Myanmar Golden Future Services Co.,Ltd.

Myanmar Golden Future Services Co.,Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Golden Future Services Co.,Ltd., Employment agency, Yangon.

25/02/2023

💁‍♀️👩‍🍳စား​သောက်ဆိုင်အလုပ်ဖြင့်သွားချင်သူများအတွက် "စား​သောက်ဆိုင်ကျွမ်းကျင်သင်တန်း"နှင့် "အလုပ်​ခေါ်စာ" 👨‍🍳👇

📌သင်တန်းအချိန်စာရင်း📌

Class Days –Mon,Wed,Fri(1ပါတ်3ရက်)
Class Times – 9:00 Am to 12:00 Pm
Spam – 1.5Months
Class Fees – 150,000Ks
Entrance Fees – 20,000Ks
Start Date – 20.2.2023
​ကျောင်းခွဲ​နေရာ – ကြည့်မြင်တိုင်​ကျောင်းခွဲ။

💯စား​သောက်ဆိုင်အလုပ်​ခေါ်စာ 👇
https://m.facebook.com/story.php?story_fbid=674087861180289&id=100057372433259&mibextid=Nif5oz

🙆ENရဲ့ တန်းခွဲဖွင့်တဲ့အထိစောင့်ပေးနေကြသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်🥰

🙆‍♀️ENJLC ရဲ့ တန်းခွဲတိုင်းက လူပြည့်မြန်ပြီး သတ်မှတ်လူဦး​ရေပြည့်တာနဲ စာရင်းပိတ်​တာမို့ Page Messenger မှဆက်သွယ်ပြီးအမြန်ဆုံးအပ်မှမှီပါမယ်​နော် 😘

💥မှတ်ချက် ။ ။မိမိဘက်က တက်ရောက်ဖို့သေချာမှသာအပ်နှံပေးပါနော်။သင်တန်းကြေးသွင်းအပ်နှံပြီး အကြောင်းအမျိုးမျိုးကြောင့်မိမိဘက်က သင်တန်းမတက်ဖြစ်ပါက သင်တန်းကြေးပြန်‌ပေးခြင်း၊အတန်းပြောင်းပေးခြင်း၊သင်တန်းသားချိန်း​ပေးခြင်းတို့အားပြုလုပ်ပေးမည်မဟုတ်ပါ။ထို့‌ကြောင့်မိမိဘက်ကတက်ဖို့‌သေချာမှသာအပ်နှံပေးပါနော် 😔💖

#သင်တန်းဘယ်လိုအပ်ရမလဲ?

🔹Page Messenger မှ👉Resturant 02👈ဟု မိမိတက်‌ရောက်လိုသည့် Message ပို့ပြီး သင်တန်းကြေး စရံကြိုလွှဲအပ်နှံနိုင်ပါတယ်ရှင်။

🔹သင်တန်း‌ကြေးကိုလည်း AYA,CB,Waveတို့ဖြင့် Onlineမှငွေလွှဲအပ်နှံနိုင်ပါသကဲ့သို့သင်တန်းကျောင်းသို့လည်း ကိုယ်တိုင်လာရာက်အပ်နှံနိုင်ပါတယ်ရှင်🤗

#သင်တန်းတက်ရန်အတွက်လိုအပ်ချက် 🙋

- အသက် 18 နှစ် မှ 30 နှစ် အကြား
- အတန်းပညာ 8 တန်းအထက်
- အမျိုးသား/အမျိုးသမီး
- တက်တူးမရှိသူ

EN Japanese Language Center & Yellow Link
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (Licence No.110/2021)

☎️Ph:09 - 440636310/09-405701879
Mon- Fri (8:30Am~5:30Pm)

No.52, Ground Floor,Zaygyi Street, KyeemyindaingTownship,Yangon.

(ကြည့်မြင်တိုင်ညစျေးရှေ့၊ညစျေးမှတ်တိုင်)
Number
(20,22,23,30,41,11,14,75,40,85,19,89,62)
#ဂျပန်စာသင်တန်း

24/02/2023
24/02/2023

ညဏ်မကောင်းပေမယ့် ဘဝမှာ အောင်မြင်မှူရဖို့ အခွင့်အရေးက အတူတူပါဘဲ


ကျွန်တော်တို့ဟာ ကိုယ့်အခြေအနေကို သိဖို့လိုပါတယ်။ သူများလောက် ညဏ်မကောင်းဘူး၊ ကျောင်းမှာကတည်းက သူများလောက် စာမတော်ဘူး။ အဆင့်မရဘူးဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ?

ဝီရိယ များများစိုက်ထုတ်ပြီး ကြိုးစားကြရမယ်။ အလုပ်ကို သူများထက် ပိုလုပ်ကြရမယ်၊ သူများထက် ပိုလေ့လာသင်ယူရမယ်။ သူများမထသေးတဲ့အချိန်တွေမှာထပြီး သူများထက် နောက်ကျမှ အိပ်ရာဝင်ရမယ်

စာအုပ်တွေ များများဖတ်ရမယ်၊ skill အသစ်တွေကို လေ့လာသင်ယူရမယ်၊ social media သုံးမယ့် အချိန်တွေ game ဆော့မယ့်အချိန်တွေကို သင့်အတွက် အကျိူးရှိမယ့် အရာတခုခုကို လေ့လာပါ၊ သင်ယူပါ

ပျင်းနေလို့ကတော့ သေချာပေါက် နောက်ကောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။ ညဏ်လည်း မကောင်းဘူး၊ ကြိုးလည်း မကြိူးစားဘူးဆိုရင် သင့်ဘဝက ဘယ်လိုမှ တိုးတတ်အောင်မြင်စရာလမ်းကို မရှိတော့ပါဘူး။

မိမိကိုယ်ကို သေချာမေးပါ

◾️ ငါဆင်းရဲတဲ့ဒဏ်ခံနိုင်လား?
◾️ သူတပါးအနှိမ်ခံဘဝမှာ နေနိုင်လား?
◾️ လုပ်ချင်တာ မလုပ်ရတဲ့ဘဝ၊ ဝယ်ချင်တာ မဝယ်ရတဲ့ ဘဝမှာ နေနိုင်လား?

ဒီအချက်တွေကို လက်ခံနိုင်တယ်ဆိုရင်တော့ မကြိုးစားပါနဲ့။ ဆင်ခြေတွေပေးပြီး အချိန်ဆွဲနေလိုက်ပါ

လက်မခံနိုင်ရင်တော့ ရုန်းပါ။ ကိုယ်လုပ်ရမယ့် အရာတွေက သက်တောင့်သက်သာဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် ရေရှည်မှာ ကိုယ့်အတွက်ကော ကိုယ်ချစ်ရတဲ့သူတွေအတွက်ကော သက်တောင့်သက်သာ ဖြစ်မယ်ဆိုရင် ရုန်းပါ၊ အပင်ပန်းခံပါ။

ဘယ်သူမဆို အောင်မြင်နိုင်ပါတယ်၊ သင်လည်း အောင်မြင်နိုင်သလို ကျွန်တော်လည်း အောင်မြင်နိုင်ပါတယ်


24/02/2023

အားကောင်းသော စီးပွားရေးမဟာဗျူဟာအတွက် အကြံပြုချက်များ (စာဖတ်ချိန် ၄ မိနစ်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

By Naing Win Aung (CEO Coach & NLP Master Trainer)

အားကောင်းတဲ့ စီးပွားရေးမဟာဗျူဟာ (Strategy) ရှိခြင်းဟာ အခုလို မြန်ဆန်ပြီး ပြိုင်ဆိုင်မှုမြင့်မားတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာ လုပ်ငန်းအောင်မြင်ဖို့အတွက် အရမ်းကို အရေးပါပါတယ်။ ကောင်းမွန်စွာရေးဆွဲထားတဲ့ မဟာဗျူဟာရှိခြင်းဟာ သင့်ရဲ့ပန်းတိုင် (Goal) တွေအပေါ်မှာ အာရုံစိုက်ဖို့၊ စျေးကွက် (Market) ပြောင်းလဲမှုတွေကို ခန့်မှန်းဖို့နဲ့ လုပ်ငန်းတိုးတက်ဖို့နဲ့ အမြတ်အစွန်းရရှိဖို့ကို တွန်းအားပေးမယ့် ပညာသားပါတဲ့ ဆုံးဖြတ်ချက် (Decision) တွေကို ချမှတ်ဖို့အတွက် သင့်ကို ကူညီပေးနိုင်ပါတယ်။

ဆက်လက်ဖော်ပြမှာကတော့ အားကောင်းတဲ့ စီးပွားရေး မဟာဗျူဟာတွေကို ဖန်တီးဖို့အတွက် အကြံပြုချက်များ ဖြစ်ပါတယ်။

သင့်လုပ်ငန်းအတွက် အားကောင်းတဲ့ လုပ်ငန်းမဟာဗျူဟာ (Strategy) ကို ဖန်တီးဖို့အတွက် ပထမဆုံးခြေလှမ်းကတော့ ပန်းတိုင် (Goal) နဲ့ ရည်ရွယ်ချက် (Objective) များကို သတ်မှတ်ဖို့ဖြစ်ပါတယ်။ သင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေကို ရယူဖို့အတွက် သင်မျှော်လင့်ထားလဲ။ သင့်စီးပွားရေးလုပ်ငန်းအတွက် ရေတို၊ ရေရှည်ရည်မှန်းချက်ပန်းတိုင်တွေက ဘာတွေဖြစ်မလဲ။ ရှင်းလင်းတဲ့ပန်းတိုင်တွေကို ချမှတ်ခြင်းအားဖြင့် သင်ဟာ သင့်ကို အာရုံစိုက်မှုနဲ့ စိတ်အားတက်ကြွမှုတွေ ရှိလာအောင် ကူညီပေးမယ့် လုပ်ငန်းတိုးတက်ရေး လမ်းပြမြေပုံ (Road Map) ကို ဖန်တီးလာနိုင်ပါလိမ့်မယ်။

သင့်ပန်းတိုင်တွေကို သတ်မှတ်ပြီးတာနဲ့ နောက်တစ်ဆင့်ကတော့ သင့်လုပ်ငန်းပြိုင်ဖက်တွေနဲ့ စျေးကွက်ကို ဂရုတစိုက်လေ့လာဆန်းစစ်မှုကို လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ သင့်လုပ်ငန်းအမျိုးအစားမှာ ဘယ်လိုစိန်ခေါ်မှု (Challenge) တွေ၊ ဦးတည်ရာ (Trend) တွေ ရှိနေလဲ၊ ဘယ်သူတွေက သင့်ရဲ့ ပြိုင်ဖက်တွေလဲ၊ ပြီးတော့ သူတို့ရဲ့ အားသာချက် (Strength) နဲ့ အားနည်းချက် (Weakness) တွေက ဘာတွေလဲ။ အဲဒီလို အသေးစိတ်လေ့လာဆန်းစစ်မှုတွေကို လုပ်မယ်ဆိုရင် သင်ဟာ စျေးကွက်ထဲမှာ ရှိတဲ့ အခွင့်အလမ်း (Opportunity) နဲ့ အဟန့်အတား (Threat) တွေကို လေ့လာဆန်းစစ်လာနိုင်ပြီး သင့်ရဲ့ တမူထူးခြားတဲ့ အားသာချက်တွေ၊ အားနည်းချက်တွေနဲ့ ကိုက်ညီမယ့် မဟာဗျူဟာတစ်ရပ်ကိုပါ ဖန်တီးလာနိုင်ပါလိမ့်မယ်။

အားကောင်းတဲ့ စီးပွားရေးမဟာဗျူဟာအတွက် နောက်ထပ်အရေးပါတဲ့အရာကတော့ ဆက်လက်လုပ်ဆောင်ဖို့အတွက် အစီအစဉ်ချမှတ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ မဟာဗျူဟာကို သင်ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဘယ်လိုအရင်းအမြစ် (Resource) တွေကို သင်လိုအပ်မလဲ။ တိုးတက်မှု (Progress) နဲ့ အောင်မြင်မှု (Success) တွေကို တိုင်းတာဖို့အတွက် ဘယ်လို တိုင်းတာမှု (Metric) တွေကို သင်လိုအပ်မလဲ။ အကယ်၍ သင့်မှာသာ အကောင်အထည်ဖော်လုပ်ဆောင်မှုအတွက် အသေးစိတ်အစီအစဉ်ရှိပြီဆိုရင် သင်ဟာ လမ်းကြောင်းအမှန်ပေါ်မှာ ရှိနေပြီး သင့်ရဲ့ပန်းတိုင်တွေကို ဦးတည်ကာ တိုးတက်မှုတွေကို လုပ်ဆောင်လို့ ရလာနိုင်ပါတယ်။

လုပ်ငန်းမဟာဗျူဟာအတွက် အရေးအကြီးဆုံးကတော့ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု (Flexibility) နဲ့ အလိုက်သင့်ပြောင်းလဲနိုင်မှု (Adaptability) ရှိဖို့ လိုအပ်ခြင်းပဲ ဖြစ်ပါတယ်။ စျေးကွက် (Market) ဟာ အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက် စိန်ခေါ်မှုအသစ်တွေနဲ့ အခွင့်အလမ်းအသစ်တွေဟာ မလွဲမသွေထွက်ပေါ်နေမှာ သေချာပါတယ်။ ပြောင်းလဲဖို့ကို တံခါးဖွင့်ထားပြီး လိုအပ်ချိန်မှာ ပြောင်းလဲလိုစိတ်ရှိခြင်းဟာ သင့်ကို ပေါ့ပါးသွက်လက်ပြီး ပြိုင်ဆိုင်နိုင်မှုမြင့်မားစွာနဲ့ သင့်လုပ်ငန်းအမျိုးအစားမှာ ရှေ့ဆုံးမှာ ရပ်တည်နိုင်ဖို့ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် ခိုင်မာတဲ့ စီးပွားရေးမဟာဗျူဟာတစ်ခုကို ဖန်တီးခြင်းဟာ ပြောင်းလဲမှုမြန်ဆန်ပြီး ပြိုင်ဆိုင်မှုမြင့်မားနေတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာ မဖြစ်မနေ လိုအပ်တဲ့အရာဖြစ်ပါတယ်။ သင့်ရဲ့ ပန်းတိုင်တွေကို သတ်မှတ်ခြင်း၊ စျေးကွက်လေ့လာဆန်းစစ်မှုကို ဂရုတစိုက်ပြုလုပ်ခြင်း၊ အကောင်အထည်ဖော်မှုအစီအစဉ်ကို ရေးဆွဲခြင်း၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်းတွေကို လုပ်ဆောင်မယ်ဆိုရင် လုပ်ငန်းတိုးတက်မှုနဲ့ အမြတ်အစွန်းရရှိမှုတွေကို မြှင့်တင်ပေးပြီး သင့်လုပ်ငန်းအတွက် ရေရှည်ရည်မှန်းချက်တွေကို ရရှိအောင် သင့်ကို ကူညီပေးမယ့် မဟာဗျူဟာတွေကို ရရှိလာနိုင်ပါတယ်။ လုပ်ငန်းအတွက် မဟာဗျူဟာမြောက်လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းဟာ တစ်ကြိမ်တစ်ခါ လုပ်ရတဲ့အရာမဟုတ်တာကိုတော့ အမှတ်ရစေချင်ပါတယ်။ အဲဒါဟာ စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ပြီး အလိုက်သင့်ပြောင်းလဲရတဲ့ လုပ်ငန်းစဉ် (Process) ဖြစ်ပါတယ်။ သင့်ရဲ့ ပန်းတိုင်တွေကို အာရုံစူးစိုက်ပြီး စိန်ခေါ်မှု (Challenge) တွေ၊ အခွင့်အလမ်း (Opportunity) တွေကို ရင်ဆိုင်ရချိန်မှာ နိုးနိုးကြားကြားရှိမယ်ဆိုရင် သင်ဟာ အောင်မြင်ပြီးတိုးတက်တဲ့လုပ်ငန်းတစ်ခုကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။

Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Professional Certified Coach (PCC, ICF)
Certified Canfield Success Principles Trainer
Certified Professional Master Business Coach
Certified Maxwell Leadership Team Coach, Trainer & Speaker



24/02/2023

ပန်းအိုးထဲမှာ သစ်ပင်စိုက်သူ မဖစ်စေနဲ့

လူအများစုဟာ ပန်းအိုးထဲမှာ စိုက်ထားတဲ့ သစ်ပင်တွေလိုဘဲ ကြီးထွားနိုင်တဲ့ အောင်မြင်နိုင်တဲ့ အတိုင်းအတာ ပမာဏရှိသလောက် ဘယ်တော့မှ မကြီးထွားနိုင်ဘဲ ရှိတတ်ကြတယ်

သစ်ပင်တွေ ကြီးထွားဖို့ ကျယ်ဝန်းတဲ့မြေနဲ့ ရှည်လျားသန်မာတဲ့ အမြစ်တွေရှိဖို့ လိုသလို လူပုဂ္ဂုလ်တွေ အောင်မြင်ကြီးထွားဖို့ မိမိကိုယ်ကို ယုံကြည်လေးစားမှုဆိုတဲ့ အခြေခံရေသောက်မြစ်လိုပါတယ်။
ဒါဟာ အရမ်းကို အရေးကြီးတယ်

မိမိကိုယ်ကိုကော၊ မိမိရဲ့ ဖြစ်နိုင်စွမ်းကိုကော ယုံကြည်မှုမရှိတဲ့အခါ
မိမိရဲ့ စိတ်ကူးအိမ်မက်များရှေ့မှာ အခက်အခဲ အတားအဆီး အမျိုးမျိူးချပြီး မိမိကိုယ်ကို ကန့်သတ်ချုပ်ချယ်နေမိတယ်။
မိမိတတ်လမ်းမှန်သမျှကို မိမိဘာသာ လှည့်ပတ်ပိတ်ဆို့မိသွားတယ်။ ဒီတော့ ပန်းအိုးထဲမှာ စိုက်ထားတဲ့ သစ်ပင်တွေလိုဘဲ ကြီးထွားခွင့် မရှိတော့ဘူး


စိတ်ကူးယဉ်အိမ်မက်ဆိုတဲ့စကားကို လူတွေက ကဲ့ရဲ့စရာ စကားလုံးအဖြစ်သာ သုံးလေ့ရှိကြတယ်။ အိမ်မက်မရှိဘဲ အိမ်မက်ကို အကောင်အထည်ဖော်လို့ မရနိုင်ဘူး

သားသားကြီးလာရင် ဘာလုပ်မလဲ
မေးတဲ့လူကြီးကို
ဆရာဝန်ကြီးလုပ်မယ် စီးပွားရေးသမားကြီးလုပ်မယ်
လို့ ပြောတဲ့ ကလေးငယ်မှာ ဆရာဝန်ကြီးအဖြစ်၊ စီးပွားရေးသမားကြီးအဖြစ် စိတ်ကူးယဉ်အိမ်မက်ခွင့် ရှိရုံတင်မကဘူး၊ တကယ်ဖြစ်လာနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။
အရေးကြီးတာက သူ့အိမ်မက်ကိုသူ အကောင်အထည်ဖော်ဖို့ဘဲ

လောကမှာ အခက်အခဲတွေရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျော်လွှားမရနိုင်တဲ့ အခက်အခဲဆိုတာ မရှိသလောက်ဘဲ။ အမေရိကန်နိုင်ငံ တောချိုအုံကြားထဲက တဲကုပ်ကလေးတခုမှာ ကြီးပြင်းခဲရတဲ့ လင်ကွန်းကလေးကို တနေ့မှာ အမေရိကန်သမ္မတကြီးဖြစ်မယ်လို့ ဘယ်သူထင်ခဲ့ကြပါ့မလဲ။ အလှမ်းဝေးလွန်းတဲ့ အနေအထားပါ
ဒါပေမယ့် အားလုံးသိတဲ့အတိုင်း သူဟာ သမ္မတဖြစ်ခဲ့တယ်။

လင်ကွန်းဟာ သူ့အိမ်မက်သစ်ပင်ကို ပန်းအိုးထဲမှာ မစိုက်ဘူး။ အချုပ်အနှောင် အကန့်အသတ်မထားဘူး။ လွပ်လပ်ကျယ်ဝန်းတဲ့ မြေကွက်မှာ ချစိုက်တယ်။ လွပ်လပ်ရှည်လျားတဲ့ အမြစ်တွေနဲ့ ပတ်ဝန်းကျင်က ရသမျှမြေဆီသြဇာတွေကို စုပ်ယူတယ်။ ဒါ့ကြောင့် သူ့အိမ်မက်သစ်ပင်ဟာ အမြင့်မားဆုံး ဝေဆာစည်ပင်ခဲ့တယ်


24/02/2023

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်

မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်

လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်

အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်

ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်

ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်

အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။

Credit:
⭐⭐⭐Jobs4U⭐⭐⭐⭐
www.facebook.com/Jobs4Uall

24/02/2023

ရုပ်ရည်ကိုကြည့်ပြီး မျက်နှာမလိုက်မိစေဖို့ အလုပ်လာလျှောက်သူတွေကို မျက်နှာဖုံးစွပ်ခိုင်းတဲ့ ကုမ္ပဏီ

ရုပ်ချောသူတွေကို မျက်နှာလိုက်ပြီး အလုပ်ခန့်တာမျိုး မဖြစ်စေဖို့ တရုတ်ကုမ္ပဏီတစ်ခုက အလုပ်လာလျှောက်သူတွေကို အင်တာဗျူး လာဖြေတဲ့အခါ မျက်နှာဖုံးစွပ်လာခိုင်းခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ချန်ဒူးမြို့အခြေစိုက် Chengdu Ant Logistics ကုမ္ပဏီမှာ အလုပ်လာလျှောက်သူတစ်ယောက်က ဒီအကြောင်းကို ဗီဒီယိုရိုက်ပြီး တရုတ်လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။ အဲဒီဗီဒီယိုထဲမှာ အလုပ်လာလျှောက်သူတွေရော၊ အင်တာဗျူးတဲ့သူပါ မျက်နှာဖုံးစွပ်ထားတာ တွေ့ရပါတယ်။

ရုပ်ရည်သွင်ပြင်ထက် အရည်အချင်းကို ကြည့်ပြီး အလုပ်ခန့်ဖို့ ကြိုးစားတဲ့
Chengdu Ant Logistics ကုမ္ပဏီရဲ့လုပ်ရပ်ကို လူသန်းပေါင်းများစွာက ချီးကျူးခဲ့ကြပါတယ်။

Ref: Company Asks Job Applicants to Wear Masks to Avoid Discrimination Based on Looks
Team (ရိုးရာလေး)

24/02/2023

ပိုက်ဆံမဖြုန်းပါနဲ့

မိတ်ဆွေ....

●အားနေရင်စျေးဝယ်ထွက်ချင်နေတဲ့စိတ်ကို
အရင်ပြုပြင်ပါ
ခြင်းတောင်းအပြည့်စျေးဝယ်လာပြီး
လိုအပ်တာတွေရလာလို့စိတ်ပျော်ရွှင်ရပေမယ့်
တခါတလေ ငွေတွေအရမ်းကုန်သွားလို့
ဝယ်ပြီးမှ စိတ်ဆင်းရဲနေရတဲ့အခါတွေလည်း
လူအားလုံးမှာရှိတတ်ကြပါတယ်
ခြင်းထဲကပစ္စည်းတွေကိုပြန်ကြည့်ပါ
တခါတလေ မဝယ်လည်းရတဲ့ပစ္စည်းတွေ
ပါလာတတ်ပါတယ်
တချို့ပစ္စည်းတွေက အိမ်မှာအရင်ထဲကရှိပြီးသားပစ္စည်းတွေလည်း
ဖြစ်နေတတ်ပါတယ်
လိုရမယ်ရဝယ်ထားလိုက်ပြီး
ဝယ်ပြီး၆လတစ်နှစ်အထိ
မသုံးရတဲ့ပစ္စည်းတွေလည်းဖြစ်နေတတ်ပါတယ်
ဒါ့ကြောင့် market placeတွေ
ပေါများလွန်းတဲ့ခေတ်မှာ
လိုအပ်တဲ့အရာကိုပဲ ဝယ်ပါ
ခြင်းတောင်းတလုံးနဲ့ပတ်ကြည့်နေပြီး
ဝယ်ချင်တာကို ကောက်ထည့်ပြီး
မိမိစိတ်နောက်
ငွေလိုက်သွားတာမျိုးတွေကိုရှောင်ရှားပါ
သင်ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကို
သင့်ကိုယ်သင်ဂုဏ်ယူနိုင်ပေမယ့်
နောင်တချိန်မှာ ငွေမစုမိခဲ့လို့
ဆင်းရဲဒုက္ခရောက်နေချိန်မှာ
သင့်ဘေးမှာဘယ်သူမှရှိမနေနိုင်ပါဘူး

●ချက်ပြီးသားတွေရှိလျက်နဲ့
အပြင်ထွက်စားခြင်းကိုတတ်နိုင်သမျှလျှော့ပါ

တခါတလေ အိမ်မှာဟင်းတွေအများအပြားချက်ထားပေမယ့်
မစားချင်တော့လို့အပြင်ထွက်စားကြတာမျိုး
ရှိတတ်ကြပါတယ်
အပြင်အစားအစာတွေဟာစားကောင်းတယ်
အနံ့အရသာအိမ်မှာနဲ့မတူဘူး
ဇိမ်ရှိရှိစားနိုင်တယ်
စားရတာပျော်စရာကောင်းတယ်
ဟုတ်ကဲ့
ဒါပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့
ဒါဟာ ပိုက်ဆံဖြုန်းတီးတာသက်သက်ဖြစ်သွားပါတယ်
အပြင်မှာစားမယ်အစီအစဉ်ရှိရင်
အိမ်မှာမချက်ပါနဲ့
နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေ
ရေခဲသေတ္တာထဲကနေ date ကုန်လို့
အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာ
ပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ
ဒါ့ကြောင့်' ဥစ္စာပြို စားဖိုက'တဲ့
ရှေးစကားပုံတောင်ရှိပါတယ်

●အားမနာပါနဲ့

လူတချို့ကိုအားမနာပါနဲ့
မိမိကုန်သွားမယ့်ပိုက်ဆံတွေဟာ
တကယ့်မိတ်ဆွေတွေအတွက်
ကုန်သင့်လို့ကုန်တာလား
မကုန်သင့်တဲ့လူတွေကို
အားနာပါးနာနဲ့ကုန်ရမှာလား အမြဲတွေးပါ
သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက်
တွေ့သမျှလူတွေ ကြုံသမျှကိစ္စ
မြင်သမျှအရာရာအတွက် သင်ကပဲအကုန်ခံနေစရာမလိုအပ်ပါဘူး
မိတ်ဆွေကောင်းတွေအတွက်
သာရေးနာရေးဟာ မသွားမဖြစ်ကူညီရပါမယ်
ဒါပေမယ့်
အားနေလို့ အလကားထထလုပ်နေတဲ့
မွေးနေ့ပွဲတွေ
တခါမှမကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ
ဘာမှန်းမသိတဲ့အလှူခံတွေ အတွက်
သင်ကူညီနေရမယ်ဆိုတော့
သင်ငွေစုမိမှာမဟုတ်ပါဘူး
နောက်.....ကတိမတည်တဲ့လူတွေရဲ့
အကြောင်းအမျိုးမျိုးတွေကြောင့်
အလွယ်တကူငွေချေးမိတာမျိုးကိုလည်း
မလုပ်သင့်ပါဘူး
ဒါကြောင့် အရာရာကိုသိပ်အားမနာပါနဲ့

●အရည်မရ အဖက်မရအရာတွေအတွက်
ငွေသိပ်မဖြုန်းပါနဲ့

နေ့စဉ် ၂ထောင် ၃ထောင်ဖိုးကွမ်းစားတာတွေ
နေ့စဉ် ဘီယာဆိုင်ထိုင်တာတွေ
အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော်
နေ့တိုင်းကုန်နေတာတွေ
နေ့တိုင်း spa သွားနေတာတွေ စတဲ့
အသေးသုံးငွေတွေဟာ
သင်သာ ဘရိတ်မအုပ်တက်ရင်
အရှိန်ပါပြီး အကျင့်ဖြစ်သွားတတ်ပါတယ်
နေ့စဉ် ငွေအနည်းငယ်တွေဟာသိပ်မသိသာပေမယ့်
လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ
သိန်းဂဏန်းဖြစ်နေတာကိုတွေ့ရမှာပါ
ဒါ့ကြောင့် အသေးစားသုံးတာတွေကို
လျှော့ချကြည့်ပါ
ငွေဖြုန်းတာ အကျင့်ပါတတ်ပါတယ်
ငွေမသုံးရ မဖြုန်းရရင်
မနေနိုင်တဲ့လူတွေအများကြီးရှိပါတယ်
သင်သတိထားကြည့်ပါ
အထည်ကြီးပျက်တော်တော်များများဟာ
သူတို့အထည်ကြီးကို သူတို့ကိုယ်တိုင်
ဖျက်ဆီးခဲ့တာများပါတယ်
သူတို့ကို သင်နမူနာယူပါ

●တိုးပြီးမရှာနိုင်လျှင် ဖြုန်းတာတွေကိုလျှော့ပါ

ဟုတ်ကဲ့
အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ
လကုန်ရင်ဒီလစာသာရမှာဖြစ်လို့
ဝင်ငွေတိုးမလာနိုင်တဲ့အခါ
ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှလျှော့ချကြည့်ပါ
လူတော်တော်များများဟာ
မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း
အသက်တွေကြီးလာတဲ့အခါ
စီးပွားရေးလည်းမလုပ်တက်
ရင်းနှီးမြှ ုပ်နှံမှုလည်းမရှိနဲ့
ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို
မြင်ဖူးကြမှာပါ
အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့အချိန်ကစပြီး
ငွေမဖြုန်းပါနဲ့တော့

တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး
တစ်သိန်းဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ်
ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့
ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့
ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့မတွေးပါနဲ့
အဲဒီ ငွေတစ်သောင်း ငွေတစ်သိန်းရဖို့
သင့်ထက်အများကြီးပင်ပန်းခံပြီး
ရှာဖွေနေရသူတွေအများကြီးရှိနေတယ်ဆိုတာ
သတိပြုပါ
ဆင်းရဲလွန်းတဲ့အဖိုးအဖွားတွေအတွက်
ငွေ တစ်သောင်း ငွေတစ်သိန်းဟာ
အလွန်တန်ဖိုးရှိတယ်ဆိုတာ သင်မမေ့ပါနဲ့

မိတ်ဆွေ
ငွေသုံးပါ
ငွေမဖြုန်းပါနဲ့...

Credit

Address

Yangon

Telephone

+9595007992

Website

Alerts

Be the first to know and let us send you an email when Myanmar Golden Future Services Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share