23/05/2023
Tokutei စားသောက်ဆိုင် လားမဲန်ခေါက်ဆွဲဆိုင်အတွက် အင်တာဗျူးအောင်သွားတဲ့ သင်တန်းသား သုံးယောက်ပဲ ဖြစ်ပါတယ်။
JWORKS မှာတော့ အင်တာဗျူးတွေက ဆက်တိုက်ဆိုသလို ရှိနေတာဖြစ်လို့ သိချင်တာရှိရင် Page messenger မှာ မေးထားခဲ့လို့ရပါတယ်။
အခု Tokutei စားသောက်ဆိုင်အလုပ်အတွက်က လုပ်ရမည့်ဒေသက
- ခုမမိုတိုမြို့တွင်းရှိ လားမဲန်ခေါက်ဆွဲဆိုင်
(မြို့တွင်းမို့သွားလာနေထိုင်ရေး အဆင်ပြေပါသည်)
- အလုပ်အကြောင်းအရာ
ဦးစွာ စားပွဲထိုး၊ ဧည့်သည်ကို မုန့်ပွဲချပေးခြင်း တို့ကို လုပ်ရမည်ဖြစ်ပြီး၊ တဖြည်းဖြည်းကျွမ်းကျင်လာပါက မီးဖိုချောင်တွင် ချက်ပြုတ်ရပါမည်
ခေါက်ဆွဲပြုတ်ခြင်း၊ ပန်းကန်ထဲထည့်နည်း၊ ဆိုင်မဖွင့်ခင်ကြိုတင်ပြင်ဆင်ချက်ပြုတ်ခြင်းစသဖြင့်
တဆင့်ချင်းသင်ပေးသွားမည် ဖြစ်သဖြင့် စိတ်ပူစရာမလိုပါ
- အလုပ်ကျွမ်းကျင်သွားပါက လစာပိုမြင့်သော တိုကျိုရှိဆိုင်ခွဲများသို့လည်း ပြောင်းရွှေ့လိုပါက အရည်ချင်းပြည့်မီပါက ညှိနှိုင်းစီစဥ်ပေးပါသည်။
■အနာဂတ်မှာ အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်
အရည်ချင်းပြည့်မှီပါက
၂နှစ်ကျော်တွင် အမြဲတမ်းဝန်ထမ်းမှ ဒုဆိုင်ခေါင်းထိ၊ ၃နှစ်ကျော်တွင် ဆိုင်ခေါင်းမှ ဆိုင်ခွဲဖွင့်ဖို့ တာဝန်ပေးအပ်ခြင်း စသဖြင့် ကြိုးစားသွားနိုင်ပါသည်
■အလုပ်ချိန် အဆိုင်းစနစ် မနက် 8:00 မှ ညနေ 17:00ထိ (60မိနစ်နား) သို့မဟုတ်
ညနေ ၃ မှ ည၁၂နာရီ (၆၀မိနစ်နား)
15:00~24:00 (60分休憩)
တပါတ်၂ရက်ပိတ်
တလ နာရီ ၂၀ခန့် အချိန်ပိုရှိ
ဆိုင်တွင်း ဆေးလိပ်သောက်ခြင်း ခွင့်မပြု
■ခန့်မှန်းတနှစ်ရငွေပေါင်း:316万円(၆၃၂သိန်းခန့်)
တနှစ်ရငွေတွက်ပုံ
တလ (၃၈သိန်း အခြေခံလစာ) 190,000円+15,000円 (အဆောင်ခထောက်ပံ့ကြေး ၃သိန်းကျပ်)+1,095円(တနာရီလုပ်ခ ၂သောင်းကျပ်ကျော်) 1.25 အချိန်ပိုလုပ်ခအဆနှုန်း × တလအချိန်ပိုနာရီ 20
+ ဘောနပ်စ်၂လစာခန့် (၃၈သိန်း x ၂လ = ၉၆သိန်းကျပ်ခန့်)
အလုပ်ချိန်ထမင်းကျွေးသည်။
ဝတ်စုံပေးသည်။
Dreams Mandalay မှာက အင်တာဗျူး မဖြေခင်မှာလည်း interview training တွေလုပ်ပေးပါတယ်နော်
Japan Dreams ကျောင်းသားဦးစားပေးမို့ အခုပဲ online class ဖြစ်ဖြစ်/ အပြင်အတန်းဖြစ်ဖြစ်/ FAC အတန်းဖြစ်ဖြစ် ကျောင်းအပ်ထားတော့နော်
အပြင်ကျောင်းကကော လျှောက်လို့ရသလားဆိုသူတွေအတွက်
ကျမတို့ကျောင်းသားပဲ ပို့ပါတယ်
🔴ကျမတို့ကျောင်းသား အရင်ဖြစ်လိုပါက
အောက်ပါအတန်းတခုခုတက်ဖို့ အမည် ဖုံးနံပါတ် မှတ်ပုံတင်နံပါတ်ကို ကျောင်းပေ့ချ် ကို မက်စေ့ပို့ပါ (ကျမဆီမပို့နဲ့နော် ကျမ အများကြီး မပြန်နိုင်တာခွင့်လွှတ်ပါ)
🔴နည်းလမ်း၁
ကျောင်းမှာ (မန္တလေးအပြင်ကျောင်း Japan Dreams Mandalay - ဂျပန်ဘာသာစကားသင်တန်း မန္တလေး အဆောင်တွေလဲပေါလို့ စီစဥ်ပေးလို့ လာတက်လို့ရသလို၊
🔴နည်းလမ်း ၂ ဂျပန်စတိုင်ဗွီဒီယို+ZOOM နဲ့သင်တဲ့ အွန်လိုင်းလဲတက်လို့ရပါတယ်
🔴နည်းလမ်း ၃ အပြင်ကျောင်းသားဖြစ်ပါက N4အောင်ပြီးသူဖြစ်ပါက အလုပ်အင်တာဗျူးတန်းထည့်ပေးတဲ့ အလုပ်အကြိုအတန်း (၅သောင်းကျပ်သာ) အွန်လိုင်းကို တက်ပေးရပါတယ်
နည်းလမ်း၃ရဲ့ ၅သောင်းကျပ်က အလုပ်အင်တာဗျူးအောင်တာနဲ့ ဝန်ဆောင်ခထဲမှ နှုတ်ပေးတာမို့ အလုပ်ရသူတိုင်းဟာ
- အလုပ်အကြိုသင်တန်း အခမဲ့
- အင်တာဗျူးအောင်ပြီး ထွက်တဲ့ထိ ဂျပန်စာ မန်နာ အလုပ်သုံးဂျပန်စာ အားလုံး 🔴အခမဲ့ သင်ယူရပါမယ်
N4မအောင်သော အပြင်ကျောင်းသားလက်မခံပါ
--
အားသာချက်
ကုမ္ပဏီတွေနဲ့သေချာ ညှိနှိုင်းပေးပြီး အလုပ်လက်ခံပါတယ်
🔴(၁) ထရိန်နင်တွေအကုန်
လေယာဥ်လက်မှတ် အခမဲ့
ဂျပန်ဘက် ရောက်ပြီး တလတာ သင်တန်းတက်ရတဲ့အခါ တည်းခိုစရိတ် အခမဲ့ စားစရိတ်ကို ကုမ္ပဏီက ၂လစာ ထုတ်ပေးလို့ ငွေတပြားမှမယူလာတောင် ချွေတာသုံးပြီး လစာရတဲ့ထိ သွားနိုင်ပါတယ်
ရောက်ရင် အိပ်ယာ၊ စီးဖို့စက်ဘီး၊ အခန်းထဲ ရေခဲသေတ္တာ ဟင်းနွှေးစက် အိုးခွက်ပန်းကန် စတာတွေ အားလုံး အခမဲ့ ပြင်ဆင်ပေးထားတာပါ
ဥပဒေနှင့်အညီ ဝန်ဆောင်ခ ဒေါ်လာ 2800 သာ
---
🔴(၂) တိုခုတဲ
- ခုထိ အယောက် ၁၅ယောက်နီးပါး အလုပ်ရပြီးသူတွေထဲမှာ လေယာဥ်လက်မှတ်စိုက်ရတာ ၂ယောက်သာ
ကျန်သူအားလုံး လက်မှတ် ကုမ္ပဏီမှ စိုက်ပေးအောင် ညှိပေးထားပါတယ်
- သွားတဲ့နေ့ထိ ပညာသင်စရိတ် အခမဲ့ပါ စာအုပ်ဖိုးကအစ တပြားမှမယူပါ
ဥပဒေနှင့်အညီ ဝန်ဆောင်ခ ဒေါ်လာ ၁၅၀၀ သာ
---
ခု အလုပ်သင် ဂဟေဆော်ဆိုရင် မြန်မာဘက်မှ ဂဟေဆော်သင်တန်း အခမဲ့လုပ်ပေးဖို့ ညှိတာ အဆင်ပြေပါတယ်
နောက် ကျားမတွေ ကုမ္ပဏီကြီးအတွက် တိုခုတဲအလုပ် နိုင်ငံခြားမှာစာမေးပွဲသွားဖြေမဲ့စရိတ်တွေ ပေးမယ်လို့ ညှိပေးလာပါတယ်
---
သတိပြုရန်
- N4မအောင်ရင် အလုပ်အင်တာဗျူးမထည့်ပေးပါ
အောင်မှ ထည့်ပေးသည်
မှန်ကန်စွာ စေတနာထားအလုပ်လုပ်နေကြသော
JWorks Myanmar
Japan Dreams Mandalay - ဂျပန်ဘာသာစကားသင်တန်း မန္တလေး
ဆရာဆရာမများနှင့် အဖွဲ့သားများ
--
🍓အလုပ်သင်၊ တိုခုတဲ အလုပ်များမိတ်ဆက်ပေးရန် သင့်စီဗွီဖောင်ကို လက်ခံနေပါပြီ N4 အောင်သူများသာ
https://forms.gle/ZtXv9vPgCV9mDoXd9
CV ဖြည့်
အတန်းတတန်းတန်းတက် (ကျောင်းပေ့ချ်ကို အမည်၊ ဖုံး၊အလုပ်ကြိုအတန်း လို့ ပို့ပေးပါ)
အင်တာဗျူးဝင်
အလုပ်ရရင်
ဂျပန်သွားအလုပ်လုပ်ရုံပါ
Dreams Mandalay - ဂျပန်ဘာသာစကားသင်တန်း မန္တလေး
Zar Chy Lwin Masaki