JOBS

Directions Contact the business

JOBS အလုပ်ရှာနေသူများနှင့်ဝန်ထမ်းရှာနေသူများအတွက်

အထောက်ကူပြုစေရန် ရည်ရွယ်ပါသည်။

အလုပ်ခေါ်စာများအား အခမဲ့တင်နိုင်ပါသည်။

04/10/2026

လာမယ့်လတွေအတွင်း အယ်နီညိုကြောင့် အပူရှပ်ခြင်း Heat Stroke ကာကွယ်ရန် မျှဝေလိုက်ပါတယ်

(၁) အပူရှပ်ခြင်း မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ"
အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် -
* ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ
* ခေါင်းမူး၊ ခေါင်းကိုက်ပြီး အားကုန်ခမ်းနုန်းချိလာတာ
* ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
* နှလုံးတုန်ပြီး ကြွက်တက်တာ(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်)

(၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ"
* ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ
* ကိုယ်အပူချိန် တက်လာတာ
* စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ
* သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ

ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း"

ဆေးရုံမပို့ခင် ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ -
1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။

2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ်
ပစ်ပါ သို့မဟုတ် လျှော့ပေးပါ။

3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။

4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။

လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက်

* ပါရာစီတမော လုံးဝမတိုက်ရပါ။
အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။
* သတိလစ်နေရင် ရေမတိုက်ရပါ။
လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူကျပ်သွားတတ်ပါတယ်။

ဘယ်လို ကြိုတင်ကာကွယ်မလဲ။

* ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။
* အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။
* ဖရဲသီး ၊သခွါးမွှေးသီး၊သခွါးသီး စတဲ့ အသီးအနှံတွေ စားပေးပါ။
* နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

ဟင်းခပ်အမွှေးအကြိုင်မဆလာအပူအစပ် /မာလာအထုံအစပ်/ရခိုင်ချက်အာပူအစပ်/ငပိရည် ငံပြာရည်စပ်စပ် (ဆင်ခြင်စားပါ)

#ကျန်းမာရေးဗဟုသုတ
#အပူရှပ်ခြင်း
#ကျန်းမာရေး

Plan ဘယ်လောက်ကောင်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ပေးမယ့်သူ မရှိရင် အလုပ်မဖြစ်နိုင်ဘူး။ဥပမာလေးတစ်ခုနဲ့ ပြောရရင်—စားသောက်ဆိ...
30/09/2026

Plan ဘယ်လောက်ကောင်းကောင်း၊ လက်တွေ့အကောင်အထည်ဖော်ပေးမယ့်သူ မရှိရင် အလုပ်မဖြစ်နိုင်ဘူး။

ဥပမာလေးတစ်ခုနဲ့ ပြောရရင်—

စားသောက်ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုပါစို့။

ဆိုင်ဘယ်မှာဖွင့်မယ်၊
ဘယ်လို Customer တွေကို ရည်ရွယ်မယ်၊
Menu ဘာတွေထားမယ်၊
Marketing ဘယ်လိုလုပ်မယ်၊
တစ်လကို ဘယ်လောက်ရောင်းအားရအောင်လုပ်မယ်…

အားလုံးကို သေချာစဉ်းစားပြီး Plan ချထားတယ်။

စာရွက်ပေါ်မှာကြည့်ရင်တော့ တကယ့်ကို ပြည့်စုံတယ်။

ဒါပေမယ့် လက်တွေ့မှာ—

ချက်ပြုတ်တဲ့သူက အချိန်မမှန်၊
ဝန်ထမ်းတွေက Customer ကို သေချာမဆက်ဆံ၊
Order တွေမှား၊
ပြဿနာတက်ရင် ဘယ်သူက ဘာလုပ်ရမလဲ မသိ…

ဒီလိုဖြစ်လာရင် Plan ဘယ်လောက်ကောင်းကောင်း ရလဒ်ကောင်းထွက်လာမှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ Plan က “ဘာလုပ်မလဲ” ကို ပြောပေးတာဖြစ်ပြီး၊ Implementation က “တကယ်လုပ်တဲ့အပိုင်း” ဖြစ်လို့ပါ။

တကယ်တော့ အလုပ်တစ်ခု အောင်မြင်ဖို့ဆိုတာ
Plan ကောင်းဖို့တင် မလုံလောက်ပါဘူး။

Plan ကို နားလည်တဲ့သူ၊
တာဝန်ယူပြီး လုပ်တဲ့သူ၊
ပြဿနာတက်ရင် ဖြေရှင်းတတ်တဲ့သူ၊
ပြီးအောင် လိုက်လုပ်ပေးတဲ့သူတွေ လိုပါတယ်။

မြေပုံက လမ်းကိုပြပေးနိုင်ပေမယ့်
မြေပုံကိုင်ထားရုံနဲ့ ခရီးမရောက်ပါဘူး။
တကယ်လမ်းလျှောက်ဖို့ လိုပါတယ်။

ဒါကြောင့် Organization တစ်ခုမှာ
Planning လုပ်တတ်တဲ့သူတွေနဲ့အတူ
Implementation ကောင်းကောင်းလုပ်ပေးနိုင်တဲ့သူတွေကလည်း အရေးကြီးပါတယ်။

အဆုံးမှာ ရလဒ်ကို ဆုံးဖြတ်ပေးတာက
Plan ဘယ်လောက်လှလဲဆိုတာထက်
Plan ကို လက်တွေ့မှာ ဘယ်လောက်ကောင်းကောင်း အကောင်အထည်ဖော်နိုင်လဲဆိုတာပါ။



*****on

“သူက Resign မတင်သေးဘူး…ဒါပေမယ့် သူ့စိတ်ကတော့ အလုပ်ကနေ ထွက်သွားပြီးပြီ…”Office ထဲမှာ Employee တစ်ယောက်ကို နေ့တိုင်းတွေ့နေ...
26/09/2026

“သူက Resign မတင်သေးဘူး…
ဒါပေမယ့် သူ့စိတ်ကတော့ အလုပ်ကနေ ထွက်သွားပြီးပြီ…”

Office ထဲမှာ Employee တစ်ယောက်ကို နေ့တိုင်းတွေ့နေရတယ်။

မနက်တိုင်း Office လာတယ်။
Attendance ထိုးတယ်။
အလုပ်တွေ လုပ်တယ်။
Meeting တွေတက်တယ်။
လစာလည်း ပုံမှန်ရနေတယ်။

အပြင်ကကြည့်ရင်တော့
“Everything is fine.”

ဒါပေမယ့် သူ့အတွင်းစိတ်မှာတော့…

“ကြိုးစားလည်း ဘာမှမထူးဘူး…”
“ပြောလည်း ဘယ်သူမှနားမထောင်ဘူး…”
“ပိုလုပ်လည်း Appreciation မရဘူး…”
“ဒီမှာ ငါ့အတွက် ဘာ Growth ရှိတော့မှာလဲ…”

ဆိုတဲ့စိတ်တွေ တဖြည်းဖြည်းဝင်လာတယ်။

နောက်ဆုံးမှာ—

အလုပ်လုပ်နေတယ်… ဒါပေမယ့် စိတ်မပါဘူး။

အရင်က ပြဿနာတွေ့ရင် ဖြေရှင်းဖို့ အကြံပေးခဲ့တယ်။
အခုတော့—

«“ငါနဲ့မဆိုင်ဘူး…”»

ဆိုပြီး နေတတ်လာတယ်။

အရင်က Meeting မှာ အကြံတွေ အများကြီးပေးခဲ့တယ်။
အခုတော့ မေးရင်ပဲ ဖြေတယ်။

အရင်က Team ကို ကူညီပေးတတ်တယ်။
အခုတော့ ကိုယ့်အလုပ်ပြီးရင် ပြန်တယ်။

အရင်က Company ရဲ့ Future ကို စိတ်ဝင်စားတယ်။
အခုတော့ ကိုယ့် Future ကိုပဲ စဉ်းစားတော့တယ်။

ဒါကို “Emotionally Resign” လို့ ခေါ်နိုင်ပါတယ်။

Body က Office မှာရှိနေသေးပေမယ့်
Mind နဲ့ Heart ကတော့ အလုပ်ကနေ အရင်ထွက်သွားတာပါ။

---

Employee တစ်ယောက် Emotionally Resign ဖြစ်လာတာ ဘာကြောင့်လဲ?

အကြောင်းရင်းက Employee တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါတယ်။

ဒါပေမယ့် အများအားဖြင့်—

🔹 ကိုယ့်ကြိုးစားမှုကို အသိအမှတ်မပြုခံရခြင်း
🔹 Manager နဲ့ Communication အားနည်းခြင်း
🔹 Growth & Career Opportunity မမြင်ရခြင်း
🔹 မမျှတတဲ့ Workload
🔹 Feedback မရခြင်း
🔹 Respect နဲ့ Trust မခံစားရခြင်း
🔹 ကိုယ့်အသံကို နားမထောင်ပေးခြင်း
🔹 အလုပ်နဲ့ ကိုယ်ပိုင်ဘဝ Balance မရှိခြင်း

စတဲ့အရာတွေက Employee Engagement ကို တဖြည်းဖြည်းလျော့ကျစေနိုင်ပါတယ်။

HR နဲ့ Manager တွေအတွက် အရေးကြီးတဲ့အချက်တစ်ခု

Employee တစ်ယောက် Resignation Letter တင်လာတဲ့နေ့ကိုပဲ
“သူထွက်သွားတဲ့နေ့” လို့ မမြင်သင့်ပါဘူး။

တချို့ Employee တွေက
Resignation Letter မတင်ခင် လပေါင်းများစွာကတည်းက စိတ်ထဲမှာ ထွက်သွားပြီးသား ဖြစ်နိုင်ပါတယ်။

ဒါကြောင့်…

“သူ Resign လုပ်မလား?” ဆိုတာထက်

“သူ ဘာကြောင့် စိတ်မပါတော့တာလဲ?”

“သူ့ရဲ့ Voice ကို ငါတို့ နားထောင်ပေးနေသလား?”

“သူ့ရဲ့ Contribution ကို အသိအမှတ်ပြုနေသလား?”

“သူ ဒီ Company မှာ ဆက်ပြီး Growth ရှိနိုင်မယ်လို့ ယုံကြည်နေသေးလား?”

ဆိုတာတွေကို မေးကြည့်ဖို့လိုပါတယ်။

Employee Retention ဆိုတာ
လူတစ်ယောက် Resign တင်တဲ့အချိန်မှာ စတင်တာမဟုတ်ပါဘူး။

သူ Emotionally Resign မဖြစ်ခင်ကတည်းက စတင်ရတာပါ။

Because sometimes, employees don't leave the company first.
They leave emotionally first.

04/09/2026

Customer Service - 5 Posts(F)
Xsphere Co,Ltd မှ Customer Service - F (5) ဦး အမြန်ခေါ်ယူနေပါသည်။
- အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်/ ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
- စကားပြောပြေပြစ်သူ/ မြန်မာစကားအား ပီသစွာ ပြောဆိုနိုင်သူဖြစ်ရမည်။
- အကျင့် စာရိတ္တ ကောင်းမွန်သူ/ရိုးသားသူဖြစ်ရမည်။
- ကွန်ပျူတာအခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။
- IT, Digital နှင့်ပတ်သက်၍ စိတ်၀င်စားသူဖြစ်ရမည်။
- အရောင်းပိုင်းစိတ်ဝင်စားသူဖြစ်ရမည်။
- အသင်းအဖွဲ့အစည်းအတွင်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- pressure ဒဏ် ခံနိုင်ရမည်။
- ရန်ကုန်မြို့တွင်း ကျွမ်းကျင်စွာ သွားလာနိုင်ရမည်။ မည်သည့်မြို့နယ်ကိုမဆို သွားရောက်၍ Driver/ User ရှာနိုင်ရမည်။
- အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။
Benefit
Salary - 3.5 Lakhs + Daily Allowance + Transportation Allownace + incentive
1 day per week Off
စိတ်ဝင်စား၍ လျှောက်ထားလိုပါက
Email - [email protected] (or) [email protected]
viber no - 09-252824233, 09-676437978
သို့ CV Form များပေးပို့ လျှောက်ထားနိုင်ပါသည်။

Company - IT Software Company
Location - No.386, Ingyin Myaing 3rd Street, Thuwunna , Thingangyun Tsp, Yangon.
Contact - 09 - 676437978

၂ဝ၂၇ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူတို့၏ အလုပ်ပိတ်ရက်များPhoto credit
21/08/2026

၂ဝ၂၇ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူတို့၏
အလုပ်ပိတ်ရက်များ

Photo credit

19/08/2026

📢📢📢Hayman Microfinance တွင် တာဝန်ထမ်းဆောင်ရန်အတွက် Senior/ MIS Officer (၁)ဦး လိုအပ်နေပါသည်။
အလုပ်တည်နေရာ: Head Office, ရန်ကင်းမြို့နယ်။
အလုပ်ချိန်: မနက် ၈:၃၀ မှ ညနေ ၅:၀၀ ထိ။
ပိတ်ရက်: စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ။
လိုအပ်သော အရည်အချင်းများ
B.A, Finance, IT, Statistics (သို့မဟုတ်) သက်ဆိုင်ရာ ဘွဲ့ရရှိထားသူဖြစ်ရမည်။
MIS, Data Analysis (သို့မဟုတ်) သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
Microsoft Excel နှင့် Power BI ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

📩 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါ Email or Viber သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Email: [email protected]
Viber: 09777002069

Myanmar Consumer Enterprise Limited (MCE)မှ အောက်ပါဝန်ထမ်းများခေါ်ယူနေပါတယ်ရှင့်။mce.hrspecialist@gmail.com မှလည်းကောင်း...
08/08/2026

Myanmar Consumer Enterprise Limited (MCE)မှ အောက်ပါဝန်ထမ်းများခေါ်ယူနေပါတယ်ရှင့်။
[email protected] မှလည်းကောင်း၊
Viber 09 949 217 120သို့လည်းကောင်း ဆက်သွယ်မေးမြန်လျှောက်ထားနိုင်ပါတယ်ရှင့်။

Hayman Microfinance မှာ ခေါ်ယူထားခြင်းဖြစ်ပါသည်။𝗛𝗮𝘆𝗺𝗮𝗻 𝗠𝗶𝗰𝗿𝗼𝗳𝗶𝗻𝗮𝗻𝗰𝗲 တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများဖြင့် ဝန...
08/08/2026

Hayman Microfinance မှာ ခေါ်ယူထားခြင်းဖြစ်ပါသည်။

𝗛𝗮𝘆𝗺𝗮𝗻 𝗠𝗶𝗰𝗿𝗼𝗳𝗶𝗻𝗮𝗻𝗰𝗲 တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများဖြင့် ဝန်ထမ်းအသစ်များခေါ်ယူနေပါပြီ။💼✨

Other Branches
◼️Credit Team Leader(ကော့မှူး၊ရန်ကင်း)
◼️Collections Lead/Collections Officer(ပဲခူး၊တောင်ငူ၊မအူပင်)
◼️Loan Officer(ညောင်တုန်း၊နေပြည်တော်၊ကျုံပျော်)
◼️Branch Service Assistant(မကွေး၊ကျောက်ဆည်)
◼️သန့်ရှင်းရေး(နေပြည်တော်၊ကျောက်ဆည်၊မကွေး၊ပဲခူး)

⏳ရုံးချိန် - မနက် 8:30 မှ ညနေ 5:00 အထိ
🗓ရုံးပိတ်ရက် - စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ

📌လျှောက်ထားရန် နှင့် မေးမြန်းရန်
𝗛𝗥 𝗩𝗶𝗯𝗲𝗿 - 09 777 002 069 (𝗩𝗶𝗯𝗲𝗿 𝗢𝗻𝗹𝘆)
𝗘𝗺𝗮𝗶𝗹 - [email protected] နှင့်
နီးစပ်ရာ 𝗛𝗮𝘆𝗺𝗮𝗻 ရုံးခွဲများတွင်လည်း လျှောက်ထားနိုင်ပါတယ်။
https://www.hayman-capital.com.mm/careers မှတစ်ဆင့် Position အလိုက် လုပ်ဆောင်ရမည့်တာဝန်များကိုဝင်ရောက်ကြည့်ရှု့ ပြီး CV Form မလိုပဲတိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

08/08/2026

အလုပ်ခေါ်စာလေးတွေပြန်တင်ပေးမယ်နော်

12/07/2026

သေချာလေးဖတ်သင့်ပါတယ်အားလုံး # #ခိုင်းလို့ ကောင်းတုန်းပဲ ရှိသေးတယ်... အလုပ်ထွက်သွားပြန်ပြီ။ ဒီခေတ် လူငယ်တွေ သစ္စာကို မရှိဘူး"
ခင်ဗျား ဒီစကားကို ခဏခဏ ပြောနေရပြီဆိုရင်...
ပြဿနာက ဝန်ထမ်းတွေဆီမှာ မဟုတ်တော့ဘူး။ ခင်ဗျားဆီမှာပါ။
လုပ်ငန်းရှင်နှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတယ်။
ပထမတစ်ယောက်က ညည်းတယ်...
"ငါ့ကောင်တွေလေ၊ ငါ အကုန်သင်ပေးထားတာ။ အလုပ်လည်း သေချာတတ်ရော... လစာ (၅) သောင်းပိုပေးတဲ့ ပြိုင်ဘက်ဆိုင်ကို ပြောင်းသွားကြတယ်။ လူတွေက ပိုက်ဆံပဲ မက်တာကွာ..."
ဒုတိယ လုပ်ငန်းရှင်က ခပ်ပြုံးပြုံးနဲ့ မေးတယ်...
"သူတို့ ပညာတွေ တတ်လာတဲ့အချိန်မှာ... မင်းကရော သူတို့နဲ့တန်တဲ့ လစာကို တိုးပေးလိုက်လို့လား?"
ပထမတစ်ယောက် ငြိမ်သွားတယ်။
အဲ့ဒီတော့မှ ဒုတိယတစ်ယောက်က ဆက်ပြောတယ်။
"မင်းက သူတို့ကို မင်းအပေါ် သစ္စာရှိစေချင်တယ်။
ဒါပေမယ့်... မင်းကရော သူတို့ရဲ့ ဘဝ၊ သူတို့ရဲ့ အနာဂတ်အပေါ်မှာ သစ္စာရှိလို့လား?"
သူဌေး တော်တော်များများက "အတ္တ" ကြီးကြတယ်။
လစာလေး တစ်သောင်း၊ နှစ်သောင်း ပေးထားရုံနဲ့... ဝန်ထမ်းကို ကိုယ့်ကျေးဇူးဆပ်ရမယ့် သူလို သဘောထားချင်ကြတယ်။
သူတို့ဆီက လုပ်အားကိုတော့ အပြည့်အဝ လိုချင်
တယ်။
ဒါပေမယ့် သူတို့ရဲ့ ဘဝတိုးတက်ရေးကိုကျတော့ တစ်စက်လေးမှ ထည့်မတွက်ပေးချင်ဘူး။
မှတ်ထားပါ...
"လစာ" ဆိုတာ သူတို့ရဲ့ အချိန်ကို ဝယ်တာ။
"စေတနာ" ကမှ သူတို့ရဲ့ နှလုံးသားကို ဝယ်နိုင်တာ။
ကမ္ဘာကျော် သူဌေးကြီး Richard Branson ရဲ့ စကားတစ်ခု ရှိတယ်။
"ဝန်ထမ်းတွေကို တခြားဘယ်နေရာသွားသွား အလုပ်ရနိုင်လောက်တဲ့အထိ သေချာ Train ပေးပါ။
ဒါပေမယ့်... တခြားဘယ်ကိုမှ မသွားချင်လောက်အောင် သူတို့အပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံပါ။" တဲ့
ဝန်ထမ်းတွေကို ရေရှည် ဆွဲထားချင်ရင် ဒီ (၃) ချက်ကို ပြောင်းလဲပါ-
**၁။ "လောက်ငှရုံ" မပေးပါနဲ့။*
"ဒီလောက်ပေးရင် မထွက်လောက်သေးပါဘူး" ဆိုတဲ့ စိတ်နဲ့ လစာကို မညှစ်ထားပါနဲ့။ သူတို့ လုပ်ပေးနိုင်တဲ့ တန်ကြေးကို အသိအမှတ်ပြုပါ။
**၂။ စက်ရုပ်လို မဆက်ဆံပါနဲ့။**
ဝန်ထမ်းဆိုတာ အသက်ရှူနေတဲ့ လူတွေပါ။ သူ့နောက်ကွယ်မှာ မိသားစုရှိတယ်၊ စားဝတ်နေရေး ရှိတယ်။ သူတို့ အဆင်ပြေမှ ခင်ဗျားလုပ်ငန်း အဆင်ပြေမှာ။
**၃။ အနာဂတ်လမ်းကြောင်း (Career Path) ပြပါ။**
"ဒီသူဌေးဆီမှာ ဆက်လုပ်နေရင်... ငါ့ဘဝ ရှေ့ရောက်မှာပါလား" ဆိုတဲ့ ယုံကြည်ချက် ပေးနိုင်ရမယ်။ အဲ့ဒီယုံကြည်ချက် မရှိတဲ့နေ့၊ ဝန်ထမ်းက ထွက်ဖို့ ပြင်နေပြီ။
စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာ...
လူတွေကို "ငါ့အတွက် ဘယ်လောက် ရှာပေးနိုင်လဲ" လို့ မတွေးဘူး။
"ငါတို့ အတူတူ ဘယ်လောက်အထိ ကြီးပွားနိုင်မလဲ" လို့ပဲ တွေးတယ်။
ခင်ဗျားကော... ဝန်ထမ်းတွေကို "ခိုင်းစားဖို့ စက်ရုပ်" လို သဘောထားတာလား?
ဒါမှမဟုတ် အတူတူ ကြီးပွားမယ့် "ပါတနာ" လို သဘောထားတာလား? #မူရင်းကိုcrdပေးပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when JOBS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JOBS:

Shortcuts

Share

Category