Shwe Ye Phyo Aung Overseas Employment Agency

Shwe Ye Phyo Aung Overseas Employment Agency Oversea Jobs Seeker

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီလို့ ထိုင်းနိုင်င...
30/03/2025

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီလို့ ထိုင်းနိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန်ချက် အရ သိရပါတယ်။

ဖုန်းခေါ်ဆိုမှုမှာ အရင်ဆုံး 001 800 001ကို ခေါ်ဆိုရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ (Free Call) အခမဲ့ ခေါ်ဆိုနိုင်တယ်ဆိုတဲ့ ဖြေကြားသံကြားပြီးတာနဲ့ 009 95 နောက်ကနေ ခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ် ထည့်သွင်းပြီး ခေါ်ဆိုနိုင်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနေတဲ့ မြန်မာနိုင်ငံကို ဖုန်း‌ခေါ်ဆိုနိုင်ဖို့ အကူအညီပေးတဲ့ အနေနဲ့ အခုလို အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ထိုင်းအစိုးရက ခွင့်ပြုပေးလိုက်တာလို့ သိရပါတယ်။


30/03/2025

Shwe Ye Phyo Aung ကုပ္မဏီနှင့် နိုင်ငံခြားတွင်အလုပ်လုပ်နေသောသူများ၏မိသားစုများနှင့်အဆက်အသွယ် မရလျှင်အကူအညီတောင်းနိုင်ပါသည်095174894

30/03/2025

Shwe Ye Phyo Aung ပြည်ပ အလုပ်အကိုင် အေဂျင်စီ မှ တဆင့်ပြည်ပ ထွက်ခွါခဲ့ကြသော သားတို့ /သမီးတိုရှင့်
ယခုဖြစ်ပေါ်ခဲ့သော သဘာဝဘေး ငလျင် ကြောင့် မိသားစုများနှင့် အဆက်အသွယ်မရခဲ့ပါက......
ဆက်သွယ်လိုသော phone no များပေးခဲ့ပါ ကျမတို့
ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ကြိုးစားပြီး ဆက်သွယ်ပေးပါမယ်ရှင့်
ဆက်သွယ်ပေးလိုသော phone no များကို အောက်ဖော်ပြပါ
viber no များတွင် 095174894. 0945075287
0943075287
ဆက်သွယ်ပေးစေလိုသောသူ၏ အမည်နှင့် phone .........
များလာရောက်ပြီး ပေးထားနိုင်ပါတယ် ရှင့်

ထိုင်းအတွက်
22/03/2025

ထိုင်းအတွက်

ကိုရီးယားသွားမယ်ဆို SAM SUNG HEAVY INDUSTRIES SHIPPING PAINTER ကျား၃၈ယောက်နော်
28/01/2025

ကိုရီးယားသွားမယ်ဆို SAM SUNG HEAVY INDUSTRIES SHIPPING PAINTER ကျား၃၈ယောက်နော်

🎊 Happy New Year 2025 🎊၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ ကျန်းမာ၊ ချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီး စီးပွားလာဘ်လာဘများတိုးပွာ...
31/12/2024

🎊 Happy New Year 2025 🎊

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ ကျန်းမာ၊ ချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီး စီးပွားလာဘ်လာဘများတိုးပွားကာ အလုပ်အကိုင်တွေဒီထက်မကအဆင်​ပြေပါ​စေလို့ admin တို့မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏🙏🙏

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း(၆-၁၂-၂၀၂၄)၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက...
06/12/2024

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း
(၆-၁၂-၂၀၂၄)
၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ “MOU လုပ်သားများကဲ့သို့ ၁၃-၂-၂၀၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း ( ၂ ) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း၊ ဆက်လက်၍ ( ၂ ) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း ( ၄ ) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း” သိရှိရပါသည်။
၂။ အထက်ပါလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြ ချက်တွင် “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရပါသည်။ မြန်မာသံရုံး (ဗန်ကောက်) သည်လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သည်လည်း ကောင်း၊ အလုပ်သမားသံမှူးရုံး (ဗန်ကောက်) သည်လည်းကောင်း ဤလုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိ (မရှိ) ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
၃။ ၂% အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ပါသည်။
၄။ သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဉီးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ပါသည်။
၅။ အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ပါသည်။
၆။ အကျိုးဆောင်အေဂျင်စီများအနေဖြင့် မရှင်းလင်းပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်၊ သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)

ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြား သား အလုပ်သမားများကို လွတ်လပ်စွာနေထိုင်ခွင့်ပြုကြောင်...
02/12/2024

ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြား သား အလုပ်သမားများကို လွတ်လပ်စွာနေထိုင်ခွင့်ပြုကြောင်း သတင်းရသိရှိရပါသည်
ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို လွတ် လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ထား သည်။

အဆိုပါ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန် ကြီး အနုထင် ချန်ဝီလကွန်တို့မှ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ထိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အပါအဝင် နိုင်ငံခြား သား အလုပ်သမားများကို နိုဝင်ဘာ ၂၈ ရက်မှစတင်၍ ဒီဇင်ဘာ ၃၀ ရက်အထိ လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း အမိန့်ထုတ်ချက်အရ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် PJ, PV, CI, စသည့် စာအုပ်ကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထား (လုံးဝ) မရှိသည့် အလုပ်သမားများအားလုံး အကြုံဝင်မည်ဖြစ်သည်။

ထိုသို့ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားသော်လည်း အလုပ်ရှင်အနေဖြင့် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားစီမံခန့်ခွဲရေး(ကျတ်ဟာငန်)ရုံးသို့ မိမိအလုပ်သမား၏ နာမည်၊ နေရပ်လိပ်စာ၊ အသက်၊ မည်သည့်နိုင်ငံသား၊ အမျိုးသား/အမျိုးသမီး ဖြစ်ကြောင်း စသည့် အချက်အလက်များ ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။

မှတ်ချက် : ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးတို့၏ အမိန့်ထုတ်ပြန်ချက်ကို မြဝတီမဲဆောက်မီဒီယာ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

အတည်ပြုကြေငြာချက်။ 13/2/24 ကုန်မည့် 2နစ်တော်အုပ်စု နှင့် ဘတ်သစ်လူသစ် စတင်မည့်အုပ်စု နစ်ဖွဲ့ အတွက် ပါ။ #မှတ်ချက် အထောက်ထာ...
29/11/2024

အတည်ပြုကြေငြာချက်။
13/2/24 ကုန်မည့် 2နစ်တော်အုပ်စု နှင့် ဘတ်သစ်လူသစ် စတင်မည့်အုပ်စု နစ်ဖွဲ့ အတွက် ပါ။

#မှတ်ချက် အထောက်ထားမဲ့ သူများ ဒီကြေငြာချက်ရ။ name list မရရှိတေသရျ် အလုပ်လုပ်ခွင့် မရှိတေပါ ဒါမဲ့ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ရရှိရန်အတွက်ယာရီ ခွင့်ပြုထားပါကြောင်း

ဘတ်သစ်ရိုက်ရန်တင်ထားသူများလာမည့်လ15-12-24 မှ 30-12-24အတွင်းName List တင်ရမည်ဖြစ်သောကြောင့်အမြန်ဆုံးဆက်သွယ်လာပေးကြပါ.ဘတ်သ...
28/11/2024

ဘတ်သစ်ရိုက်ရန်တင်ထားသူများလာမည့်လ
15-12-24 မှ 30-12-24အတွင်းName List တင်
ရမည်ဖြစ်သောကြောင့်အမြန်ဆုံးဆက်သွယ်လာပေး
ကြပါ.ဘတ်သစ်ရိုက်ရန် ဘတ်သစ်ရိုက်ရန်ဘတ်သစ်ရိုက်ရန်ဆက်သယ်ရန် Viber ဖုံးပါ ၀၉၅၁၇၄၈၉၄

စီအိုင်စာအုပ်အဖွဲ့နဲ့ အနီရောင်စာအုပ်အဖွဲ့အခွန်ဆောင်ရမည့်ပုံစံ(၂)မျိုးခွဲထားပါသည် သေချာလေးရှင်ပြပေးထားပါတယ် ဘယ်အဖွဲ့က ဘယ်...
28/11/2024

စီအိုင်စာအုပ်အဖွဲ့နဲ့ အနီရောင်စာအုပ်အဖွဲ့အခွန်ဆောင်ရမည့်
ပုံစံ(၂)မျိုးခွဲထားပါသည် သေချာလေးရှင်ပြပေးထားပါတယ် ဘယ်အဖွဲ့က ဘယ်လောက် အခွန်ဆောင်ရမလဲဆိုတာ

11.11.2024 ရက်​နေ့ ထိုင်းနိုင်ငံသို့ bkk ဒွန်​မောင်း​လေဆိပ် ​စေလွှတ်ထွက်ခွာမှုမှတ်တမ်း💚💚We sucessfully sent mou workers ...
11/11/2024

11.11.2024 ရက်​နေ့ ထိုင်းနိုင်ငံသို့ bkk ဒွန်​မောင်း​လေဆိပ်
​စေလွှတ်ထွက်ခွာမှုမှတ်တမ်း💚💚
We sucessfully sent mou workers to Thailand✈️
เราส่งแรงงาน MOU ไปประเทศไทยสำเร็จแล้ว✈️

Address

No (1291), Bayintnaung Street, (49) Quarter, North Dagon Township
Yangon
11181

Alerts

Be the first to know and let us send you an email when Shwe Ye Phyo Aung Overseas Employment Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Ye Phyo Aung Overseas Employment Agency:

Share