18/05/2026
📍 Jeju Island ဟာ ကိုရီးယားတောင်ပိုင်းမှာရှိတဲ့ သဘာဝအလှအပအပြည့်ရှိတဲ့ ကျွန်းတစ်ခုပါ 🌴
မီးတောင်ကြောင့်ဖြစ်လာတဲ့ထူးခြားတဲ့မြေပြင်၊ အပြာရောင်ပင်လယ်၊ တောင်တွေ၊ ရေတံခွန်တွေ အကုန်တစ်နေရာထဲမှာ တွေ့ရတယ် 🌊🏔️
Seongsan Ilchulbong ရဲ့ sunrise မြင်ကွင်း၊ Hallasan တောင်ရဲ့ သဘာဝရှုခင်း၊ lava coast ရဲ့ လှပတဲ့ပင်လယ်ရှုခင်းတွေက တကယ်ထူးခြားတယ် 🌅
Green tea field နဲ့ သဘာဝလမ်းကြောင်းတွေကြားမှာ အေးချမ်းတဲ့ vibe ကို ခံစားလို့ရတယ် 🍃💧
Jeju Island အကြောင်းကို အတူတူလေ့လာကြည့်ကြရအောင် ✨제주도는 한국 남쪽에 위치한 가장 큰 섬 중 하나로, 자연 경관이 매우 아름답고 독특한 여행지예요. 🌴🌊
Jeju Island ဆိုတာ ကိုရီးယားတောင်ပိုင်းမှာတည်ရှိတဲ့ အကြီးဆုံးကျွန်းတွေထဲကတစ်ခုဖြစ်ပြီး သဘာဝရှုခင်းအလွန်လှပပြီး ထူးခြားတဲ့ခရီးသွားနေရာတစ်ခုပါ။
이 섬은 화산 활동으로 만들어진 섬이라서 다른 지역에서는 보기 힘든 용암 지형과 독특한 바위들이 많이 있어요. 🌋🪨
ဒီကျွန်းက မီးတောင်လှုပ်ရှားမှုကြောင့်ဖြစ်လာတာဖြစ်လို့ တခြားနေရာတွေမှာမမြင်ရတဲ့ လားဗားမြေပြင်ပုံစံနဲ့ ထူးခြားတဲ့ကျောက်တုံးတွေ အများကြီးရှိတယ်။
제주 바다는 맑고 푸른 색이 아름다워서 해안 도로를 따라 드라이브하면 정말 영화 같은 풍경을 볼 수 있어요. 🚗🌊
Jeju ပင်လယ်က သန့်ရှင်းပြီး အပြာရောင်လှလှဖြစ်လို့ ကမ်းခြေလမ်းတစ်လျှောက်ကားမောင်းရင် ရုပ်ရှင်လိုမြင်ကွင်းတွေမြင်ရတယ်။
성산일출봉은 오래전 화산이 폭발하면서 만들어진 분화구 언덕으로, 특히 일출 명소로 매우 유명해요. 🌅⛰️
Seongsan Ilchulbong က အရင်က မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ crater တောင်ဖြစ်ပြီး sunrise ကြည့်ဖို့အရမ်းနာမည်ကြီးတယ်။
이곳 정상에 올라가면 바다와 섬 전체를 한눈에 볼 수 있어서 많은 관광객들이 꼭 방문하는 장소예요. 👀🌊
အဲ့ဒီတောင်ထိပ်ကိုတက်လိုက်ရင် ပင်လယ်နဲ့ကျွန်းတစ်ခုလုံးကိုတစ်ချက်ထဲမြင်ရလို့ ခရီးသွားတွေမဖြစ်မနေသွားကြတဲ့နေရာတစ်ခုပါ။
한라산은 제주도 한가운데에 있는 한국에서 가장 높은 산이며, 계절마다 다른 매력을 보여줘요. 🏔️❄️🌸
Hallasan က Jeju ကျွန်းအလယ်မှာရှိတဲ့ ကိုရီးယားရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး ရာသီအလိုက် အလှမျိုးစုံပြောင်းလဲတယ်။
봄에는 꽃이 피고 여름에는 푸른 숲이 가득하며, 겨울에는 눈 덮인 설경이 매우 아름다워요. 🌸🌿❄️
နွေဦးမှာပန်းတွေဖူးပြီး နွေရာသီမှာသစ်တောစိမ်းစိမ်းဖြစ်ကာ ဆောင်းရာသီမှာနှင်းဖုံးရှုခင်းက အရမ်းလှတယ်။
제주에는 폭포와 숲이 많아서 걷기만 해도 힐링이 되는 자연 환경을 가지고 있어요. 🌲💧
Jeju မှာ ရေတံခွန်တွေ၊ သစ်တောတွေများလို့ လမ်းလျှောက်ရုံနဲ့တောင် စိတ်အပန်းပြေစေတဲ့သဘာဝပတ်ဝန်းကျင်ရှိတယ်။
오설록 녹차밭은 넓은 초록빛 차밭이 펼쳐져 있어서 사진 찍기 좋은 대표적인 명소예요. 📸🍃
O’sulloc green tea field က စိမ်းလန်းတဲ့လယ်ကွင်းကြီးဖြန့်ကျက်ထားလို့ ဓာတ်ပုံရိုက်ဖို့အရမ်းကောင်းတဲ့နေရာတစ်ခုပါ။
제주의 해녀들은 특별한 장비 없이 바다에 잠수해서 해산물을 직접 채취하는 전통을 이어가고 있어요. 🤿🌊
Jeju Haenyeo တွေက အထူးစက်ကိရိယာမပါဘဲ ပင်လယ်ထဲငုပ်ပြီး seafood ရှာတဲ့ tradition ကို ဆက်လက်ထိန်းသိမ်းထားတယ်။
이처럼 제주도는 자연, 문화, 전통이 모두 어우러진 한국에서 가장 매력적인 여행지 중 하나예요. 🌍✨
ဒီလိုနည်းနဲ့ Jeju Island က သဘာဝ၊ culture နဲ့ tradition အားလုံးပေါင်းစပ်ထားတဲ့ ကိုရီးယားရဲ့အလှဆုံးခရီးသွားနေရာတစ်ခုပါ။