21/06/2026
👔💙 ပျော်ရွှင်ဖွယ် ဖခင်များနေ့ ဖြစ်ပါစေ 💙👔
ဒီနေ့ကတော့ မိသားစုအတွက် မမောမပန်း ကြိုးစားပေးနေကြတဲ့ ဖခင်များကို ဂုဏ်ပြုချီးကျူးရမယ့် အထူးနေ့လေး ဖြစ်ပါတယ်ခင်ဗျာ။
ဖခင်တစ်ဦးဆိုတာ မိသားစုရဲ့ အားထားရာ၊ သားသမီးတွေရဲ့ လမ်းပြကြယ်တစ်ပွင့်ဖြစ်သလို မေတ္တာ၊ စိတ်ရှည်မှုနဲ့ တာဝန်ယူမှုတွေကို နေ့စဉ် သက်သေပြနေသူတစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။
အလုပ်ခွင်မှာ တာဝန်ကျေပွန်စွာ ဆောင်ရွက်ရင်း မိသားစုအတွက်လည်း အကောင်းဆုံး ကြိုးစားပေးနေကြတဲ့ ဖခင်များအားလုံးကို ကျွန်တော်တို့ အထူးလေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ။
ဒီအထူးနေ့လေးကို အမှတ်တရဖြစ်စေရန်အတွက် ဖခင်ဖြစ်ကြတဲ့ ကျွန်တော်တို့ရဲ့ Million Mart Groupမှ ဝန်ထမ်းအချို့အား Father's Day Postcard လေးများ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်ခင်ဗျာ။
💙 သားသမီးများအတွက် အားကိုးရာဖြစ်ပေးသည့်အတွက်
💙 မိသားစုအတွက် အမြဲကြိုးစားပေးသည့်အတွက်
💙 မေတ္တာ၊ အချိန်နှင့် အားထုတ်မှုများ ပေးဆပ်ပေးသည့်အတွက်
အထူးကျေးဇူးတင်ရှိပါတယ်။
ဖခင်များအားလုံး၊ ဖခင်ကဲ့သို့ လမ်းညွှန်ပေးနေသူများနှင့် Mentor များအားလုံး ပျော်ရွှင်ဖွယ် ဖခင်များနေ့ကို ချစ်ခင်ရသူများနှင့်အတူ နွေးထွေးစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
💙 Happy Father's Day! 💙