07/10/2022
''ပြည်ပဆိုက်ရောက်'' အတွက် လေယာဥ်ကွင်းတွင် ဆောင်ရွက်ရမည့် အဆင့်ဆင့်
👉👉 ရှေ့ကတင်ခဲ့တဲ့ post မှာ ပြည်ပထွက်ခွာ အတွက် လုပ်ဆောင်ချက်အဆင့်ဆင့်တွေကို မျှဝေခဲ့ပြီးပြီမို့ ကျန်ရှိနေတဲ့ ပြည်ပဆိုက်ရောက်အတွက် လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုဆက်လက်မျှဝေပေးလိုက်ပါတယ်။
📝📝 (၁) ပထမဦးစွာလေယာဥ်ပေါ်တွင် လေယာဥ်မောင်မယ်များမှ ကမ်းပေးသော Arrival form ကိုဖြည့်ထားရပါမယ်။
🚌🚌 (၂) လေယာဥ်ကွင်းသိုဆင်းသက်ပြီးလေယာဥ် ရပ်သွားသည့်အခါ ခရီးသည်များကို လာကြိုသော short ferry Bus လေးကို စီးရပါမယ်။ (တချို့လေယာဥ်ကွင်းတွေမှာ တန်းပြီးလန်းလျှောက်ရပါတယ်)
👮🛂📓(၃) Ferry ပေါ်မှဆင်းပြီး လေယာဥ်ကွင်းအဆောက်အဦးထဲကို လမ်းလျှောက်ဝင်သွားပါက ပထမဦးစွာ Immigration counter ကို ဖြတ်ရပါမယ်။ သူက Passport, Visa တို့ကိုစစ်ပြီးပြန်ပေးလိုက်ပါလိမ့်မယ်။ Arrival form ကိုတစ်ခြမ်း ဖြဲယူထားပြီး Departure အတွက်ဖြည့်စွက်ရန် ကျန်တခြမ်းကိုပြန်ပေးလိုက်ပါလိမ့်မယ်။
🛄🛄🏃🏃♀️(၄) ထို့နောက် Baggage claim နေရာကိုစုံစမ်းသွားပြီး ကိုယ့်ရဲ့ Luggage ပါလာသည်ကို စောင့်ယူရပါမယ်။ (လေယာဥ်ကွင်း ကြီးရင်ကြီးသလို Baggage Claim သို့ရောက်ရှိရန် အချိန်ကြာကြာလမ်းလျှောက်ရနိုင်ပါတယ်။) Luggage ကိုတွေ့ရှိပါက သူများ Luggage နှင့် မမှားစေရန် မိမိ Luggage ဖြစ်ကြောင်း သေချာစွာစစ်ဆေးပြီးမှ ယူရပါမယ်။
🏧💵💶 (၅) မိမိ၏ Luggage ကိုယူပြီးပါက ရောက်ရှိနေသောနိုင်ငံ၏ ငွေကြေးကို လေယာဥ်မထွက်မီမလဲလှည်ခဲ့မိပါက လက်ရှိရောက်ရှိနေသော လေယာဥ်ကွင်းရှိ Money Exchange တွင်လဲလှည်ရပါမယ်။
👨💼👩💼💾📲 (၆) ထို့နောက် လေယာဥ်ကွင်းထဲရှိ Mobile Sim Card အရောင်း Counter သို့သွားကာ Sim Card ဝယ်ရပါမယ်။ ကိုယ်သုံးမည့် အနေအထားနှင့်ချင့်ချိန်၍ Internet Package ကိုတစ်ခါထဲထည့်ခိုင်းပါ။
🚖🚖🏃🏃♀️
(၇) ထို့နောက် လေယာဥ်ကွင်း Exit ဆီသို့သွားကာ အပြင်ရောင်လျှင် မိမိလိုရာခရီးကို Taxi/ Cab ငှား၍သွားနိုင်ပါပြီ။
🛬🛬🏠🏙🌆 Axiom Yadanar Pone ရဲ့ ပရိတ်သတ်တွေအားလုံး လိုရာခရီးကို ချောချောမွေ့မွေ့ ရောက်ရှိကြပါစေဗျာ 🛬🛬🌈🌈 😊😊