Myo Overseas Academy

Myo Overseas Academy ရင်းနှီးခဲ့ရတဲ့အချိန်တွေ၊ ပညာတွေ အလဟဿမဖြစ်စေဖို့ စစ်မှန်တဲ့ အေဂျင်စီတစ်ခုကို ရှာနေတယ်ဆိုရင်တော့ ...

This page is maintained by Myo Overseas Academy & General Services Co., Ltd. Myanmar Overseas Employment Service Agent Licence No: 97/2022

📍Breaking News📍..............ဂျပန်နိုင်ငံမြောက်ပိုင်း Sanriku ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ (ဧပြီလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်) ညန...
20/04/2026

📍Breaking News📍..............

ဂျပန်နိုင်ငံမြောက်ပိုင်း Sanriku ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ (ဧပြီလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်) ညနေ ၄:၅၃ နာရီက အင်အား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

ထိုငလျင်ကြောင့် ဂျပန်မိုးလေဝသဌာနက အီဝတေး (Iwate) စီရင်စုနှင့် ဟော့ကိုင်းဒိုး (Hokkaido)၊ အာအိုမိုရီ (Aomori) ဒေသအချို့အတွက် ဆူနာမီ သတိပေးချက် (Tsunami Warning) ထုတ်ပြန်ထားသည်။ ထိုဒေသများတွင် အမြင့် ၃ မီတာ (၁၀ ပေခန့်) အထိရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သည်ဟုခန့်မှန်းထားပါသည်။

ထို့ပြင် ဟော့ကိုင်းဒိုး (Hokkaido)၊ အာအိုမိုရီ (Aomori)၊ မိယာဂီ (Miyagi) နှင့် ဖူကူရှီးမား (Fukushima) စီရင်စုတို့အတွက်လည်း ဆူနာမီ သတိပေးနှိုးဆော်ချက် (Tsunami Advisory) ထုတ်ပြန်ထားပြီး ထိုနေရာများတွင် ရေမျက်နှာပြင်အမြင့် ၁ မီတာ (၃ ပေခန့်) အထိ တက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားပါသည်။
----------------------

လက်ရှိသိရှိရသော အဓိကအချက်အလက်များမှာ -

♦ ငလျင်အင်အားမှာ Magnitude 7.5 (အနက် ၁၀ ကီလိုမီတာ)။

♦ အပြင်းထန်ဆုံးဒေသများမှာ အာအိုမိုရီခရိုင်တွင် ဂျပန်ငလျင်တိုင်းတာမှုစနစ်အဆင့် "Upper 5" အထိ ခံစားခဲ့ရသည်။

♦ အမြင့်ဆုံးသတိပေးချက် (၃ မီတာအထိ): Iwate, Part of Hokkaido, & Aomori

♦ အထူးသတိပြုရန် (၁ မီတာအထိ): Hokkaido, Aomori, Miyagi, Fukushima

♦ သယ်ယူပို့ဆောင်ရေး: တိုဟိုကုရှင်ကန်းဆင် (Tohoku Shinkansen) ရထားပြေးဆွဲမှုများကို ဘေးကင်းလုံခြုံရေးအတွက် ရပ်နားထားသည်။

♦ နျူကလီးယားစက်ရုံများ: ဖူကူရှီးမား၊ အိုနာဂါဝါနှင့် ဟီဂါရှီဒိုရီ စက်ရုံများတွင် ထိခိုက်မှုရှိမရှိ အာဏာပိုင်များက အနီးကပ်စစ်ဆေးလျက်ရှိပြီး လတ်တလောတွင် ပုံမှန်မဟုတ်သော အခြေအနေများ မတွေ့ရှိရသေးပါ။

**တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) က ဖူကူရှီးမား ဒါအိအိချိ (Daiichi) နှင့် ဒါအိအိနိ (Daini) နျူကလီးယားစက်ရုံများတွင် ထိခိုက်မှုရှိမရှိ စစ်ဆေးနေသည်။

**တိုဟိုကုလျှပ်စစ်စွမ်းအားကုမ္ပဏီသည်လည်း မီယာဂီခရိုင်ရှိ အိုနာဂါဝါ (Onagawa) နှင့် အာအိုမိုရီခရိုင်ရှိ ဟီဂါရှီဒိုရီ (Higashidori) စက်ရုံများကို စစ်ဆေးလျက်ရှိသည်။

**ဖူကူရှီးမား ဒါအိအိနိ စက်ရုံတွင်မူ လတ်တလော ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးကြောင်းနှင့် စက်ရုံပတ်ဝန်းကျင်ရှိ ရောင်ခြည်ဖြာထွက်မှုနှုန်းမှာလည်း ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

♦ ကမ်းရိုးတန်းအနီးတွင် နေထိုင်သူများအနေဖြင့် မြင့်မားသော ကုန်းမြေများပေါ်သို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန် ဂျပန်မိုးလေဝသဌာနက တိုက်တွန်းထားပါသည်။

Credit : NHK World Japan

ဂျပန်ရောက်နေကြတဲ့မောင်ငယ်ညီမငယ်တို့ရေ‌ဒီနေ့ မြန်မာနှစ်သစ်ကူးမှာ မင်မင် ရွှေတိဂုံဘုရားရောက်ခဲ့လို့ ဒီထဲက အဆင်ပြေတဲ့ ပုံတေ...
17/04/2026

ဂျပန်ရောက်နေကြတဲ့မောင်ငယ်ညီမငယ်တို့ရေ

ဒီနေ့ မြန်မာနှစ်သစ်ကူးမှာ မင်မင် ရွှေတိဂုံဘုရားရောက်ခဲ့လို့ ဒီထဲက အဆင်ပြေတဲ့ ပုံတော်ကို Save ပြီး ပူဇော်ချင်ရင် ပူဇော်လို့ ရအောင် တင်ပေးထားတယ်နော်.
Vinyl ပဲ ထုတ်ထုတ်၊ Save ပဲ Save
ကြိုက်သလို ယူလို့ရတယ်နော်.
နှစ်သစ်ကူးကစလို့ အားလုံးပဲ ကျန်းမာ ချမ်းသာပြီး
ကပ်ကြီးသုံးပါးဘေး ရန်သူမျိုးငါးပါးဘေးကနေ ကျော်လွှားနိုင်ကြပါစေနော်.

💛နစ်ဟောင်းက အခက်အခဲ အားလုံးကို ကျော်လွှားနိုင်ပြီး စိတ်သစ်လူသစ်နဲ့ အားလုံးပဲ နှစ်သစ်မှာ ပြန်လည်ဆုံတွေကြပါမယ် 💛💦ပျော်ရွှင...
10/04/2026

💛နစ်ဟောင်းက အခက်အခဲ အားလုံးကို ကျော်လွှားနိုင်ပြီး စိတ်သစ်လူသစ်နဲ့ အားလုံးပဲ နှစ်သစ်မှာ ပြန်လည်ဆုံတွေကြပါမယ် 💛
💦ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူး ဖြစ်ကြပါစေ💦

Myo Overseas Academy တွင် တာဝန်ထမ်းဆောင်ရန်...စိတ်ဝင်စားပြီး အချက်အလက်များနှင့်ကိုက်ညီပါက  အောက်ပါလိပ်စာတွင် လာရောက် လျှ...
23/03/2026

Myo Overseas Academy တွင် တာဝန်ထမ်းဆောင်ရန်...
စိတ်ဝင်စားပြီး အချက်အလက်များနှင့်ကိုက်ညီပါက အောက်ပါလိပ်စာတွင် လာရောက် လျှောက်ထားနိုင်ပါသည်။

Myo Overseas Academy General Services Co., Ltd.

🏡 Building (A)၊ အမှတ် A-1101၊ ၁၁ လွှာ (ဓာတ်လှေကားတွင် ၁၀ နှိပ်ပါ) ၊ စံပယ်ဖြူကွန်ဒို၊ သင်္ဃန်းကျွန်းမြို့နယ် (ဇဝနကားမှတ်တိုင်ရှေ့)

☎️ 09 942951657

N3 passed ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မသွားချင်သေးတဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်း - Junior Opera...
19/03/2026

N3 passed ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မသွားချင်သေးတဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်း - Junior Operation Staff (၁) ဦး Myo Overseas Education Consultancy MOEC မှ အမြန်အလိုရှိသည်!

====================

☺ ဂျပန်ပညာရေးဝန်ဆောင်မှုလောကမှာ အတွေ့အကြုံသစ်တွေရယူရင်း MOEC နဲ့အတူ ရှေ့ဆက်ချင်ပါသလား?

☺ သင်က တက်ကြွဖျတ်လတ်ပြီး ဂျပန်စာအရည်အချင်းလည်းရှိတယ်ဆိုရင်တော့ ဒါက သင့်အတွက် အခွင့်အရေးပါပဲ။

**ဘာတွေရရှိမလဲ**
💰 အရည်အချင်းသာ တကယ်ရှိရင် သင့်တင့်တာထက် ပိုမိုကောင်းမွန်တဲ့လစာနဲ့ လစဉ် Bonus!

🤝 ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်။.....

စိတ်ပါဝင်စားတယ်ဆိုရင်တော့ အခုပဲ CV Form ပို့ပြီး ဆက်သွယ်လိုက်ပါ။

Myo Overseas Education Consultancy
🏡 Building (A)၊ အမှတ် A-1101၊ ၁၁ လွှာ (ဓာတ်လှေကားတွင် ၁၀ နှိပ်ပါ) ၊ စံပယ်ဖြူကွန်ဒို၊ သင်္ဃန်းကျွန်းမြို့နယ် (ဇဝနကားမှတ်တိုင်ရှေ့)
☎️ 09 942951657
#ရုံးချိန်အတွင်းသာစုံစမ်းရန်
(** Mon to Fri ** 9 30 am - 5 00 pm)

TOKUTEI VISA နဲ့ ဂျပန်မှာ နေရင်း လက်ရှိနေတဲ့နေရာကနေ အဆောင်ပြောင်းတဲ့အခါမှ မိမိကြောင့် ဖြစ်သွားတဲ့ပျက်စီးမှုတွေအတွက် ယန်း...
24/02/2026

TOKUTEI VISA နဲ့ ဂျပန်မှာ နေရင်း လက်ရှိနေတဲ့နေရာကနေ အဆောင်ပြောင်းတဲ့အခါမှ မိမိကြောင့် ဖြစ်သွားတဲ့ပျက်စီးမှုတွေအတွက် ယန်း ၂၄ သောင်း အလျော်ပေးလိုက်ရတာမျိုး ရှိတဲ့အတွက် ဂျပန် သွားဖို့စောင့်ဆိုင်းနေတဲ့ သူတွေသာမက ဂျပန်ရောက်ပြီးသား သူတွေအတွက်ပါ အိမ်ပြင်ဆင်စရိတ်နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်လေး တစ်ချို့ကို ဝေမျှချင်ပါတယ်။

ပထမဆုံးအနေနဲ့ အိမ်ရှင် (သို့မဟုတ်) ကုမ္ပဏီက တာဝန်ယူရမည့်အရာများ
အိမ်ရဲ့ အခြေခံအဆောက်အအုံနဲ့ သက်ဆိုင်တဲ့ ပျက်စီးမှုတွေဆိုရင် အိမ်ရှင်ကပဲ ပြင်ပေးရပါမယ်။
• ရေပိုက်လိုင်း: သဘာဝအတိုင်း ဟောင်းနွမ်းပြီး ရေယိုခြင်း။
• လျှပ်စစ်မီး: အိမ်မှာပါဝင်ပြီးသား Air-con၊ ရေပူစက် (Water Heater) တို့ဟာ ပုံမှန်သုံးရင်းနဲ့ ပျက်သွားခြင်း။
• အမိုး/နံရံ: မိုးယိုခြင်း ဒါမှမဟုတ် ငလျင်ကြောင့် အက်ကွဲခြင်း။

နောက်ထပ်မိမိကိုယ်တိုင် (အိမ်ငှား) ပေးရမည့်အရာများ
အိမ်ငှားရဲ့ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ သုံးစွဲသူက လဲလှယ်ပေးရမည့် ပစ္စည်းများဖြစ်စေ မိမိဘာသာ အကုန်အကျခံရတတ်ပါတယ်။
• မီးသီး/မီးချောင်း: ကျွမ်းခြင်း/ပျက်စီးခြင်း
• မိမိအမှားကြောင့် ပျက်စီးခြင်း: (ဥပမာ- ကြမ်းပြင်ပေါ် ရေမှောက်ပြီး မသုတ်ပဲထား၍ ကြမ်းပြင်ပျက်စီးခြင်း၊ ဒေါသထွက်ပြီး နံရံကို ထိုးမိ၍ပျက်စီးခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် နံရံကပ်စက္ကူ (Wallpaper) အရောင်ပြောင်းသွားခြင်း)
• အိမ်သာပိတ်ခြင်း: (အမှိုက် ဒါမှမဟုတ် တစ်ရှူးအထူကြီးတွေ ပစ်ထည့်လို့ အိမ်သာပိတ်ခြင်း)စသည်တို့ကိုမိမိစရိတ်နဲ့ ပြင်ရလေ့ရှိပါတယ်။
________________________________________
Tokutei သမားတွေ အထူးသတိထားရမည့်အချက်များ
ဂျပန်မှာ အိမ်ငှားစာချုပ်ချုပ်ရင် "Genshoku Kaifuku" (Original Condition Restoration) ဆိုတဲ့ စည်းကမ်းရှိပါတယ်။ ဒါဟာ အိမ်ကနေ ပြန်ထွက်တဲ့အခါ အိမ်ကို မူလအတိုင်း ပြန်ဖြစ်နေရမယ်လို့ ဆိုလိုတာပါ။

ဒါဆိုရင် အိမ်စငှားစဉ်ကတည်းက ဘာတွေကို လုပ်ထားသင့်လဲ..
1. ဓာတ်ပုံရိုက်ထားပါ: အိမ်ထဲကို စဝင်ကတည်းက နံရံမှာ အစွန်းအထင်းရှိလား၊ ကြမ်းပြင်မှာ အစက်အပျောက် နှင့်တခြားအရာများ ပျက်စီးခြင်းများရှိလားဆိုတာ ဓာတ်ပုံရိုက်ပြီး သက်သေအဖြစ် သိမ်းထားပါ။
2. စာချုပ်ကို သေချာဖတ်ပါ: အချို့စာချုပ်တွေမှာ "အသေးစားပြင်ဆင်မှု (Small Repairs) ကို အိမ်ငှားက စိုက်ထုတ်ရမည်" ဆိုတဲ့ အချက် ပါတတ်ပါတယ်။
3. စီမံခန့်ခွဲသူ ကို အကြောင်းကြားပါ: တစ်ခုခုပျက်ရင် ကိုယ့်သဘောနဲ့ကိုယ် အပြင်က လူခေါ်မပြင်ပါနဲ့။ အရင်ဆုံး ကုမ္ပဏီကို ဖုန်းဆက် အကြောင်းကြားပါ။ သူတို့ခေါ်ပေးတဲ့ လူနဲ့ပြင်မှသာ အာမခံ (Insurance) က ကာမိမှာ ဖြစ်ပါတယ်။
အပေါ်က အချက်တွေကို ဖတ်ပြီးနောက် အိမ်ငှားနေတဲ့အခါ သိရှိသင့်တဲ့ အချက်လေးတွေကို နားလည်သဘောပေါက်ဖို့အတွက် မျှော်လင့်မိပါတယ်။

မင်မင်တို့ရဲ့ MOA tiktok message မှာ လာမေးထားတာ.. ၄ လနဲ့ ဂျပန်ရောက်တယ်ဆိုလို့ တဲ့လေ .. ဂျပန်စာလည်း မသင်ဘဲ ၄ လနဲ့ ဂျပန်ရေ...
10/02/2026

မင်မင်တို့ရဲ့ MOA tiktok message မှာ လာမေးထားတာ..

၄ လနဲ့ ဂျပန်ရောက်တယ်ဆိုလို့ တဲ့လေ ..

ဂျပန်စာလည်း မသင်ဘဲ ၄ လနဲ့ ဂျပန်ရောက်နိုင်တယ်လို့ ပြောရင် လိမ်နေကြတာပါလို့.
ခေတ်မကောင်းရတဲ့ကြားထဲ လိမ်ခံမထိအောင် ဂရုစိုက်ကြပါ ကလေးတို့ရေ...
နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ဖို့ဆိုတာက သူတို့နိုင်ငံရဲ့ ဘာသာစကားတွေ၊ ကျွမ်းကျင်လုပ်ငန်းဘာသာရပ်တွေမှာ စာမေးပွဲတွေ အောင်ပြီး အောင်လက်မှတ်တွေရမှ Join လို့ရနိုင်မှာပါနော်..

https://www.facebook.com/share/p/18HkJ3Y8ye/

ဒီလိုလေး တွေ့လို့လေနော်...အကုန်လုံးက အမှန်ပါရှင်..ဒီ MOA Page Myo Overseas Academy က အလုပ်ကိစ္စနဲ့ပတ်သက်တာတွေ မှန်သမျှ စ...
07/02/2026

ဒီလိုလေး တွေ့လို့လေနော်...
အကုန်လုံးက အမှန်ပါရှင်..

ဒီ MOA Page Myo Overseas Academy က အလုပ်ကိစ္စနဲ့ပတ်သက်တာတွေ မှန်သမျှ စုံစမ်းလို့ရပါတယ်...
MOTC Page Myo Overseas Training Centre လေးကတော့ သင်တန်းနဲ့ပတ်သက်တာ မှန်သမျှ စုံစမ်းလို့ရပြီး.
MOEC Page Myo Overseas Education Consultancy ကတော့ ကျောင်းနဲ့သွားလိုသူတွေအတွက် သိလိုတာ မှန်သမျှ စုံစမ်းနိုင်ပါတယ်လို့...
စိတ်ဝင်တစား ရှိပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်...
အားလုံးပဲ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပါစေရှင့်...

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် အသိပေးချက်လေးပါ 📢...............................ဒီဇင်ဘာ ၂၅ ကနေ ၂၈ ထိ Myo Overseas Academy (M...
24/12/2025

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် အသိပေးချက်လေးပါ 📢...............................

ဒီဇင်ဘာ ၂၅ ကနေ ၂၈ ထိ Myo Overseas Academy (MOA) ရဲ့ ဝန်ထမ်းတွေအနေနဲ့ ခရစ္စမတ်ပိတ်ရက်မှာ ခေတ္တအနားယူပြီး အားအင်ဖြည့်တင်းကြဦးမှာမို့လို့ ရုံးပိတ်မှာဖြစ်ကြောင်း အသိပေးပါရစေရှင့်။ 😁😁😁

🗓️ ပိတ်ရက်: Dec 25 - Dec 28 🗓️ ပြန်လည်ဆုံတွေ့မည့်ရက်: Dec 29 (တနင်္လာ)
ပိတ်ရက်အတွင်း Message Box ကနေ မေးမြန်းထားတာတွေကိုတော့ ပြန်ဖွင့်တဲ့နေ့မှာ အကြောင်းပြန်ပေးသွားပါမယ်နော်။ အားလုံးပဲ ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ကြပါစေရှင်။ ✨

2025 ကို အပျော်ရွှင်ဆုံး နှုတ်ဆက်ပြီး 2026 ကို ပျော်ရွှင် အောင်မြင်စွာ ဖြတ်သန်းနိုင်မယ့် ခွန်အားတွေ ဆောင်ကြဉ်းပေးတဲ့ Myo...
20/12/2025

2025 ကို အပျော်ရွှင်ဆုံး နှုတ်ဆက်ပြီး 2026 ကို ပျော်ရွှင် အောင်မြင်စွာ ဖြတ်သန်းနိုင်မယ့် ခွန်အားတွေ ဆောင်ကြဉ်းပေးတဲ့ Myo Overseas Academy MOA ရဲ့ ပုဂံ ခရီးစဉ်..

ရုံးပိတ်ရက်များ အသိပေးကြေညာခြင်း
18/12/2025

ရုံးပိတ်ရက်များ အသိပေးကြေညာခြင်း

ကျေးဇူးပါ 😍❤😍
16/12/2025

ကျေးဇူးပါ

😍❤😍

Address

Sabel Phyu Condo, Building (A), No. A-1101, 11th Floor, Lay Daungkan Road, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959795399143

Alerts

Be the first to know and let us send you an email when Myo Overseas Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Overseas Academy:

Share