HEINEKEN Myanmar

Call Directions Website Contact the business

HEINEKEN Myanmar HEINEKEN Myanmar has a work environment that promotes diversity, embraces our international mindset and provides leadership opportunities to develop.

HEINEKEN Myanmar Limited (ယခင် APB Alliance Brewery Company Limited) HEINEKEN မှ (၅၇%) နှင့် Alliance Brewery Company မှ (၄၃%) ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။ HEINEKEN Myanmar ၏ ဘီယာချက်စက်ရုံမှာ မှော်ဘီတွင် တည်ရှိသည်။ အဓိက အမှတ်တံဆိပ်ဖြစ်သည့် Heineken® အပြင် Tiger®, ABC Extra Stout® , BAWDAR နှငျ့ Regal Seven® အမှတ်တံဆိပ်များကိုလဲ ထုတ်လုပ်လျှက်ရှိပါသည်။ ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သည့် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကိုတည်ဆောက်ရန် နှင့် မြန်မာနိုင်ငံ၏ အတူတကွ တိုးတက်သွားမည့် လက်တွဲဖော်ဖြစ်နေရန်အတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်သည့် စီမံချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး နှင့် ချင့်ချိန်မျှတစွာသောက်သုံးရေး တို့အတွက် ပံ့ပိုးကူညီသည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပါသည်။ ကုမ္ပဏီမှ ယခုလက်ရှိအချိန်ထိ ၀န်ထမ်းဦးရေ ၂၈၀ကျော် ခန့်ထားပြီးဖြစ်သည်။

HEINEKEN Myanmar Limited (formerly known as APB Alliance Brewery Company Limited) is owned by HEINEKEN (57%) and Alliance Brewery Company (43%). It operates a one brewery in Hmawbi. Besides its international flagship Heineken® brand, HEINEKEN Myanmar also brews Tiger, ABC Extra Stout , BAWDAR and Regal Seven. Its mission is to Brew a Better World and be a partner for growth in Myanmar, through a wide range of projects aimed at job creation, road safety, and advocating responsible consumption. The company currently employs more than 280 people.

𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐟𝐫𝐨𝐦 𝐚𝐥𝐥 𝐨𝐟 𝐮𝐬 𝐚𝐭 𝐇𝐄𝐈𝐍𝐄𝐊𝐄𝐍 𝐌𝐲𝐚𝐧𝐦𝐚𝐫!သီတင်းကျွတ်အခါသမယတွင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတို့နှင့်အတ...
25/10/2026

𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐟𝐫𝐨𝐦 𝐚𝐥𝐥 𝐨𝐟 𝐮𝐬 𝐚𝐭 𝐇𝐄𝐈𝐍𝐄𝐊𝐄𝐍 𝐌𝐲𝐚𝐧𝐦𝐚𝐫!

သီတင်းကျွတ်အခါသမယတွင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတို့နှင့်အတူ ပျော်ရွှင်ဖွယ်နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

May this Festival of Lights bring joy, prosperity, and good health to you and your loved ones.

ယခုလို သီတင်းကျွတ်အခါသမယတွင် ကျွန်ုပ်တို့ HML မိသားစုဝင်များသည် အောက်တိုဘာလ ၂၂ ရက်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဆီမ...
23/10/2026

ယခုလို သီတင်းကျွတ်အခါသမယတွင် ကျွန်ုပ်တို့ HML မိသားစုဝင်များသည် အောက်တိုဘာလ ၂၂ ရက်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဆီမီး ၅,၀၀၀ ကို စုပေါင်းပူဇော်လှူဒါန်းခဲ့ကြပါသည်။

ဤအမှတ်တရအချိန်လေးသည် ကျေးဇူးတရားများကို ပြန်လည်အမှတ်ရစေသည့်အပြင် HML မိသားစုဝင်များအကြား စည်းလုံးညီညွတ်မှုနှင့် အတူတကွလက်တွဲမှုကို ပိုမိုခိုင်မာစေသည့် အဓိပ္ပာယ်ပြည့်ဝသော အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါသည်။

ပါဝင်ပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပြီး ရှေ့ဆက်၍လည်း HML မိသားစုတစ်ခုတည်းအဖြစ် အတူတကွလက်တွဲကာ အောင်မြင်မှုများကို ဆက်လက်ဖန်တီးသွားကြပါစို့။

14/10/2026

Build Your Skills, Shape Your Future x Shwe Sa Bwe Hospitality training

စိတ်အားထက်သန်မှုဖြင့် စတင်ခဲ့သည့် ခရီးလမ်းတစ်ခုဟာ စိန်ခေါ်မှုများကို ကျော်ဖြတ်ရင်း ယခုအခါ အနာဂတ်အတွက် ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်လျှောက်လှမ်းရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။

HEINEKEN Myanmar ၏ အသက်မွေးဝမ်းကြောင်းသင်တန်းအစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသားများ အားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။ သင်တန်းကာလတစ်လျှောက် တွေ့မြင်ခဲ့ရသည့် ကြိုးစားအားထုတ်မှုများ၊ စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ်နှင့် ခိုင်မာသော ကတိကဝတ်များသည် ယနေ့အောင်မြင်မှုကို ရရှိစေခဲ့သော အဓိကအင်အားများပင် ဖြစ်ပါသည်။

HEINEKEN Myanmar အနေဖြင့် “Brew a Better World” ရည်မှန်းချက်နှင့်အညီ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်သည့် ယခုကဲ့သို့ အကျိုးပြုအစီအစဉ်များကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ပါသည်။

ယနေ့အောင်မြင်မှုသည် ခရီးလမ်း၏ အဆုံးမဟုတ်ဘဲ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စတင်လျှောက်လှမ်းမည့် ခရီးလမ်းအတွက် အစပြုသည့် ခြေလှမ်းအသစ်ဖြစ်ပါသည်။ သင်တန်းသူ သင်တန်းသားများအားလုံး၏ အနာဂတ်အိပ်မက်များ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/09/2026

မိမိကိုယ်တိုင်သာမက အခြားလမ်းအသုံးပြုသူများအတွက်ပါ ဘေးကင်းစေရန် ယာဉ်မောင်းနှင်ရမည်ဆိုပါက ရေကိုသာ သောက်သုံးကြပါစို့။
မောင်းမယ်ဆို မသောက်နဲ့။



ကျွမ်းကျင်မှုများ မြှင့်တင်ပေးပြီး အနာဂတ်အခွင့်အလမ်းများကို ဖန်တီးပေးခြင်:၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့မှာ  HEINEKEN Mya...
22/09/2026

ကျွမ်းကျင်မှုများ မြှင့်တင်ပေးပြီး အနာဂတ်အခွင့်အလမ်းများကို ဖန်တီးပေးခြင်:

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့မှာ HEINEKEN Myanmar မှ Center for Vocational Training (CVT) Myanmar နဲ့ HEINEKEN Myanmar ရဲ့ လုပ်ငန်းမိတ်ဖက်ဆိုင်တွေ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ “Build Your Skills, Shape Your Future” အစီအစဉ်မှ လူငယ် ၂၅ ဦးနဲ့အတူ Meet & Greet Session ကို ကျင်းပခဲ့ကြပါတယ်။

ဒီအစီအစဉ်က လူငယ်တွေအတွက် လက်တွေ့အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ အသိပညာတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးတက်လာစေဖို့ ရည်ရွယ်ထားပါတယ်။ လက်တွေ့သင်ယူမှုတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းခွင်အတွေ့အကြုံတွေကို ရရှိစေခြင်းအားဖြင့် ပါဝင်သူလူငယ်တွေ အလုပ်အကိုင်အတွက် ပိုမိုအဆင်သင့်ဖြစ်လာစေပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ်အကိုင်နဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေကို ရှာဖွေဖန်တီးနိုင်ဖို့ အထောက်အကူပြုပေးပါတယ်။

ဒီအစီအစဉ်ဟာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့သာမက လူငယ်တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စေဖို့၊ မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်စေဖို့နဲ့ ပိုမိုခိုင်မာပြီး ကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေ တည်ဆောက်ရာမှာ ပါဝင်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
HEINEKEN Myanmar အနေနှင့် ဒီနေ့ လူငယ်တွေအပေါ် ရင်းနှီးမြှုပ်နှံပေးခြင်းဟာ သူတို့ရဲ့ အလားအလာတွေကို ဖော်ထုတ်ပေးနိုင်ပြီး မနက်ဖြန်ရဲ့ လုပ်ငန်းခွင်နှင့် လူ့အဖွဲ့အစည်းကို ပုံဖော်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လူငယ်မျိုးဆက်သစ်တွေ သူတို့ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်အောင် ပံ့ပိုးကူညီပေးခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူမိပါတယ်။
အခွင့်အလမ်းတစ်ခုချင်းစီကနေတစ်ဆင့် ပိုမိုတောက်ပတဲ့ အနာဂတ်တွေကို အတူတကွ ပုံဖော်ကြပါစို့။

HEINEKEN Myanmar မှာ HEINEKEN တစ်ခုတည်း မဟုတ်ဘဲ တခြား ဘာ Brand တွေရှိသေးလဲ ဆိုတာ သိပါသလား။ကမ္ဘာတစ်ဝန်း လူသိများတဲ့ HEINE...
25/08/2026

HEINEKEN Myanmar မှာ HEINEKEN တစ်ခုတည်း မဟုတ်ဘဲ တခြား ဘာ Brand တွေရှိသေးလဲ ဆိုတာ သိပါသလား။

ကမ္ဘာတစ်ဝန်း လူသိများတဲ့ HEINEKEN၊ Tiger၊ ABC တို့အပြင် ပြည်တွင်းမှာပါ လူကြိုက်များတဲ့ BAWDAR နဲ့ Regal Seven တို့ဟာလည်း HEINEKEN Myanmar ရဲ့ ဂုဏ်ယူစရာ မိသားစုဝင် Brand တွေပဲ ဖြစ်ပါတယ်။

Happy International B**r Day ပါ! ဘီယာဆိုတာ သောက်သုံးစရာတစ်ခုထက်ပိုပြီး အတူတကွရှိခြင်းရဲ့ အမှတ်အသားတစ်ခုပါ။ဒီနေ့ကျရောက်တဲ...
07/08/2026

Happy International B**r Day ပါ!

ဘီယာဆိုတာ သောက်သုံးစရာတစ်ခုထက်ပိုပြီး အတူတကွရှိခြင်းရဲ့ အမှတ်အသားတစ်ခုပါ။

ဒီနေ့ကျရောက်တဲ့ International B**r Day မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့ အတူတူ ပျော်ရွှင်စရာ အမှတ်တရကောင်းလေးတွေ ဖန်တီးလိုက်ကြရအောင်။

အနှစ်သက်ဆုံး ဘီယာတစ်ခွက်နဲ့အတူ အဖိုးတန်တဲ့ အချိန်လေးတွေကို အတူတကွ ဖြတ်သန်းရင်း ဆင်နွှဲလိုက်ကြပါစို့။

တာဝန်ယူမှုရှိစွာ သောက်သုံးဖို့ကိုလည်း မမေ့ကြနဲ့နော်။

**rDay

31/07/2026

Build Your Skills, Shape Your Future x Shwe Sa Bwe Hospitality training

သင်ယူလေ့လာခြင်းဆိုသည်မှာ စာသင်ခန်းအတွင်း သင်ယူမှုများသာမက လက်တွေ့အတွေ့အကြုံများမှတစ်ဆင့်လည်း ဖြစ်ပေါ်လာပါသည်။ HEINEKEN Myanmar ရဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းအစီအစဉ်မှ သင်တန်းသားများသည် ဘီယာချက်လုပ်မှုလုပ်ငန်းစဉ်များ၊ အရည်အသွေးစံနှုန်းများနှင့် ထုတ်ကုန်များ၏ နောက်ကွယ်ရှိ အားထုတ်မှုများကို လေ့လာနိုင်ရန် ဘီယာစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ဒီအတွေ့အကြုံကနေ လက်တွေ့လုပ်ငန်းခွင်နဲ့စာအတွေ့အကြုံတွေကို ချိတ်ဆက်နားလည်စေပြီး အနာဂတ်အလုပ်အကိုင်အတွက် ယုံကြည်မှုနဲ့ ကျွမ်းကျင်မှုများကို တည်ဆောက်ပေးခဲ့ပါတယ်။ အနာဂတ်မျိုးဆက်သစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပံ့ပိုးပေးနိုင်ခြင်းဟာလည်း HEINEKEN Myanmar အတွက် အရေးကြီးတဲ့ ကတိကဝတ်တစ်ခု ဖြစ်ပါတယ်။
သူတို့ရဲ့ လေ့လာသင်ယူမှုအတွေ့အကြုံတွေကို ဒီဗီဒီယိုကတစ်ဆင့် အတူတူ ကြည့်ရှုလိုက်ကြရအောင်!

Build Your Skills, Shape Your Future with HEINEKEN   လူငယ်များ၏ အနာဂတ်ကို ကျွမ်းကျင်မှုများဖြင့် ပုံဖော်ပေးခြင်းလူငယ်မျာ...
07/07/2026

Build Your Skills, Shape Your Future with HEINEKEN

လူငယ်များ၏ အနာဂတ်ကို ကျွမ်းကျင်မှုများဖြင့် ပုံဖော်ပေးခြင်း

လူငယ်များ၏ အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် ရေရှည်တည်တံ့သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အရေးကြီးသော အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ပါသည့်အတွက် HEINEKEN Myanmar သည် Shwe Sa Bwe Hospitality Training နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ခဲ့သော "Build Your Skills, Shape Your Future" အသက်မွေးဝမ်းကျောင်းသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၈) ဦးသည် Culinary and Food & Beverage Service Skills သင်တန်းကို (၁၁) လကြာ သင်ယူနိုင်ရန် HEINEKEN Myanmar မှ ပံ့ပိုးကူညီပေးခဲ့ပါသည်။

ကျွန်ုပ်တို့ ၂၀၂၆ ခုနှစ်၊ ဂျူလိုင်လ ၅ ရက်နေ့က ဂုဏ်ယူစွာ ကျင်းပပြီးစီးခဲ့သည့် သင်တန်းဆင်းပွဲသည် သင်တန်းပြီးဆုံးခြင်းတစ်ခုသာ မဟုတ်ဘဲ လူငယ် (၈) ဦးအတွက် အခွင့်အလမ်းသစ်များ၊ ယုံကြည်မှုအသစ်များနှင့် အနာဂတ်အသစ် စတင်ခြင်းကို ဂုဏ်ပြုသည့် နေ့တစ်နေ့ ဖြစ်ပါသည်။ ဤအစီအစဉ်သည် လူငယ်များ၏ စွမ်းဆောင်ရည်များကိုသာ မြှင့်တင်ပေးခဲ့ရုံသာမက၊ သင်တန်းအပြီးတွင် အလုပ်အကိုင်များနှင့်ပါ တိုက်ရိုက်ချိတ်ဆက်ပေးခြင်းဖြင့် တောက်ပသောအနာဂတ်ကို ယုံကြည်ချက်ရှိရှိ စတင်နိုင်ရန် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါသည်။

HEINEKEN Myanmar အနေဖြင့် "Brew a Better World" ရည်မှန်းချက်နှင့်အညီ လူမှုအသိုက်အဝန်းအတွက် ရေရှည်အကျိုးရှိသာ လုပ်ဆောင်ချက်များကို စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

HEINEKEN Myanmar ရုံးချုပ်တွင် Pride Month အထိမ်းအမှတ်အဖြစ် “Paint a Pride T-Shirt" လှုပ်ရှားမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ် ...
30/06/2026

HEINEKEN Myanmar ရုံးချုပ်တွင် Pride Month အထိမ်းအမှတ်အဖြစ် “Paint a Pride T-Shirt" လှုပ်ရှားမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးချင်းစီက မိမိတို့၏ ဖန်တီးနိုင်စွမ်း၊ ကိုယ်ပိုင်အမြင်နှင့် ထူးခြားသော အမှတ်လက္ခဏာများကို လွတ်လပ်စွာ ဖော်ထုတ်ခဲ့ကြပါသည်။

ထိုမှတဆင့် “All Stars Unite" ဟူသော စိတ်ဓာတ်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး မတူညီသော အရည်အချင်းများ၊ အမြင်များနှင့် အတွေ့အကြုံများကို စုစည်းလိုက်သည့်အခါ ပိုမိုခိုင်မာအားကောင်းသည့် အသင်းအဖွဲ့တစ်ခုကို တည်ဆောက်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါသည်။

HEINEKEN Myanmar အနေဖြင့် အပြန်အလှန်လေးစားမှု၊ အားလုံးပါဝင်နိုင်မှုနှင့် နွေးထွေးသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင် တစ်ခုဖြစ်လာစေရန် နေ့စဉ်နှင့်အမျှ အလေးထားပုံဖော်ပေးလျက်ရှိပါသည်။ မိမိတို့ရဲ့ မတူကွဲပြားမှုတွေကို ဆက်လက်ဂုဏ်ပြုရင်း လူတိုင်း အမှန်တကယ် လက်တွဲပါဝင်ခွင့်ရရှိစေဖို့ ဆက်လက်ကြိုးပမ်းသွားကြပါစို့။

Address

Junction City Office Tower, Level 15, Unit 01-05, Corner Of Bogyoke Aung San Road And 27th Street, Pabedan Township
Yangon
11142

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+959968129999

Alerts

Be the first to know and let us send you an email when HEINEKEN Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HEINEKEN Myanmar:

Shortcuts

Share