Htet Nay Lin Overseas Employment Agency

Htet Nay Lin Overseas Employment Agency ပြည်ပအလုပ်ကိုင်ရှာဖွေရေး Agency

16/05/2026

Tokutei Hotel အလုပ်ခေါ်စာလေးတွေအတွက် ကြိုတင်ဖောင်များလာလျှောက်ထားနိုင်ပါပြီနော်💁

🇯🇵11.5.2026 ဘောင်းဘီစက်ချုပ်အင်တာဗျူးDay(1)🇯🇵🥰Final သွားမယ့်ကလေးများ fighting နော်🥰ဂျပန်စာ N4 Level ရှိထားပြီး Training ...
16/05/2026

🇯🇵11.5.2026 ဘောင်းဘီစက်ချုပ်အင်တာဗျူးDay(1)🇯🇵

🥰Final သွားမယ့်ကလေးများ fighting နော်🥰ဂျပန်စာ N4 Level ရှိထားပြီး Training Visa စက်ချုပ်(ဘောင်းဘီ)အင်တာဗျူးဖြင့် အင်တာဗျူးဖြေဆိုသူများကို ဂျပန်နိုင်ငံမှအလုပ်ရှင်ကိုယ်တိုင် လက်တွေ့စက်ချုပ်အင်တာဗျူး အောင်မြင်စွာစစ်ဆေးခဲ့ပါသည်။

#စက်ချုပ်အလုပ်ခေါ်စာ

10.5.2026 💙 Training Visa 💙စက်ချုပ်အင်တာဗျူး(လိုက်ကာ)အတွက် စက်ချုပ်လက်တွေ့စမ်းသပ်သည့်နေ့အပြီးမှာ kaiwa နှင့်အခြားသောtest...
15/05/2026

10.5.2026 💙 Training Visa 💙
စက်ချုပ်အင်တာဗျူး(လိုက်ကာ)အတွက် စက်ချုပ်လက်တွေ့စမ်းသပ်သည့်နေ့အပြီးမှာ kaiwa နှင့်အခြားသောtest လေးတွေပြုလုပ်ခဲ့ပြီး ကြိုးစားပမ်းစားနှင့် ဖြေဆိုပေးနေကြတဲ့ညီမလေးတွေကိုကြည့်ပြီး ခွန်အားဖြစ်စေဖို့တင်ပေးလိုက်ပါတယ် 🥰

#စက်ချုပ်အလုပ်ခေါ်စာ

ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်ကိုယ်တိုင်လာရောက်အင်တာဗျူး၍ တစ်ခါတည်းECစာချုပ်ချုပ်ကာရွေးချယ်ခဲ့တဲ့ စက်ချုပ်အင်တာဗျူးဖြေဆိုအေ...
13/05/2026

ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်ကိုယ်တိုင်လာရောက်အင်တာဗျူး၍ တစ်ခါတည်းECစာချုပ်ချုပ်ကာရွေးချယ်ခဲ့တဲ့ စက်ချုပ်အင်တာဗျူးဖြေဆိုအောင်မြင်သွားသောကျောင်းသူလေးများအတွက်
🥰 おめでとうございました 🎉

Training Visa ဖြင့် 10.5.2026 တွင် (လိုက်ကာချုပ်)အင်တာဗျူးမှာ လက်တွေ့စမ်းသပ်မှုတွေနဲ့အဆင့်ဆင့်ကြိုးစားဖြေဆို အောင်မြင်သွားခဲ့သောကြသော
Khaing Zin Thet🥳
May Thu Naing🥳
Nyein Ei Htwe🥳
Su Myat Nwe🥳
ကျောင်းသူလေးများအတွက်ဂုဏ်ယူပါတယ်ရှင့် ❤🎌🥳


#おめでとう
#စက်ချုပ်


🎌🏗7.5.2026ဆောက်လုပ်ရေးအင်တာဗျူးတွင် kumiai ကိုယ်တိုင်အင်တာဗျူးပြီး အရွေးချယ်ခံခဲ့ရသောကျောင်းသားများကို အလုပ်ရှင်ဖြင့်အင်...
08/05/2026

🎌🏗7.5.2026ဆောက်လုပ်ရေးအင်တာဗျူးတွင် kumiai ကိုယ်တိုင်အင်တာဗျူးပြီး အရွေးချယ်ခံခဲ့ရသောကျောင်းသားများကို အလုပ်ရှင်ဖြင့်အင်တာဗျူးမတိုင်ခင် ပိုကောင်းသောအသီးအပွင့်များဖြစ်လာစေဖို့ Interview Training များ​ဖြင့် Support ပေးနေတာမလို့ အကောင်းဆုံးresultဖြစ်ဖို့ကြိုးစားပေးကြဦးနော်.......

April လ၃ရက်နေ့မှာ Work visa နှင့်ပတ်သတ်ပြီးဂျပန်အစိုးရမှတရားဝန်ထုတ်ပြန်လိုက်သောသတင်းနဲ့ပတ်သတ်ပြီး အရင်ကဆို မြန်မာနိုင်ငံ...
08/05/2026

April လ၃ရက်နေ့မှာ Work visa နှင့်ပတ်သတ်ပြီးဂျပန်အစိုးရမှတရားဝန်ထုတ်ပြန်လိုက်သောသတင်းနဲ့ပတ်သတ်ပြီး အရင်ကဆို မြန်မာနိုင်ငံကပဲဖြစ်ဖြစ်ထိုင်းကပဲဖြစ်ဖြစ် ဘယ်နိုင်ငံကနေမဆို work visa နဲ့အလုပ်လုပ်မယ်ဆိုရင် N4 (or) N3 Level အလုပ်ခေါ်စာတွေနဲ့အလုပ်ခေါ်ကြတယ် အလုပ်သွားလုပ်နိုင်ကြတယ်။

ဒါပေမယ့် အခုမှာတော့ မင်မင်တို့ အရမ်းချစ်ရတဲ့ဂျပန်အစိုးဟာဆိုရင် N2(သို့)N1အောင်ထားမှသာ work visa နဲ့အလုပ်လုပ်နိုင်တော့မှာဖြစ်တဲ့အကြောင်း တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်တာမလို့ အခုနော​က်ပိုင်းမှာ N3,N4 နဲ့ Work Visa အလုပ်ခေါ်စာ တွေတွေ့ရင် scanတွေသာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ရှင့်။

🛠⛓ဂျပန်မှာအလုပ်လုပ်ဖို့ tokutei(特定技能)စက်မှုကုန်ထုတ်အောင်ထားရင်ဘာအခွင့်အလမ်းတွေရှိလာနိုင်လဲ❓🔩စက်မှုကုန်ထုတ်အောင်မြင်ထားသူ...
07/05/2026

🛠⛓ဂျပန်မှာအလုပ်လုပ်ဖို့ tokutei(特定技能)စက်မှုကုန်ထုတ်အောင်ထားရင်ဘာအခွင့်အလမ်းတွေရှိလာနိုင်လဲ❓

🔩စက်မှုကုန်ထုတ်အောင်မြင်ထားသူများအနေနဲ့ Tokutei Ginou 1 နဲ့ ဂျပန်မှာ တရားဝင် အလုပ်လုပ်နိုင်ပြီး ၅ နှစ်အထိ နေနိုင်ပါတယ်။Company ပြောင်းခွင့်ရှိပြီးတော့ (sector တူရင်)技能実習より လစာပိုကောင်းတတ်ပါတယ်။ပြီးတော့ အတွေ့အကြုံများလာရင် Tokutei Ginou 2 ကိုတက်နိုင်တဲ့ sector တွေမှာ
➡long-term stay လမ်းကြောင်းရှိ
➡Supervisor / leader position တက်နိုင်
➡Japanese language တိုးတက်ရင် engineer line သို့ပြောင်းနိုင်ခြေရှိပါတယ်။
Japanese Language ကိုတော့ N4/N3 လောက်ရှိထားရပါမယ်။

စက်မှုကုန်ထုတ်ဖြင့်လုပ်နိုင်တဲ့ အလုပ်အမျိုးအစားများ
🚙Auto parts factory — ကားအစိတ်အပိုင်းထုတ်လုပ်တဲ့စက်ရုံ
📲Electronic parts — အီလက်ထရောနစ်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှု
🔧Metal processing — သတ္တုဖြတ်တောက်/ပုံဖော်/ပြုပြင်လုပ်ငန်း
⛓Machine operation — စက်များကို ထိန်းချုပ်မောင်းနှင်အသုံးပြုတဲ့အလုပ်
🔌Welding — သံဂဟေဆော်ခြင်း
🛠Assembly line — ထုတ်ကုန်အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်တဲ့လိုင်းအလုပ်
📋Quality inspection — ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးခြင်း
📦Packaging / production support — ထုပ်ပိုးခြင်းနှင့် ထုတ်လုပ်ရေးကူညီမှုအလုပ်
စတဲ့ စက်ရုံအလုပ်တွေ ဝင်နိုင်ပါတယ်။

လစာပိုင်းအနေဖြင့် ဒေသနဲ့ overtime ပေါ်မူတည်ပြီးလစဉ် basic salary — ¥180,000 ~ ¥260,000++
OT များရင် ¥300,000 ဝန်းကျင်ရနိုင်တဲ့နေရာတွေလည်းရှိပါတယ်။
Bonus / allowance ထပ်ပေးတဲ့ company တွေလည်းရှိတာမလို့ ကိုယ်ကြိုးစားမှုနဲ့ companyရွေးချယ်မှုပေါ်မူတည်ပြီး လစာများများရနိုင်ပါတယ်။





🥰5/5/2026 Ibaraki/ hokkaido/Tochigi Tokutei မွေးမြူရေး အင်တာဗျူးဖြေဆိုခဲ့ကြတဲ့ကျောင်းသားများ.....ကြိုးစားမှုရလဒ်များအတို...
07/05/2026

🥰5/5/2026 Ibaraki/ hokkaido/Tochigi Tokutei မွေးမြူရေး အင်တာဗျူးဖြေဆိုခဲ့ကြတဲ့ကျောင်းသားများ.....

ကြိုးစားမှုရလဒ်များအတိုင်း အင်တာဗျူးအောင်မြင်ပြီး ဂျပန်မြေကိုအမြန်ဆုံး​ခြေချနိုင်​ပါစေရှင့်💙

☎ Ph - 09-421 805 010,09-761793442(viber)
🏠 Address - No(17),(150) Street, Tarmwe Township, Yangon






#စိုက်ပျိုးရေး

အလုပ်ရှာနေတာလား❓ကိုရီးယား၊မလေးရှား၊ထိုင်းစကားပြန်(full time or part time)အတွေ့အကြုံရှိသူများနှင့် office staff မလေးရှား ...
04/05/2026

အလုပ်ရှာနေတာလား❓
ကိုရီးယား၊မလေးရှား၊ထိုင်းစကားပြန်(full time or part time)အတွေ့အကြုံရှိသူများနှင့် office staff မလေးရှား manpower အတွေ့အကြုံရှိသူများ လိုအပ်နေတာမလို့ စိတ်ဝင်စားသူများလျှောက်ထားနိုင်ပါတယ်ရှင့်။

Open Position
💯ကိုရီးယား/မလေးရှားစကားပြန်(full time /part time)
💯ထိုင်းစကားပြန်(ဘန်ကောက်ရုံးခွဲအတွက်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်ရှိသူများသာလျှောက်ထားနိုင်ပါသည်။)(full time /part time)
💯office staff(computer ကျွမ်းကျင်)(full time)
💯Malaysia manpower coordinator(full time)

📞 လျှောက်ထားရန်Messenger (သို့) viber ဖုန်းနံပါတ်လို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။
☎️ Ph - 09 761 793 442(Viber) / 01 370 895

🚲ဂျပန်နိုင်ငံမှာစက်ဘီးစီးတော့မယ်ဆိုရင် သိထားသင့်တဲ့ အခြေခံစည်းမျဥ်းများ 🚲မြန်မာနိုင်ငံမှာဆို စက်ဘီးစီးဖို့အတွက် ဘာrule မ...
02/05/2026

🚲ဂျပန်နိုင်ငံမှာစက်ဘီးစီးတော့မယ်ဆိုရင် သိထားသင့်တဲ့ အခြေခံစည်းမျဥ်းများ 🚲

မြန်မာနိုင်ငံမှာဆို စက်ဘီးစီးဖို့အတွက် ဘာrule မှရှိမနေပေမယ့် ဂျပန်မှာတော့စက်ဘီးကို “ယာဉ်” လိုသတ်မှတ်ထားတာကြောင့် လမ်းစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။မလိုက်နာရင် ဒဏ်ကြေး၊ သတိပေးစာ (warning) တောင် ရနိုင်ပါတယ်။အကြိမ်ကြိမ် စည်းကမ်းချိုးဖောက်ရင် safety training (講習) တက်ရမယ့်အခြေအနေထိ ရောက်နိုင်ပါတယ်။ဂျပန်ဆိုတဲ့အတိုင်း လွယ်တာ့လွယ်မနေဘူးနော်..

🚲 အခြေခံစည်းမျဉ်းများ
၁။ လမ်းဘက် (Left side) မှာစီးရမယ်။ကားလိုပဲ စက်ဘီးလည်း ဘယ်ဘက်လမ်းဘက်ကို စီးရပါတယ်။
၂။ လမ်းမပေါ်စီးရမယ် (principle)စက်ဘီးကို “ယာဉ်” လို့ သတ်မှတ်ထားတဲ့အတွက်
လမ်းမပေါ်စီးတာက အဓိကဖြစ်ပါတယ်။
လူလျှောက်လမ်းပေါ်မှာဆိုရင်တော့ ခွင့်ပြုထားတဲ့နေရာမှာသာ စီးလို့ရပါတယ်။
၃။ လမ်းလျှောက်သူကို ဦးစားပေးရမယ့် sidewalk ပေါ်စီးတဲ့အခါမှာ လူတွေကို ဦးစားပေးပြီး နည်းနည်းနှေးနှေးစီးရပါတယ်။
၄။ လမ်းပြမီးနဲ့ လက္ခဏာတွေကိုလိုက်နာရမယ်။
မီးနီမှာStop sign (止まれ) တွေကိုလိုက်နာရပါတယ်။

❌ မလုပ်သင့်တဲ့အရာတွေ (တားမြစ်ချက်များ)
၁။ ဖုန်းသုံးပြီးစီးခြင်း 🚫စီးနေချိန်မှာ ဖုန်းကိုင်ခြင်း၊ message ပို့ခြင်း မလုပ်ရပါဘူး။
၂။ မူးယစ်ပြီးစီးခြင်း 🚫 (အရေးကြီးဆုံး)
အရက်သောက်ပြီး စက်ဘီးစီးတာလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်
ဖမ်းမိရင် ဒဏ်ကြေးကြီးပြီး အပြစ်ဒဏ်တောင် ရနိုင်ပါတယ်
၃။ နှစ်ယောက်စီးခြင်း 🚫ပုံမှန်စက်ဘီးမှာ လူ ၂ ယောက်မစီးရ (ကလေးထိုင်ခုံရှိတဲ့ case တွေက လွဲ)
၄။ ညဘက်မီးမဖွင့်ဘဲစီးခြင်း 🚫ညအချိန်မှာ မီးဖွင့်မထားရင် တရားမဝင်ပါ
၅။ နားကြပ်ကြီးတပ်ပြီးစီးခြင်း 🚫ပတ်ဝန်းကျင်အသံ မကြားနိုင်လောက်အောင် နားကြပ်တပ်ပြီးစီးတာ မခွင့်ပြုပါ

🆕 အခုနောက်ပိုင်း Rule အသစ်/တင်းကျပ်လာတဲ့အချက်များ
၁။ 2023ကနေစပြီး Helmet (ခေါင်းကာ) တွေဆောင်းကြရပါတယ်။မဖြစ်မနေမဟုတ်ပေမယ့် ဝတ်ဖို့ တိုက်တွန်းထားပါတယ်။
၂။ ဖုန်းသုံးဖုန်းပြောပြီးစီးတာကို ပိုမိုတင်းကြပ်စွာ စောင့်ကြည့်လာပါတယ်
၃။ “Traffic violation system” (Blue ticket system) တိုးချဲ့ခြင်း
(2024–2025 အချိန်ကာလ)
စည်းကမ်းချိုးဖောက်တဲ့ စက်ဘီးစီးသူတွေကိုဒဏ်ကြေးစနစ် တိုးလာပါတယ်။

🌏 Htet Nay Lin Oversea Employment Agency မှ သင့်အတွက်အလုပ်အကိုင်အခွင့်အလမ်း.......👉 မလေးရှားစကားပြန် (Part time or Full ...
02/05/2026

🌏 Htet Nay Lin Oversea Employment Agency မှ သင့်အတွက်အလုပ်အကိုင်အခွင့်အလမ်း.......

👉 မလေးရှားစကားပြန် (Part time or Full Time)အလုပ် စိတ်ဝင်စားသူများ အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

📍 အလုပ်တာဝန်များ
မြန်မာ ↔ မလေးရှား ဘာသာပြန်ခြင်း
လုပ်ငန်းဆိုင်ရာစာရွက်စာတမ်းများ ဘာသာပြန်ပေးခြင်း
အလုပ်ရှင်နှင့်အလုပ်သမားများကြား ဆက်သွယ်ရေးကူညီပေးခြင်း

✅ လိုအပ်ချက်များ
မလေးရှားဘာသာစကားကျွမ်းကျင်ရမည်။
M​anpower အတွေ့အကြုံရှိပြီး Full Timeလုပ်နိုင်သူ ပိုဦးစားပေးမည်။
မလေးရှားမှာနေထိုင်နေပြီး part time လုပ်ချင်သူများလဲလျှောက်ထားနိုင်ပါတယ်။

💼 အကျိုးခံစားခွင့်များ
လစာညှိနှိုင်း
အလုပ်အတွေ့အကြုံနှင့်ကြိုးစားမှုအပေါ်မူတည်ပြီးလစာတိုးရှိမည်။
Uniformနှင့်အချိန်မှန်ရက်မှန်းကြေးရှိမည်။

📞 လျှောက်ထားရန်Messenger (သို့) viber ဖုန်းနံပါတ်လို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။
☎️ Ph - 09 761 793 442(Viber) / 01 370 895

Address

No(117), 92nd Street , Mingalar Taung Nyunt Township
Yagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+951370895

Website

Alerts

Be the first to know and let us send you an email when Htet Nay Lin Overseas Employment Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share