12/01/2023
https://www.facebook.com/100083327762857/posts/159151553539103/
🛎️ သီချင်းစာသားပဲရေးတတ်တယ်၊ သံစဉ်မထည့်တတ်ဘူး ဒါမှမဟုတ် သံစဉ်ပဲရေးတတ်တယ်၊ သီချင်းစာသားမထည့်တတ်ဘူး..
🛎️ ကိုယ်တိုင်ဖန်တီးသီကုံးရေးသားထားတာလေးကို အသံသွင်းချင်တယ်.. ဒါပေမယ့် ဘယ်စတူဒီယိုကိုရွေးချယ်ရမလဲ၊ ဘယ်သူနဲ့တီးခတ်ရမလဲ၊ ပြီးပြည့်စုံတဲ့ သီချင်းတစ်ပုဒ်ထွက်လာတဲ့အထိ ဘယ်လိုလုပ်ရမလဲ..
🛎️ သီချင်းလေးဆိုချင်ပေမယ့် ရေးသား၊ တီးခတ်၊ mixing ဆွဲအချောသတ်မယ့်သူတွေ မရှိတော့ ဘယ်လိုလုပ်ရမလဲ..
အစရှိတဲ့ မေးခွန်းများစွာနဲ့ စိတ်အလိုမကျဖြစ်နေရတဲ့ ကိစ္စတွေကို Music City ရဲ့ Family Corner မှာ all in one solution ထုတ်ပေးနေတာ အသေအချာပေါ့ 😍
✨ဂီတအနုပညာကို အလွန်ချစ်မြတ်နိုးသူ၊ ကြိုးစားလိုသူများ၊ ဝါသနာရှင်များ၊ non-professional များ၊ ရွက်ပုန်းသီး အနုပညာရှင်လေးများအတွက် မက်သမျှအိပ်မက်တို့ ထွန်းတောက်ပေါက်မြောက်စေဖို့ ဖန်တီးထားတဲ့ Family Corner အစီအစဉ်လေးမှာတော့..💫
🎸 မာန်အပြည့်နဲ့ တီးခတ်ပေးမယ့် player တွေ
🎸 mood ကောင်းကောင်းနဲ့ အသံသွင်းဖို့ studio
🎸 စကားလုံးတွေနဲ့ဖမ်းစားမယ့် သီချင်းစာသားအရေးအသား
🎸 အသံပါဝါကောင်းကောင်းနဲ့ အားဖြည့်သီဆိုပေးမယ့် vocalist များ
🎸 လူတိုင်းဆီ ခမ်းနားတဲ့ creation တွေ အရောက်ပို့ပေးနိုင်မယ့် ဖြန့်ဝေခြင်း
🎸 သီဆိုတီးခတ်မှုတွေအတွက် စနစ်တကျစီစဉ်ပေးမှု
🎸 အဖိုးထိုက်တန်တဲ့ အကြံဉာဏ်တွေ ရယူနိုင်ခြင်း
စတဲ့.. စတဲ့ ကောင်းခြင်းအဖြာဖြာ ခြုံလွှမ်းတဲ့ Service တွေ Manpower တွေနဲ့ ဂီတအနုပညာရှင်တို့ရဲ့ အိပ်မက်ကို ရောင်စုံခြယ်မှုန်း ရုပ်လုံးလှပစွာ ပေါ်လွင်စေတော့မှာပါ..💯
ဒီလို အထူးအစီအစဉ်လေးမှာ ဘယ်လို ချိတ်ဆက်ကြမလဲ..❓
🎹 Form ကို ပြည့်စုံအောင်ဖြည့်သွင်းရပါမယ်
🎹 Music City ကို Phone / Messenger မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားရပါမယ်
🎹 ပထမအဆင့် အကြမ်းဖျဉ်းကူညီနိုင်မည်ဟု ယူဆသူများကို Music City မှ ပြန်လည်အကြောင်းပြန်ပေးပါမယ်
🎹 Zoom meeting ဖြင့် အသေးစိတ်အချက်အလက်များကို အပြန်အလှန်ဆွေးနွေးတိုင်ပင်ကြပါမယ်
🎹 ဆွေးနွေးစရာများအားလုံး အဆင်ပြေ အိုကေပြီဆိုတာနဲ့ လုပ်ငန်းပြီးမြောက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားပါမယ်..
(ကူညီနိုင်ရန်အဆင်မပြေသေးသူများကိုလည်း အကျိုးအကြောင်း ပြန်လည်ဆက်သွယ် ဆွေးနွေးပေးသွားပါမယ်)
🎶 လူငယ်ကြိုက်ခေတ်ပေါ် တေးဂီတတွေလား?
🎶 မြန်မာမှုဟန်၊ မြန်မာသံလား?
🎶 Orchestration တွေလား?
✨ဂီတအတွက်ဆို အရာရာ ဖြည့်ဆည်းပေးပါရစေ။
Music City ရဲ့ Family Corner အစီအစဉ်အကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုတယ်ဆိုရင်တော့..
Music City Myanmar Campus
🏘️ Southern Campus
အမှတ် - ၁၁၇၊ မြတ်မင်္ဂလာလမ်း၊ မြို့ဦးရိပ်မွန်၊ ၂၆ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ (တောင်မြောက်လမ်းဆုံအနီး)
🏘️ Northern Campus
အမှတ် - ၂၅၀၊ ဂန္ဓာရုံလမ်း၊ ၄၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ (ဗိုလ်မှူးဗထူးအိမ်ယာအနီး)
🌏 Google earth မှာလည်း Music City Myanmar ဆိုပြီး နာမည်ရိုက်ရှာလို့ ရပါတယ်။
☎️ 09253838300 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဂီတမြို့