San Yake Nann Limited

San Yake Nann Limited Hello....Happy everyday.....

26/10/2025
 #မလေးရှားCalling ဖွင့်ခြင်းမလေးရှားနိင်ငံမှ နိင်ငံခြားသား အလုပ်သမားခေါ်ယူမူများကို ယခင် ယာယီရပ်ဆိုင်းခဲ့ပြီး ယခု ၂၀၂၅ ခ...
20/10/2025

#မလေးရှားCalling ဖွင့်ခြင်း

မလေးရှားနိင်ငံမှ နိင်ငံခြားသား အလုပ်သမားခေါ်ယူမူများကို ယခင် ယာယီရပ်ဆိုင်းခဲ့ပြီး ယခု ၂၀၂၅ ခုနစ်ကာလတွင် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ တစ်​ဖြေးဖြေး ပြန်လည်ခွင့်ပြုပေးခဲ့ပြိး ယခုဆိုရင် လုပ်ငန်းအမျိုးအစားအစုံ(နည်းပါး)ကို နိင်ငံခြားသား အလုပ်သမားခေါ်ယူနိင်ရန်အတွက် ပြန်လည် ခွင့်ပြုပေးမူများ ပြုလုပ်နေပါတယ်။
( အလုပ်သမားများ သဘောပေါက်လွယ်အောင်Calling ဖွင့်တယ်လို့ပဲ အလွယ်မှတ်နိင်ပါတယ်)

ပြည်ပအလုပ်အကိုင်နှင့်ပက်သက်၍ အလုပ်သမားများ အများဆုံး အလိမ်ခံရသော နိင်ငံတွင် မလေးရှားနိင်ငံသည် နံပါတ်(၁)လို့တောင် ပြောလို့ရပါတယ်။ မလေးရှားနိင်ငံနဲ့ပက်သက်ပြီး ယခင် အချိန်ကာလထဲကအလိမ်ခံရသူများသည် အများကြီးရှိခဲ့ပြီး ယခုလိုခေတ်စနစ်ကာလတွင်လဲ လိမ်မည့်သူများ ပိုမို များပြားနိင်ပါတယ်။

မလေးရှားနိင်ငံအစိုးရသည် နိင်ငံခြားသားအလုပ်သမားများခေါ်ယူနိင်ရန်အတွက် အလုပ်ရှင်များမှ အလုပ်သမားခေါ်ယူခွင့်ကို လျောက်ထားခွင့်ပြုထားသည် ဆိုသော်လည်း ယခင်အချိန်လို အလွယ်တကူ အလုပ်သမားခေါ်ယူခွင့်များရရှိမည်မဟုတ်ပဲ အမှန်တကယ် လိုအပ်သော အလုပ်သမားအရေအတွက်သာ ခေါ်ယူခွင့်များရရှိနိင်ပါလိမ့်မယ်။
ထို့ကြောင့် အလုပ်ခေါ်စာ(Demand)များ အများအပြား မရှိနိင်ပါဘူး။

ထိုနည်းတူစွာ.....
မြန်မာ အလုပ်သမားဝန်ကြီးဌာနမှလဲ ပြည်ပအလုပ်အကိုင်နှင့်စပ်လျဥ်း၍ စေလွတ်ရေး လုပ်ငန်းစဥ် ၊ စံပြုလုပ်ငန်းစဥ် (SOP)မူဝါဒကိုလဲ ထုတ်ပြန် သတ်မှတ်ထားပါတယ်။
၎င်း မူဝါဒတွင် အေးဂျင့်စိတစ်ခုသည် တစ်လတစ်ကြိမ်သာ အလုပ်ခေါ်စာ(Demand)ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(နေပြည်တော်)ကို တင်ပြခွင့်ရှိပြီး အလုပ်ခေါ်စာ(Demand)တစ်စောင်တွင် လူဦးရေ ၂၀ ထက် မပိုရလို့ သတ်မှတ်ထားပါတယ်။

အလုပ်သမားများအနေဖြင့်အလိမ်မခံရစေရန် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မလေးရှားနိင်ငံအတွက် တရားဝင်အလုပ်သမား စေလွတ်ရေးလုပ်ငန်းစဥ်ကို သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။စေလွတ်ရေး လုပ်ငန်းစဥ်များသိရှိရန်အတွက် အောက်ပါ link တွင်လေ့လာနိင်ပါတယ်။
👇👇👇
https://www.facebook.com/share/p/14NK2CJMimP/

တရားဝင်လိုင်စင်ရ အေးဂျင့်စိများသည် အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(နေပြည်တော်)မှ သတ်မှတ်ထားသော မူဝါဒများ လုပ်ငန်းစဥ်များကို အတိအကျ လိုက်နာဆောင်ရွက်ရပါတယ်။မည်သည့် အကြောင်းပြချက်နဲ့မှ သွယ်ဖယ်ပြီးပြုလုပ်လို့မရပါဘူး။
ဒါ့အပြင် တရားဝင်အေးဂျင့်စိများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(နေပြည်တော်)၏ စေလွတ်​ရေးလုပ်ငန်းစဥ်ခွင့်ပြုချက် အဆင့်ဆင့်များဖြင့်သာ စိစဥ်ဆောင်ရွက်ရပါတယ်။စေလွတ်ရေးလုပ်ငန်းစဥ်အရ Demand စတင်တင်ပြတဲ့အချိန်မှစပြိး OWIC ရရှိခြင်းအပြင် အလုပ်သမားများ လေယာဥ်ပေါ်တက်ခွင့်ရရှိတဲ့အထိ အဆင့်တိုင်း ခွင့်ပြုချက် ရယူရပါတယ်။ခွင့်ပြုချက်မရရင် ပြုလုပ်ပေးလို့ မရပါဘူး။

ဆိုတော့.....
မလေးရှားနိင်ငံရဲ့ အလုပ်ခေါ်စာများ ရှားပါးမူ၊
အေးဂျင့်စိများရဲ့စေလွတ်လုပ်ငန်းစဥ်ကန့်သတ်ချက်များနဲ့ ခေတ်ကာလ အခြေနေအပြင် တစ်ခြားသော အကြောင်းအရာများတွေကြောင့် မလေးရှားနိင်ငံရဲ့ ဝန်ဆောင်မူ ကုန်ကျစရိတ်မှာ ယခင်အချိန်ကာလတွေထက် ပိုမို များပြားပါလိမ့်မယ်။

ဝန်ဆောင်မူ ကုန်ကျစရိတ်ပဲ များမှာလားဆိုတော့ အချိန်ကာလကြာမြင့်မူလဲ ယခင်ထက်ပိုကြာပါလိမ့်မယ်။ဒါကြောင့် အမြန်သွားရမယ်....အမြန်ဆိုမှ လိုချင်သောသူများ သတိထားပါ #အလိမ်ခံရပါမယ်။
VIP / VVIP လမ်းကြောင်း၊demand အဟောင်းဖြစ်လို့၊နေပြည်တော်ကလူကြီးနဲ့ပိုင်လို့.......ဟိုလူ့ပဲ ပိုင်ပိုင်....ဒီလူ့ပဲပိုင်ပိုင်.....
ဘယ် အေးဂျင့်စိကြီးဖြစ်နေလို့ ဘာကြီးဖြစ်နေလို့ဆိုရင်လဲ အမြန်ဆိုတာ မရှိပါဘူး....မရပါဘူးမှတ်ပါ။

ဒါဆို အချိန်ဘယ်လောက်ကြာမှာလဲ.....
က/ခ/ဂ နဲ့အုပ်စုခွဲပြောပါမယ်။

(က)
ယခု နေပြည်တော်မှ ခွင့်ပြုချက်ရပြိးသော Demand တွေ....အလုပ်သမားတွေအနေနဲ့လဲ မလေးရှားအစိုးရရဲ့ Calling visa ရရှိထားသော လူတွေကတော့ မကြာခင် စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး စာချုပ်ပြိးပါက OWIC ကတ်ပြုလုပ်ခြင်းဆောင်ရွက်ပြိး မလေးရှားကိုရောက်ပါမယ်။ခန့်မှန်းခြေအရ ဒီလိုလူတွေကတော့ ၁၂ လပိုင်းလောက် မလေးရှားရောက်နိင်ပါတယ်။

(ခ)
လူသစ်များ.....အခုမှ အလုပ်စလျောက်..... အခုမှ အလုပ်စအပ်မည့်သူများသည်
အေးဂျင့်စိမှ နေပြည်တော်ကို Demand letter တင်ထားပြိးပြီ...သို့သော် နေပြည်တော်မှ Demand letter နှင့်ပက်သက်သော စိစစ်မူ စစ်ဆေးမူများ ပြုလုပ်ပြီး ခွင့်ပြုချက် မရသေးပါက ၎င်း လူများသည် ၂၀၂၆ ခုနစ် နှစ်စပိုင်းမှသာ မလေးရှားကို ရောက်နိင်ပါမယ်လို့ ခန့်မှန်းမိပါတယ်။

(ဂ)
လူသစ်များ....အခုမှ အလုပ်စအပ်မည့်သူများ
မိမိ အလုပ်လျောက်ထားသော အေးဂျင့်စိမှ Demand letter အား နေပြည်တော် မတင်ရသေးဘူးဆိုရင် အချိန်ကာလ ခန့်မှန်းလို့ မရနိင်သေးပါ။ အလွယ်မှတ်ချင်ရင် အေးဂျင့်စိမှ နေပြည်တော်ကို demand letter စတင်ပြသော အချိန်မှစပြိး အနည်းဆုံး ၅လ ဝန်းကျင်ကြာနိင်သည်ဟု အလုပ်သမားတွေအနေ​ဖြင့် မှတ်ပါ။

သဘောတရားအရ ခန့်မှန်းခြေဖြစ်ပြီး ဥပဒေအရဖြစ်စေ၊ စေလွတ်ရေး လုပ်ငန်းစဥ်အရဖြစ်စေ မူဝါဒ အနေနဲ့ ပြောရရင် မည်သည့်နိင်ငံအတွက်မဆို စာချုပ်ပြီး (၃)လအတွင်း သက်ဆိုင်ရာနိင်ငံ လုပ်ငန်းခွင်ကို ရောက်ရမယ်လို့ပဲ မှတ်ရပါမယ်။စာချုပ် မချုပ်ရသ၍ အချိန်ကာလ ကြာမြင့်မူကို မူဝါဒအရ ခန့်မှန်းအတည်ပြုလို့မရပါဘူး။ဒါကြောင့်
ကြာမြင့်ချိန်ကို တွက်တဲ့အခါ
စာချုပ်ခြင်းသည် အဓိက အချက်ဖြစ်ပါတယ်။
စာချုပ်ပြီး ၃ လအတွင်းလို့ပဲ မှတ်ရင် ပိုသင့်လျော်မှန်ကန်ပါတယ်။

စာချုပ်ဆိုသည်မှာ လက်ဖက်ရည်ဆိုင်၊အေးဂျင့်စိရုံးခန်း၊ရှေ့နေ အစရှိသည့် နေရာ ၊ လူများဖြင့်ချုပ်ဆိုရသော စာချုပ်များသည် လုံးဝ(လုံးဝ)မသက်ဆိုင်ပါ။စာချုပ်ဆိုသည်မှာ....
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သတ်မှတ် ပေးသည့် နေ့/ရက် တွင် အမှတ် (၂၇) ၊ အာနန္ဒာ ဘုရားလမ်းနှင့် မေဃဝတီကျောင်း လမ်းထောင့်၊ ဘဝမြင့်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ နည်းပညာ အထောက်အကူပြုရုံး (ရန်ကုန်)၌ အရာရှိ ရှေ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တွင် အေးဂျင့်စိ၊အလုပ်သမား မျက်နှာစုံညီ အတူတူ ချုပ်ဆိုရသော စာချုပ်ကို ပြောခြင်းဖြစ်ပြိး အပေါ်က စေလွတ်ရေးလုပ်ငန်းစဥ် link တွင် အမှတ်စဥ်(၈)အနေနဲ့ ရှင်းပြထားပါတယ်။

ဒါကြောင့် အလုပ်သမားများသည် မလေးရှားအလုပ်အက်ိုင်ခေါ်ယူသော တရားဝင်လိုင်စင်ရ အေးဂျင့်စိများကို အလုပ်လျောက်မည်ဆိုပါက အလုပ်ခေါ်စာ (Demand) လက်ခံရရှိပြိးလား မေးပါ.......၎င်း Demand ကို နေပြည်တော်ကို တင်ပြိးပြိလားမေးပါ....
ဒီအကြောင်းအရာပေါ်မှာအခြေခံပြီး ကြာမြင့်ချိန်ကို (၅)လဝန်းကျင်လို့ ခန့်မှန်းပြီး
စဥ်းစားဆုံးဖြတ်ပါ။မိမိ အဆင်ပြေမည်....လက်ခံနိင်သည်ဆိုရင် အလုပ်အပ်ပါ။
ဒီနေရာမှာ တစ်ခု ဖြည့်စွက်ပြောရရင် မည်သည့်အေးဂျင့်စိမဆို ဒီအတိုင်းသာ ဖြစ်နိင်ပါတယ်။ဒီအေးဂျင့်စိက ဒါဆို ကြာမယ်....နောက်အေးဂျင့်စိပြောင်းလျောက်မယ်ဆိုရင်လဲ ထိုနည်းတူစွာပါပဲလို့ မှတ်ပါ။

ဒါဆိုဗျာ.....
မလေးရှားရောက်ဖို့ အချိန်ကြာတာပေါ့....ဆိုရင်.....
အေး...ဟုတ်တယ်...တရားဝင်အလုပ်အကိုင်နဲ့တရားဝင်သွားတယ်ဆိုတာ လွယ်ကူမနေတော့ ကြာသင့်သလောက် ကြာပါလိမ့်မယ်။မစောင့်ချင်ဘူးဗျာ.....ဆိုရင်....တရားမဝင်သော နည်းလမ်းနဲ့ပဲ ရလိမ့်မယ်.....တရားဝင်ဆိုရင်တော့ ဒီအတိုင်းပဲ ရွေးချယ်စရာမရှိဘူး.....

ဟုတ်ပြီဗျာ....ဒါဆို အလုပ်အပ်ထားသင့်ပြိလား.......အလုပ်ခေါ်စာရှိမှ အလုပ်ခေါ်မှ အလုပ်အပ်သင့်လား.....

တရားဝင်လိုင်စင်ရ အေးဂျင့်စိမှာဖြစ်စေ၊ မိမိ ယုံကြည်စိတ်ချရသော အကျိုးဆောင်ပွဲစားထံမှာ ဖြစ်စေ အလုပ်ကြိုတင် အပ်နှံခြင်းကို လက်ခံပါက အလုပ်အပ်ထားသင့်ပါတယ်။
အလုပ်ခေါ်စာတော့ အခုလောလောဆယ် မရှိသေးဘူး.....ဒါပေမယ့် နောက်ဘယ်တော့လောက်တော့ ရှိမယ်.....အလုပ်ကြိုအပ်ထားချင်ရင် လက်ခံပေးမယ်ဆိုရင် အလုပ်အပ်နှံထားနိင်ပါတယ်။ဒါမှလဲ မိမိက နံပါတ်စဥ် စောပြိး အလုပ်ခေါ်စာရှိရင် အရင် အလည့်ရောက်နိင်တာပေါ့......

အလုပ်ခေါ်စာ မရှိသေးဘူး.....အင်တာဗျူးဘယ်တော့လဲ မသိသေးဘူး.....အလုပ်တော့ အပ်ချင်ရင် အပ်ထား...လက်ခံပေးမယ်ဆိုရင်.....အမည်စာရင်းပေး၍ ဖြစ်စေ၊ပက်စပိုစ့်စာအုပ်ပေး၍ ဖြစ်စေ အပ်ထားလို့သင့်လျော်ပြိး စရံငွေ ပေးရမည်ဆိုရင် စဥ်းစားပါ။
စရံငွေ များရင် မပေးပါနဲ့.....မအပ်ပါနဲ့...
(ကြိုအပ်ခြင်း)

ဒါဆို ....
တရားဝင်လိုင်စင်ရ အေးဂျင့်စိဖြစ်နေတိုင်း ယုံလို့ရလား.....လုံးဝ(လုံးဝ)မရပါဘူး......🤪🤪
တရားဝင်လိုင်စင်ရ အေးဂျင့်စိများကို ဘယ်လိုရွေးရမလဲဆိုရင် .......
အေးဂျင့်စိရဲ့ အစဥ်လာကို ကြည့်ပါ။
အေးဂျင့်စိရဲ့ ဂုဏ်သိက္ခာကို ကြည့်ပါ။
အေးဂျင့်စိရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ပါ။
အေးဂျင့်စိရဲ့ ဂုဏ်သတင်းကို ကြည့်ပါ။
အေးဂျင့်စိရဲ့ ခိုင်မာမူကို ကြည့်ပါ။
ဒါတွေကို သေချာအချိန်ပေး လေ့လာပါ။
အလုပ်ခေါ်တိုင်း အလုပ်မအပ်ပါနဲ့။

ကြားခံ အကျိုးဆောင်ပွဲစားတွေကို ဘယ်လိုလေ့လာမလဲ.....
ဒါက ပိုအရေးကြီးတယ်.....
မိမိအနေနဲ့ ပွဲစားနဲ့အလုပ်အပ်မယ်ဆိုရင် ဒီပွဲစားသည် လူမူရေး အပေါင်းအသင်း ဘယ်လောက်ထိရှိလဲ လေ့လာပါ။
ပွဲစားသည် လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပက်သက်ပြီးဘယ်လောက်ထိ နားလည်တက်ကျွမ်းမူရှိလဲ။
ပွဲစားသည် တာဝန်ယူမူ တာဝန်ခံမူ ဘယ်လောက်ထိရှိလဲ။
ပွဲစားသည် ဒီလုပ်ငန်းကို ဘယ်လောက်ထိလုပ်ခဲ့ဖူးပြိလဲ။
ဒီပွဲစားနဲ့ ချိတ်ဆက်ပြီး အမှန်အကန် မလေးရှားရောက်ဖူးသူရှိလား။
အစရှိသော ကိစ္စရပ်များကို အချိန်ပေး သေချာလေ့လာပါ။

အေးဂျင့်စိ တိုက်ရိုက်အလုပ်အပ်မည့်သူများ
အလုပ်အပ်နှံခြင်း၊ငွေပေးသွင်းခြင်းကိစ္စများကို အေးဂျင့်စိရုံးခန်းတွင်သာ ပြုလုပ်ပါ။တရားဝင်လိုင်စင်ရအေးဂျင့်စ်ိအများစုသည်လဲ Fb/ viber / TikTok အစရှိသော Online မှ အလုပ်လက်ခံခြင်း၊ငွေတောင်းခြင်းများမပြုလုပ်ကျပါဘူး။မိမိအနေနဲလဲ မလုပ်ပါနဲ့။ မိမိက နယ်ကဖြစ်လို့ အဝေးကဖြစ်လို့ဆိုသောအကြောင်းပြချက်နဲ့ online ပေါ်ကပဲလုပ်ရင်တော့ အလိမ်ခံရနိင်ပါတယ်။မိမိကိုလဲ online ပေါ်က အလုပ်လက်ခံခြင်း၊ငွေတောင်းခြင်း ပြုလုပ်ရင် အလိမ်ပဲ မှတ်ပါ။လူလိမ်များသည်တရားဝင်လိုင်စင်ရ အေးဂျင့်စိတွေ အမည်သုံးပြီး Fb အကောင့်အတုများ၊ Viber အတုများ၊TikTok အကောင့်အတုများစွာဖြင့် photo/video များခိုးယူပြိး လိမ်နေကျတာ အများကြီးရှိပါတယ်။ဒါကြောင့် မိမိအနေနဲ့ ငွေမပေးခင်
အေးဂျင့်စိကုမ္မဏီရုံးခန်းကိုလူကိုယ်တိုင်အရောက်သွားပါ။

ကြားခံ အကျိုးဆောင်ပွဲစားများဖြင့် ပြုလုပ်သူများသည် ၎င်းပွဲစားများ အိမ်ကို တစ်ခေါက်တော့ ရောက်အောင် သွားပါ။Fb/TikTok ပေါ်တွင် နံမည်ကြီးတိုင်းလဲ မယုံပါနဲ့.....လူခြင်းအပြင်မှာ မမြင်ဖူးပဲ ငွေပေးခြင်း အလုပ်အပ်ခြင်း မလုပ်ပါနဲ့......

မလေးရှားနိင်ငံနဲ့ပက်သက်ပြီး အလုပ်သမားတွေသည် မဖြစ်မနေ ဆေးစစ်/ဆေး online ခြင်းကို ပြုလုပ်ရပါတယ်။ ဘယ်အချိန်မှာ ပြုလုပ်ရလဲဆိုရင်.....
အလုပ်အပ်ပြီး အင်တာဗျုးရှိရင် အင်တာဗျူးအောင်ပြီး ၊အင်တာဗျူးမရှိရင်လဲ လူရွေးချယ်ခံရပြိးသူများသည် အေးဂျင့်စိမှ နေပြည်တော်ကို Demand တင်ပြပြီး ခွင့်ပြုချက်ရရှိတဲ့အချိန် သို့မဟုတ် ခွင့်ပြုချက်ရရှိတော့မည့်အချိန် ဝန်းကျင်တွင် မလေးရှားနိင်ငံ immigration(လ.ဝ.က)မှာ Calling visa လျောက်ထားရပါတယ်။အဲ့လို Calling visa လျောက်ထားနိင်ဖို့အတွက် ဆေးစစ် / ဆေး online တင်ခြင်းကို ပြုလုပ်ရပါတယ်။
တစ်ခု သတိပြုရမှာသည်.....ဆေးစစ်/ဆေး online တင်ခြင်းသည် သက်တမ်း ၃ လရှိပြိး သက်တမ်းမကုန်ခင်အချိန်မှာ Calling visa လျောက်ထားခြင်း၊ရရှိခြင်းဖြစ်နေရပါမယ်။
ဆေးစစ်၊ဆေး online တင်ပြီး ၃ လပြည့်လို့ Calling visa မရရှိထားပါက မိမိသည် ဆေးစစ်/ဆေးonline တင်ခြင်းကို ထပ်မံ ပြုလုပ်ရပါမယ်။ဆေးစစ်/ ဆေး online တင်ပြီး ၃လအတွင်း Calling visa မရရှိခဲ့ရင် သတိထားပါ။တစ်ခုခု လွှဲနေပါပြိ.......

ဒါကြောင့် ဆေးစစ်/ ဆေး online တင်ခြင်း ပြုလုပ်မည်ဟု ပြောလာပါက Calling visa တင်မှာလား...အကယ်၍ Calling visa မရခဲ့လို့ နောက်တစ်ကြိမ် ဆေးစစ် / ဆေး online ထပ်တင်ရမယ်ဆိုရင် ကုန်ကျငွေကို အေးဂျင့်စိမှဖြစ်စေ ပွဲစားမှဖြစ်စေကျသင့်ခံပေးပါလို့ ပြောပါ။ဆေးစစ်/ဆေးonline တင်ခြင်းကိုလဲ သတ်မှတ်ထားသော ဆေးခန်းများမှာသာ ပြုလုပ်လို့ရပါတယ်။
အသေးစိတ်ကို အောက်ပါ link တွင်လေ့လာပါရန် 👇👇👇
https://www.facebook.com/share/p/1Bq5x1hALW/

ဒါဆို Calling visa ဆိုတာဘာလဲ.....
မလေးရှားနိင်ငံကို တရားဝင်အလုပ်အကိုင်နဲ့တရားဝင်သွားရောက်လုပ်နိင်ရန်အတွက် အရေးကြီးဆုံး မဖြစ်မနေ ရရှိထားရမည့် ကိစ္စသည် Calling visa ဖြစ်ပါတယ်။
Calling visa မရရှိပဲ မလေးရှားနိင်ငံမှာ တရားဝင်အလုပ်သမားအဖြစ် နေထိုင် အလုပ်လုပ်ကိုင်လို့လုံးဝ(လုံးဝ)မရပါဘူး။

Calling visa သည် လေထဲက အကြောင်းအရာမျိုးမဟုတ်ပဲ ခိုင်မာတိကျသေချာသော စာရွက်စာတမ်းအထောက်ထားဖြင့် ရရှိခြင်းဖြစ်ပါတယ်။

Calling visa တွင် မိမိအမည်၊ ပက်စပိုစ့်နံပါတ်၊နိင်ငံ အစရှိသော by name ဖြင့်အတိအကျ ရရှိသော အထောက်ထားတစ်ခု ဖြစ်ပါတယ်။

Calling visa သည် စာရွက်စာတမ်းဖြစ်၍ အတု လုပ်လို့မရဘူးလားဆိုရင် ဒီခေတ်ကာလမှာ စာရွက်စာတမ်း အတုဆိုတာ လုပ်ရလွယ်လို့ အတုလုပ်လို့ ရပါတယ်။ အတုတွေလဲ အများကြီးရှိပြိး စာရွက်အတုတွေနဲ့လိမ်နေကျတာလဲ အများကြီးပါ......ဒါပေမယ့်...မလေးရှားနိင်ငံသည် နိင်ငံခြားသားအလုပ်သမားခေါ်ယူမူ နည်းစနစ်တွင် စည်းစနစ်ကျသော နိင်ငံတစ်ခုဖြစ်တာမို့ အဓိကအရေးပါဆုံးသော Calling visa ကို မလေးရှားနိင်ငံ immigration website တွင် သတ်မှတ်ချိန်မရှိပဲ စစ်ဆေး အတည်ပြုလို့ရပါတယ်။ကြိုက်တဲ့အချိန်စစ်ဆေး ကြည့်လို့ရပါတယ်။
Immigration website တွင် မိမိကိုယ်တိုင် စစ်ဆေး အတည်ပြုပြိးမှသာ ယုံပါ။စာရွက်ပြတိုင်း မယုံပါနဲ့......

မလေးရှားနိင်ငံကို တရားဝင်အလုပ်အကိုင်နဲ့ တရားဝင်သွားရောက်ချင်သူများသည် Calling visa ကို ကျွမ်းကျင်စွာ စစ်ဆေးတက်ဖို့လိုပါတယ်။ ကျွန်တော်/ ကျွန်မ နားမလည်ဘူး မလုပ်တက်ဘူး....မစစ်တက်ဘူးဆိုရင် မလေးရှားကို မလာသင့်သေးဘူးပဲလို့ မှတ်ပါ။

ဒီခေတ်မှာ Online သုံးတဲ့လူတိုင်း စစ်ဆေးတက်နိင်ရပါမယ်။ Calling visa ကို အလွယ်တကူ စစ်ဆေးနိင်ရန် ....စစ်ဆေးတက်ရန် အောက်ပါ link ကိုဝင်ပြီး လေ့လာဖတ်ပါ။
👇👇👇
https://www.facebook.com/share/p/1BQzPgheT5/

မိမိသည် app ဖြင့်ဖြစ်စေ၊website ဖြင့်ဖြစ်စေ စစ်ဆေးကြည့်လို့ Calling visa ရရှိပြိ ဆိုပါက
၇၅ % စိတ်ချစွာ နေလို့ရပါပြိ။ အေးဂျင့်စိ၊အကျိုးဆောင်ပွဲစားများသည် မိမိကို အမှန်အကန် ပြုလုပ်ပေးသည်မှာ အကောင်းဆုံး သက်သေ အထောက်ထားတစ်ခု ဖြစ်ပါတယ်။

အဲ့တော့ဗျာ.....
မလေးရှားနဲ့ပက်သက်ပြီး အလုပ်သမားတွေအနေနဲ့ အလိမ်မခံရအောင်.....သိရမယ့် အဓိက အချက်တွေသည်....
(1) ဆေးစစ်/ဆေး online တင်ခြင်းသည် သတ်မှတ်ထားသော ဆေးခန်းများတွင်ဖြစ်ရမည်။
(2) Calling visa ရရှိမူ သေချာရမည်။
(3) စာချုပ်ချုပ်ဆိုခြင်းသည် သတ်မှတ်ထားသော နေရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အရာရှိရှေ့တွင် ဖြစ်ရမည်။

ဒီ သုံးချက်နဲ့ ကိုက်ညီပြည့်စုံရင် မိမိသည် အလိမ်မခံရဘူးလို့ မှတ်လို့ရပါတယ်။
ဒီ သုံးချက်နဲ့ မကိုက်ညီနေရင် မိမိသည် အလိမ်ခံနေရကြောင်း သိရှိနိင်ပါစေ။
အဓိက အကျဆုံးကတော့ Calling visa မှန်ကန်သော အချက် ဖြစ်ပါတယ်။

အခုမှ မလေးရှားသည် အစဖြစ်၍ မလေးရှားကို တရားဝင်လာရောက်ချင်သူများအားလုံးသည်
အေးဂျင့်စိမှ နေပြည်တော်ကို Demand letter မတင်ရသေးပါက (သို့မဟုတ်) နေပြည်တော်မှ Demand letter နှင့်ပက်သက်၍ အတည်ပြုချက် စေလွတ်ရေးလုပ်ငန်းစဥ်များ ဆက်လက်ဆောင်ရွက်ခွင့် ခွင့်ပြုချက် မရသေးပါက ၂၀၂၆ ခုနစ် ၃ လပိုင်း ဝန်းကျင် (နောက်ပိုင်း)မှသာ ရောက်နိင်မည်ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမားများသည် အမြန်သွားချင်ရင် အမြန်ပို့ပေးမယ်ဆိုရင် သတိထားပါ....အလိမ်ခံရနိင်ပါတယ်။

မှတ်ချက်....
၂၀၂၂ ၊ ၂၀၂၃ ၊ ၂၀၂၄ ခုနစ်ထဲက မလေးရှားအတွက် အေးဂျင့်စိကိုဖြစ်စေ၊ ပွဲစားကို ဖြစ်စေ ငွေပေးထားသူများသည် အဲ့အထဲက အလိမ်ခံနေရတယ်လို့ မှတ်ပါ။အဲ့အချိန်တုန်းက Demand များ၊ Calling visa များကို မလေးရှားအစိုးရမှ ပယ်ဖျက်ပြီးဖြစ်၍ အကျုံးမဝင်တော့ပါ။

Crd…

အလိမ်ခံရခြင်းမှ ကင်းဝေးကျပါစေ။


06/08/2025

မလေးရှား မ သီးသန့် အလုပ် စိတ်ဝင်စားရင် ရုံးကိုဆက်သွယ်စုံစမ််းနိုင်ပါပြီနော်😊😊😊😊

24/03/2025
😊
11/03/2025

😊

Address

Thatyatchaung Street
Yangon

Website

Alerts

Be the first to know and let us send you an email when San Yake Nann Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San Yake Nann Limited:

Share