Gain Way အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်း

  • Home
  • Myanmar
  • Yangon
  • Gain Way အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်း

Gain Way အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gain Way အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်း, Employment agency, Shwe Pyi Thar, Yangon.

July 19ရက် 2023ရက်နေ့တွင်   #မျိုးဆက်သစ်မိဘမဲ့ဂေဟာ - ရွှေပြည်သာမှာ အဖွဲ့ရံပုံငွေ စုစုပေါင်း ၄သိန်းကျပ် သွားရောက် လှူဒါန်...
19/07/2023

July 19ရက် 2023ရက်နေ့တွင်
#မျိုးဆက်သစ်မိဘမဲ့ဂေဟာ - ရွှေပြည်သာမှာ အဖွဲ့ရံပုံငွေ စုစုပေါင်း ၄သိန်းကျပ် သွားရောက် လှူဒါန်းခဲ့ပါသည်

အဆိုပါ  အမိန့်ကြေငြာစာအရ အလုပ်ရှင်ဟာ အလုပ်သမားတစ်ယောက်ကို အလုပ်က ထုတ်တော့မယ်ဆို တစ်ဆက်တည်း လုပ်သက်ရှိသူတွေအတွက် နောက်ဆုံ...
12/06/2023

အဆိုပါ အမိန့်ကြေငြာစာအရ အလုပ်ရှင်ဟာ အလုပ်သမားတစ်ယောက်ကို အလုပ်က ထုတ်တော့မယ်ဆို တစ်ဆက်တည်း လုပ်သက်ရှိသူတွေအတွက် နောက်ဆုံးရရှိခဲ့တဲ့လစာ (အချိန်ပိုကြေး မပါ) ပဲ အောက်က နှုန်းထားတွေအတိုင်း ပေးရမှာပါ။
၁။ လုပ်သက် ၆ လပြည့်ပြီး ၁ နှစ်မပြည့်ပါက
နစ်နာကြေး လဝက်စာ
၂။ လုပ်သက် ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လစာ
၃။ လုပ်သက် ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက
နစ်နာကြေး ၁ လခွဲစာ
၄။ လုပ်သက် ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက
နစ်နာကြေး ၃ လစာ
၅။ လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက
နစ်နာကြေး ၄ လစာ
၆။ လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက
နစ်နာကြေး ၅ လစာ
၇။ လုပ်သက် ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက
နစ်နာကြေး ၆ လစာ
၈။ လုပ်သက် ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက
နစ်နာကြေး ၈ လစာ
၉။ လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက
နစ်နာကြေး ၁၀ လစာ
၁၀။ လုပ်သက် ၂၅ နှစ်နဲ့အထက် ရှိတဲ့သူဆို
နစ်နာကြေး ၁၃ လစာကို အလုပ်ရှင်က ပေးရမှာပါ။

ဒီနေရာမှာ တစ်ခုရှိတာက အပေါ်ကသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပေးပြီး အလုပ်ကနေ တန်းထုတ်လို့ မရပါဘူး။ အလုပ်ထုတ်မယ့်အကြောင်း အလုပ်ရှင်က အလုပ်သမားကို ၁ လကြိုတင်ပြီး အကြောင်းကြား Notice ပေးရပါမယ်။

12/06/2023

Gain Way အထည်ချုပ်စက်ရုံတွင် ဝန်ထမ်းများအားလုံး စုပေါင်းတောင်းဆိုခဲ့သောကြောင့် ၂၀၂၃ ဇူလိုင်လ ၁ရက်နေ့မှစပြီး ဒေးကြေး ၅၆၀၀ အိုတီတစ်နာရီ ၁၄၀၀ကျပ် ရရှိပါမည်

12/06/2023

လုပ်သက်ခွင့်

၁၉၅၁-ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အလုပ်သမားဥပဒေ အရ~ လုပ်သက်ခွင့် ဆိုတာ~

ဝန်ထမ်းတစ်ဦးသည် တစ်ဆက်တည်း တစ်နှစ်(၁၂လ) ပြည့်အောင်လုပ်ခဲ့သည့် အတွက် ၁၂လပြည့်ပြီးနောက်နှစ်မှာ လစာဖြင့် (၁၀)ရက် လုပ်သက်ခွင့် ခံစားခွင့် ရှိပါသည်။

တစ်ဆက်တည်း တစ်နှစ်ပြည့်အောင် လုပ်သည့် ၁၂လ အတွင်း လစဉ် အလုပ်ဆင်းရက် (၂၀)ရက်ပြည့်ရပါမည်။ (၂၀) ရက်မပြည့်သည့် လများအတွက် ခွင့်တစ်ရက်နှုန်း ပြန်လည်နုတ်ယူ ဖြတ်တောက်ပေးသွားရပါမည်။

အလုပ်သမားဥပဒေအရ လစာဖြင့် ခံစားပိုင်ခွင့်ရှိသည့် ခွင့်ရက်များနှင့် နိုင်ငံတော်မှ သတ်မှတ်ထားသော အများပြည်သူ အလုပ်ပိတ်ရက်များကို (အလုပ်ဆင်းရက်) အဖြစ် သတ်မှတ်ပေးရပါမည်။

ခွင့်ခံစားခွင့်ရှိသည့်နှစ်အစ ပထမ(၃)လအတွင်း ဝန်ထမ်းအား လုပ်သက်ခွင့် အတွက် တစ်ဦးချင်း အသီးသီး ခံစားခွင့်ရက်များကို အလုပ်ရှင်မှ ကြေငြာပေးရပါမည်။ မြင်သာသည့် Notice Board မှာလည်းကပ်ပေးထားရပါမည်။

တစ်ဆက်တည်း(၁၀)ရက်ခံစားခွင့်ရှိပါသည်။

လုပ်သက်ခွင့်သည် လိုအပ်ပါက ဆေးခွင့်နှင့် ပေါင်းယူခွင့်ရှိပါသည်။

အလုပ်ထုတ်/အလုပ်ထွက်/သေဆုံး ဝန်ထမ်းများအတွက် ခံစားခွင့်ရှိသည့် လုပ်သက်ခွင့်ရက်များ အတိုင်း အလုပ်ဖွင့်ရက် (၂)ရက်အတွင်း တစ်ရက် ပျမ်းမျှလစာနှုန်းအတိုင်း တွက်ချက် ငွေထုတ်ပေးသွားရပါမည်။

သက်ဆိုင်ရာ လုပ်သက်ခွင့် ခံစားခွင့်ရှိသည့် တစ်နှစ်(၁၂လ) အတွင်း ခွင့်မယူပါက ဝန်ထမ်းအား တစ်ရက်ပျမ်းမျှလစာဖြင့် ခွင့်မယူခဲ့သည့် လုပ်သက်ခွင့်ရက်အတိုင်း ငွေပေးချေသွားရပါမည်။

#အလုပ်သမားရေးရာသိကောင်းစရာ

ရခိုင်ပြည်နယ် လေဘေးသင့် ပြည်သူများတွက် ဂိမ်းဝေးအထည်ချုပ်စက်ရုံ ဝန်ထမ်းများမှ စုပေါင်းပြီး အဝတ်စားဆေးဝါးနှင့် အလှုငွေ    ...
11/06/2023

ရခိုင်ပြည်နယ် လေဘေးသင့် ပြည်သူများတွက် ဂိမ်းဝေးအထည်ချုပ်စက်ရုံ ဝန်ထမ်းများမှ စုပေါင်းပြီး

အဝတ်စား
ဆေးဝါးနှင့်
အလှုငွေ ၅၈၂၆၀၀ကျပ် ရရှိပါသည်❤️

လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံး စိတ်၏ချမ်းသာ ခြင်း

ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကျပါစေ🙏🙏🙏

06/06/2023

အလှူ ခံပါရစေရှင်
အဝတ် အထည်
ဆေးဝါး
ငွေး‌ေြကး

စသည့်မိမိ ြကိုက်နှစ်သက်ရာ များကိုလှူဒါန်းလို့ရပ့တယ်ရှင်

သမဂ္ဂခေါင်ဆောင်များကိုဆက်သွယ်ပိးလှူဒါန်းလို့ရပ့တယ်ရှင့်

01/05/2023

ဖုန်းဘေ 1သိန်းခွဲ ဝင်ယူပါ

1.5.2023 May Day နေ့
01/05/2023

1.5.2023 May Day နေ့

12/03/2023

ကျမတို့၏စက်ရုံတွင် အချိန်ပိုမခေါ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားအဖွဲ့အစည်းမှ အလုပ်သမားများ၏တောင်းဆိုချက်များကို ကိုယ်စားပြုညှိနှိုင်းနေသည့်ကိစ္စများကြောင့်ဟု ကောလဟာလသတင်းများကြားနေရပါသည်။
ကျမတို့သည်အလုပ်သမား များ၏အခွင့်အရေးများနှင့် ရပိုင်ခွင့်များကိုသာဦးစားပေး လုပ်ဆောင်ပေးနေခြင်းသာဖြစ်သည် အချိန်ပိုလက်ရှိမဆင်းရသည့်အကြောင်းအရင်းများသည် စက်ရုံတွင် အော်ဒါနည်းနေသော​ကြောင့် မဆင်းရတာဖြစ်ပြီး လုပ်ငန်းများပုံမှန်ပြန်လည် လည်ပတ်လျှင် အလုပ်သမားများ၏ဆန္ဒအတိုင်း အချိန်ပို ဆင်းချင်သူများအား ခေါ်ဆောင်မည်ဖြစ်ပါသည်။
ပုံ
Gainway အခြေခံ
အလုပ်သမားအဖွဲ့အစည်း

Address

Shwe Pyi Thar
Yangon

Website

Alerts

Be the first to know and let us send you an email when Gain Way အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share