Business Centric Network

Business Centric Network Solutions, Services and Products for Micro, Small and Medium Enterprises. Your Growth is Our Success!

Business and IT Consulting and Training
Business Plan
Business Consulting
Business Training
Accounting Services
Data Entry Services
Tax Services
Payroll Services
IT Consulting Services
IT Project Management
Software Solution Assessments
Digital Marketing
Customer Service Training
SIYB Training
Coca-Cola Leth-Li Business Skills Training

🚚 Distribution လုပ်ငန်း ကြီးလာတာနဲ့အမျှ စီမံခန့်ခွဲရတာ ပိုရှုပ်လာပါသလား?Customer နည်းပြီး Order မများသေးတဲ့အချိန်မှာ Exc...
10/09/2026

🚚 Distribution လုပ်ငန်း ကြီးလာတာနဲ့အမျှ စီမံခန့်ခွဲရတာ ပိုရှုပ်လာပါသလား?

Customer နည်းပြီး Order မများသေးတဲ့အချိန်မှာ Excel၊ စာရွက်နဲ့ ဖုန်းဆက်မှတ်တမ်းတင်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။

ဒါပေမယ့် လုပ်ငန်းကြီးလာပြီး Customer၊ ကုန်ပစ္စည်း၊ အရောင်းသမားနဲ့ Warehouse တွေ များလာတဲ့အခါ—
❓ Customer Order တွေကို ဘယ်လို စနစ်တကျစီမံမလဲ?
❓ အတည်ပြုပြီးတဲ့ Order တွေကို မှန်ကန်တဲ့ Customer ဆီ အချိန်မီ ဘယ်လိုပို့မလဲ?
❓ သက်တမ်းကုန်တော့မယ့် ကုန်ပစ္စည်းတွေကို ဘယ်လိုထိန်းချုပ်မလဲ?
❓ ကုန်ကျစရိတ်နဲ့ Margin ပေါ်မူတည်ပြီး ရောင်းဈေးကို ဘယ်လို အမြန်တွက်မလဲ?
❓ “၂ ခုဝယ် ၁ ခုလက်ဆောင်” သို့မဟုတ် Invoice Amount ပေါ်မူတည်တဲ့ Discount တွေကို ဘယ်လိုပေးမလဲ?
❓ ဘယ်ကုန်ပစ္စည်းတွေက အရောင်းအကောင်းဆုံးလဲ?
❓ Warehouse ထဲမှာ မရောင်းရဘဲ ပုံနေတဲ့ Slow-Moving Stock တွေ ရှိနေပြီလား?
❓ လမ်းကြောင်းထွက်နေတဲ့ အရောင်းသမားတွေက Mobile နဲ့ တစ်ခါတည်း Order ကောက်ပြီး ရောင်းချနိုင်မလား?

ဒီအခက်အခဲတွေကို System တစ်ခုစီ သီးခြားခွဲသုံးမယ့်အစား ERPNext နဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ချိတ်ဆက်စီမံနိုင်ပါတယ်။

ERPNext က ဘယ်လိုကူညီပေးနိုင်မလဲ?
✅ Customer Order Management
Quotation ကနေ Sales Order အထိ စနစ်တကျ မှတ်တမ်းတင်နိုင်ပြီး Customer တစ်ဦးချင်းစီရဲ့ Order၊ Credit Limit၊ Outstanding နဲ့ Order Status ကို စောင့်ကြည့်နိုင်ပါတယ်။
✅ Warehouse & Delivery Management
အတည်ပြုပြီးတဲ့ Order အလိုက် Stock Availability စစ်ဆေးခြင်း၊ ပစ္စည်းရွေးထုတ်ခြင်း၊ Delivery Note ပြုလုပ်ခြင်းနဲ့ ပေးပို့ပြီး/မပို့ရသေးတဲ့ ပမာဏတွေကို စောင့်ကြည့်နိုင်ပါတယ်။

✅ Batch & Expiry Management
ကုန်ပစ္စည်းတွေကို Batch Number နဲ့ Expiry Date အလိုက် ထိန်းချုပ်နိုင်ပြီး သက်တမ်းကုန်တော့မယ့် Stock တွေကို ကြိုတင်စစ်ဆေးနိုင်ပါတယ်။ သင့်လုပ်ငန်း Process နဲ့ကိုက်ညီရင် သက်တမ်းစောဆုံး Batch ကို ဦးစားပေးထုတ်ပေးနိုင်တဲ့ နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။

✅ Pricing & Margin Control
Customer Group၊ Territory၊ Quantity၊ Price List နဲ့ သတ်မှတ်ကာလအလိုက် ရောင်းဈေးနဲ့ Discount တွေ သတ်မှတ်နိုင်ပါတယ်။ Cost နဲ့ Margin ကိုကြည့်ပြီး သင့်တော်တဲ့ Selling Price ကိုလည်း သတ်မှတ်နိုင်ပါတယ်။

✅ Promotion & Discount Rules
“၂ ခုဝယ် ၁ ခုလက်ဆောင်”၊ Quantity အလိုက် Discount၊ Invoice Amount အလိုက် Discount နဲ့ သတ်မှတ်ကာလ Promotion တွေကို Pricing Rule ကို အသုံးပြုနိုင်ပါတယ်။

✅ Best-Selling Product Analysis
Item၊ Item Group၊ Brand၊ Customer၊ Territory နဲ့ Salesperson အလိုက် အရောင်းရလဒ်တွေကို ခွဲခြမ်းကြည့်နိုင်ပြီး ဘယ်ကုန်ပစ္စည်းတွေက အရောင်းအကောင်းဆုံးလဲ သိရှိနိုင်ပါတယ်။

✅ Slow-Moving & Non-Moving Stock Analysis
Warehouse ထဲမှာ အချိန်ကြာမြင့်စွာ မရောင်းရသေးတဲ့ Stock၊ ရောင်းအားနှေးနေတဲ့ Stock နဲ့ Overstock ဖြစ်နေတဲ့ ပစ္စည်းတွေကို Report နဲ့ စစ်ဆေးနိုင်ပါတယ်။

✅ Mobile Sales & Van Sales
လမ်းကြောင်းထွက်နေတဲ့ Salesperson တွေအတွက် Customer ရွေးခြင်း၊ လက်ကျန် Stock စစ်ခြင်း၊ Order ကောက်ခြင်း၊ Invoice ပြုလုပ်ခြင်းနဲ့ Payment မှတ်တမ်းတင်ခြင်းတွေကို Mobile ကနေ လုပ်ဆောင်နိုင်အောင် စီစဉ်ပေးနိုင်ပါတယ်။

လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ERPNext ရဲ့ Mobile-Friendly Interface ကို အသုံးပြုနိုင်သလို Van Sales Mobile App နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

BCN က ဘာတွေ ပံ့ပိုးပေးနိုင်မလဲ?
BCN က Software တပ်ဆင်ပေးရုံတင်မဟုတ်ဘဲ သင့် Distribution လုပ်ငန်းရဲ့ လက်ရှိ Process ကို လေ့လာပြီး—
🔹 Business Requirement Analysis
🔹 Distribution Process Design
🔹 ERPNext Setup & Configuration
🔹 Warehouse, Batch, Expiry နှင့် Pricing Setup
🔹 Promotion & Approval Workflow Configuration
🔹 Data Migration
🔹 Management Reports & Dashboards
🔹 Mobile/Van Sales Integration
🔹 User Training & Go-Live Support
တို့ကို လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီအောင် ပံ့ပိုးပေးနိုင်ပါတယ်။

ERPNext Standard Feature နဲ့ ဖြေရှင်းနိုင်တာတွေကို ဦးစားပေးအသုံးပြုပြီး လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်တဲ့ နေရာမှာသာ Report၊ Workflow၊ Integration သို့မဟုတ် Customization ထည့်သွင်းစဉ်းစားပေးမှာဖြစ်ပါတယ်။

🎯 Order မှ Delivery အထိ
🎯 Warehouse မှ Mobile Sales အထိ
🎯 Transaction Data မှ Management Decision အထိ
Distribution လုပ်ငန်းတစ်ခုလုံးကို ERPNext နဲ့ ချိတ်ဆက်စီမံလိုပါသလား?

🤝 BCN — Your Trusted Frappe Partner in Myanmar
📧 [email protected]
📞 +95 9 977 160 671
🌐 www.bcncl.com

💰 ရောင်းအားကောင်းနေပေမယ့်… ရောင်းလေလေ ရှုံးလေလေ ဖြစ်နေပါသလား?ကုန်ပစ္စည်းတစ်ခုကို ဝယ်ဈေးထက်ပိုရောင်းနေတာနဲ့ အမြတ်ရနေပြီလိ...
08/09/2026

💰 ရောင်းအားကောင်းနေပေမယ့်… ရောင်းလေလေ ရှုံးလေလေ ဖြစ်နေပါသလား?

ကုန်ပစ္စည်းတစ်ခုကို ဝယ်ဈေးထက်ပိုရောင်းနေတာနဲ့ အမြတ်ရနေပြီလို့ မဆိုနိုင်ပါဘူး။
အမြတ်ရဖို့ ပထမဆုံး သိထားသင့်တာက ကုန်ပစ္စည်းရဲ့ အမှန်တကယ်ကုန်ကျစရိတ် (Actual Cost) ပါ။

ဥပမာ ပစ္စည်းဝယ်ဈေးတင်မဟုတ်ဘဲ သယ်ယူပို့ဆောင်ခ၊ အကောက်ခွန်နဲ့ ကုန်ပစ္စည်းရရှိလာတဲ့အထိ တိုက်ရိုက်သက်ဆိုင်တဲ့ Additional Costs တွေရှိရင် အဲဒီကုန်ကျစရိတ်တွေကိုပါ ထည့်သွင်းစဉ်းစားမှ Landed Cost / Actual Stock Cost ကို ပိုတိကျစွာ သိနိုင်မှာဖြစ်ပါတယ်။

အဲဒီ Cost ပေါ်မှာ သင့်တော်တဲ့ Margin ထည့်ပြီး Selling Price သတ်မှတ်မှသာ ရောင်းချမှုတစ်ခုချင်းစီက လုပ်ငန်းအတွက် ဘယ်လောက်အမြတ်ကျန်သလဲဆိုတာ ပိုရှင်းလာပါမယ်။
ဒါပေမယ့် Gross Margin ရှိရုံနဲ့ လုပ်ငန်းတစ်ခုလုံး အမြတ်ရနေပြီလို့လည်း မဆိုနိုင်သေးပါဘူး။
လစာ၊ ဆိုင်ခန်းငှားရမ်းခ၊ ရုံးခန်းစရိတ်၊ Marketing၊ Utilities နဲ့ အခြား Indirect / Operating Costs တွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဥပမာ—
Fixed & Indirect Cost = 10,000,000 MMK / Month
Contribution Margin per Unit = 10,000 MMK
ဆိုရင် အနည်းဆုံး 1,000 Units ရောင်းမှ အရင်းကျေမယ့် Break-Even Point ကို ရောက်မှာဖြစ်ပါတယ်။

💡 ERPNext က ဘယ်လိုကူညီပေးနိုင်မလဲ?

ERPNext မှာ Buying, Inventory, Selling နဲ့ Accounting Data တွေ ချိတ်ဆက်ထားနိုင်တာကြောင့်—
✅ Purchase နဲ့ Stock Cost ကို စနစ်တကျ မှတ်တမ်းတင်နိုင်မယ်
✅ Freight, Duty စတဲ့ သက်ဆိုင်ရာ Additional Costs တွေကို Landed Cost အဖြစ် Stock Valuation ထဲ ခွဲဝေထည့်သွင်းနိုင်မယ်
✅ Stock Valuation နဲ့ COGS ကို Transaction တွေနဲ့ ချိတ်ဆက်တွက်ချက်နိုင်မယ်
✅ Item Price နဲ့ Pricing Rule တွေကို စနစ်တကျ စီမံနိုင်မယ်
✅ Sales, Cost of Goods Sold နဲ့ Gross Profit ကို ခွဲခြမ်းကြည့်နိုင်မယ်
✅ Accounting Reports တွေကနေ Operating Expenses နဲ့ Profitability ကို ဆက်လက်စောင့်ကြည့်နိုင်မယ်

အရေးကြီးတာတစ်ခုက Break-Even Analysis ကို ERPNext က အလိုအလျောက်တွက်ပေးတယ်လို့ မယူဆသင့်ပါဘူး။

ERPNext ထဲက Sales, Cost နဲ့ Expense Data တွေကို အသုံးပြုပြီး Management Report သို့မဟုတ် သင့်လုပ်ငန်းအတွက် သင့်တော်တဲ့ Analysis ပုံစံနဲ့ Break-Even Quantity / Target Sales ကိုတွက်ချက်နိုင်ပါတယ်။

🎯 Know Your Cost → Set the Right Margin → Know Your Break-Even Point → Protect Your Profit

ရောင်းအားတိုးဖို့တစ်ခုတည်း မကြည့်ပါနဲ့။ ရောင်းလိုက်တဲ့ Sale တိုင်းမှာ အမြတ်ရှိနေဖို့ ပိုအရေးကြီးပါတယ်။

ကုန်ပစ္စည်းရဲ့ Actual Cost ကနေ Gross Profit၊ Operating Expense နဲ့ Break-Even Analysis အထိ ERPNext ကို အသုံးပြုပြီး ဘယ်လိုစနစ်တကျ စီမံနိုင်မလဲဆိုတာ BCN နဲ့ ဆွေးနွေးနိုင်ပါတယ်။

🤝 BCN — Your Trusted Frappe Partner in Myanmar

☁️ Cloud-Based ERP တစ်ခုကို ကိုယ်တိုင်စတင်အသုံးပြုချင်ပါသလား?ERP System သုံးတိုင်း Implementation Service မဖြစ်မနေယူရမယ်...
05/09/2026

☁️ Cloud-Based ERP တစ်ခုကို ကိုယ်တိုင်စတင်အသုံးပြုချင်ပါသလား?

ERP System သုံးတိုင်း Implementation Service မဖြစ်မနေယူရမယ်လို့ မဆိုလိုပါဘူး။
လုပ်ငန်း Process က ရိုးရှင်းပြီး Accounting, Stock, Buying, Selling စတဲ့ Business Process တွေကို နားလည်ထားသလို System အသုံးပြုမှုအတွေ့အကြုံလည်း ရှိတယ်ဆိုရင် ERPNext ကို ကိုယ်တိုင် Subscription လုပ်ပြီး စတင်အသုံးပြုနိုင်ပါတယ်။

🌐 ERPNext ကို လေ့လာရန်နှင့် စတင်အသုံးပြုရန် — ERPNext Official Website

ERPNext အသုံးပြုနည်း၊ Setup လုပ်နည်းနဲ့ Module တစ်ခုချင်းစီအတွက် Documentation တွေကိုလည်း Online ကနေ လေ့လာနိုင်ပါတယ်။

📚 ERPNext Documentation

ရိုးရှင်းတဲ့လုပ်ငန်းတွေအတွက် ကိုယ်တိုင်စတင်အသုံးပြုနိုင်ပေမယ့် Multi-Branch, Complex Inventory, Manufacturing, Approval Workflow, Data Migration, Integration သို့မဟုတ် Customization စတဲ့ Requirement တွေရှိလာရင်တော့ Professional Implementation ကို စဉ်းစားသင့်ပါတယ်။

🎯 Simple Business + Experienced Users → Self-Implementation
🎯 Complex Business + Complex Requirements → Professional Implementation

အဓိကက Service ယူ/မယူဆိုတာထက် မိမိလုပ်ငန်းရဲ့ Complexity နဲ့ Team Capability ကို သုံးသပ်ပြီး သင့်တော်တဲ့ Implementation Approach ကို ရွေးချယ်ဖို့ပါ။

🤝 BCN — Your Trusted Frappe Partner in Myanmar

ERPNext is the world's best 100% open source ERP software which supports manufacturing, distribution, retail, trading, services, education & more. Contact us!

Stock ရှိတယ်ဆိုတာနဲ့ ရောင်းလို့ရတယ် မဟုတ်ပါ။ERPNext နဲ့ Sales Order Commitment နဲ့ Stock Reservation ကို စနစ်တကျ ထိန်းချ...
03/09/2026

Stock ရှိတယ်ဆိုတာနဲ့ ရောင်းလို့ရတယ် မဟုတ်ပါ။

ERPNext နဲ့ Sales Order Commitment နဲ့ Stock Reservation ကို စနစ်တကျ ထိန်းချုပ်ပြီး ရောင်းချနိုင်မည့် အရေအတွက် ထက်မကျော်အောင် ကာကွယ်ပြီး Customer Satisfication တိုးအောင်လုပ်ဆောင်နိုင်ပါတယ်။

🔗 Read More: https://www.bcncl.com/blog/ERPNext/able-to-sell-when-you-see-stock
📧 [email protected] | 📞 +95 9 977 160 671
👉 Talk to BCN today and discover how ERPNext can transform your Trading & Distribution business.

📊 စာရင်းစာအုပ်ကနေ Accounting System ပြောင်းဖို့ စဉ်းစားနေပါသလား?လုပ်ငန်းကြီးလာတာနဲ့အမျှ စာရင်းစာအုပ်၊ Excel ဒါမှမဟုတ် လက...
01/09/2026

📊 စာရင်းစာအုပ်ကနေ Accounting System ပြောင်းဖို့ စဉ်းစားနေပါသလား?
လုပ်ငန်းကြီးလာတာနဲ့အမျှ စာရင်းစာအုပ်၊ Excel ဒါမှမဟုတ် လက်ရှိအသုံးပြုနေတဲ့ Accounting Software က လုပ်ငန်းလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တော့တဲ့အချိန် ရောက်လာနိုင်ပါတယ်။
ဒါဆို System အသစ်ကို ဘယ်အချိန်မှာ စပြောင်းသင့်မလဲ?
💡 အကောင်းဆုံးအချိန်တစ်ခုကတော့ စာရင်းကာလအသစ် (New Accounting Period) စတင်ချိန် ဖြစ်ပါတယ်။
ဒီအချိန်မှာ ပြောင်းလဲခြင်းအားဖြင့် အရင်စာရင်းကာလကို သေချာစွာပိတ်ပြီး Closing Balance တွေကို System အသစ်ရဲ့ Opening Balance အဖြစ် စနစ်တကျ စတင်နိုင်ပါတယ်။ စာရင်းကာလအလယ်မှာ System နှစ်ခုခွဲပြီး စာရင်းလုပ်ရတဲ့အခက်အခဲကိုလည်း လျှော့ချနိုင်ပါတယ်။

📋 System မပြောင်းခင် ဘာတွေပြင်ဆင်ထားသင့်လဲ?
Software ဝယ်ထားရုံနဲ့ Implementation အောင်မြင်မှာ မဟုတ်ပါ။ အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်—
• ✅ အသုံးပြုမယ့်ဝန်ထမ်းတွေကို ကြိုတင် Training ပေးထားခြင်း
• ✅ Chart of Accounts ကို ပြန်လည်စိစစ်ထားခြင်း
• ✅ Stock Quantity နှင့် Stock Value ကို မှန်ကန်စွာသတ်မှတ်ထားခြင်း
• ✅ Customer နှင့် Accounts Receivable စာရင်းများ ပြင်ဆင်ထားခြင်း
• ✅ Supplier နှင့် Accounts Payable စာရင်းများ ပြင်ဆင်ထားခြင်း
• ✅ Fixed Assets နှင့် Accumulated Depreciation စာရင်းများ ပြင်ဆင်ထားခြင်း
• ✅ Bank နှင့် Cash Balance များ စိစစ်ထားခြင်း
• ✅ Other Receivable / Payable များ စာရင်းပြုစုထားခြင်း
• ✅ Shareholder Investment / Equity Balance များ ပြင်ဆင်ထားခြင်း
• ✅ Prepayment နှင့် Advance Received များ စိစစ်ထားခြင်း
Cut-off Date တစ်ခု သတ်မှတ်ပြီး အချက်တွေကို စနစ်တကျ ပြင်ဆင်ထားနိုင်ရင် System အသစ်ကို ပိုမိုချောမွေ့စွာ စတင်နိုင်ပါတယ်။

🚀 Accounting Software တစ်ခုထက်ပိုတဲ့ Business Management System ကို စဉ်းစားပါ
System အသစ်ပြောင်းတော့မယ်ဆိုရင် Accounting တစ်ခုတည်းကိုသာ မစဉ်းစားဘဲ—
Accounting → Buying → Selling → Inventory → Assets → Management Reporting
အထိ လုပ်ငန်း Data တွေကို ချိတ်ဆက်စီမံနိုင်မယ့် ERP System ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ERPNext အသုံးပြုခြင်းအားဖြင့် Transaction တစ်ခုချင်းစီက Accounting နဲ့ ချိတ်ဆက်သွားနိုင်တာကြောင့် Data Entry ထပ်လုပ်ရမှုကို လျှော့ချပြီး Management အတွက် လိုအပ်တဲ့ Information ကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်ပါတယ်။

🎯 System ပြောင်းတာဟာ Software ပြောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။
လုပ်ငန်း Process နဲ့ Data ကို ပိုမိုစနစ်ကျအောင် ပြောင်းလဲခြင်းလည်း ဖြစ်ပါတယ်။
သင့်လုပ်ငန်းအတွက် လက်ရှိ Accounting Process ကို ဘယ်လိုပြောင်းလဲသင့်လဲ၊ ERPNext သင့်တော်မသင့်တော်နဲ့ Data Migration အတွက် ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ BCN နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🤝 BCN — Your Trusted Frappe Partner in Myanmar

📢 သင့်လုပ်ငန်းအတွက် သင့်တော်တဲ့ ERP Implementation Cost ကို ဘယ်လိုသိနိုင်မလဲ?ERP Implementation ဆိုတာ လုပ်ငန်းတိုင်းအတွက...
30/08/2026

📢 သင့်လုပ်ငန်းအတွက် သင့်တော်တဲ့ ERP Implementation Cost ကို ဘယ်လိုသိနိုင်မလဲ?
ERP Implementation ဆိုတာ လုပ်ငန်းတိုင်းအတွက် Package တစ်ခုတည်းနဲ့ တစ်ပုံစံတည်း အသုံးပြုနိုင်တဲ့ Solution မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုချင်းစီရဲ့ Business Process နဲ့ Requirement မတူညီတာကြောင့် Implementation Scope, Cost နဲ့ Timeline တွေလည်း ကွာခြားနိုင်ပါတယ်။

ERP Implementation မှာ အဓိကအားဖြင့်—
⚙️ System Configuration — လုပ်ငန်း Process နဲ့ ကိုက်ညီအောင် ERPNext ကို Setup & Configure လုပ်ပေးခြင်း
👥 User Training — အသုံးပြုမယ့်ဝန်ထမ်းတွေ System ကို မှန်မှန်ကန်ကန်နဲ့ ရေရှည်အသုံးပြုနိုင်အောင် Training ပေးခြင်း
🔄 Business Process Alignment — လက်ရှိလုပ်ငန်းစဉ်တွေကို ERPNext နဲ့ ကိုက်ညီအောင် ချိတ်ဆက်ပြီး လိုအပ်သလို ပြန်လည်စီစဉ်ခြင်း
🛠️ Customization — Standard ERPNext နဲ့ မဖြေရှင်းနိုင်တဲ့ မဖြစ်မနေလိုအပ်တဲ့ Requirement တွေရှိရင် လိုအပ်သလောက် Develop လုပ်ပေးခြင်း
တို့ ပါဝင်နိုင်ပါတယ်။

👗 Tailor-Made အဝတ်အစားချုပ်သလိုပါပဲ။
အဝတ်အစားအမျိုးအစားတူပေမယ့် Pattern နဲ့ Design မတူရင် ချုပ်လုပ်ရတဲ့အချိန်နဲ့ ကုန်ကျစရိတ် မတူနိုင်သလို၊ ERP Implementation မှာလည်း Requirement မတူရင် Scope နဲ့ Quotation မတူနိုင်ပါဘူး။

ဒါကြောင့် တိကျတဲ့ Quotation တစ်ခုရရှိဖို့ ပထမဆုံး လိုအပ်တာက သင့်လုပ်ငန်းရဲ့ Requirement ကို နားလည်ဖို့ပါ။
🎯 Right Requirements → Right Scope → Right Quotation
Requirement ကို နားလည်မှ သင့်တော်တဲ့ Scope ကို သတ်မှတ်နိုင်မယ်။ Scope မှန်ကန်မှလည်း Cost နဲ့ Timeline ကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ERPNext အသုံးပြုဖို့ စဉ်းစားနေပြီး “ကျွန်တော်တို့လုပ်ငန်းအတွက် ဘာတွေလိုမလဲ၊ Implementation Cost ဘယ်လောက်ရှိနိုင်မလဲ?” သိချင်တယ်ဆိုရင် BCN နဲ့ Requirement Discussion ပြုလုပ်ပြီး သင့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ Implementation Plan နဲ့ Cost Estimate ကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။

🤝 BCN — Your Trusted Frappe Partner in Myanmar
📧 [email protected] | 📞 +95 9 977 160 671

အရောင်းကောင်းပေမယ့် ဘာကြောင့် ငွေမကျန်တာလဲ?Profit ရှိတာနဲ့ Cash ရှိတာ မတူပါဘူး။ Cash Flow ကို မမြင်နိုင်တဲ့အခါ Customer ...
29/08/2026

အရောင်းကောင်းပေမယ့် ဘာကြောင့် ငွေမကျန်တာလဲ?
Profit ရှိတာနဲ့ Cash ရှိတာ မတူပါဘူး။ Cash Flow ကို မမြင်နိုင်တဲ့အခါ Customer Outstanding မသိနိုင်၊ Supplier Payment မရှင်းနိုင်၊ အသုံးစရိတ်တွေကို ကြိုတင်မစီမံနိုင်ပါ။
ERPNext ကတော့—
✔ Cash Flow ကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မယ်
✔ Customer Outstanding Amount များ သိနိုင်မယ်
✔ Accounts Receivable Aging Report ရနိုင်မယ်
✔ ပေးချေရမည့် ငွေများ စနစ်တကျ စီမံနိုင်မယ်
Profit က စာရင်းထဲမှာ ရှိနိုင်ပါတယ်။ Cash Flow ကပဲ လုပ်ငန်းကို အသက်ရှင်စေပါတယ်။
🔗 Blog Post အပြည့်အစုံကို ဖတ်ရန်: https://www.bcncl.com/blog/ERPNext/sales-can-increase-while-cash-remains-insufficient-why

📊 Sales Data ရှိရုံနဲ့ မလုံလောက်ပါBusiness Owner နဲ့ Management အတွက် အရေးကြီးတာက Sales Invoice ဘယ်လောက်ဖွင့်ထားလဲဆိုတာထ...
27/08/2026

📊 Sales Data ရှိရုံနဲ့ မလုံလောက်ပါ

Business Owner နဲ့ Management အတွက် အရေးကြီးတာက Sales Invoice ဘယ်လောက်ဖွင့်ထားလဲဆိုတာထက်၊ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ Sales Information ကို ချက်ချင်းရနိုင်ဖို့ ဖြစ်ပါတယ်။

🎯 မေးခွန်းတွေက—
• ဒီလ Total Sales ဘယ်လောက်ရှိလဲ?
• ဘယ် Item / Item Group ရောင်းအားကောင်းလဲ?
• ဘယ် Customer / Customer Group က အများဆုံးဝယ်ယူလဲ?
• ဘယ် Brand က Revenue ပိုကောင်းလဲ?
• ဘယ် Branch / Warehouse က Performance ကောင်းလဲ?
• ဘယ် Territory / Cost Center က Sales ပိုများလဲ?
ဒီအဖြေတွေကို Excel ပြန်စု၊ Formula တွက်ပြီးမှ သိနေရမယ်ဆိုရင် Data ရှိပေမယ့် Management Information ရရှိမှုက မမြန်သေးပါဘူး။

💡 ERPNext မှာတော့ Sales Data ကို အသုံးပြုပြီး ကိုယ့်လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Sales Summary Report တည်ဆောက်နိုင်ပါတယ်။

📌 BCN Sales Summary Report မှာ—
• Total Items
• Total Quantity
• Total Sales
စတဲ့ KPI တွေကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်ပြီး Item, Customer, Customer Group, Territory, Item Group, Brand, Warehouse နဲ့ Cost Center အလိုက်လည်း Sales Analysis လုပ်နိုင်ပါတယ်။

✅ အကောင်းဆုံး Management Report ဆိုတာ Data အများကြီးပြတာမဟုတ်ပါ။
မှန်ကန်တဲ့ Data ကို၊ မှန်ကန်တဲ့လူက၊ မှန်ကန်တဲ့အချိန်မှာ၊ မှန်ကန်တဲ့ပုံစံနဲ့ မြင်နိုင်စေတဲ့ Report ဖြစ်ပါတယ်။

🚀 Better Reports. Better Visibility. Better Decisions.
👉 အသေးစိတ်ကို https://www.bcncl.com/blog/ERPNext/sales-analysis မှာ ဖတ်ရှုနိုင်ပါတယ်။
🤝 BCN — Your Trusted Frappe Partner in Myanmar

💡 Frappe Suite — One Platform. Endless Possibilities.လုပ်ငန်းတစ်ခုကို Digital Transformation လုပ်ဖို့ဆိုတာ Software အမျာ...
26/08/2026

💡 Frappe Suite — One Platform. Endless Possibilities.

လုပ်ငန်းတစ်ခုကို Digital Transformation လုပ်ဖို့ဆိုတာ Software အများကြီး သီးခြားစီသုံးဖို့ မလိုပါဘူး။
Documents အတွက်တစ်ခု၊ Spreadsheets အတွက်တစ်ခု၊ Meetings အတွက်တစ်ခု၊ Email နဲ့ Calendar အတွက်တစ်ခု…
Tools များလာတာနဲ့အမျှ Data တွေ ပြန့်ကျဲလာပြီး Team Collaboration ကလည်း ပိုရှုပ်ထွေးလာနိုင်ပါတယ်။
✨ Frappe Suite ကတော့ လုပ်ငန်းခွင်မှာ နေ့စဉ်လိုအပ်တဲ့ Productivity & Collaboration Tools တွေကို တစ်ခုတည်းသော Ecosystem အဖြစ် စုစည်းပေးထားပါတယ်။
📁 Drive — Files & Documents များကို စနစ်တကျ သိမ်းဆည်း၊ မျှဝေရန်
📝 Writer — Documents များ ဖန်တီးပြီး Team နဲ့ ပူးပေါင်းလုပ်ဆောင်ရန်
📊 Sheets — Data နဲ့ Spreadsheets များကို စီမံရန်
📽️ Slides — Presentations များ ဖန်တီးရန်
🎥 Meet — Team Meetings & Online Collaboration အတွက်
📧 Mail — Business Communication အတွက်
📅 Calendar — Meetings, Events နဲ့ Schedule များ စီမံရန်
ဒါတင်မကဘဲ Frappe ရဲ့ Open-Source Technology ကြောင့် လုပ်ငန်းတွေအနေနဲ့ ပိုမိုလွတ်လပ်စွာ အသုံးချနိုင်ပြီး မိမိလုပ်ငန်းလိုအပ်ချက်အလိုက် ပြင်ဆင်တိုးချဲ့နိုင်တဲ့ အခွင့်အလမ်းလည်း ရရှိနိုင်ပါတယ်။

✨ One Ecosystem
🤝 Better Collaboration
⚡ Smarter Productivity
🔓 Open-Source Flexibility
Software တစ်ခုချင်းစီ သီးခြားစီ အသုံးပြုနေရတာထက် Team တစ်ခုလုံးကို Connected Digital Workspace တစ်ခုအတွင်း အတူတကွ အလုပ်လုပ်နိုင်အောင် ပြောင်းလဲလိုက်ပါ။
🎯 Explore. Collaborate. Transform.
Your digital workspace, powered by Frappe.

Frappe Solutions တွေကို သင့်လုပ်ငန်းမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ BCN နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
📱 Phone / Viber: +95 9 977 160 671
📧 Email: [email protected]
🌐 Website: www.bcncl.com
🤝 BCN — Your Trusted Frappe Partner in Myanmar

ERPNext မှာ Item တစ်ခုတည်းနဲ့ Unit အမျိုးမျိုးကို စနစ်တကျ ထိန်းချုပ်နိုင်ပါတယ်။Trading, Wholesale, Retail လုပ်ငန်းတွေမှာ...
25/08/2026

ERPNext မှာ Item တစ်ခုတည်းနဲ့ Unit အမျိုးမျိုးကို စနစ်တကျ ထိန်းချုပ်နိုင်ပါတယ်။
Trading, Wholesale, Retail လုပ်ငန်းတွေမှာ Carton နဲ့ ဝယ်၊ Pcs နဲ့ ရောင်း — အကုန်ကို Item Code တစ်ခုတည်းနဲ့ UOM Conversion သုံးပြီး စနစ်တကျ စီမံနိုင်ပါတယ်။
👉 Stock မှားယွင်းမှု လျှော့ချ
👉 Unit အလိုက် Pricing သတ်မှတ်နိုင်
👉 Item Code အများကြီးဖွင့်စရာ မလို
One Item. Multiple UOMs. Better Stock Control.
🔗 Blog Post အပြည့်အစုံကို ဖတ်ရန်: https://www.bcncl.com/blog/ERPNext/multi-uom-at-erpnext

Address

1015, Yathawaddy 14th Street, 13th Quarter, South Okkalapa
Yangon
11091

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Telephone

+959977160671

Alerts

Be the first to know and let us send you an email when Business Centric Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business Centric Network:

Shortcuts

Share

Category