Aye Lin Let Htut Agency

Aye Lin Let Htut Agency Employments Agency Services

04/08/2025

ရုရှားအလုပ်ကလေးတစ်ခုတင်ပါရစေ။

မိန်ကလေးသီးသန့်ပါ။

အသက်၊ ၁၈ ကနေ ၂၂အတွင်း

မူလအလုပ်ကတော့ ဆေးသုတ်လုပ်ရပါမယ်။

ပြီမှ ကြိုက်နှစ်သက်ရာ အလုပ်ကို ရုရှားဘာသာကျောင်းတက်ရင်းရွေးချယ်ပြီးလုပ်ရပါမယ်။

အလုပ်ကတော့ အမျိုဆုံရှိပါတယ် ကြိုက်တဲ့အလုပ်ကိုရွေးချယ်နိုင်ပါတယ်။

အမြန်ဆက်သွယ်ပါ။

ဂျပန်နိုင်ငံအတွက် စိုက်ပျိုးရေးအလုပ်ခေါ်စာလေး ရထားပါတယ် ဂျပန်နိုင်ငံကိုမှ သွားချင်သူများ လစာအတွက်ရေားအဆင်ပြေပါမယ် အမြန်ဆ...
25/02/2025

ဂျပန်နိုင်ငံအတွက် စိုက်ပျိုးရေးအလုပ်ခေါ်စာလေး ရထားပါတယ် ဂျပန်နိုင်ငံကိုမှ သွားချင်သူများ လစာအတွက်ရေားအဆင်ပြေပါမယ် အမြန်ဆက်သွယ်ပေးပါ။

05/12/2024
17/07/2024
မလေးရှားနိုင်ငံ Bintulu မြို့ Sarawak ပြည်နယ်တွင် Powerplant အတွက် ဆောက်လုပ်ရေးလုပ်သားများ အလုပ်သမားများအလိုရှိသည်။Forem...
28/05/2024

မလေးရှားနိုင်ငံ Bintulu မြို့ Sarawak ပြည်နယ်တွင် Powerplant အတွက် ဆောက်လုပ်ရေးလုပ်သားများ အလုပ်သမားများအလိုရှိသည်။

Foreman -2pax
Pite Fitter - 10pax
Painter - 10pax

အသက် ၁၈ နှစ်ကနေ ၂၂နှစ်ရှိသူများနှင့် ၃၂နှစ်ကနေ ၃၇နှစ်ထိရှိသူများသာလျှောက်ထားနိုင်ပါသည်။

အမြန်အလိုရှိသည်။ Passport သက်တမ်း ၂နှစ်အထက်ရှိရမည်။ လုပ်ငန်းအတွေအကြုံရှိသူဦးစားပေးမည် ကုန်ကျစာရိတ် အသက်သာဆုံနှင့်သွားရောက်အလုပ်လုပ်ကိုင်ရမည်။
စိတ်ဝင်စားသူများအမြန်ဆက်သွယ်ပါ။

ဆက်သွယ်ရန်
၀၉၇၇၇၈၄၄၄၇၃

ဂျပန်နိုင်ငံသို့ စားသောက်ဆိုင်လုပ်ငန်းနဲ့ထွက်သွားတဲ့ သားသားအဆင်ပြေကြပါစေ❤️‍🩹❤️‍🩹❤️‍🩹💚💚💚
13/05/2024

ဂျပန်နိုင်ငံသို့ စားသောက်ဆိုင်လုပ်ငန်းနဲ့ထွက်သွားတဲ့ သားသားအဆင်ပြေကြပါစေ❤️‍🩹❤️‍🩹❤️‍🩹💚💚💚

07/05/2024

နိုင်ငံခြားကို အလုပ်ထွက်လုပ်မယ်ဆိုရင် ကိုယ့်ကျန်းမာရေးကောင်းမကောင်း ဆေးအရင်စစ်ရပါမယ် ဆေးအောင်ပြီးမှသာလျှင် Passport စာအုပ်ကိုလုပ်ဆောင်ကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်၊ စာအုပ်လုပ်တဲ့အခါလည်း ပြည်နယ်နှင့်တိုင်းတွေမှာလုပ်ကြရပါမယ်၊ လေ့လာပြီလုပ်ကြပါလို့တိုက်တွန်းပါတယ်။ 🙏🙏🙏

06/05/2024

Japan N5 - N4 တက်ချင်သူအမြန်ဆက်သွယ်ပါ စိတ်ငြိမ် စာများများကျက်လို့ရတဲ့နေရာမှာ နေစရာ မပူရဘူး စားစရာမပူရဘူး အားလုံးတာဝန်ယူပြီးဆောင်ရွက်ပေးနေပါတယ်။ စာသာများများကျက်ကြဖို့အတွက်နေရာကောင်း မြို့လေးနဲ့ဝေနေတဲ့ Aye Lin Let Htut Japan စာသင်တန်းကျောင်းက သားသားမီးမီးတို့ကိုကြိုဆိုပါတယ်။

အသေစိတ်သိချင်ရင် ဒီဖုန်းကိုဆက်သွယ်လိုက်ပါ ၀၉၇၇၇၈၄၄၄၇၃

19/04/2024

သေခါနီး ဝေဒနာ ပြင်းထန်သောအခါ
တရား ရှုမှတ်နည်း"

"ကံ၊ စိတ်၊ ဥတု၊ အာဟာရ"- အကြောင်းများကြောင့် "မဟာဘုတ်များ"ဖောက်ပြန်ကာ "ပြင်းထန်သော ဝေဒနာ"များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

"ဝေဒနာ"သည်-
-ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောကျာ်း၊ မိန်းမ၊ အသား၊ အရေ၊ အကြော၊ အရိုး၊ သွေးလေ၊ သလိပ်၊ သည်းခြေ"-
စသည် မဟုတ်။
"ဓာတ်လေးပါး တို့၏ အထူးဖောက်ပြန်မှုပင်တည်း"-ဟု ယုံယုံကြည်ကြည် သဘောထားပြီးလျှင်,

"စိတ်"ကို"တစ်နေရာရာ"၌ထား၍
(ရင်၀ မှာထားနိုင်လျှင်သာ၍ကောင်းသည်) ရှုရမည်။

တစ်ကိုယ်လုံး ၌ရှိသော "ဝေဒနာ"တွေကို
အလိုလိုသိလာလိမ့်မည်။

"ဝေဒနာ"တစ်ခုထဲကို ကြည့်လျှင်
"ပို၍မခံနိုင်အောင်"ဖြစ်လာတတ်သည်။

"ဝေဒနာ"သည်,
-"ခြေ"က နာသည်၊
-"ခေါင်း"က နာသည်-စသည်တို့ ဖြင့် -
"ပညတ်"တို့ဖြင့်တွဲ၍ ကြည့်နေလျှင်-သာ၍ဆိုးသည်။

"ပညတ်အာရုံ"ကို ဂရုမစိုက်နှင့်။

"တစ်ကိုယ်လုံး၌ရှိသော ဝေဒနာ"တို့ကိုသာ ခြုံ၍
"သိအောင်"ကြည့်ရမည်။

နာကျင်ခံခက်သော "ဒုက္ခဒဏ်ချက်"ကို ဂရုမစိုက်ပဲ-
"ဒုက္ခ"ထဲမှ "သေးငယ်မှုန်မွှားသော
ဝေဒနာသဘောလေး"တွေ,
-ဖြစ်ပေါ်လိုက်
-ပျောက်ပျက်လိုက်နှင့်နေသည့်
"ဝေဒနာ၏ အနိစ္စအချက်"တို့ကိုသာ ထင်ရှားအောင် ဂရုစိုက်၍ ရှုပါ။

ဤသို့ "ဝေဒနာဖြစ်/ပျက်"တွေကို
"အထပ်ထပ် အခါခါ ရှုမြင်ပွားများ"နေတာကို
"ဝေဒနာနုပဿနာ"ဟူ၍ခေါ်သည်။

"ရှုဖန်များ"လျှင်-
"ဝေဒနာ-တွေဖြစ်သင့်သလို ဖြစ်ပျက်နေတာ"-ကို
သေသေချာချာ သိလာလိမ့်မည်။

ကြာလျှင်"သမာဓိ"အား ကောင်းလာပြီး
"ကိုယ်ကာယကြီး"ကိုတောင်
-မသိတစ်ချက်
-သိတစ်ချက်နှင့်
"ဝေဒနာ"တို့ ကိုသာလျှင် သိလျှက်,
"စိတ်"သည်တည်၍နေလိမ့်မည်။

-"စိတ်"တည်၍ "သမာဓိ"ကောင်းလေ,
-"ဝေဒနာ"တွေကို သာပို၍ထင်ရှားစွာ သိမြင်ရလေ,
ဖြစ်လာလိမ့်မည်။

ထိုအခါ-
"ပညတ်အာရုံ"တည်းဟူသော-
"ကိုယ် လက် အင်္ဂါကြီးငယ်"တို့ကို
ရှိမှန်းတောင် မသိတော့ပဲ-
-"အနိမိတ္တ"၊
-"အပ္ပဏိဟိတ"၊
-"သုညတ သမာဓိ"နှင့်"ဝိဟာရ"မျိုးဖြစ်လျှက်-
"ပရမတ်အာရုံ"ဖြစ်သော "ဝေဒနာ"တို့ ကိုသာလျှင်
သိလျက် နေတော့သည်။

"ဝေဒနာနုပဿနာ,ဘာ၀နာမယဥာဏ် "- ဟုခေါ်သည်။

( "အနိမိတ္တ"= ပုံသဏ္ဍာန်နိမိတ်၊ နိစ္စနိမိတ် ကင်းစင်၊

"အပ္ပဏိဟိတ"=သာယာတောင့်တသော
တဏှာပဏီဓိ ကင်းစင်၊

"သုညတ"=ဘာမှမရှိ သုညချည်းသာ ဟု "အတ္တဒိဋ္ဌိ"
ကင်းစင်)

ဤကဲ့သို့"ဘာ၀နာမယဥာဏ်"ဖြင့် ရှုမြင်နေရင်း "သမာဓိ"အရှိန်ပြေလာလျှင် "ကိုယ်အင်္ဂါ"-စသည်တို့ကို တွေ့မြင်သိရှိ၍ လာပြန်၏။

သို့ပေမယ့်-
"ဝေဒနာ"ကိုမူ နှလုံးသွင်းမပျက်စေနှင့်။

"ဆေးဝါးဓာတ်စာ"တို့ကိုလည်း
စားသင့်သမျှစားပြီးလျှင် "ဝေဒနာ"ကိုသာ ဆက်၍ရှု ။

မကြာမီ-
-"ဘာ၀နာမယဥာဏ်",
-"အပ္ပဏိဟိတ သမာဓိ"-တို့သို့
ရောက်သွားပြန်သည်။

အကြောင်းပြည့်စုံလျှင်,
"မဂ်,ဖိုလ်"ကိုတောင် ရသွားတတ်သည်။

"မဂ်,ဖိုလ်"တစ်ကြိမ်ရပြီးသူ ဖြစ်လျှင်မူကား အချိန် ကို
ကြာချင်သလောက် အဓိဋ္ဌာန် ၍ "ဝေဒနာ"ကိုရှု။

ရှုရင်း, ရှုရင်း "ဖိုလ်စိတ်,ဖိုလ်ဇော"တွေကျလျှက်
"နိဗ္ဗာန်"ကို မျက်မှောက်ပြုမိလျက်သား
ဖြစ်သွားတတ်သည်။

၎င်းနောက်
ထိုက်သည့်အားလျော်စွာ ကြာပြန်သောအခါ
"သတိ"ပြန်၍ရလာတတ်သည်။

"သတိ"ရလျှင် "အဓိဋ္ဌာန်"ပြီး "ဝေဒနာ"ကို ထပ်၍ရှု ။

မကြာမီ"ဒုက္ခ"ငြိမ်းသွားတတ်သည်။

"ဝေဒနာ"ကိုရှုတတ်သော "လူမမာ"သည်
"ပြင်းထန်စွာခံစား"နေရသော်လည်း
"သာမည-လောက်သာ"ဟုထင်တတ်သည်။

"လူနာစောင့်များ"ကသာ
"ဝေဒနာပြင်း"မှန်းသိကြသည်။

"ဘူတရုပ်-ကိုအားထုတ်သော"လူနာ"-
ငြိမ်ငြိမ်ဆိမ်ဆိမ် နေလျှင်-
"တစ်စုံတစ်ရာ မေးမြန်းပြောဆိုခြင်းမပြုအပ်"ကြပေ။

"သေမည်"ဆိုလျှင်လည်း-
-လားရာ "သုဂတိ"(နတ်ပြည်၊ဘုံဗိမာန် )စသည် ကို
မြင်ရ၍
မျက်နှာ၌ ကြည်လင်ရွှင်ပြလျှက်ဖြစ်နေတတ်သည်။

အချို့မှာ-
သူမြင်သလို အချိန်ရက-
ပြောပြပြီးမှ သေတတ်သည်။

ကျေးဇူးတော်ရှင်
"လယ်တီ ဆရာတော်ဘုရားကြီး"

Crd #

Address

No. 169(4th Floor) Insein Street(Kamayut)
Yangon

Telephone

+959777844473

Website

Alerts

Be the first to know and let us send you an email when Aye Lin Let Htut Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Lin Let Htut Agency:

Share