Myanmar Career Connection - MCC

Myanmar Career Connection - MCC We are aim to solve for a huge number of unemployed Myanmar youth as well as supporting the economy

📈 အလုပ်မှာ တိုးတက်ချင်ရင် လေ့လာသင့်တဲ့ Skills 🔧အလုပ်တစ်ခုရတာထက်အလုပ်မှာ တိုးတက်တာက ပိုအရေးကြီးပါတယ်နော်! 💼✨အဲ့ဒီ့အတွက်တေ...
20/06/2025

📈 အလုပ်မှာ တိုးတက်ချင်ရင် လေ့လာသင့်တဲ့ Skills 🔧

အလုပ်တစ်ခုရတာထက်
အလုပ်မှာ တိုးတက်တာက ပိုအရေးကြီးပါတယ်နော်! 💼✨

အဲ့ဒီ့အတွက်တော့
လက်ရှိနေရာမှာရပ်မနေဘဲ
လိုအပ်တဲ့ Skills တွေကို တဖြည်းဖြည်းတိုးချဲ့သင့်ပါတယ်👇

💬 Communication Skills

⏰ Time Management

🧠 Problem Solving Skills

💡 Critical Thinking

💻 Digital Skills (e.g. Excel, Email, Online tools)

⸝

အလုပ်မှာတိုးတက်ချင်ရင် အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြပါ!🛤️🌟

🔍 သင့်အနာဂတ်အလုပ်ကို ဒီနေရာမှာရှာဖွေနိုင်ပါတယ်! 💼✨အလုပ်ဆိုတာ  “ဘဝတစ်ခု” ရဲ့ အစဆိုလဲမမှားပါဘူး။ဒါပေမဲ့… “ဘယ်မှာက စမလဲ?” ဆ...
13/06/2025

🔍 သင့်အနာဂတ်အလုပ်ကို ဒီနေရာမှာရှာဖွေနိုင်ပါတယ်! 💼✨

အလုပ်ဆိုတာ “ဘဝတစ်ခု” ရဲ့ အစဆိုလဲမမှားပါဘူး။
ဒါပေမဲ့… “ဘယ်မှာက စမလဲ?” ဆိုတာကို မသိတဲ့အချိန်တွေရှိတတ်ပါတယ်။ 😟

တကယ်လို့
🌎 ပြည်ပအလုပ်အကိုင်တစ်ခုလိုတယ်
📑 Resume ကို ပြင်ဖို့လိုနေတယ်
🎯 ဘယ်အလုပ်က ကိုယ့်အတွက်ထိုက်တန်တယ်လို့ သတ်မှတ်ဖို့ ခက်ခဲနေတယ်

ဆိုရင်တော့…
MCC မှာပဲ သင့်အနာဂတ်အလုပ်ကို ရှာဖွေနိုင်ပါတယ်!

🔗 Career Planning လမ်းညွှန်မှစပြီး
📄 Document ပြင်ဆင်မှု
🚀 Overseas Job Matching အထိ One-Stop Service အဖြစ် ဝန်ဆောင်မှုပေးနေပါတယ်။

မနက်ဖြန်ရဲ့အလုပ်အတွက်
အခုတင်ပဲ စတင်လိုက်ပါနော် — MCC ကအသင့်စောင့်နေပါပြီ! 🫱🏻‍🫲🌟


ခေါင်းဆောင်အဖြစ် ရပ်တည်ဖို့ ဘာတွေလိုအပ်လဲ? 💼✨ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ခေါင်းစဉ်တစ်ခုတည်းနဲ့ အဆင့်မတက်လာနိုင်ပါဘူ...
05/06/2025

ခေါင်းဆောင်အဖြစ် ရပ်တည်ဖို့ ဘာတွေလိုအပ်လဲ? 💼✨

ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ခေါင်းစဉ်တစ်ခုတည်းနဲ့ အဆင့်မတက်လာနိုင်ပါဘူး။

အနာဂတ်ကောင်းတစ်ခုတည်ဆောက်ဖို့ အောက်ပါအချက်တွေက အလွန်အရေးကြီးပါတယ်—

✅ Vision ရှိဖို့

✅ Self-Discipline

✅ Teamwork နဲ့ Communication

✅ Decision-Making

✅ Continuous Learning

ခေါင်းဆောင်တစ်ယောက်ဆိုတာ အောင်မြင်မှုကိုပဲမလိုချင်ဘူး၊ အောင်မြင်မှုကိုအတူတူ ဖော်ဆောင်ဖို့လည်းလိုတယ် ဆိုတာ မေ့မသွားနဲ့နော်!

ခေါင်းဆောင်ဖြစ်ဖို့ စိတ်ကူးယဉ်နေရုံဖြင့် ခေါင်းဆောင်ဖြစ်မလာနိုင်ပါဘူး။

MCC ကတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ လမ်းကြောင်းကိုလည်း အတူတူ ဆောင်ရွက်ပေးနေပါပြီ။ 🚀✨

“2025 ရဲ့ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ?” 🌍2025 မှာတော့ နိုင်ငံတချို့က အလုပ်အကိုင်အခွင့်အလ...
27/05/2025

“2025 ရဲ့ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ?” 🌍

2025 မှာတော့ နိုင်ငံတချို့က အလုပ်အကိုင်အခွင့်အလမ်းတွေ အပြည့်အဝခေါ်ဆောင်နေကြပါပြီ။

အဓိက လိုအပ်နေတဲ့နိုင်ငံတွေကတော့—
1. ဂျပန် 🇯🇵 – Technical Intern & Skilled Worker Program အတွက် အခွင့်အလမ်းများ

2. စင်္ကာပူ၊ မလေးရှား 🇸🇬🇲🇾 – Hotel, Service, Engineering နယ်ပယ်တွေအတွက် အခွင့်အလမ်းများ

3. ကနေဒါ 🇨🇦 – Healthcare နဲ့ Skilled Jobs အတွက် အလုပ်အကိုင်အခွင့်အလမ်းများ

4. တောင်ကိုရီးယား 🇰🇷 – EPS Program မှတစ်ဆင့် ခေါ်ဆိုမှုများအပြင်

5. ဂျာမနီ 🇩🇪 – IT နဲ့ စက်မှုလုပ်ငန်းတွေမှာ လုပ်သားလိုအပ်ချက်များပြားလျက်ရှိနေပါတယ်။

“ပြည်ပအလုပ်အကိုင်” ဆိုတဲ့အိမ်မက်ကို တကယ်အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့💁‍♀️…

MCC နဲ့ ချိတ်ဆက်လိုက်တော့နော်

ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများအတွက် အခုပဲ စတင်လိုက်ရအောင်! ✨

Resume နဲ့ CV ​၏ ကွဲပြားခြားနားချက်အကြောင်း 🤔🤔🤔Resume ဆိုတာကတော့ ☝️☝️📌 တစ်ခုချင်းသတ်မှတ်ထားတဲ့အလုပ်အတွက် တိုတောင်းပြီး အ...
20/05/2025

Resume နဲ့ CV ​၏ ကွဲပြားခြားနားချက်အကြောင်း 🤔🤔🤔

Resume ဆိုတာကတော့ ☝️☝️

📌 တစ်ခုချင်းသတ်မှတ်ထားတဲ့အလုပ်အတွက် တိုတောင်းပြီး အကျဉ်းချုပ်ရေးထားသည့် ကိုယ်ရေးအချက်အလက်ပါ စာရွက်ပဲဖြစ်ပါတယ်။

သာမန်အားဖြင့် ၁-၂ မျက်နှာစာသာရှိတတ်ကြပါတယ်။

အလုပ်နဲ့သက်ဆိုင်တဲ့အတွေ့အကြုံ၊ အရည်အချင်း တို့ကို တိုတိုနဲ့လိုရင်း ရေးသားဖော်ပြထားသောစာရွက်ဖြစ်သည်။

CV (Curriculum Vitae)

📌 ပညာရေး၊ အလုပ်အတွေ့အကြုံ၊ ပရောဖက်ရှင်နယ်အောင်မြင်မှုများအားလုံး ပါဝင်တဲ့အသေးစိတ်ရေးသားဖော်ပြထားသည့် ကိုယ်ရေး အချက်အလက်ပါစာရွက်ဖြစ်ပါတယ။

စာမျက်နှာ အရေအတွက်ကန့်သတ်မရှိဖော်ပြလို့ရပါတယ်။

ပညာရေး၊ သုတေသနလုပ်ငန်း၊ စာတမ်းဖေါ်ပြမှုများအထိစုံလင်စွာ အသေးစိတ် ဖော်ပြလေ့ရှိကြပါတယ်။

နိဂုံးချုပ်အနေဖြင့်ဖော်ပြရရင်တော့ ✅

– Resume = အကျဉ်းချုပ် (Job Specific)
– CV = အသေးစိတ်အပြည့်အစုံ (Academic/Professional Summary) လို့မှတ်ယူလို့ရပါကြောင်းဖော်ပြပေးလိုက်ပါတယ်။💁‍♂️💁‍♂️💁‍♂️


ကိုယ့်ရဲ့ Career ကိုဘယ်လိုရှာဖွေကြမလဲ?🤔🤔 1. ကိုယ့်ကိုယ်ကို အရင်နားလည်အောင်ကြိုစားပါ။ ✨  ကိုယ်ကဘာလုပ်တာကြိုက်တတ်လဲ?  ဘယ်ပ...
17/05/2025

ကိုယ့်ရဲ့ Career ကိုဘယ်လိုရှာဖွေကြမလဲ?🤔🤔

1. ကိုယ့်ကိုယ်ကို အရင်နားလည်အောင်ကြိုစားပါ။

✨ ကိုယ်ကဘာလုပ်တာကြိုက်တတ်လဲ? ဘယ်ပညာရပ်နဲ့တော်တယ်လို့ ခံစားရလဲ? စသဖြင့် မိမိကိုယ်ကို အရင်ဆန်းစစ်ဖို့အရေးကြီးပါတယ်။

2. အခွင့်အလမ်းတွေကို အမြဲလေ့လာပါ။

✨ လတ်တလောမှာ ဘယ်အလုပ်တွေ လိုအပ်နေသလဲ? ဘယ်နိုင်ငံတွေက အခွင့်အလမ်းတွေအတွက် ခေါ်နေလဲ? ဒါတွေကို အမြဲ လေ့လာနေဖို့လိုအပ်ပါတယ်။

3. မိမိကိုယ်ပိုင် စွမ်းရည် တိုးတက်အောင်သင်ယူပါ။

✨ တတ်ထားသင့်သည့် သင်တန်းများတက်ကာ မိမိ အရည်အချင်းကို အမြဲ မြှင့်တင်ပါ။

4. အခွင့်အလမ်းကို အမြဲရှာဖွေပါ။

✨ အလုပ်အကိုင်အတွက် အမြဲရှာဖွေပါ။ Apply လုပ်ပါ။ Interview များအတွက်လဲ ကြိုတင်ပြင်ဆင်ပါ။

5. MCC နဲ့ ချိတ်ဆက်ပါ။

✨ သင်ကြားမှုအပြင် အလုပ်ရှာဖွေရေးကို လည်း တစ်နေရာထဲမှာ ကူညီပေးနေပါတယ်။

အနာဂတ်အလုပ်အကိုင်အတွက် ဒီနေ့ကတည်းက စတင်ကြပါစို့!✅

MCC – ကိုယ့်အိမ်မက်ကို Career အဖြစ်ဖော်ဆောင်ရာလမ်း🤩🤩


🙏🌕ကဆုန်လပြည့် ဗုဒ္ဓနေ့🌕🙏           ကဆုန် လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ မြန်မာသက္ကရာဇ်(၁၃၈၇...
10/05/2025

🙏🌕ကဆုန်လပြည့် ဗုဒ္ဓနေ့🌕🙏

ကဆုန် လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။

မြန်မာသက္ကရာဇ်(၁၃၈၇)၊တနင်္ဂနွေနေ့တွင် ကျရောက်သောကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ကို မြန်မာပြည်သူ၊ပြည်သားများအားလုံးနှင့်အတူ ရှိခိုးပူဇော် ဦးထိပ်တင်လိုက်ပါတယ်🙏🙏

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့
#ညောင်ရေသွန်းပွဲတော်

🙋🙋အနာဂတ်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ MCC နဲ့ ချိတ်ဆက်စို့☝️☝️မိတ်ဆွေ၏ အနာဂတ်အလုပ်အကိုင်အတွက်အိမ်မက်တွေ၊ ဆန္ဒတွေ၊ ရည်ရွယ...
05/05/2025

🙋🙋အနာဂတ်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ MCC နဲ့ ချိတ်ဆက်စို့

☝️☝️မိတ်ဆွေ၏ အနာဂတ်အလုပ်အကိုင်အတွက်အိမ်မက်တွေ၊ ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေကို တကယ်ဖြစ်လာစေဖို့ Myanmar Career Connection (MCC) သည် အတူတကွဆောင်ရွက်ပေးနေပါသည်။

💫💫MCC သည် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများအတွက် အထူးပြင်ဆင်သင်ကြားပေးသော သင်တန်းများနှင့် တကယ်အလုပ်ရအောင် ဆောင်ရွက်ပေးသော ယုံကြည်စိတ်ချရသော Agency တစ်ခုဖြစ်ပါသည်။

MCC မှာဘာတွေ ရနိုင်မလဲ?💁‍♂️

📌 အပြည်ပြည်ဆိုင်ရာအလုပ်အကိုင်အတွက် အထူးပြင်ဆင်သင်ကြားမှုများ
📌 အလုပ်ရှာဖွေရေးအတွက် မျှော်မှန်းချက်ရှိသော Employer များနှင့် ချိတ်ဆက်ပေးခြင်း
📌 Interview & Visa Process မှ စပြီး၊ အလုပ်ရရှိသည်အထိ တစ်လျှောက်လုံးအကောင်းဆုံးအကြံဉာဏ်များပေးခြင်း

MCC နဲ့ ချိတ်ဆက်ပြီး မျှော်လင့်တဲ့အနာဂတ်အလုပ်အကိုင်ကို လက်တွေ့အကောင်အထည်ဖော်လိုက်ကြပါစို့။😍😍

MCC – မျှော်လင့်ချက်ကို အလုပ်အကိုင်အဖြစ် ပြောင်းလဲပေးတဲ့ တံခါးပေါက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့👷👷အလုပ်သမား/ဝန်ထမ်းများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များဖြင့်ပြည့်စုံပြီးလုပ်ငန်း...
01/05/2025

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့👷👷

အလုပ်သမား/ဝန်ထမ်းများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များဖြင့်ပြည့်စုံပြီးလုပ်ငန်းဆောင်တာအဝဝ အောင်မြင်ကြပါစေကြောင်း Myanmar Career Connection မှ ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုလိုက်ရပါတယ် 🙏🙏🙏

🌿💦 နှစ်ဆန်းတစ်ရက်နေ့ဆုတောင်း 🌿💦ယနေ့ ကျရောက်လာသော မြန်မာနှစ်သစ်မှစ၍ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရသော ရောဂါဘယများ ကင်းဝေးပြီး...
17/04/2025

🌿💦 နှစ်ဆန်းတစ်ရက်နေ့ဆုတောင်း 🌿💦

ယနေ့ ကျရောက်လာသော မြန်မာနှစ်သစ်မှစ၍ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရသော ရောဂါဘယများ ကင်းဝေးပြီး၊ လူမှုရေး၊ စီးပွားရေး အခက်အခဲများမှ ကင်းလွတ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏

"အိမ်မက် တွေကို အမှန်တကယ် ဖြစ်မြောက်စေဖို့ အတွက် MCC နှင့် အတူ လက်တွဲလိုက်ပါ"🤝🧑‍🤝‍🧑လူငယ်တိုင်းမှာ အိမ်မက်တွေ၊ ရည်မှန်းချ...
27/03/2025

"အိမ်မက် တွေကို အမှန်တကယ် ဖြစ်မြောက်စေဖို့ အတွက် MCC နှင့် အတူ လက်တွဲလိုက်ပါ"🤝

🧑‍🤝‍🧑လူငယ်တိုင်းမှာ အိမ်မက်တွေ၊ ရည်မှန်းချက်တွေ ရှိကြပါတယ်။ ဒါပေမယ့် ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ MCC က သင့်ရဲ့ အိမ်မက်တွေကို လက်တွေ့ဖြစ်လာစေဖို့ ကူညီပေးမယ့် လမ်းပြကြယ်တစ်ပွင့်ပါ။✨

💯MCC ဟာ လူငယ်တွေအတွက် ပြည်ပမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေပေးတဲ့ company တစ်ခုဖြစ်ပြီး၊ သင့်ရဲ့ အနာဂတ်ကို ကမ္ဘာနဲ့ ချိတ်ဆက်ပေးဖို့ အသင့်ရှိနေပါတယ်။ ကျွန်ုပ်တို့နဲ့အတူ ပါဝင်လိုက်ပါ၊ သင်ရဲ့ ရည်မှန်းချက်တွေကို အမှန်တကယ် ဖြစ်မြောက်အောင် အတူတူ အကောင်အထည်ဖော်ကြပါစို့။

🔮MCC နဲ့ အတူ လက်တွဲပြီး သင့်ရဲ့ အနာဂတ်ကို အကောင်းဆုံး ဖန်တီးလိုက်ပါ။


၂၀၂၅ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် ကျရောက်သည့် တပေါင်းလပြည့်နေ့ တစ်ရက်တာပိတ်ရက်လေးကို မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတို့နှင့...
12/03/2025

၂၀၂၅ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် ကျရောက်သည့် တပေါင်းလပြည့်နေ့ တစ်ရက်တာပိတ်ရက်လေးကို မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတို့နှင့် အတူပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်ပါစေရှင် 🌕 🙏

✨မေတ္တာဓာတ်ဖြင့် ဖော်ဆောင်ထားသော လပြည့်နေ့ရက်လေးတွင် ကောင်းမွန်စွာဖြင့် ကုန်ဆုံးနိုင်ဖို့ မျှော်လင့်ရင်း ကျွန်မတို့ Myanmar Career Connection- MCC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

Address

No (531), Gh-Quarter, Thudhamma Road, North Okkalapa Township
Yangon
11031

Telephone

+959440205070

Website

Alerts

Be the first to know and let us send you an email when Myanmar Career Connection - MCC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category