Myanmar DCR Co., Ltd.

Call Directions Website Contact the business

Myanmar DCR Co., Ltd. Japanese System Development Company

◆Myanmar DCR (Mandalay) B.T.O Department မှ AutoCAD ဝန်ထမ်းခေါ်ယူခြင်း--------------------------------------------------...
23/10/2026

◆Myanmar DCR (Mandalay) B.T.O Department မှ AutoCAD ဝန်ထမ်းခေါ်ယူခြင်း
-----------------------------------------------------------------
◆လုပ်ငန်းတာဝန်
 -> AutoCAD Drafter
◆ခန့်အပ်မည့်လူဦးရေ
 -> ၆ ဦး
◆တာဝန်ထမ်းဆောင်ရမည့်နေရာ
 -> Myanmar DCR (Mandalay)
◆လိပ်စာ
 -> MDY : Block1, Unit12, Mingalar Mandalay Project Building
◆လိုအပ်သောအရည်အချင်း
 -> AutoCAD 2D ကို ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲနိုင်သူ
  ※ 08/12/2026 (Tues) မှစ၍ MDCR Mandalay ရုံးတွင် အလုပ်စတင်ဝင်ရောက်နိုင်သူ
  ※ အနည်းဆုံး ၂ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်သူ
◆လုပ်ငန်းသဘောတရား
 -> AutoCAD 2D ဖြင့် Office Layout, Partition အမျိုးအစားအလိုက် ပုံရေးဆွဲခြင်း
  (ရုံးခန်းများအခန်းကန့်ခြင်း – Room Partition - Front / Top / Detail View)
◆ပညာအရည်အချင်း
 -> AutoCAD နှင့်ဆိုင်သည့် Certificate/Diploma ကိုင်ဆောင်ထားသူ
 ※ AutoCAD 2D ရေးဆွဲနိုင်သူ / Drawing ပိုင်းစိတ်ဝင်စားသူ ဖြစ်ရမည်
◆အသက်အပိုင်းအခြား
 -> အသက် ၂၀ နှစ်နှင့်အထက်
◆လစာ
 -> အခြေခံလစာ + Drawing Allowance
  ※ Additional Allowance (လမ်းခရီးစရိတ်)
◆အလုပ်ချိန်
 -> 08:00 မှ 17:00 အထိ (နေ့လည်ထမင်းစားနားချိန် 11:45 မှ 13:00 အထိ)
◆ပိတ်ရက်
 -> စနေနေ့၊ တနင်္ဂနွေနေ့၊ အစိုးရရုံးပိတ်ရက်များနှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော အထူးပိတ်ရက်များ
◆အခြားခံစားခွင့်များ
 -> မိမိမွေးနေ့ပိတ်ရက်နှင့် တစ်နှစ်တာ ခံစားခွင့်ရက်များ၊
  Team အလိုက် မိတ်ဆုံစားပွဲများ (တစ်နှစ် ၁–၂ ကြိမ်)
◆လျှောက်လွှာလက်ခံမည့်ပုံစံ
 -> 23/10/2026 (Fri) မှ 29/11/2026 (Sun) အတွင်း လျှောက်လွှာလက်ခံပါမည်။
  လျှောက်ထားလိုသူသည် မှတ်ပုံတင်၊ ရရှိထားသော Certificate မိတ္တူများနှင့် CV တစ်စုံကို အောက်ဖော်ပြပါ mail address သို့ Email ဖြင့် ပေးပို့ပါ။
  ◆ [email protected] ◆
  AutoCAD စစ်ဆေးခြင်းကို Online (Microsoft Teams Meeting) ဖြင့် ပြုလုပ်၍ Interview ကို Offline (Myanmar DCR Mandalay ရုံး 03/12/2026(Thu)တွင်) လာရောက်ဖြေဆိုရပါမည်။
◆ရွေးချယ်မည့်ပုံစံနှင့် စစ်ဆေးမည့်အချိန်
 -> ပဏာမအဆင့် CV ကို စစ်ဆေးရွေးချယ်ပါမည်။
  ရွေးချယ်ခံရသူများကို Email ဖြင့် အကြောင်းကြားပါမည်။

  AutoCAD 2D Skill Test (Online) စစ်ဆေးမည်။
  (01/12/2026 (Tues) 8:45 – 10:45)
  ※ အချိန်ပြောင်းလဲခွင့် မရှိပါ
※ Skill Test Result ကို email ဖြင့်အကြောင်းကြားပါမည်။
※Interview Date : 03/12/2026(Thu)

ဂျပန်နိုင်ငံနှင့်ဆက်စပ်သည့် IT Professional တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်လိုသူများအတွက် လက်လွှတ်မခံသင့်တဲ့ Free Seminar🥳...
22/09/2026

ဂျပန်နိုင်ငံနှင့်ဆက်စပ်သည့် IT Professional တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်လိုသူများအတွက် လက်လွှတ်မခံသင့်တဲ့ Free Seminar🥳👋🏻

အထူးသဖြင့် Project Leader, Software Engineer, Programmer များအတွက် ရည်ရွယ်၍ ကျင်းပမည့် Seminar ဖြစ်ပြီး၊ ဂျပန် IT လုပ်ငန်းခွင်နှင့် ပတ်သက်သည့် အသုံးဝင်သော အချက်အလက်များကို မျှဝေပေးသွားမည် ဖြစ်ပါသည်။

Seminar တွင် ဘာတွေ သိရှိနိုင်မလဲ❓
✅ Japanese Business Manner များအကြောင်း
✅ MDCR၏အတွေ့အကြုံရှိဝန်ထမ်းခေါ်ယူခြင်းနှင့် OJT Training များနှင့်ပတ်သက်၍ မိတ်ဆက်ခြင်း
✅ ဝန်ထမ်းများ ရရှိနိုင်မည့် Benefits နှင့် Welfare များအကြောင်း
✅ ဂျပန်နိုင်ငံရှိ IT Career Opportunities များအကြောင်း
စသည်ဖြင့် အသေးစိတ်ရှင်းလင်းပြောပြသွားမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်သလဲ❓
📌 IT နယ်ပယ်နှင့် ဂျပန်ဘာသာစကားကို စိတ်ဝင်စားသူ မည်သူမဆို
📌 ဂျပန်နိုင်ငံနှင့် သက်ဆိုင်သည့် IT Career ကို လျှောက်လှမ်းလိုသူများ
📌 IT Professional အဖြစ် တိုးတက်လိုသူများ
🛎️ Seminar အတွင်း မေးမြန်းလိုသည့် အကြောင်းအရာများကို တိုက်ရိုက်ဆွေးနွေးနိုင်သော Q&A Session ကိုလည်း ထည့်သွင်းစီစဉ်ထားပါသည်။

Seminar Information
--------------------------
🗓️ 𝑫𝒂𝒕𝒆 – 29.09.2026(Tuesday)
🕝 𝑻𝒊𝒎𝒆 - 10:00 AM - 11:00 AM
🏢 𝑳𝒐𝒄𝒂𝒕𝒊𝒐𝒏 - Microsoft Teams (Online)
**Meeting Link နှင့် အသေးစိတ်အချက်အလက်များကို Registrationလုပ်ထားသော Emailမှတဆင့် 28.09.2026(Monday)တွင် အကြောင်းကြားပေးမည်ဖြစ်ပါသည်။

📍𝐒𝐞𝐦𝐢𝐧𝐚𝐫 တက်ရောက်ရန်အတွက် အောက်ပါ Link မှတဆင့် Register လုပ်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
👉 https://forms.cloud.microsoft/r/eHZpAMzcmf?origin=lprLink
⚠️ 27.09.2026(Sunday) 5:00PM အထိ စာရင်းပေးသွင်းနိုင်ပါသည်။

💡IT အတွေ့အကြုံ မရှိသေးသူများလည်း စိတ်ဝင်စားပါက တက်ရောက်နိုင်ပါသည်။

🌐 Website: https://www.myanmardcr.com/eng/index.html

◆Myanmar DCR (Mandalay) B.T.O Department မှ AutoCAD ဝန်ထမ်းခေါ်ယူခြင်း--------------------------------------------------...
31/08/2026

◆Myanmar DCR (Mandalay) B.T.O Department မှ AutoCAD ဝန်ထမ်းခေါ်ယူခြင်း
-----------------------------------------------------------------
◆လုပ်ငန်းတာဝန်
 -> AutoCAD Drafter
◆ခန့်အပ်မည့်လူဦးရေ
 -> ၈ ဦး
◆တာဝန်ထမ်းဆောင်ရမည့်နေရာ
 -> Myanmar DCR (Mandalay)
◆လိပ်စာ
 -> MDY : Block1, Unit12, Mingalar Mandalay Project Building
◆လိုအပ်သောအရည်အချင်း
 -> AutoCAD 2D ကို ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲနိုင်သူ
  ※ 05/10/2026 (Mon) မှစ၍ MDCR Mandalay ရုံးတွင် အလုပ်စတင်ဝင်ရောက်နိုင်သူ
  ※ အနည်းဆုံး ၂ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်သူ
◆လုပ်ငန်းသဘောတရား
 -> AutoCAD 2D ဖြင့် Office Layout, Partition အမျိုးအစားအလိုက် ပုံရေးဆွဲခြင်း
  (ရုံးခန်းများအခန်းကန့်ခြင်း – Room Partition - Front / Top / Detail View)
◆ပညာအရည်အချင်း
 -> AutoCAD နှင့်ဆိုင်သည့် Certificate/Diploma ကိုင်ဆောင်ထားသူ
 ※ AutoCAD 2D ရေးဆွဲနိုင်သူ / Drawing ပိုင်းစိတ်ဝင်စားသူ ဖြစ်ရမည်
◆အသက်အပိုင်းအခြား
 -> အသက် ၂၀ နှစ်နှင့်အထက်
◆လစာ
 -> အခြေခံလစာ + Drawing Allowance
  ※ Additional Allowance (လမ်းခရီးစရိတ်)
◆အလုပ်ချိန်
 -> 08:00 မှ 17:00 အထိ (နေ့လည်ထမင်းစားနားချိန် 11:45 မှ 13:00 အထိ)
◆ပိတ်ရက်
 -> စနေနေ့၊ တနင်္ဂနွေနေ့၊ အစိုးရရုံးပိတ်ရက်များနှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော အထူးပိတ်ရက်များ
◆အခြားခံစားခွင့်များ
 -> မိမိမွေးနေ့ပိတ်ရက်နှင့် တစ်နှစ်တာ ခံစားခွင့်ရက်များ၊
  Team အလိုက် မိတ်ဆုံစားပွဲများ (တစ်နှစ် ၁–၂ ကြိမ်)
◆လျှောက်လွှာလက်ခံမည့်ပုံစံ
 -> 28/08/2026 (Fri) မှ 24/09/2026 (Thu) အတွင်း လျှောက်လွှာလက်ခံပါမည်။
  လျှောက်ထားလိုသူသည် မှတ်ပုံတင်၊ ရရှိထားသော Certificate မိတ္တူများနှင့် CV တစ်စုံကို အောက်ဖော်ပြပါ mail address သို့ Email ဖြင့် ပေးပို့ပါ။
  ◆ [email protected] ◆
  AutoCAD စစ်ဆေးခြင်းကို Online (Microsoft Teams Meeting) ဖြင့် ပြုလုပ်၍ Interview ကို Offline (Myanmar DCR Mandalay ရုံး 01/10/2026(Thu)တွင်) လာရောက်ဖြေဆိုရပါမည်။
◆ရွေးချယ်မည့်ပုံစံနှင့် စစ်ဆေးမည့်အချိန်
 -> ပဏာမအဆင့် CV ကို စစ်ဆေးရွေးချယ်ပါမည်။
  ရွေးချယ်ခံရသူများကို Email ဖြင့် အကြောင်းကြားပါမည်။

  AutoCAD 2D Skill Test (Online) စစ်ဆေးမည်။
  (25/9/2026 (Fri) 8:45 – 10:45)
  ※ အချိန်ပြောင်းလဲခွင့် မရှိပါ
※ Skill Test Result ကို email ဖြင့်အကြောင်းကြားပါမည်။
※Interview Date : 01/10/2026(Thu)

Myanmar DCR OJT Experience Programs🚀1-Year Japanese OJT Experience Program 🚀🗾Japan IT Company မှာ အလုပ်လုပ်ဖို့ ရည်မှန်း...
25/08/2026

Myanmar DCR OJT Experience Programs
🚀1-Year Japanese OJT Experience Program 🚀
🗾Japan IT Company မှာ အလုပ်လုပ်ဖို့ ရည်မှန်းထားပါသလား? Professional Engineer ဖြစ်ဖို့ ၁ နှစ်တာ စနစ်တကျ လေ့လာလိုက်ပါ။
💙 အသေးစိတ်ကို link မှာ ကြည့်ရှုနိုင်ပါတယ် 💙
https://www.facebook.com/MyanmarDCR/posts/pfbid02JoeAtdLD75KpsycXBUPX9zYeoEn7TDAKYWaCvPYPjFkZkF63D43UYKEYhTtdxmFel

🚀6-Month Japanese OJT Experience Program (Online) 🚀
🔄 IT Career ကို Japan Environment ဘက်သို့ ပြောင်းလဲချင်ပါသလား?
Japanese Working Style ကို ၆ လအတွင်း လက်တွေ့ OJT အတွေ့အကြုံဖြင့် လေ့လာလိုက်ပါ။
💙 အသေးစိတ်ကို link မှာ ကြည့်ရှုနိုင်ပါတယ် 💙
https://www.facebook.com/MyanmarDCR/posts/pfbid05qWgz5NWre4SWwDJ5P17727gZn5Tp5tDvQqrao9fMzRW9n4dAzV4SVSyQpE5tCXpl

🚀3-Month Japanese OJT Experience Program 🚀
🎓 Graduation မတိုင်ခင် OJT Experience ရယူချင်ပါသလား?
IT Company Working Environment ကို ၃ လအတွင်း လက်တွေ့ လေ့လာလိုက်ပါ။
💙 အသေးစိတ်ကို link မှာ ကြည့်ရှုနိုင်ပါတယ် 💙
https://www.facebook.com/MyanmarDCR/posts/pfbid022dxphHYAHVw7zxoJnu8Buzh5s48nRHW3sADaATp7XknSAxBTDi5szbkRMDKYHqkal

   -----------------------------------------------------------------
    ** Your Journey to Japan 👉 starts Here.**
    သင်၏ Japan IT Career Journey ကို Myanmar DCR
    နဲ့အတူ စတင်ချင်တယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။
   -----------------------------------------------------------------

Contact Us
☎️ +95-1-824-8053
📧 [email protected]
📍 No.339, Sakura Tower 8F, Bogyoke Aung San Road, Kyauktada Township, Yangon
🟣 Viber +95-9-431-131-53, +95-9-420-138-184

🚀1-Year Japanese OJT Experience Program 🚀Japan IT Company မှာ အလုပ်လုပ်ဖို့ ရည်မှန်းထားပါသလား? Professional Engineer ဖြစ...
25/08/2026

🚀1-Year Japanese OJT Experience Program 🚀

Japan IT Company မှာ အလုပ်လုပ်ဖို့ ရည်မှန်းထားပါသလား? Professional Engineer ဖြစ်ဖို့ ၁ နှစ်တာ စနစ်တကျ လေ့လာလိုက်ပါ။

🎯 Program Highlights & Benefits
 • 💼 Career Opportunities:
  Program အတွင်း အရည်အချင်းပြည့်မီသူများအတွက်
   ✔️ ဂျပန်နိုင်ငံရှိ IT Company များသို့ တိုက်ရိုက် အလုပ်မိတ်ဆက်ပေးခြင်း
   ✔️ Myanmar DCR တွင် Full-time Career Opportunity ရရှိနိုင်ခြင်း
 • 🧠 Professional Skills:
   ✔️ Programming ကို အခြေခံမှ စတင်လေ့လာသင်ယူနိုင်ခြင်း
   ✔️ Practical Software Development Skills များ တိုးတက်လာခြင်း
   ✔️ Senior Engineer များ၏ လမ်းညွှန်မှုဖြင့် Project များတွင် လက်တွေ့အတွေ့အကြုံ ရရှိနိုင်ခြင်း
 • 🗾 Business & Mindset:
   ✔️ Japanese Working Culture နှင့် Business Manner များကို လက်တွေ့သင်ယူနိုင်ခြင်း
   ✔️ Communication, Teamwork နှင့် Problem Solving Skill များ မြှင့်တင်နိုင်ခြင်း
   ✔️ Professional Workplace Experience အပြည့်အဝ ရရှိခြင်း

🌟 1-Year Japanese OJT Experience Program ဆိုတာဘာလဲ?
ဒီ Program က သင်တန်းတစ်ခုတည်း မဟုတ်ပါဘူး။
**Professional IT Engineer** တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်း တွေကို စနစ်တကျ **လက်တွေ့သင်ယူနိုင်မယ့် Career Development Program** တစ်ခုဖြစ်ပါတယ်။

💙 Myanmar DCR ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
Myanmar DCR Co., Ltd. သည် ဂျပန်နိုင်ငံအခြေစိုက် DCR Company၏ လက်အောက်ရှိ Japanese Software Development Company ဖြစ်ပြီး...🏆 မြန်မာနိုင်ငံ IT Industry တွင် **(18) နှစ်ကျော်** အတွေ့အကြုံရှိသော ယုံကြည်စိတ်ချရသည့် Company တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ဂျပန်နိုင်ငံ Customer များထံမှ System များကို တာဝန်ယူရေးသားလျက်ရှိပါသည်။ အတွေ့အကြုံရင့်ဝန်ထမ်းများထံမှ အမျိုးမျိုးသင်ယူလေ့လာနိုင်သောကြောင့် ယခုပဲ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။

👨‍💻 ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?
✔️အထက်တန်းအောင်မြင်ထားသူများ (သို့) တက္ကသိုလ်တက်ရောက်ဆဲ Career လမ်းကြောင်း စတင်လိုသူများ
✔️ IT / Computer Science ဘွဲ့ရများ
✔️ Fresh Graduate ဖြစ်ပြီး IT Career ကို စတင်လိုသူများ
✔️ ဂျပန်နိုင်ငံတွင် Career တည်ဆောက်လိုသူများ
✔️ ဂျပန်ဘာသာ အရည်အချင်း: JLPT N4 အသိအမှတ်ပြုလက်မှတ် ရရှိထားသူများ

⚙ ဘယ်လိုအကြောင်းအရာတွေ သင်မှာလဲ?
✅ 2027/01/01 ~ 2027/04/30 : Classroom training (Java Basic, Advanced Java)
✅ 2027/05/01 ~ 2027/06/30 : Japanese Working Culture နှင့်အတူ Web System Creation
✅ 2027/07/01 ~ 2027/12/31 : Seniors များ၏ Guidance ဖြင့် Real World System Creation
ITအခြေခံ Coding ရေးသားခြင်းမှစ၍ Detailed Design ကို နားလည်အောင်လုပ်ပြီး၊ Development / Unit Test / Integration Test / System Test တွေကို လုပ်ဆောင်သွားပါမယ်။

⚖ သင်တန်းကြေးက အဆင်‌ပြေပါ့မလား?
🎁 တစ်နှစ်လုံးစာကို တစ်ကြိမ်တည်းအပြတ်သွင်းမယ်ဆို.... ၆၀ သိန်းကျပ်သာ
✌Semester အလိုက်ခွဲသွင်းမယ်ဆို.... ၂၀ သိန်း + ၂၁ သိန်း + ၂၁ သိန်းကျပ်သာ
✌လစဉ်အရစ်ကျသွင်းမယ်ဆိုရင် တစ်လလျှင် ၅သိန်း ၅သောင်းကျပ်သာ ဖြစ်တာကြောင့် သင်တန်းကြေးကို ပိုမိုလွယ်ကူစွာ စီမံနိုင်ပါတယ်။

✨ Learning mindset ထက် အရာရာသိလိုစိတ် နဲ့ တစိုက်မတ်မတ်ကြိုးစားမှုကို ပိုတန်ဖိုးထားပါတယ်။
✨သင့်မှာ စိတ်အားထက်သန်မှုရှိရင် ကျွန်ုပ်တို့က Professional Engineer ဖြစ်လာအောင် လမ်းပြပေးပါမယ်။

**Your Journey to Japan 👉 starts Here. **
သင်၏ Japan IT Career Journey ကို Myanmar DCR နဲ့အတူ စတင်ချင်တယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

Contact Us
☎️ +95-1-824-8053
📧 [email protected]
📍 No.339, Sakura Tower 8F, Bogyoke Aung San Road, Kyauktada Township, Yangon
🟣 Viber +95-9-431-131-53, +95-9-420-138-184

📩 2027 January Intake အတွက် လျှောက်ထားလိုပါက Messenger မှာ "1-Year OJT 2027" ဟု ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

💙IT ကျောင်းသား၊ Fresh Graduate ဒါမှမဟုတ် Japan မှာ Career တည်ဆောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိရင် ဒီ Post ကို Share ပေးလိုက်ပါ။ 💙

🚀6-Month Japanese OJT Experience Program (Online) 🚀🔄 IT Career ကို Japan Environment ဘက်သို့ ပြောင်းလဲချင်ပါသလား? Japane...
25/08/2026

🚀6-Month Japanese OJT Experience Program (Online) 🚀

🔄 IT Career ကို Japan Environment ဘက်သို့ ပြောင်းလဲချင်ပါသလား? Japanese Working Style ကို ၆ လအတွင်း လက်တွေ့ OJT အတွေ့အကြုံဖြင့် လေ့လာလိုက်ပါ။

🎯 Program Highlights
✅ ဂျပန်လုပ်ငန်းခွင်ကို အလုပ်၀င်ရောက်နိုင်ဖို့ စနစ်တကျကြိုတင်ပြင်ဆင်နိုင်ခြင်း
✅ Japanese Working Culture နှင့် Business Manner များကို လက်တွေ့သင်ယူနိုင်ခြင်း
✅ Senior Engineer များ၏ လမ်းညွှန်မှုဖြင့် Project များတွင် လက်တွေ့အတွေ့အကြုံ ရရှိနိုင်ခြင်း
✅ Practical Software Development Skills တိုးတက်လာခြင်း
✅ Communication, Teamwork နှင့် Problem Solving Skill များတိုးတက်လာခြင်း
✅ Functional Specification(設計書) ကို အသုံးပြု၍ System ‌ရေးသားခြင်း
✅ Unit Testing, Combine Testing, System Testing များကို သင်ယူ၍ လက်တွေ့လုပ်ဆောင်နိုင်ခြင်း

🎓 Program Completion Benefits
✨ Program အတွင်း လုပ်ဆောင်ချက်ပေါ်မူတည်၍ အရည်အချင်းအလိုက် Certificate ထုတ်ပေးခြင်း
✨ Program အတွင်း စနစ်တကျကြိုးစားပြီး အရည်အချင်းပြည့်မီသူများအတွက်
***ဂျပန်နိုင်ငံရှိ IT Company များသို့ တိုက်ရိုက် အလုပ်မိတ်ဆက်ပေးခြင်း
*** Myanmar DCR တွင် Full-time Career Opportunity ရရှိနိုင်ခြင်း

💙 Myanmar DCR ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
Myanmar DCR Co., Ltd. သည် ဂျပန်နိုင်ငံအခြေစိုက် DCR Company၏ လက်အောက်ရှိ Japanese Software Development Company ဖြစ်ပြီး...🏆 မြန်မာနိုင်ငံ IT Industry တွင် **(18) နှစ်ကျော်** အတွေ့အကြုံရှိသော ယုံကြည်စိတ်ချရသည့် Company တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ဂျပန်နိုင်ငံ Customer များထံမှ System များကို တာဝန်ယူရေးသားလျက်ရှိပါသည်။ အတွေ့အကြုံရင့်ဝန်ထမ်းများထံမှ အမျိုးမျိုးသင်ယူလေ့လာနိုင်သောကြောင့် ယခုပဲ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။

👨‍💻 ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?
✔️ မြန်မာ IT Environment ကနေ ဂျပန် IT Environment ဘက်ကိုပြောင်းပြီး အလုပ်လုပ်ချင်သူများ
✔️ ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်နေပေမယ့် လုပ်ငန်းခွင်တင်းကြပ်မှုတွေများပြီး မလိုက်နိုင်သူများ
✔️ IT ဘွဲ့ရပြီး ဂျပန်လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ကြိုတင်လေ့ကျင့်လိုသူများ
✔️ ဂျပန်နိုင်ငံတွင် Career တည်ဆောက်လိုသူများ
✔️ Programming အခြေခံတတ်မြောက်ထားပြီး၊ JLPT N4 အသိအမှတ်ပြုလက်မှတ် ရရှိထားသူများ

⚙ ဘယ်လိုအကြောင်းအရာတွေ သင်မှာလဲ?
📅 2027 Jan 1 - Feb 28: Japanese Working Culture နှင့်အတူ Web System Creation
📅 2027 Mar 1 - Jun 30: Seniors များ၏ လမ်းညွှန်မှု ဖြင့် Real World System Creation
Detailed Design ကို နားလည်အောင်လုပ်ပြီး၊ Development / Unit Test / Integration Test / System Test တွေကို လုပ်ဆောင်သွားပါမယ်။

⚙ သင်တန်းချိန်ကရော ရုံးချိန်လွတ်ပါ့မလား?
ပြည်တွင်း ပြည်ပ ရုံးဝန်ထမ်းများ၊ အလုပ်လုပ်ကိုင်နေသူများအတွက် ရုံးချိန်လွတ် တက်ရောက်နိုင်မည့် သင်တန်း ဖြစ်ပါသည်။
Online Meeting မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည်ဖြစ်ပြီး မိမိနှင့် အဆင်ပြေမည့် အချိန်အပိုင်းအခြားကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
🕒 သင်တန်းချိန်များ (မြန်မာစံတော်ချိန်) -
• Batch A (ညနေပိုင်း) : 5:00 PM - 7:00 PM
• Batch B (ညပိုင်း) : 8:00 PM - 10:00 PM

⚖ သင်တန်းကြေးက ဘယ်လောက်လဲ?
🎁 6 Months Program Fee ကို တစ်ကြိမ်တည်း ပေးသွင်းပါက ၁၈ သိန်းကျပ်သာ
✌ အရစ်ကျ ပေးသွင်းလိုပါက တစ်လလျှင် ၃၃၀,၀၀၀ ကျပ်သာ

✨ Learning mindset ထက် အရာရာသိလိုစိတ် နဲ့ တစိုက်မတ်မတ်ကြိုးစားမှုကို ပိုတန်ဖိုးထားပါတယ်။
✨သင့်မှာ စိတ်အားထက်သန်မှုရှိရင် ကျွန်ုပ်တို့က Professional Engineer ဖြစ်လာအောင် လမ်းပြပေးပါမယ်။

**Your Journey to Japan 👉 starts Here. **
သင်၏ Japan IT Career Journey ကို Myanmar DCR နဲ့အတူ စတင်ချင်တယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

Contact Us
☎️ +95-1-824-8053
📧 [email protected]
📍 No.339, Sakura Tower 8F, Bogyoke Aung San Road, Kyauktada Township, Yangon
🟣 Viber +95-9-431-131-53, +95-9-420-138-184

📩 2027 January Intake အတွက် လျှောက်ထားလိုသူများသည် Messenger တွင် "6-Month OJT 2027" ဟု ပေးပို့၍ အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ပါသည်။

💙IT ကျောင်းသား၊ Fresh Graduate ဒါမှမဟုတ် Japan မှာ Career တည်ဆောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိရင် ဒီ Post ကို Share ပေးလိုက်ပါ။ 💙

🚀3-Month Japanese OJT Experience Program 🚀🎓 Graduation မတိုင်ခင် OJT Experience ရယူချင်ပါသလား? IT Company Working Enviro...
25/08/2026

🚀3-Month Japanese OJT Experience Program 🚀

🎓 Graduation မတိုင်ခင် OJT Experience ရယူချင်ပါသလား? IT Company Working Environment ကို ၃ လအတွင်း လက်တွေ့ လေ့လာလိုက်ပါ။

🎯 Program Highlights & Benefits
✅ Japanese Working Culture & Business Manner များကို လက်တွေ့လေ့လာနိုင်ခြင်း
✅ Senior Engineers များ၏ Guidance ဖြင့် Project များတွင် ပါဝင်လုပ်ကိုင်နိုင်ခြင်း
✅ Communication, Teamwork နှင့် Problem-Solving Skills များ တိုးတက်လာခြင်း
✅ Workplace Experience နှင့် Professional Mindset တည်ဆောက်နိုင်ခြင်း

🎓 Program Completion Benefits
✨ Performance ပေါ်မူတည်၍ Recommendation Letter ထုတ်ပေးခြင်း
✨ Japan IT Career အတွက် အထောက်အကူဖြစ်စေမည့် OJT Experience ရရှိခြင်း

💙 Myanmar DCR ကို ဘာကြောင့် ရွေးချယ်သင့်လဲ?
Myanmar DCR Co., Ltd. သည် ဂျပန်နိုင်ငံအခြေစိုက် DCR Company၏ လက်အောက်ရှိ Japanese Software Development Company ဖြစ်ပြီး...🏆 မြန်မာနိုင်ငံ IT Industry တွင် **(18) နှစ်ကျော်** အတွေ့အကြုံရှိသော ယုံကြည်စိတ်ချရသည့် Company တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ဂျပန်နိုင်ငံ Customer များထံမှ System များကို တာဝန်ယူရေးသားလျက်ရှိပါသည်။ အတွေ့အကြုံရင့်ဝန်ထမ်းများထံမှ အမျိုးမျိုးသင်ယူလေ့လာနိုင်သောကြောင့် ယခုပဲ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။

👨‍💻 ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?
✔️ University Final Year Student များ
✔️ IT Graduate များ
✔️ Japan IT Industry တွင် Career တည်ဆောက်လိုသူများ

📌 Course Details
📅 Duration: 1 October 2026 – 31 December 2026
🕒 Time: 9:00 AM - 4:00 PM
💰 Fee: 500,000 MMK (for 3 months)

🚀 Your Journey to Japan Starts Here
Learning Mindset နဲ့ ကြိုးစားလိုစိတ်ရှိသူတိုင်းကို Professional Engineer တစ်ယောက်ဖြစ်လာစေရန် Myanmar DCR မှ လမ်းပြပေးသွားပါမည်။
📩 2027 January Intake အတွက် စိတ်ဝင်စားသူများသည် Messenger တွင်"3-Month OJT 2026" ဟု ပေးပို့၍ အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ပါသည်။

Contact Us
☎️ +95-1-824-8053
📧 [email protected]
📍 No.339, Sakura Tower 8F, Bogyoke Aung San Road, Kyauktada Township, Yangon
🟣 Viber +95-9-431-131-53, +95-9-420-138-184

ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လှူဒါန်းခြင်း 2026/08/16 ရက်နေ့ (တနင်္ဂနွေနေ့) တွင် Myanmar DCR Co., Ltd. မှ ကမ္ဘာအေးစေ...
19/08/2026

ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ လှူဒါန်းခြင်း

2026/08/16 ရက်နေ့ (တနင်္ဂနွေနေ့) တွင် Myanmar DCR Co., Ltd. မှ ကမ္ဘာအေးစေတီတော်အနီးရှိ ရွှေဆံပင်ဆရာတော်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်၍ အလှူငွေ ကျပ် ၃,၆၀၀,၀၀၀ (သုံးဆယ့်ခြောက်သိန်းကျပ်) ကို ဆရာတော်ဘုရားထံ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

အဆိုပါ အလှူငွေများကို ရေဘေးဒဏ်ကြောင့် အခက်အခဲများ ကြုံတွေ့နေရသော ပြည်သူများထံသို့ အချိန်မီ ရောက်ရှိကာ ထိရောက်စွာ ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခြင်း ဖြစ်ပါတယ်။

စုပေါင်းပါဝင်လှူဒါန်းပေးကြသော ဝန်ထမ်းများနှင့် အလှူရှင်များ၏ မွန်မြတ်သော စေတနာများကြောင့် ရေဘေးသင့်မိသားစုများ၏ လိုအပ်ချက်များကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ပါတယ်။ ဤကုသိုလ်ကောင်းမှုအစုစု၏ အကျိုးကျေးဇူးများဖြင့် အလှူရှင်များအားလုံး ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကာ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။🙏🙏🙏

မင်္ဂလာပါရှင်။ 🌸ဒီ Post လေးကြောင့် အရေးကြီးသတင်းတွေ ဖုံးသွားခဲ့ရင် တောင်းပန်ပါတယ်ရှင်။ MDCR ရဲ့ Facebook စာမျက်နှာကို အမ...
11/08/2026

မင်္ဂလာပါရှင်။ 🌸

ဒီ Post လေးကြောင့် အရေးကြီးသတင်းတွေ ဖုံးသွားခဲ့ရင် တောင်းပန်ပါတယ်ရှင်။ MDCR ရဲ့ Facebook စာမျက်နှာကို အမြဲတမ်း အားပေးဖတ်ရှုပေးနေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဒီတခါမှာတော့ 🎆 ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး မီးပန်းပွဲတော်တွေထဲက တခုဖြစ်တဲ့ "နဂါအိုကာ မီးပန်းပွဲတော် (Nagaoka Fireworks Festival)" အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ရှင်။

🎆 နဂါအိုကာ မီးပန်းပွဲတော်ဆိုတာ ဘာလဲ?

နဂါအိုကာ မီးပန်းပွဲတော်ကို ဂျပန်နိုင်ငံ၊ နီဂါတာခရိုင် (Niigata Prefecture) ရှိ နဂါအိုကာမြို့ (Nagaoka City) တွင် နှစ်စဉ် ဩဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့များ၌ ကျင်းပလေ့ရှိပါတယ်။

ဒီပွဲတော်ဟာ ဂျပန်နိုင်ငံ၏ "မီးပန်းပွဲတော်ကြီး ၃ ခု" ထဲမှ တခုအဖြစ် သတ်မှတ်ခံထားရပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည် တသန်းကျော်လာရောက်ကြည့်ရှုကြတဲ့ အလွန်ကျော်ကြားတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။

🌸 ပွဲတော်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်

ဒီမီးပန်းပွဲတော်ဟာ အလှတရားအတွက်သာ ကျင်းပတာမဟုတ်ဘဲ ငြိမ်းချမ်းရေး၊ မျှော်လင့်ချက်နှင့် ပြန်လည်ထူထောင်ရေးတို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း နဂါအိုကာမြို့ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။ စစ်ပြီးနောက် မြို့သူမြို့သားများက နောင်လာမည့် အနာဂတ်အတွက် မျှော်လင့်ချက်များကို ဖော်ပြရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းရန် ဒီမီးပန်းပွဲတော်ကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

🌟 အကြီးမားဆုံး ဆွဲဆောင်မှု - ဖီးနစ်မီးပန်း (Phoenix Fireworks)

နဂါအိုကာပွဲတော်ရဲ့ အမှတ်အသားအဖြစ် လူသိများတာကတော့ "ဖီးနစ်မီးပန်း" ဖြစ်ပါတယ်။

ဒဏ္ဍာရီလာ ဖီးနစ်ငှက်ဟာ မီးထဲက ပြန်လည်မွေးဖွားလာတတ်သလို နဂါအိုကာမြို့ရဲ့ ပြန်လည်ထူထောင်နိုင်မှုကို ကိုယ်စားပြုထားပါတယ်။

၂ ကီလိုမီတာကျော်ခန့် ရှည်လျားတဲ့ ညကောင်းကင်တလျှောက် ပြန့်ကျဲပေါက်ကွဲလာတဲ့ မီးပန်းများကို မြင်တွေ့ရချိန်မှာ ပရိသတ်အများစုဟာ စိတ်လှုပ်ရှားမှု၊ ခံစားမှုများကြောင့် မျက်ရည်ကျသည့်အထိ စွဲမက်ဖွယ်ကောင်းလှပါတယ်။

🌸 အကျဉ်းချုပ်

နဂါအိုကာ မီးပန်းပွဲတော်ဟာ မီးပန်းပြပွဲတခုတင် မဟုတ်ဘဲ ငြိမ်းချမ်းရေး၊ မျှော်လင့်ချက်နှင့် လူသားတွေရဲ့ ပြန်လည်ထူထောင်နိုင်စွမ်းကို ဖော်ပြတဲ့ အထူးပွဲတော်တခု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ နွေရာသီအလှတရားနဲ့ ရိုးရာယဉ်ကျေးမှုကို ကိုယ်တိုင်ခံစားချင်သူများအတွက်တော့ တကြိမ်တော့ မဖြစ်မနေ သွားရောက်လေ့လာသင့်တဲ့ ပွဲတော်တခုလို့ ပြောချင်ပါတယ်ရှင်။ ✨

အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ 🙏

Photo Credits ===========================================

こんにちは。

いつもMDCRのFacebookページをご覧いただきありがとうございます。

今回は🎆「長岡まつり大花火大会」をご紹介します。

新潟県長岡市で毎年8月2日・3日に開催される長岡まつり大花火大会は、日本三大花火大会の一つとして広く知られています。

🌸 花火に込められた願い

この花火大会は、1945年の長岡空襲からの復興への祈りと平和への願いを込めて始まりました。

🌟 復興の象徴「フェニックス花火」

長岡花火の最大の見どころは「フェニックス花火」です。不死鳥がよみがえる姿をイメージした壮大な花火で、復興への願いを表しています。

🌸 まとめ

長岡まつり大花火大会は、花火の美しさだけでなく、平和と復興への願いを感じられる特別なイベントです。日本の夏を代表する感動的な花火大会を、ぜひ一度体験してみてください。

最後まで読んでいただき、ありがとうございました。

#長岡まつり大花火大会

#日本三大花火大会
#日本文化イベント
#新潟観光


#花火大会

【ミャンマー語】(Japanese Below)မင်္ဂလာပါရှင်။MDCR ရဲ့ Page ကို အမြဲလိုက်ကြည့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။👘 ဒီတစ်ပတ်မှာတော့ ...
24/07/2026

【ミャンマー語】(Japanese Below)

မင်္ဂလာပါရှင်။

MDCR ရဲ့ Page ကို အမြဲလိုက်ကြည့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

👘 ဒီတစ်ပတ်မှာတော့ ဂျပန်ရိုးရာဝတ်စုံ "ကီမိုနို" ၏ အလှတရားအကြောင်းကို မျှဝေပေးချင်ပါတယ်ရှင်။

ကီမိုနိုဟာ ဂျပန်နိုင်ငံရဲ့ အထင်ကရ ရိုးရာဝတ်စုံတစ်မျိုးဖြစ်ပြီး ဝတ်ဆင်သည့် အခမ်းအနားနှင့် အချိန်အခါအလိုက် အမျိုးအစားအမျိုးမျိုးရှိပါတယ်။

အဓိက ကီမိုနိုအမျိုးအစားအချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

🌸 Shiromuku (အဖြူရောင်သတို့သမီးကီမိုနို)
Shinto မင်္ဂလာပွဲတွင် သတို့သမီးဝတ်ဆင်သော အဖြူရောင်ကီမိုနိုဖြစ်ပြီး သန့်ရှင်းမှုနှင့် ဘဝသစ်စတင်ခြင်းကို ကိုယ်စားပြုပါတယ်။

🌸 Irouchikake (အရောင်စုံသတို့သမီးကီမိုနို)
အရောင်အသွေးစုံလင်ပြီး ပန်းထိုးအလှဆင်များဖြင့် ပြုလုပ်ထားသော မင်္ဂလာဝတ်စုံဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးရာတွင် လူကြိုက်များပါတယ်။

🌸 Furisode (ဖူရီဆိုဒဲ)
လက်ရှည်ဒီဇိုင်းဖြင့် အိမ်ထောင်မရှိသေးသော အမျိုးသမီးများ၏ အခမ်းအနားဝတ်စုံဖြစ်ပြီး အသက် ၂၀ ပြည့် အရွယ်ရောက်လာခြင်းအခမ်းအနားပွဲများနှင့် မင်္ဂလာပွဲများတွင် အများဆုံးဝတ်ဆင်ကြပါတယ်။

🌸 Kurotomesode (ခူရိုတိုမဲဆိုဒဲ)
အိမ်ထောင်သည်အမျိုးသမီးများ၏ အခမ်းအနားဝတ်စုံဖြစ်ပြီး မင်္ဂလာပွဲများတွင် သတို့သား၊ သတို့သမီး၏ မိသားစုဝင်များက အများဆုံးဝတ်ဆင်ကြပါတယ်။

🌸 Homongi (ဟိုမွန်ဂိ)
မင်္ဂလာပွဲများ၊ လက်ဖက်ရည်အခမ်းအနားများနှင့် အခြားတရားဝင်အခမ်းအနားများတွင် ဝတ်ဆင်တဲ့ ကီမိုနိုဖြစ်ပါတယ်။

🌸 Komon (ကိုမွန်)
နေ့စဉ်အပြင်ထွက်ခြင်း၊ မြို့လည်လည်ပတ်ခြင်းနှင့် ခရီးသွားရာတွင် ဝတ်ဆင်ရန် သင့်တော်သော ပေါ့ပါးတဲ့ ကီမိုနိုဖြစ်ပါတယ်။

🌸 Yukata (ယူကာတာ)
ချည်သားဖြင့် ပြုလုပ်ထားသော ပေါ့ပါးပြီး အေးမြသော နွေရာသီကီမိုနိုဖြစ်ပြီး နွေရာသီပွဲတော်များနှင့် မီးပန်းပွဲများတွင် လူကြိုက်များပါတယ်။

ယနေ့ခေတ်တွင် ကီမိုနိုကို ဝယ်ယူခြင်းထက် ငှားရမ်းဝတ်ဆင်ကာ ဂျပန်ယဉ်ကျေးမှုကို ကိုယ်တိုင်ခံစားခြင်းက ပိုမိုရေပန်းစားလာပါတယ်။ Kyoto နှင့် Asakusa ကဲ့သို့သော နာမည်ကြီးခရီးသွားဒေသများတွင် ကီမိုနိုဝတ်ဆင်ပြီး မြို့လမ်းများကို လည်ပတ်ခြင်းနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်းကို နှစ်သက်သော ပြည်တွင်းပြည်ပ ခရီးသွားများကို အများအပြား တွေ့မြင်နိုင်ပါတယ်။

ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်ခွင့်ရပါက ကီမိုနိုငှားရမ်းဝတ်ဆင်ပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းဝင်မြို့လမ်းများ၏ အလှတရားကို ကိုယ်တိုင်ခံစားကြည့်ပါ။ 👘✨

အခုပြောပြပေးသွားတဲ့ ဂျပန်ရိုးရာဝတ်စုံ "ကီမိုနို" အကြောင်းကို အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

Photo Credits ===========================================

【日本語】

こんにちは。

いつもMDCRのページをご覧いただきありがとうございます。

👘 今週は、日本の伝統衣装「着物」の美しさをご紹介したいと思います。

着物には、着用する場面や機会に応じてさまざまな種類があります。

ここでは、主な着物の種類をいくつかご紹介します。

🌸 白無垢(しろむく)
神前式で花嫁が着用する白い着物で、純潔と新しい人生の始まりを象徴しています。

🌸 色打掛(いろうちかけ)
鮮やかな色彩や刺繍が特徴の婚礼着です。結婚披露宴や前撮りで人気があります。

🌸 振袖(ふりそで)
未婚女性の第一礼装で、長い袖が特徴です。成人式や結婚式などのお祝いの席で着用されます。

🌸 黒留袖(くろとめそで)
既婚女性の第一礼装で、結婚式では新郎新婦の母親や親族が着用します。

🌸 訪問着(ほうもんぎ)
結婚式やお茶会など、さまざまなフォーマルな場面で着用される着物です。

🌸 小紋(こもん)
普段のお出かけや観光に適したカジュアルな着物です。

🌸 浴衣(ゆかた)
綿素材で作られた、軽くて涼しい夏の着物で、夏祭りや花火大会などで人気があります。

近年、着物を購入するよりも、レンタルして日本文化を体験するスタイルが人気です。京都や浅草などの観光地では、着物を着て歴史ある街並みを散策したり、写真撮影を楽しんだりする国内外の観光客の姿が多く見られます。

日本を訪れる機会がありましたら、ぜひ着物をレンタルして、日本の伝統文化と美しい街並みを体験してみてください。👘✨

日本の伝統文化「着物」についての記事を最後までお読みいただき、ありがとうございました。

#着物

Address

No. 339, Sakura Tower 8F, Bogyoke Aung San Road, Kyauktada Township
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+9518248053

Alerts

Be the first to know and let us send you an email when Myanmar DCR Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar DCR Co., Ltd.:

Shortcuts

Share