး လုပ်ငန်းခွင်သို့ ​ရောက်ရှိသွားတဲ့ ညီမငယ်များဖြစ်ပါတယ်။

👉{ အင်တာဗျူး​အောင်မြင်လို့ တရားဝင်Calling visa ​တွေရရှိပြီး ထွက်ခွာခါနီးမှ မ​လေးရှားနိုင်ငံရဲ့ စီးပွား​ရေးအ​ခြေအ​နေ​ကျဆင်းမှု​ကြောင့် ၂၀၂၃မှာ မ​ခေါ်ယူနိုင်​ပဲ ဒီနှစ်မှာမှ လုပ်ငန်းရှင်က​ခေါ်ယူတဲ့ ဒုတိယအသုတ်​တွေဖြစ်ပါတယ်။အချိန်အနည်းငယ်ကြာမြင့်သွားတဲ့အတွက်လည်း ​​တောင်းပန်အပ်ပါတယ်။စိတ်ရှည်စွာ​စောင့်ဆိုင်း​ပေးတဲ့ ညီမငယ်များ အားလုံးကိုလည်း​ ကျေးဇူးတင်ရှိပါတယ်။}

🍁🌳ညီမငယ်များအားလုံး ကျမ်းမာ၊ချမ်းသာစွာနဲ့ လုပ်ငန်း​ဆောင်တာများကို လုပ်ကိုင်နိုင်ပြီး မိသားစုလွှဲပို့​ငွေများ လွှဲပို့နိုင်ကြပါ​စေ။ အရင်းအနှီးနဲ့ အတတ်ပညာများကို မိမိတို့ဘဝအတွက် ယူ​ဆောင်နိုင်ပါ​စေ​ကြောင်း ​ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်က ဆု​တောင်းမေတ္တာပို့သအပ်ပါတယ်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
👉​​ကောင်းမြတ်စံသူ ကုမ္ပဏီလီမိတက်

အမှတ်(၃၈) အ​နော်ရထာ(၁)လမ်း၊ ၂၂ရပ်ကွက်၊​
ရွှေ​ပေါက်ကံ၊​မြောက်ဥက္ကလာမြို့နယ်၊ရန်ကုန်မြို့
ရုံးဖုံး ..၀၉ ၇၇၈၄၀၁၁၆၈
viber..၀၉ ၇၇၈၄၀၁၁၆၈

👉(နံနက် ၉နာရီမှ ည​နေ၅နာရီ ရုံးချိန်အတွင်းသာ ကုမ္ပဏီသို့ တိုက်ရိုက်လာ​ရောက် ဆက်သွယ်နိုင်ပါသည်။)

👉(လူလိမ်များ၊pageအတုများ များပြား​နေပါသဖြင့် ​ကောင်းမြတ်စံသူ ကုမ္ပဏီလီမီတက်သည် CB, မှ ဆက်သွယ်ခြင်းကို ဖြေကြားမည့်မဟုတ်ပါ

13/01/2024

ကောင်းမြတ်စံသူ 46k ကျော် အကောက်မှာ Facebook Erro ဖြစ်သွားလို့ယခုကောင်းမြတ်စံသူ အကောက်အသစ်လေးကို လာရောက်အပ်ပေးကြပါ
အလုပ်အကြောင်းမေးမြန်းချင်လို့ပါက Ph-09778401168တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။🙏
အားလုံးကျန်မားပျော်ရွင် မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏

🌳🍁​ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်(ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီ)ရဲ့ စီစဥ်​ဆောင်ရွက်​ပေးမှုနဲ့ မ​လေးရှားနိုင်ငံ နာမည...
13/01/2024

🌳🍁​ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်(ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီ)ရဲ့ စီစဥ်​ဆောင်ရွက်​ပေးမှုနဲ့ မ​လေးရှားနိုင်ငံ နာမည်​ကျော် အီလက်ထ​ရောနစ်ကုမ္ပဏီသို့ တရားဝင် Work Permit နဲ့ အလုပ်သွား​ရောက်လုပ်ကိုင်ဘို့ ၁၈.၆.၂၀၂၃မှာ ထွက်ခွာသွားတဲ့ ညီမငယ်များဖြစ်ပါတယ်။

🍁🌳ညီမငယ်များအားလုံးကျမ်းမာ၊ချမ်းသာစွာနဲ့ လုပ်ငန်း​ဆောင်တာများကို လုပ်ကိုင်နိုင်ပြီး မိသားစုလွှဲပို့​ငွေများ လွှဲပို့နိုင်ကြပါ​စေ။ အရင်းအနှီးနဲ့ အတတ်ပညာများကို မိမိတို့ဘဝအတွက် ယူ​ဆောင်နိုင်ပါ​စေ​ကြောင်း ​ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်က ဆု​တောင်းမေတ္တာပို့သအပ်ပါတယ်။

👉​​ကောင်းမြတ်စံသူ ကုမ္ပဏီလီမိတက်(18.6.2023)

အမှတ်(၃၈) အ​နော်ရထာ(၁)လမ်း၊ ၂၂ရပ်ကွက်၊​
ရွှေ​ပေါက်ကံ၊​မြောက်ဥက္ကလာမြို့နယ်၊ရန်ကုန်မြို့
ရုံးဖုံး ..၀၉ ၇၇၈၄၀၁၁၆၈
နံနက် ၉နာရီမှ ည​နေ၅နာရီ ရုံးချိန်အတွင်းသာ ဆက်သွယ်ပါ။
(CB, မှဆက်သွယ်ခြင်း လုံးဝ မပြုလုပ်ပါ။)

📢♦️​ကောင်းမြတ်စံသူ ကုမ္ပဏီလီမိတက်၏ ​ကြေငြာချက်♦️📢■■■■■■■■■■■■■■■■■■■■■■■''သက်ဆိုင်သူများနှင့်အများသိစေရန်ကြေညာခြင်း''◼◼◼...
13/01/2024

📢♦️​ကောင်းမြတ်စံသူ ကုမ္ပဏီလီမိတက်၏ ​ကြေငြာချက်♦️📢
■■■■■■■■■■■■■■■■■■■■■■■
''သက်ဆိုင်သူများနှင့်အများသိစေရန်ကြေညာခြင်း''
◼◼◼◼◼◼◼◼◼◼◼◼◼◼◼
🏛🍁ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၂၂)ရပ်ကွက်၊ အနော်ရထာ(၁)လမ်း၊ အမှတ်(၃၈)ရှိ ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်၏တာဝန်ပေးလွှဲအပ်ချက်အရ အများသိစေရန် ကြေညာအပ်ပါသည်။

🌳🍁ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်သည် အထက်ဖော်ပြပါလိပ်စာတည်နေရာတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လုပ်ငန်းကို၂၀၁၂ခုနှစ်မှစတင်၍ လိုင်စင်အမှတ်၊၁၀၅/၂၀၁၂၊ လိုင်စင်အမှတ်၊၅/၂၀၁၂(ထိုင်း)တို့ဖြင့် တရားဝင်မှတ်ပုံတင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကောင်းမွန်သော ဂုဏ်သတင်းရှိကုမ္ပဏီတစ်ခုဖြစ်ပါသည်။
🍁👉အထက်ပါလိပ်စာမှအပ အခြားမည်သည့်နေရာဒေသတွင်မျှ ရုံးခွဲ၊လုပ်ငန်းခွဲများထားရှိဖွင့်လှစ်ထားခြင်းလုံးဝမရှိပါ။

🍁ယခုအခါ မသမာသူအချို့သည် ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်၏ အမည်၊လိုင်စင်နံပါတ်၊ရုံးလိပ်စာများကို အသုံးပြု၍ (ကုမ္ပဏီ၏ဖုန်းနံပါတ်အမှန်နေရာတွင် ၄င်းတို့ဖုန်းနံပါတ်အတုများကို အစားထိုးပြောင်းလဲ ထည့်သွင်းကာ)အယောင်ဆောင်ခြင်း၊လူစုဆောင်းခြင်း၊မရိုးဖြောင့်သောနည်းလမ်းများဖြင့် မသိနားမလည်သူများထံမှ ငွေကြေးများကို လိမ်လည်ရယူလျက်ရှိကြောင်း ကြားသိရပါသည်။

🍁ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်သို့ လူကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်း မပြုသည့်အတွက်ကြောင့် ပေါ်ပေါက်လာသည့်ကိစ္စရပ်အဝဝနှင့် ကုမ္ပဏီမှလုပ်ပိုင်ခွင့် ပေးအပ်ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်မသက်ဆိုင်သောလူတစ်ဦး(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုခု၏ဆောင်ရွက်မှုကြောင့် ပေါ်ပေါက်လာသည့်ကိစ္စရပ်များကို ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
👉👉ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်၏ ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲကုမ္ပဏီလီမိတက်၏ အမည်(သို့မဟုတ်)အမှတ်တံဆိပ်တစ်ခုခုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အလွဲသုံးစားပြုလုပ်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာနှင့် FACEBOOK PAGE(Online Social Media)များ မှတဆင့် လိမ်လည်လှည့်ဖြားရန် အကြံဖြင့် မသမာသောနည်းလမ်းများကိုအသုံးပြုခြင်း၊ အလားတူလုပ်ငန်းလုပ်ကိုင်ရန် ကြေညာခြင်း၊ ကမ်းလှမ်းခြင်းနှင့်ကုမ္ပဏီ၏အမည်ပျက်ပြားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မမှန်ကန်သောသတင်းအချက်အလက် အမှားအယွင်းထုတ်ဖော်ခြင်းများ မပြုလုပ်ရန် အတိအလင်းတားမြစ်ပါသည်။အထက်ပါတားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသူများအား ကုမ္ပဏီ၏နစ်နာမှုအဝဝအတွက် သက်ဆိုင်ရာတရားရုံးများတွင် တရားမကြောင်းအရဖြစ်စေ၊ ရာဇဝတ်ကြောင်းအရဖြစ်စေ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်သူများနှင့် အများသိစေရန် ကြေညာအပ်ပါသည်။
ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်၏လွှဲအပ်ညွှန်ကြားချက်အရ-
ဦးဝင်းနိုင်
LL.B,WIPO(Switzerland)
အထက်တန်းရှေ့နေ(စဥ်-၅၀၀၀၈)
အမှတ်(၁၀)၊ ၂လမ်း၊ တပ်/စံပြရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့၊

လင့်ချ​ပေးထားတဲ့ပေချ်က လူလိမ် Page ဖြစ်ပါတယ်။ကောင်းမြတ်စံသူကုမ္ပဏီနှင့် အစ်ဆာရာ  တို့ ရဲ့အင်တာဗျူး video မှာ လိမ်​နေတဲ့သ...
13/01/2024

လင့်ချ​ပေးထားတဲ့ပေချ်က လူလိမ် Page ဖြစ်ပါတယ်။ကောင်းမြတ်စံသူကုမ္ပဏီနှင့် အစ်ဆာရာ တို့ ရဲ့အင်တာဗျူး video မှာ လိမ်​နေတဲ့သူတွေရဲ့ ဖုန်းနံပါတ်​ထည့်ပြီး ကုမ္ပဏီ ရဲ့တာဝန်ရှိသူတွေ နာမည်ကို အလွဲသုံးစားလုပ်ပြီး CV ဖောင်ကြေး , ရုံးခန်းဝင်ဖို့ QR ခဆိုပြီး ပိုက်ဆံလိမ်တောင်းနေတာတွေရှိပါတယ် ။ ပိုက်ဆံလွှဲခိုင်းရင် မလွှဲပါနှင့် ။ ကောင်းမြတ်စံသူကုမ္ပဏီသည် ယခု 09778401168 ဖုန်းများကိုသာ အသုံးပြုပါသဖြင့် ကုမ္ပဏီ နှင့် ဆက်သွယ်ဆောင်ရွက်လိုပါက ဖော်ပြပါ ဖုန်းများမှလွဲ၍ အခြားမည်သည့်ဖုန်းနှင့်မျှ ဆက်သွယ် ခြင်းမပြုကြပါရန်အသိပေးအပ်ပါသည်။ လူလိမ်များဘေးမှကင်းဝေးစေရန် သတိထားရှောင်ရှားနိုင်ကြပါစေ။

လူလိမ်ပေ့ချ်ပါ..

https://fb.watch/k_qym50Rp-/?mibextid=Nif5oz

13/01/2024

Kaung Myat San Thu ကုမဏီလီမီတက်မှ မလေးရှားနိုင်ငံဂျိုဟိုးမြို့(ASJ)စက်ရုံမှ အီလက်ထရွန်းနစ်စက်မူလုပ်ငန်းဖြင့် တရားဝင်ခေါ်ဆောင်သော လုပ်ငန်းများသို့ (MOU)စနစ်ဖြင့် ပို့ဆောင်ပေးသည့် လုပ်သား (၁၃၃)ဦးတို့သည် (9. 2. 2023)
တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် ထွက်ခွာ ခဲ့ ပြီး
(12. 2. 2023)တွင် လုပ်ငန်းခွင်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ ပြီး ဖြစ်ပါသည်ရှင်။🙏

နောက်တစ်ကြိမ်ထပ်မံ၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဒုတိယအသုတ်ကို
(8. 10. 2023) တွင် ထပ်မံ ပို့ဆောင်ပေးမည်ဖြစ်ပါသောကြောင့် အမှန်တကယ် သွားရောက်လုပ်ကိုင်လိုသော ညီငယ်/ညီမငယ်များအနေဖြင့် ဖောင်ကြိုတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသိပေးပါရစေရှင့်။🙏

လူ လိမ်များနှင့် Page အတုများအားအထူးသတိပြုပါရန် အသိပေးပါရစေရှင့်။🙏

လူကြီးမင်းတို့အနေဖြင့် အသေးစိပ်သိရှိလိုပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၊၊အမှတ်၃၈၊အနော်ရထာ၁လမ်း၊၂၂ရက်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြိုံ

09-778401168 သို့လည်းကောင်း
Viber /page/ Messenger များသို့ လည်း ကောင်း တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်ရှင့်။🙏

ရုံးဖုန်း -09-778401168
ရုံးချိန် နံနက်(၈)နာရီးမှညနေ(၅)နာရီအတွင်းသာ ဆက်သွယ် မေးမြန်းနိုင်ပါသည်ရှင့်။🙏

13/01/2024

🚩ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်မှာ အခမဲ့ဝန်​ဆောင်မှုစနစ်(ဇီးရိုး​ကော့)​zero costတွေ လာဘို့ရှိ​နေပါပြီ။ zero cost ဖြစ်တဲ့အတွက် ​ကောင်းမြတ်စံသူကုမ္ပဏီကို တပြားမှ​ပေးစရာမလိုပါဘူး။ ပို့​ပေးမဲ့ ကုမ္ပဏီက​တောင် တပြားမှမယူရင် တခြားမည်သူ့ကိုမှ​၊ ဘာအ​ကြောင်းနဲ့မှပေးစရာ မလိုပါဘူး​နော်။
အကယ်၍​ပေးခဲ့ရ​ကြောင်း ​ပေါ်​ပေါက်ပါက စာရင်းသွင်းခွင့်၊အင်တာဗျူးဝင်ခွင့်မ​ပေးပါဘူး။ဟိုဘက်​ရောက်​နေတာ​တောင် ပြန်လွှတ်ပါမယ်။ ကုန်ကျစရိတ်လည်းပြန်​လျော်​ပေးရပါမယ်။

🚩မိမိနိုင်ငံသားများကို အခမဲ့စနစ်နဲ့ ​စေတနာထားပို့​ပေးရမှာဖြစ်လို့ ​ကောင်းမြတ်စံသူရဲ့ တရားဝင်ကိုယ်စားလှယ်​တွေက လူ​တွေကို​တောင်လက်မခံပါဘူး။​ငွေ​ကြေးမ​ကောက်ဘို့တင်းကြပ်စွာတားမြစ်ထားပါတယ်။ ပွဲစားကတဆင့်ဆိုရင်​တော့ အ​ဝေးကြီးပါ။ပွဲစားကတဆင့် လာ​ရောက်သူများကို လုံးဝ(လုံးဝ)လက်မခံပါဘူး။

🚩ဒါ့​ကြောင့်တဦးခြင်းစီကို ​သေချာ ​မေးမြန်းစီစစ်​နေရခြင်းဖြစ်ပါတယ်။အထပ်ထပ်လည်း စီစစ်မှာဖြစ်လို့ ပွဲစား​ပြောတိုင်းမလုပ်ကြဘို့ မယုံကြဘို့​မေတ္တာရပ်ခံပါတယ်။ အသက်၁၈နှစ်က​နေ ၃၅နှစ်အတွင်း အရွယ်​ရောက်ပြီးသူများကိုသာ လက်ခံတာဖြစ်လို့ ​"ဘယ်သူ့ကိုမှပိုက်ဆံမ​ပေးပါနဲ့"ဆိုတဲ့မိမိတာဝန်ကို ​လေးနက်စွာလိုက်နာ​ဆောင်ရွက်ခြင်းဖြင့်ကူညီကြပါ​နော်။

👉 အောက်ပါ အချက်အလက်နှင့်ပြည့်စုံသူများသည် ရွှေအိမ်မက် အပလီကေးရှင်းတွင် CV ဖောင်ဖြည့်၍ အလုပ်လျှောက်ထားနိုင်ပါသည်။

၁။အသက်= ၁၈နှစ်မှ၃၅နှစ်အတွင်း။
၂။ပညာအရည်အချင်း-=အနိမ့်ဆုံး Grade (10) ရှိရမည်။
၃။တက်တူးမရှိသူ
၄။ ကွမ်းမစား၊ ဆေးလိပ်မသောက်သူ
၅။ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း အတွင်းနေထိုင်သူဖြစ်ရမည်။(နယ်ဝေး မွေးရပ်ဇာတိဖြစ်သူများ လက်ရှိ ရန်ကုန်အနီးတစ်ဝိုက် နေထိုင်သူဖြစ်ပါက လျှောက်ထားနိုင်ပါသည်။)

👉CV ဖောင်တင်ရန် လိုအပ်သည့်အချက်အလက်များ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
၁။ Passport မိတ္တူ (PJ စာအုပ်ရှိပြီးသားဖြစ်ရမည်)
၂။မှတ်ပုံတင်မိတ္တူ ၊
၃။အိမ်ထောင်စုမိတ္တူ၊
၄။ကိုဗစ်ဆေးစာရွက်မိတ္တူ ၊
၅။လိုင်စင်ဓာတ်ပုံ ၁လက်မခွဲ×၂လက်မဆိုဒ်နဲ့ နောက်ခံအဖြူ ကုတ်အင်္ကျီထည့်ခိုင်းပြီး ပုံ (၃) ပုံ လိုပါမယ်။

👉👉သတိပေးချက်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
CV ဖောင် လျှောက်ထားရာတွင် CV ဖောင်ကြေး ၊ စရံငွေ စသည့် ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းများမရှိပါ။

ယခုအချိန်ကာလ တွင် လူလိမ်များသည် ကောင်းမြတ်စံသူကုမ္ပဏီ အမည် နှင့် လိပ်စာတို့အားအသုံးပြုပြီး ၊ ဖုန်းနံပါတ်များအား ၄င်း(လူလိမ်) များ၏ ဖုန်းနံပါတ်များဖြင့်လွှဲပြောင်းကာ KPay,Wave တို့​ဖြင့် အွန်လိုင်းမှ ငွေကြေးလိမ်လည်တောင်းခံ ခြင်းများရှိနေပါသဖြင့် အလုပ်လျှောက်ထားသူများအနေဖြင့် ငွေကြေးများ လုံးဝလွှဲမပေးကြပါရန်နှင့် အောက်ဖော်ပြပါဖုန်းနံပါတ် နှင့် လိပ်စာမျာသို့သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
👉​🚩ကောင်းမြတ်စံသူကုမ္ပဏီလီမိတက်🚩
အမှတ်၃၈၊အ​နော်ရထာ(၁)လမ်း၊၂၂ရပ်ကွက်၊
​ရွှေ​ပေါက်ကံ၊​မြောက်ဥက္ကလာ၊ရန်ကုန်မြို့။
👉ရုံးဖုန်း - 09778401168

ရုံးဖွင့်ချိန်
▪︎▪︎▪︎▪︎
တနလ်ာ မှ သောကြာ -
နံနက်၉ နာရီ မှ ညနေ ၅နာရီ အတွင်း
စနေနေ့ - နံနက် ၉ နာရီမှ နေ့လည် ၂နာရီအတွင်း ဆက်သွယ်ပေးပါရန်။
(တနဂ်နွေနေ့ နှင့် အများပြည်သူရုံးပိတ်ရက်များ ရုံးခန်းပိတ်ပါသည်။)

ဒီရက်ပိုင်းမှာ ရွှေအိပ်မက်ကနေ အလုပ်ဘယ်လိုလျှောက်ရမလဲဆိုပြီး အမေးများလာတဲ့အတွက် တင်ပေးပြီးသား ပို့လေး ပြန်တင်ပေးလိုက် ပါတယ်နော်။ ရွှေအိပ်မက်မှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်ဘဲ ဇီးရိုးကော့ အလုပ်ခေါ်စာတွေအတွက် အေဂျင်စီကို တိုက်ရိုက် အလုပ်လျှောက်လို့ရအောင် အ ခုပဲ ရွှေအိပ်မက်မှာ ကိုယ်တိုင်လျှောက်လွှာတွေပြင်ပြီး အေဂျင်စီဆီ ပို့ထားလို့ ရနေပါပြီ။

လျှောက်ပုံ လျှောက်နည်းကို ပုံလေးတွေ အတိုင်း တစ်ပုံချင်းစီ သေချာ ဝင်ကြည့်ပေးပါနော်။ပြီးတော့ အလုပ်လျှောက်လွှာမှာ ကိုယ့်ရဲ့ မြန်မာပြည် လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို မှန်မှန်ကန်ကန်ဖြည့်ဖို့လည်း မမေ့ပါနော်။ အဲဒါမှ အလုပ်ခေါ်မယ့် အေဂျင်စီစာရင်းတွေကို မြင်ရပြီး သူတို့ဆီ လျှောက်လွှာလည်း တင်လို့ရမှာမို့ပါ။

အစ်ဆာရာအဖွဲ့သားတွေက အလုပ်သမားတွေ ပိုက်ဆံမကုန်ဘဲ စိတ်ချရတဲ့ အေဂျင်စီတွေနဲ့ ချိတ်ဆက်နိုင်ဖို့ တီထွင်ထားလို့ ကြားကနေ အကောင့်ဖွင့်ဖို့၊ ဖောင်ဖြည့်ဖို့ ပိုက်ဆံတောင်းလာတာတွေ ရှိရင် လုံးဝမပေးပါနဲ့နော်။

ရွှေအိမ်မက် အပလီကေးရှင်းမှာ အလုပ်လျှောက်နည်းကို အောက်ကချပေးထားတဲ့လင့်ကနေ ပြထားတဲ့ ပုံလေးတွေအတိုင်း တစ်ဆင့်ချင်းစီဖွင့်ကြည့်ပြီးလျှောက်လို့ရပါတယ်။

👉ရွှေအိပ်မက် ဒေါင်းရန်လင့်:
https://play.google.com/store/apps/details?id=app_golden_dreams.org
:point_right::point_right:iphone အတွက်လင့်:
https://app.golden-dreams.org/
:point_right::point_right:ရွှေအိပ်မက် ကနေ အေဂျင်စီ ရှာလို့ရတဲ့လင့်:
https://app.golden-dreams.org/recruitment-agencies

https://fb.watch/ktF0e8QTK7/?mibextid=Nif5oz

Address

No(38), Anawrahta(1)street, (22)Ward, Shwepaukkan Myothit, North Okkalapa Township
Yangon
NO(38),ANAWRAHTA(1)STREET,(22)WARD,SHWEPAUKKANMYOTHIT,NORTHOKKALAPATOWNSHIP

Telephone

+959778401168

Website

Alerts

Be the first to know and let us send you an email when Kaung Myat San Thu Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share