Apex Strategy Accounting and Auditing Firm

Apex Strategy Accounting and Auditing Firm 1. Accounting,
2. Auditing,
3. Taxation,
4. Business Valuation,
5. Company Registration & Liquidation, and
6. Other Assurance Service

IAS 21 — The Effects of Changes in Foreign Exchange Rates(Part 2/3 — Monetary & Non-monetary Items and Reporting Date Re...
12/09/2026

IAS 21 — The Effects of Changes in Foreign Exchange Rates
(Part 2/3 — Monetary & Non-monetary Items and Reporting Date Recognition)

Financial Year End ရောက်တဲ့အချိန်မှာ Foreign Currency Item တွေကို ဘယ်လိုပြန်လည် တိုင်းတာမလဲဆိုတာ ဒီအပိုင်းမှာ အရေးကြီးပါတယ်။

1. Monetary Items
လုပ်ငန်းမှကိုင်ဆောင်ထားသော Foreign currency cash & bank သို့မဟုတ် အနာဂတ်မှာ သတ်မှတ်ထားတဲ့ Foreign currency ပမာဏတစ်ခုကို ရရန်/ပေးရန်ရှိခြင်း တို့ဖြစ်ပါတယ်။

ဥပမာ
* Cash
* Bank balance
* Trade Receivable
* Loan Receivable
* Trade Payable
* Bank Loan
* Other Payable

2. Non-monetary Items
အနာဂတ်မှာ သတ်မှတ်ထားတဲ့ Foreign currency ပမာဏတစ်ခုကို ရရန်/ပေးရန် တာဝန်မရှိသော Asset & Liability တွေဖြစ်ပါတယ်။

ဥပမာ
* Property, Plant & Equipment
* Inventory
* Prepaid Expenses

3. Reporting Date မှာ ဘယ်လို Translation လုပ်မလဲ?
IAS 21 အရ Item အမျိုးအစားပေါ်မူတည်ပြီး Translation Method ကွာခြားပါတယ်။

(A) Monetary Items
Reporting Date တွင် “Closing Exchange Rate ဖြင့် Translation ပြုလုပ်ရမည်။”

Example: Company မှာ Payable USD 10,000 ရှိတယ်။

Initial Recognition Date:
USD 1 = MMK 3,500 (transaction date exchange rate)
Payable = MMK 35,000,000

Reporting Date:
USD 1 = MMK 4,000 (reporting date exchange rate)
Payable = MMK 40,000,000

Difference = MMK 5,000,000 (Exchange loss)

ဒီ Exchange Difference MMK 5,000,000 ကို— “Profit or Loss တွင် Recognise ပြုလုပ်ရမည်။”

(B) Non-monetary Items at Historical Cost
Historical Cost ဖြင့် တိုင်းတာထားသော Non-monetary Item များကို “Transaction Date ရှိ Exchange Rate ဖြင့် Translation ပြုလုပ်ရမည်။”

Example
Machine Cost = USD 10,000

Purchase Date:
USD 1 = MMK 3,500 (transaction date exchange rate)
Machine Cost = MMK 35,000,000

Year-end မှာ—
USD 1 = MMK 4,000 ဖြစ်သွားသော်လည်း
Machine ကို MMK 40,000,000 သို့ ပြန် Translation မလုပ်ပါ။

Machine Cost သည် MMK 35,000,000 အတိုင်းဖြစ်နေမည်။

(C) Non-monetary Items at Fair Value
Fair Value ဖြင့် တိုင်းတာထားသော Non-monetary Items များကို “Fair Value ကို Determine ပြုလုပ်သည့် Date ရှိ Exchange Rate ဖြင့် Translation ပြုလုပ်ရမည်။”

ဥပမာ: Foreign Currency ဖြင့် တန်ဖိုးသတ်မှတ်ထားသော Investment တစ်ခုကို Year-end Fair Value ဖြင့် တိုင်းတာလျှင် Fair Value Measurement Date ရှိ Exchange Rate ကို အသုံးပြုရမည်။

Summary
Reporting Date အတွက်
Monetary → Closing Rate
Non-monetary → Transaction Date Rate
Non-monetary (FV) → Fair Value Measurement Date Rate

Next Part 3/3 — Foreign Operations & Financial Statement Translation

✨ဒီ Post လေးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Save လုပ်ထားပြီး မိတ်ဆွေတွေကိုပါ Share ပေးလိုက်ပါဦးနော်

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။

Apex Strategy Accounting & Auditing Firm
📞 Tel - 095182442
Accounting•Auditing•Taxation

IAS 21 — The Effects of Changes in Foreign Exchange Rates(Part 1/3 — Currency & Initial Recognition)1. Functional Curren...
11/09/2026

IAS 21 — The Effects of Changes in Foreign Exchange Rates
(Part 1/3 — Currency & Initial Recognition)

1. Functional Currency ဆိုတာဘာလဲ?
Functional Currency ဆိုတာ Entity တစ်ခုရဲ့ အဓိကစီးပွားရေးပတ်ဝန်းကျင်/နယ်ပယ် (Primary Economic Environment) မှာ အသုံးပြုသော Currency ဖြစ်ပါတယ်။

ဥပမာ: Myanmar Company တစ်ခုက
* Sales ကို MMK နဲ့ ရရှိတယ်
* Expenses ကို MMK နဲ့ ပေးတယ်
* Employee Salary ကို MMK နဲ့ပေးတယ်
ဆိုရင် Functional Currency = MMK ဟုသတ်မှတ်နိုင်ပါသည်။

2. Foreign Currency ဆိုတာဘာလဲ?
Entity ရဲ့ Functional Currency မဟုတ်သော တခြား Currency ကို Foreign Currency လို့ခေါ်ပါတယ်။

ဥပမာ: Company ရဲ့ Functional Currency = MMK လို့သတ်မှတ်ရင် USD, EUR, SGD, THB,… တို့သည် Foreign Currency ဖြစ်ပါတယ်။

3. Foreign Currency Transaction ဆိုတာဘာလဲ?
Foreign Currency နဲ့ ဖြစ်ပေါ်သော/ဆောင်ရွက်သော Transaction ကို Foreign Currency Transaction လို့ခေါ်ပါတယ်။

ဥပမာ: Myanmar Company တစ်ခုက USD 10,000 တန်ဖိုးရှိသော Machine ဝယ်တယ်။
ဒါဟာ Foreign Currency Transaction ဖြစ်ပါတယ်။

4. Initial Recognition
Foreign Currency Transaction တစ်ခုကို စတင် Recognise လုပ်တဲ့အချိန်မှာ “Transaction Date ရှိ Spot Exchange Rate ကို အသုံးပြုပြီး Functional Currency သို့ Translation ပြုလုပ်ရမည်။”

Example: Company Functional Currency = MMK
Machine ဝယ်ယူသောနေ့မှာ (transaction date မှာ)
Machine = USD 10,000
Exchange Rate သည် 1 USD = MMK 3,500 (Spot exchange rate)

Accounting Record:
Dr. PPE = MMK 35,000,000
Cr. Payable = MMK 35,000,000

USD 10,000 × MMK 3,500 = MMK 35,000,000

အဓိက မှတ်ရန်
“Initial Recognition လုပ်ရင် Transaction Date ရဲ့ Spot Exchange Rate ကိုသုံးရမည်။”

Next Part 2/3 — Monetary & Non-monetary Items and Reporting Date Recognition

✨ဒီ Post လေးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Save လုပ်ထားပြီး မိတ်ဆွေတွေကိုပါ Share ပေးလိုက်ပါဦးနော်

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။

Apex Strategy Accounting & Auditing Firm
📞 Tel - 095182442
Accounting•Auditing•Taxation

အခွန် သက်သာခွင့်နှင့်ကင်းလွတ်ခွင့်များအကြောင်း• ဝင်ငွေခွန်•ကုန်သွယ်လုပ်ငန်းခွန်•အထူးကုန်စည်ခွန်(SME လုပ်ငန်းများအတွက်လည်...
09/09/2026

အခွန် သက်သာခွင့်နှင့်ကင်းလွတ်ခွင့်များအကြောင်း
• ဝင်ငွေခွန်
•ကုန်သွယ်လုပ်ငန်းခွန်
•အထူးကုန်စည်ခွန်

(SME လုပ်ငန်းများအတွက်လည်း ၃ နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့်ပါဝင်ပါသည်)

Apex Strategy Accounting & Auditing Firm
📞 Tel - 095182442
Accounting•Auditing•Taxation

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း အတွင်းတည်ထောင်ထားသော Company များသည် အခွန်ကိစ္စများကို 1 Sep 26 နေ့မှစတင်ပြီး MTO 5 (...
03/09/2026

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း အတွင်းတည်ထောင်ထားသော Company များသည် အခွန်ကိစ္စများကို 1 Sep 26 နေ့မှစတင်ပြီး MTO 5 (နေပြည်တော် ရုံးခွဲ) တွင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

• ဇမ္ဗူသီရိမြို့နယ်
• ဒက္ခိဏသီရိမြို့နယ်
• ဥတ္တရသီရိမြို့နယ်
• ပုဗ္ဗသီရိမြို့နယ်
• ဇေယျာသီရိမြို့နယ်
• လယ်ဝေးမြို့နယ်
• တပ်ကုန်းမြို့နယ်
• ပျဉ်းမနားမြို့နယ်

"အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း" (Profession) ၏ အခွန်ငွေပေးဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်မျာ။- အခွန်နှုန်း (ဝင်ငွေခွန် နှ...
02/09/2026

"အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း" (Profession) ၏ အခွန်ငွေပေးဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်မျာ။

- အခွန်နှုန်း (ဝင်ငွေခွန် နှင့် ကုန်သွယ်ခွန်)
- သက်သာခွင့်
- စရိတ်နှုတ်ပယ်ခြင်း (စရိတ်နှင့်တန်ဖိုးလျှော့)
- တွက်ချက်မှုအသေးစိတ်

၂၀၂၇ ခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များ #အစားထိုးပိတ်ရက်များ  #စနေအစားထိုးရုံးတက်ရက်မျာ  #အများပြည်သူရုံးပိတ်ရက်များ  #20...
28/08/2026

၂၀၂၇ ခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များ

#အစားထိုးပိတ်ရက်များ #စနေအစားထိုးရုံးတက်ရက်မျာ #အများပြည်သူရုံးပိတ်ရက်များ #2027

Withholding Tax (WHT) အကြောင်းသိကောင်းစရာ။ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် ကျသင့်အခွန်ကို သတ်မှတ်ထားသည့် နှ...
26/08/2026

Withholding Tax (WHT) အကြောင်းသိကောင်းစရာ။

ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် ကျသင့်အခွန်ကို သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကြိုတင်ဖြတ်တောက် နှုတ်ယူပြီး သက်ဆိုင်ရာ အခွန်ရုံးသို့ လွှဲပြောင်းပေးသွင်းရသည့် ဝင်ငွေအခွန်အမျိုးအစား ဖြစ်ပါသည်။

Accounting, Costing & Management Accounting နှင့်သက်ဆိုင်သော  Ratio analysis & Formulas အစုံ/အကုန်။*လိုအပ်ရင် အချိန်မရွေ...
23/08/2026

Accounting, Costing & Management Accounting
နှင့်သက်ဆိုင်သော Ratio analysis & Formulas အစုံ/အကုန်။

*လိုအပ်ရင် အချိန်မရွေး ပြန်ကြည့်နိုင်အောင်လို့ Share/Favourite လုပ်ထားသင့်ပါတယ်။

Apex Strategy Accounting & Auditing Firm
📞 Tel - 095182442
Accounting•Auditing•Taxation

Revenue နဲ့ Income တူသလား?"ဒီလ Company Income ဘယ်လောက်ရလဲ?” လို့ Manager က ဒီလိုမေးလိုက်တော့ Junior Accountant က ချက်ချင...
22/08/2026

Revenue နဲ့ Income တူသလား?

"ဒီလ Company Income ဘယ်လောက်ရလဲ?” လို့ Manager က ဒီလိုမေးလိုက်တော့ Junior Accountant က ချက်ချင်းပြန်ဖြေတယ်…“Revenue က ကျပ်သိန်း ၅၀၀ ရှိပါတယ်။”

Manager က ပြုံးပြီး…“Revenue ကို မေးတာမဟုတ်ဘူး Income ကို မေးတာ။”

Junior Accountant က စဉ်းစားသွားတယ် "Revenue နဲ့ Income က မတူဘူးလား?”

Revenue နဲ့ Income က တကယ်မတူဘူးလား?
အဖြေကတော့ "မတူပါဘူး။

Revenue ဆိုတာ ဘာလဲ?
Revenue ဆိုတာ ကုမ္ပဏီရဲ့ ပုံမှန်လုပ်ငန်း (Ordinary Activities) ကနေ ရရှိတဲ့ ဝင်ငွေ ကို ဆိုလိုပါတယ်။

ဥပမာ
• ကုန်ပစ္စည်းရောင်းရတဲ့ ဝင်ငွေ
• ဝန်ဆောင်မှု ပေးရတဲ့ ဝင်ငွေ
• Rental Income (အကယ်၍ အဲဒါက လုပ်ငန်းရဲ့ ပုံမှန်လုပ်ငန်းဖြစ်ရင်)

Income ဆိုတာ ဘာလဲ?
Income ဆိုတာ Revenue အပါအဝင်၊ လုပ်ငန်းရဲ့ Equity ကို တိုးစေတဲ့ ဝင်ငွေအမျိုးအစားအားလုံး ကို ဆိုလိုပါတယ်။

Income = Revenue + Gains (အခြားဝင်ငွေများ)

လက်တွေ့ဥပမာ
ABC Co., Ltd. မှာ ကုန်ပစ္စည်းရောင်းလို့ ကျပ်သိန်း ၅၀၀ ရရှိတယ်။ ဒါက Revenue ဖြစ်ပြီးနောက်တစ်ခု ကုမ္ပဏီက အသုံးမလိုတော့တဲ့ စက်တစ်လုံးကို ရောင်းလိုက်ပြီး ကျပ်သိန်း ၃၀ အမြတ် ရရှိတယ်။ ဒီအမြတ်က ကုန်ပစ္စည်းရောင်းတဲ့ ပုံမှန်လုပ်ငန်းက မဟုတ်ပါဘူး။ ဒါကြောင့် Gain (Other Income) ဖြစ်ပါတယ်။

Revenue = ကျပ်သိန်း ၅၀၀
Gain = ကျပ်သိန်း ၃၀
Total Income = ကျပ်သိန်း ၅၃၀

လွယ်လွယ်မှတ်မယ်
• Revenue = ပုံမှန်လုပ်ငန်းက ရတဲ့ဝင်ငွေ
• Income = Revenue + အခြားဝင်ငွေအားလုံး

Accounting မှာ Revenue နဲ့ Income ကို မှန်မှန်ကန်ကန် ခွဲခြားနားလည်နိုင်တာက Financial Statements ကို မှန်ကန်စွာ ဖတ်နိုင်ဖို့ အရေးကြီးတဲ့ အခြေခံကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။

သင်နဲ့ သင့်မိတ်ဆွေများအတွက် အကျိုးရှိရင် လိုအပ်တဲ့အချိန်မှာပြန်လည်ကြည့်ရှုနိုင်ရန် Share လုပ်ထားနိုင်ပါသည်။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။

Apex Strategy Accounting & Auditing Firm
Accounting•Auditing•Taxation
Tel 095182442

Address

Kamaryut Township, Hledan
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Apex Strategy Accounting and Auditing Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Apex Strategy Accounting and Auditing Firm:

Shortcuts

Share