30/06/2025
Finland မှာ ကျောင်းတက် အလုပ်လုပ်ဖို့အတွက် သိထားသင့်စရာ
Career Catalyst Podcast ရဲ့ Episode 4 ကနေ မြန်မာလူငယ်တွေကြား ခုနောက်ပိုင်းစိတ်ဝင်စားလာကြတဲ့ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ဖင်လန်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းတွေကို မျှဝေပေးသွားမဲ့ Zoom webinar လေးတစ်ခုလုပ်ဖို့စီစဉ်ထားပါတယ်။
ဒီ webinar လေးမှာဆွေးနွေးမျှဝေသွားမဲ့ အကြောင်းအရာတွေကတော့
❇️ ဖင်လန်နိုင်ငံကို ဘာကြောင့်ရွေးချယ်သင့်တာလဲ
✅ ဖင်လန်မှာကျောင်းတက်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့လိုမလဲ
❇️ ကိုယ်နဲ့ကိုက်ညီမဲ့ကျောင်းတွေ ဘယ်လိုရွေးချယ်မလဲ
✅ ကျောင်းပြီးသွားရင် အလုပ်တွေဘယ်လိုရှာဖွေနိုင်မလဲ
❇️ ဖင်လန်နိုင်ငံရဲ့ ဗီဇာလိုအပ်ချက်တွေ နဲ့ အလုပ်လုပ်သူတွေအတွက် ရရှိလာနိုင်တဲ့အခွင့်အလမ်းတွေ ဘာတွေရှိမလဲ
အစရှိတဲ့အကြောင်းအရာတွေအပါအဝင်အများကြီးဆွေးနွေးမျှဝေသွားဖို့ရှိပါတယ်။
လာရောက်ဆွေးနွေးပေးမဲ့သူကတော့ ခင်ဖြူစင်ကြည် @ ကေ ပါ။ ကေကလက်ရှိဖင်လန်နိုင်ငံမှာ International Business ကိုလေ့လာနေသူတစ်ယောက်ဖြစ်ပြီး HR & Communication
Trainee တစ်ယောက်အနေနဲ့ ဖင်လန်နိုင်ငံရဲ့ထိပ်တန်း နည်းပညာကုပ္ဖဏီတစ်ခုမှာ လုပ်ကိုင်လျက်ရှိပါတယ်။
ပထမဆုံးမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ TEDX speaker အနေနဲ့ ဖင်လန်နိုင်ငံ Vaasa မှာ ယဉ်ကျေးမှူနဲ့ အမြင်ဟာ လူတစ်ယောက်ချင်းစီကို ဘယ်လိုပြောင်းလဲစေနိုင်လဲဆိုတဲ့ခေါင်းစဉ်နဲ့ မျှဝေဖူးသူလည်းဖြစ်ပါတယ်။
ဒါအပြင့်ကျောင်းတက်နေတဲ့တောက်လျောက်မှာလည်း Communication Manager ရာထူးနဲ့ Erasmus Student Network Vaasa နဲ့ Marketing Manager ရာထူးနဲ့ Vaasa for All Association မှာလုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဆွေးနွေးပွဲအသေးစိတ်ကတော့
📅 ၆-၇-၂၀၂၅ (တနင်္ဂနွေနေ့)
🕰️ ၃:၃၀ နာရီ (မြန်မာစံတော်ချိန်)
👩💻 Zoom
လူဦးရေကန့်သတ်ထားတာမို့ တက်ရောက်ချင်တယ်ဆိုရင် အောက်ကလင့်မှာစာရင်းပေးလို့ရပါတယ်။
https://t.me/careercatalystpodcast
Executive Coach
www.laurachointernational.com