Part Time/Full Time Jobs In Yangon

Part Time/Full Time Jobs In Yangon Jobs in Yangon

08/03/2021

အတိအလင်းကြေညာပါသည်
-------------------
ယနေ့မှစ၍
CRPH ကို "အစိုးရ" ဟု သုံးနှုန်းမည်ဖြစ်ပြီး
"စစ်ကောင်စီ" ကို "အကြမ်းဖက်စစ်အုပ်စု" ဟု ပြောင်းလဲသုံးနှုန်းကြမည်။
မှတ်ချက် - လက်ခံပါက ကိုယ်တိုင်ထပ်ဆင့်ကြေငြာကြပါ





ရွှေပြည်သာGTI တတိယနှစ်ကျောင်းသားမောင်ဇော်ရဲနောင်သည် ၂၀.၂.၂၀၂၁(စနေနေ့)မနက်၉နာရီဝန်းကျင်တွင်သူငယ်ချင်းအိမ်သွားမည် ဆိုပြီးထ...
26/02/2021

ရွှေပြည်သာGTI တတိယနှစ်ကျောင်းသားမောင်ဇော်ရဲနောင်သည် ၂၀.၂.၂၀၂၁(စနေနေ့)မနက်၉နာရီဝန်းကျင်တွင်သူငယ်ချင်းအိမ်သွားမည် ဆိုပြီးထွက်သွားပါတယ် ယခုချိန် (၂၅.၂.၂၀၂၁)ကြာသာပတေးနေ့ ထိ ဖုံး ပိတ်ထားလို့ ဆက်သွယ်၍မရ ဖြစ်နေပါတယ်
ယခုကာလ သည် တိုင်းပြည်မအေးချမ်းသဖြင့် မိဘများမှ အလွန်ပင်စိတ်ပူနေပါတယ်
#လက်ခံထားသောသူငယ်ချင်းများနဲ့တွေ့ရှိသူများလည်း
ကျေးဇူးပြု၍ အောက်ပါ
ဖုံးနံပါတ်များသို့ ဆက်သွယ်ပေးပါနော် ကျေးဇူးဆပ်ပါ့မယ်🙏🙏🙏
ဒီ fb acc linkက သူ့အမေ fb acc ပါ

https://www.facebook.com/ohnmar.win.9674

#စိတ်အေးရအောင်messageပို့ပါ
#လူပျောက်ကြော်ငြာ



09254063040
09975982728
09984726606
09263649084
09794584402

🚨🚨အရေးကြီးပါတယ် !!!Twitter မှာ Rules ရှိပါတယ် Trigger Warning ပါ !အရေးကြီးပါတယ် Twitter ရောက်နေတဲ့သူတွေသတိထားပေးပါ အခုဖြ...
09/02/2021

🚨🚨အရေးကြီးပါတယ် !!!
Twitter မှာ Rules ရှိပါတယ် Trigger Warning ပါ !အရေးကြီးပါတယ် Twitter ရောက်နေတဲ့သူတွေသတိထားပေးပါ

အခုဖြစ်နေတဲ့ပုံတွေမှာသွေးထွက်သံယိုတွေပါနေပါတယ်
ပုံတွေ video တွေတင်ရင် Trigger Warning Rulesနဲ့မငြိအောင်လုပ်ပါ

Tweet တွေမှာ Tagline/Hashtag/Caption တွေ အပြင်

📕TW//( ပုံအခြေအနေအရစာထည့်ပါ)

သွေးထွက်သံယိုပုံတွေပါရင် TW: blood and violence
သေနတ်ပုံပါရင်
📕 TW//gunshots

သေဆုံးမှုအကြောင်းပါရင်
📕TW//death

သွေးထွက်သံယို ရိုက်နှက်နေတဲ့ပုံတွေပါရင်
📕TW//blood,vilonce
TW//blood gunshot

ပုံမှန် tweet တွေဆိုထည့်စရာမလ်ုပါ
သွေးထက်သံယိုပုံတွေ ပါရင်ထည့်ပေးပါ Rules မငြိအောင်သေချာလုပ်ပါ

Tagline
HEAR OUR VOICE

HASHTAG


08/02/2021

အထက်လူကြီးတွေဘက်က CDM မလုပ်ဖို့ ဖိအားပေးလာရင် 09265568229 Mizzima သတင်းဌာန ကိုအမည်မ ဖော်လိုသူဆိုပြီးသတင်းပေးပါ။

come on come on ‼‼‼

credit

07/02/2021
07/02/2021

Gen... Z . တို့ !!!!

ငါ့ရဲ့ ၈၈၈၈ အတွေ့အကြုံနဲ့အတူ အကြံတချိူ့ ပေးမယ် ၊ ယူချင်မှယူ ၊ မင်းတို့က ဆရာလုပ်လို့ရမဲ့ မျိူးဆက်လည်း မဟုတ်ဘူး ၊ တို့ထက် အပုံကြီး လည်တယ် ၊

လမ်းပေါ်ထွက်တဲ့အခါ ....

ရုန်းရုန်းရုန်းရုန်း ခုန်ပေါက်အော်ဟစ်တာမျိူး ....
ဝုန်းဝုန်းဝုန်းဝုန်း ပြေးလွှားသွားတာမျိူး ...
ကြွေးကြော်သံကလွဲရင် အော်ဟစ်ဆဲဆိုတာမျိူး....
လမ်းပိတ်ရင်ပိတ်ပစေ ဂရုမစိုက်ဘူးကွ ဆိုတာမျိူး ..
တားထားတဲ့စည်းကို လူများလို့ သွေးကြွပြီး ကျော်တာမျိူး ...
တာဝန်ကျတွေကို လှောင်ပြောင်ဆဲဆိုတာမျိူး ....

ဒါတွေထဲက တခုခုကို ကိုယ်တိုင်လည်း မလုပ်မိဖို့ လိုအပ်သလို ၊ အနားကလူတွေ လုပ်မယ်ကြံရင်လည်း အနားက အခြားလူတွေကိုပါ အကူအညီ တောင်းပြီး ဝိုင်းပြောပါ ဝိုင်းထိန်းပါ ၊ လူအုပ်ကြီးတွေဟာ ပုံဖျက်ဖို့ သိပ်လွယ်တယ် ၊ ပုံပျက်ရင် တာဝန်ရှိသူတွေဟာ သူတို့အထက်က ဘာဖြစ်ရင် ဘာလုပ်ဆိုတဲ့ အမိန့်တွေအရ လုပ်ရတာတွေ ဖြစ်လာတတ်တယ် ၊ ပုံဖျက်မခံကြပါနဲ့ ၊

အဝတ်အစားကို ကြိုက်ရာဝတ်ပါ ၊ ငါတို့ဟာ တစ်ယောက်ချင်းစီတိုင်းရဲ့ နိုင်ငံသားလွတ်လပ်ခွင့်အတွက် တောင်းဆိုနေတာ ဖြစ်တယ် ၊
ငါတို့ ရည်ရွယ်ချက်က "* လူပေါင်းများစွာဟာ စစ်အာဏာသိမ်းမှုကို မကြေနပ်ကြောင်း နဲ့ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်တယ် "* ဆိုတာကို မြန်မာက ကမ္ဘာက သိဖို့ ဖြစ်တယ် ၊ ဆူပူသောင်းကျန်းကြတယ် လို့ အသရေဖျက်မခံနိုင်ဘူး ၊ အသရေဖျက်သူတွေ ပေါ်လာရင် ထိန်းပါ ၊ ထိန်းမရရင် သူတို့ကို သပ်သပ်ခွဲထားပါ ၊ အနားသွားပြီး ရုန်းရုန်းစုစု အဖြစ်မခံပါနဲ့ ၊

လူအင်အား အလွန်များလာတဲ့အချိန်မှာ အပေါ်ကအချက်တွေဟာ ကျိူးပေါက်လွယ်တယ် ၊ သတိအထူးရှိကြပါ ၊ မင်းတို့ သိပြီးသားတွေပါ ၊ ပိုအရေးကြီးလာလို့ သတိပေးတာ ၊

ငါတို့တုန်းက မအောင်မြင်ခဲ့လို့ ငါတို့ရော မင်းတို့ရော ခွေးဖြစ်ခဲ့ကြပြီးပြီ ၊
မင်းတို့လက်ထက်မှာ မင်းတို့ရော မင်းတို့ရဲ့ မျိူးဆက်ရော ခွေးဖြစ်မခံကြနဲ့တော့ ။

crd ...

Address

Lamadaw
Yangon

Website

Alerts

Be the first to know and let us send you an email when Part Time/Full Time Jobs In Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Part Time/Full Time Jobs In Yangon:

Share