မြန်တယ်

မြန်တယ် “myanTal” is provided by the following services.1. Recruitment, 2. Vocational Training.

“myanTal” is providing by following services.1.Recruitment, 2.HR Evaluating, 3.HR Management, 4.Capacity Building Training, 5.Vocational Training

✨ "ထရမ့်အချက်...ကမ္ဘာအခက်" 🎁......................................................................................🙏 ESCe...
02/02/2025

✨ "ထရမ့်အချက်...ကမ္ဘာအခက်" 🎁......................................................................................
🙏 ESCers များအားလုံးမင်္ဂလာပါ...🙏
ESC Myanmar Institute မှကြိုဆိုပါတယ်...
🎁 ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ မျက်မှောက်ရေးရာကြုံတွေ့နေရတဲ့ အမေရိကန်နိုင်ငံရဲ့မူဝါဒတွေနဲ့ သက်ရောက်မှုများအကြောင်းကို "ထရမ့်အချက်...ကမ္ဘာအခက်" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မိမိနားလည်ထားတဲ့ပုံစံ၊ ရှု့ထောင့်လေးတွေကို မျှဝေသွားကြမှာ ဖြစ်ပါတယ်။ အားလုံးပဲသိကြတဲ့အတိုင်း လက်ရှိအမေရိကန်သမ္မတအပြောင်းအလဲက အားလုံးကို အံ့သြသင့်စေပြီး သူ့ရဲ့မူဝါဒအသစ်များက အများထင်မထားခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
🎁 ဒီအမေရိကန်မူဝါဒအသစ်တွေက ကမ္ဘာကို ဘာတွေပြနေလဲ? ဘာတွေပြောနေလဲ? ဘယ်လိုသတင်းစကားတွေပေးနေလဲ? ဘယ်လိုအခြေအနေတွေဖြစ်ပေါ်စေလဲ? ဆိုတာတွေကို ဒီတပတ်မှာတော့ ESC ဝိုင်းတော်သားတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်တာမို့ ဒီည ၈နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
🎁 ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှ‌ဝေသွားမယ့် ဆရာများကတော့ -
✅ Speaker-1. Chit Min ( Community Advocator)
✅ Speaker-2. Sai Hein Htet Oo(Development Analysis)
✅ Speaker-3. Zin Naing Linn Tun (Social Entrepreneur)
🎁 ယခုအစီအစဉ်မှနေ၍ လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🎁 ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့ တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။
"The Learning Hub for Every Young...Everyone"
နွေးထွေးစွာဖြင့်
ESCMI-FIP


#ထရမ့်အချက်_ကမ္ဘာအခက်


ေထန်ကုန်း

✨ "ဆီးရီးယားကပေးသော...သတင်းစကား" 🎁.........................................................................................
14/12/2024

✨ "ဆီးရီးယားကပေးသော...သတင်းစကား" 🎁......................................................................................
🙏 ECMI ကျောင်းသား၊သူများ အားလုံးမင်္ဂလာပါ...🙏
ESC Myanmar Institute မှကြိုဆိုပါတယ်...
🎁 ESCMI ရဲ့ ဒီတစ်ပတ် "Sunday လေထန်ကုန်း" မှာတော့ မျက်မှောက်ရေးရာကြုံတွေ့နေရတဲ့ "ဆီးရီးယားကပေးသော...သတင်းစကား" ဆိုတဲ့ အကြောင်းအရာလေးကို မိမိနားလည်ထားတဲ့ပုံစံလေးတွေနဲ့ မျှဝေသွားကြမှာ ဖြစ်ပါတယ်။ အားလုံးပဲသိကြတဲ့အတိုင်း လက်ရှိ ဆီးရီးယားအပြောင်းအလဲက အားလုံးကို အံ့သြသင့်စေပြီး အများထင်မထားခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်တယ်။
🎁 ဒီဆီးရီးယားနိုင်ငံအခြေအနေက ကမ္ဘာကို ဘာတွေပြနေလဲ? ဘာတွေပြောနေလဲ? ဘယ်လိုသတင်းစကားတွေပေးနေလဲ? ဘယ်လိုတွေကောက်ချက်ဆွဲနေလဲ? ဆိုတာတွေကို ဒီတပတ်မှာတော့ ESC ဝိုင်းတော်သားတွေ ပါဝင်ဆွေးနွေးကြမှာဖြစ်တာမို့ ဘာတွေဘယ်လိုပြောကြမလဲဆိုတာကို ဒီည ၈နာရီ (မြန်မာစံတော်ချိန်) မှာ ဆုံကြရအောင်ပါ။
🎁 ဒီအပတ်အစီအစဉ်မှာ ပါ၀င်မျှ‌ဝေသွားမယ့် ဆရာ၊ ဆရာမများကတော့ -
✅ Speaker-1. Chit Min ( Community Advocator)
✅ Speaker-2. Phyo Phyo Thein (Communication Expert)
✅ Speaker-3. Zin Naing Linn Tun (Social Entrepreneur)
🎁 ယခုအစီအစဉ်မှ နေ၍လူငယ်၊ လူရွယ်များအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။ ယခုအစီအစဉ်ကို FIP Development Institute ၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
🎁 ကျနော်တို့ ESCMI ရဲ့ အရွေ့တခုဟာ လူငယ်လူရွယ်တွေရဲ့အရည်အချင်း မြှင့်တင်နိုင်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်စေမယ်အပြင် ဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မှာ ဖြစ်တာမို့ ဘယ်လိုအစီအစဉ်အသစ်သစ်တွေနဲ့ တိုင်းရင်းသားအရေး၊ လူငယ်လူရွယ်တွေနှင့် အမျိုးသမီးတွေကို ပံ့ပိုးကူညီ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေကို လုပ်ဆောင်မလဲဆိုတာသိရအောင် Like & Follow လေးလုပ်ထားကြဖို့ တိုက်တွန်းအပ်ပါတယ်။
"The Learning Hub for Every Young...Everyone"
နွေးထွေးစွာဖြင့်
ESCMI-FIP


#ဆီးရီးယားကပေးသော...သတင်းစကား


ေထန်ကုန်း

💻သင်ဟာ Remote Job ကိုရှာဖွေနေသူဆိုရင် ဒါကိုကြည့်...🙏မင်္ဂလာပါ... myanTal မှကြိုဆိုပါတယ် 🙏ကျွန်တော်တို့ myanTal အနေဖြင့် ...
19/05/2024

💻သင်ဟာ Remote Job ကိုရှာဖွေနေသူဆိုရင် ဒါကိုကြည့်...
🙏မင်္ဂလာပါ... myanTal မှကြိုဆိုပါတယ် 🙏
ကျွန်တော်တို့ myanTal အနေဖြင့် အဖွဲ့ဝင်အသစ်များကို ‌ဖိတ်ခေါ်လျက်ရှိပြီး လက်ရှိတွင် (Remote) အလုပ်များကို ဦးစားပေးခေါ်ယူလျက်ရှိပါတယ်။ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် သေချာလည်းလုပ်မယ်၊အချိန်လည်းပေးနိုင်မယ်ဆိုတဲ့ မောင်နှမများနှင့် လက်တွဲလုပ်ဆောင်လိုပါတယ်။ ဒါ့ကြောင့် အမှန်တကယ်ပါဝင်နိုင်မယ်ဆိုမှာသာ လျှောက်ထားကြပါရန်နှင့် လက်ရှိအလုပ်ရှိနေသူများ မလျှောက်ထားကြပါရန်အတွက် လေးစာစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်။
💻"Digital Marketing Officer (Remote) - (2 Posts)"
💻"Digital Creation Officer (Remote) - (1 Post)"
💻"Internship (Remote) - (3Post)"
👉 Main JD of DM Officer
- လုပ်ငန်းနှင့်ပတ်သက်၍ Content ရေးသားခြင်း၊ Content Design ဆွဲခြင်း၊ Content Plan ပြင်ဆင်ခြင်း
- Customers မှဆက်သွယ်လာခြင်းများအား ‌အကြောင်းပြန်ခြင်း၊ မှတ်တမ်းတင်ခြင်း
👉 Main JD of DC Officer
- လုပ်ငန်းနှင့်ပတ်သက်၍ Video Editing လုပ်ခြင်း၊ Short Video များဖန်တီးခြင်း
- Content Plan ပြင်ဆင်ခြင်း၊ အကြံအဉာဏ်ပေးခြင်း
👉 Main JD of Internship
- တာဝန်ကျရာလုပ်ငန်းနှင့်ပတ်သက်၍ Officer များအားကူညီလုပ်ဆောင်ရန်
- ရုံးလုပ်ငန်းတာဝန်အား ကူညီဆောင်ရွက်ရန်
- တာဝန်ကျရာလုပ်ငန်များကို လေ့လာသုံးသပ် အကြံပြုရန်
👉 လျှောက်ထားရန် လိုအပ်သည့်အရည်အချင်းများ
✅ Customer Services အတွေ့အကြုံရှိပြီး စကားပြောကျွမ်းကျင်သူဖြစ်ရမည်။ (DM ရာထူးအတွက်)
✅ Video ဖန်တီခြင်း ကျွမ်းကျင်သူ ဖြစ်ရမည်။ (DC ရာထူးအတွက်)
✅ ကွန်ပြူတာကျွမ်းကျင်သူဖြစ်ကာ Content ကောင်းစွာရေးသားနိုင်သူဖြစ်ရမည်။ (DM ရာထူးအတွက်)
✅ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်သူဖြစ်ရမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်ရပါမည်။
✅ ရေရှည်ပါ၀င်ပြီး စိန်ခေါ်မှုများကိုအတူတကွ လက်ခံရင်ဆိုင်လိုသူဖြစ်ရပါမည်။
✅ အထက်ပါ Position များအားလုံးအတွက် ကွန်ပြုတာကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမည်။
လျှောက်ထားလိုသူများအနေဖြင့် အောက်ပါလျှောက်လွှာအားဖြည့်စွက်ပေးပို့ရန်လိုအပ်ပြီး စီစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။
📌Application Form - https://forms.gle/X7QtHuu25wKXTLo68
♻️ယခုအလုပ်နေရာသည် Rolling basic ဖြစ်ကာ ကျွန်တော်တို့အနေနဲ့ အသားအရောင်၊ လူမျိုး၊ ဘာသာခွဲခြားမှုမရှိသလို အမှန်တကယ်အလုပ်လုပ်ချင်စိတ်ရှိသူများသာလိုအပ်ပါတယ်။ အထက်ပါအရည်အချင်းများနှင့်ပြည့်စုံပါက မသန်စွမ်းသူများလည်း လျှောက်ထားနိုင်ပါတယ်။ စတင်စဝန်ဆောင်မှုလုပ်ငန်းငယ်ဖြစ်၍ ပုံမှန်ထက်ပိုမိုအားထုတ်နိုင်ရတာမို့ တော်ရုံအေးဆေးအလုပ်လုပ်ချင်သူများ, လစာများများမျှော်မှန်းသူများအနေဖြင့် ယခုအလုပ်အားကျော်သွားစေလို‌ကြောင်း ကြိုတင်အသိပေးရင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ။
"အားလုံးအတွက် - မြန်တယ်"
နွေးထွေးစွာဖြင့်
Team myanTal





🙏မင်္ဂလာပါ...🙏ထိုင်းနိုင်ငံရှိ Travel & Tours ကုမ္ပဏီအတွက် လစ်လပ်၀န်ထမ်းများကို ခေါ်ယူပေးလိုပါတယ်။"လစ်လပ်ရာထူးများ"Tour ...
02/10/2023

🙏မင်္ဂလာပါ...🙏
ထိုင်းနိုင်ငံရှိ Travel & Tours ကုမ္ပဏီအတွက် လစ်လပ်၀န်ထမ်းများကို ခေါ်ယူပေးလိုပါတယ်။
"လစ်လပ်ရာထူးများ"
Tour Leader (Freelance) - M/F - 2 Posts
Digital Marketing Assistant (WFO) - M/F - 2 Posts
♻️Tour Leader (Freelance)
✅- ထိုင်းနိုင်ငံအတွင်းနေထိုင်သူ
✅- ထိုင်းဘာသာစကားကို ကျွမ်းကျင်သူ
✅- နေထိုင်ကြောင်း အထောက်အထားပြည့်စုံသူ
✅- ထိုင်းနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းနှင့်အခြားသော ၀န်ဆောင်မှုများတွင် အတွေ့အကြုံရှိသူ
🎯Digital Marketing Assistant (WFO)
✅- Work From Online လုပ်ကိုင်နိုင်သူ
✅- Content ‌ရေးသားမှုများနှင့် AI Design Software များအသုံးပြုရေးဆွဲနိုင်သူ၊
✅- Work From Online စည်းမျဉ်းအား နားလည်အကျွမ်း၀င်သူ၊
✅- ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအကြောင်း ‌သိရှိနားလည်သူ၊
✅- လေ့လာအားကောင်း၊ စာဖတ်အားကောင်းသူ၊
✅- ကွန်ပြူတာရှိပြီး ကောင်းစွာအသုံးပြုနိုင်သူ
အထက်ပါအချက်လေးတွေကို သင်ဟာအဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့နဲ့ ပါ၀င်လို့ရပါပြီ။ လျှောက်ထားရာမှာ - အောက်ပါ Email မှလျှောက်ထားရန်လိုအပ်ပြီး၊ မိမိအတွေ့အကြုံများထည့်သွင်းထားသည့် CV Form ပေးပို့ရန်လိုအပ်ပါတယ်၊ လျှောက်ထားသူများမှ ပဏမရွေးချယ်ခံရသူများကို အင်တာဗျူးဖိတ်ခေါ်သွားပါမယ်။
To Apply - [email protected]
ကျေးဇူးတင်ပါတယ်။
myanTal Team


📣 "Internship Opportunity" 📣မင်္ဂလာပါ!ESC Myanmar Institute မှနှုတ်ခွန်းဆက်သလိုက်ပါတယ်။ကျွန်တော်တို့ ESCMI အတွက် လိုအပ်လ...
19/12/2022

📣 "Internship Opportunity" 📣
မင်္ဂလာပါ!
ESC Myanmar Institute မှနှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျွန်တော်တို့ ESCMI အတွက် လိုအပ်လစ်လပ်နေတဲ့ Department များအတွက် "Internship - အလုပ်သင်" ဝန်ထမ်းများကို ခေါ်ယူလိုပါတယ်။ ဒီအစီအစဉ်ဟာ ပညာရေးကိုစိတ်ပါဝင်စားပြီး အိုင်ဒီယာအသစ်တွေနဲ့အတူ အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်လိုသူတွေအတွက် ပါဝင်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
"လစ်လပ်လျက်ရှိသောကဏ္ဍများ"
☑️ Marketing & Communication Dep
☑️ Academic & Operation Dep
"သင်ဟာဘယ်အပိုင်းကိုပါဝင်သင့်လဲ"
ဒီအောက်ပါအချက်တွေနဲ့တိုက်ပြီး ကိုယ်ဘယ်အပိုင်းကိုလျှောက်မယ်ဆိုတာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။
☑️ Marketing & Communication Dep
- marketing , sales အပိုင်းတွင် အတွေ့အကြုံရှိဖူးသူ၊ စိတ်ပါဝင်စားသူ
- Social Medai Content ဒီဇိုင်းများကို ရေးဆွဲဖူးသူ၊ စိတ်ပါဝင်စားသူ
- Canva, Powtoon စသည့် Graphic Design App များကို ကောင်းစွာသုံးဆွဲတတ်သူ
- Marketing ၊ Digital Marketing များဖြင့် Career ရွေးချယ်ထားသူ
- Idea နှင့် creation ကောင်းမွန်သူ............................
☑️ Academic & Operation Dep
- ပညာရေးပိုင်းဆိုင်ရာ ၊ ပညာရေးအဖွဲ့အစည်းများတွင်၊ Online ပညာရေးအစီအစဉ်များတွင် ပါဝင်ဖူးသူ
- ပညာရေး အရည်အသွေးမြှင့်တင်မှုအပိုင်းကို စိတ်ပါဝင်စားသူ
- ကျောင်းသားများ၏ လိုအပ်ချက်များကို အားဖြည့်ပါဝင်နိုင်သူ
- ဆရာ၊ ဆရာမများ - ကျောင်းသားများအား ပေါင်းကူးပေးနိုင်သူ
- နိုင်ငံတကာနှင့် ခေတ်မှီပညာရေးစနစ်ကို လေ့လာနေသူ
- ပညာရေးဝန်ဆောင်မှုများ၊ အစီအစဉ်များဖြင့် Career ရွေးချယ်ထားသူ
"လျှောက်ထားသူတွေအတွက် အခြေခံလိုအပ်ချက်တွေ"
ဒီလစ်လပ်နေရာတွေကို လျှောက်ထားမယ့် အလုပ်သင်လူငယ်၊ လူရွယ်များအနေဖြင့် အောက်ပါအခြေခံအချက်လေးတွေတော့ လိုအပ်ပါတယ်။
☑️ အသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်တတ်သူ
☑️ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သူ
☑️ အဖွဲ့၏လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်သူ
☑️ ကွန်ပြူတာရှိသူဖြစ်ပြီး ကောင်းစွာသုံးစွဲတတ်သူ
☑️ English ဘာသာစကား Intermediate Level ရှိသူ
"ကျွန်ုပ်တို့ရဲ့အားသာချက်တွေ"
☑️ လုပ်ငန်းခွင်အတွင်း အရည်အသွေးမြှင့်တက်စေရန် စဉ်ဆက်မပျက်သင်ကြားပေးမှာဖြစ်ပါတယ်။
☑️ လစဉ် Communication Allowance စီစဉ်ပေးမယ့်အပြင် Income တစ်ခုရှိလာအောင်လည်း စီစဉ်သွားမှာဖြစ်ပါတယ်။
☑️ Internship ကာလပြီးဆုံးသည်နှင့် performance based internship certificate ကို ထုတ်ပေးမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ရရှိနိုင်ပါတယ်။
☑️ သတ်မှတ်အရည်အသွေးကိုက်ညီသူများအတွက် Scholarship လျှောက်ဖို့ရာလိုအပ်တဲ့ Recommendation Letter ထုတ်ပေးမှာ ဖြစ်ပါတယ်။
☑️ Work From Home ဖြစ်တဲ့အတွက် ကိုယ့်လုပ်ရမဲ့ task တွေကို ပေးထားတဲ့ deadline အချိန်အတွင်း လုပ်နိုင်ဖို့ပဲ လိုတာမလို့ 9 a.m to 5 p.m ရုံးတက်စရာမလိုပါဘူး။
☑️ Community နှင့်လုပ်ဆောင်တာ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ရမှာမို့ Network လည်းကောင်းလာမှာဖြစ်တဲ့အပြင် External အတွေ့အကြုံလည်းရမှာဖြစ်ပါတယ်။
☑️ အဖွဲ့အစည်းမှဖွင့်လှစ်လျက်ရှိသော သင်တန်းများကိုလည်း အခမဲ့တက်ရောက်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။
☑️ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်လာတဲ့နဲ့အမျှ ပါဝင်သူအဖွဲ့သားများအတွက်လည်း အခွင့်အလမ်းကောင်းတွေရရှိစေမှာ ဖြစ်ပါတယ်။
"ဘယ်လိုလျှောက်ထားရမလဲ"
စိတ်ပါဝင်စားသူလူငယ်၊လူရွယ်များအနေဖြင့် Motivation Letter နှင့်အတူ CV တွဲ၍ [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။ Interview ပဏာမအဆင့်ရွေးချယ်ခံရသူများကို Mail ကနေပြန်လည်အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
"လျှောက်ထားသူများအား အသိပေးချက်"
ကျွန်ုပ်တို့ဟာ အဖွဲ့အစည်းအကြီးမဟုတ်ပေမယ့် စနစ်တကျသွားနိုင်အောင် ကြိုးစားနေတဲ့လူမှုအကျိုးပြု ပညာရေးအဖွဲ့အစည်းလေး ဖြစ်ပါတယ်။ အများကြီးမပံ့ပိုးပေးနိုင်ပေမယ့် ပါဝင်လာသူအဖွဲ့ဝင်တွေအနေနဲ့ တစ်စုံတစ်ရာတိုးတက်မှုဖြစ်စေမှာဖြစ်သလို အဖွဲ့အစည်းအတွက်လည်း တစ်ထောင့်တစ်နေရာ အထောက်အကူပြုတိုးတက်သွားနိုင်ဖို့ ပါဝင်သူတွေရဲ့အားတွေအများကြီးလိုအပ်ကြောင်းအသိပေးရင်း နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
"ကျွန်ုပ်တို့အကြောင်း"
ESCMI သည် ESC Myanmar အဖွဲ့အစည်း၏ လက်အောက်တွင်ရှိပြီး အရည်အသွေးမှီပညာရေးအားလူတိုင်း လူတိုင်းရရှိနိုင်ရေးနှင့် လူငယ်၊လူရွယ်ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ လက်ရှိတွင် ရေတိုသင်တန်းများသာဖွင့်လှစ်ထားပြီး အခြားသောပညာရေးအစီအစဉ်များလုပ်ဆောင်နိုင်ရန်လည်း ကြိုးစားလျက်ရှိပါတယ်။ လုပ်ဆောင်လျက်ရှိသော ပညာရေးအစီအစဉ်များမှ ရရှိလာသောအကျိုးအမြတ်အချို့ကို ပညာရေးလိုအပ်လျက်ရှိသောနေရာများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
နွေးထွေးစွာဖြင့်…
ESCMI Team



အလုပ်မရှိသေးတာလား။ အလုပ်မရသေးတာလား။❓❓❓မင်္ဂလာပါရှင်။ "MyanTal" မှ ကြိုဆိုပါတယ်။🤗လူတော်တော်များများဟာ နေ့စဥ် မေးခွန်းပေါင...
30/01/2021

အလုပ်မရှိသေးတာလား။ အလုပ်မရသေးတာလား။❓❓❓

မင်္ဂလာပါရှင်။ "MyanTal" မှ ကြိုဆိုပါတယ်။🤗

လူတော်တော်များများဟာ နေ့စဥ် မေးခွန်းပေါင်းများစွာကို ရင်ဆိုင်နေကြရပါတယ်။

👉အလုပ်ရပြီလား။
👉အလုပ်လျှောက်ထားတယ်မလား။
👉Interview မအောင်ဘူးဆို ဟုတ်လား။
👉အလုပ် မလုပ်ဘူးလား။
👉အလုပ်တွေသာလျှောက်တယ် တစ်ခုမှ မရဘူးဆို ဟုတ်လား။
👉အရွေးမခံရပြန်ဘူးဆို?

စတဲ့ မေးခွန်းတွေကတော့ ဖြေရအများဆုံး ဖြစ်သလို အခက်ဆုံး မေးခွန်းတွေပေါ့နော်။😩

(အလုပ်ရပြီးရင်လည်း ဒီထက်ပိုမေးခံရမှာနော်။ လူတွေက မလွယ်ဘူး။ ဒါကစကားချပ်။)😶

အဲ့လိုမေးခွန်းတွေအတွက် အဖြေက "MyanTal" မှာရှိပြီးသားဖြစ်ပါတယ်။💯

CV ကအဆင်မပြေတာလား။
Interview မဖြေတတ်တာလား။
ကိုယ်နဲ့ကိုက်တဲ့ အလုပ်ကိုမလျှောက်လို့လား။
ဆိုတဲ့ reasons ပေါင်းများစွာနဲ့ အလုပ်မရတဲ့ ပြဿနာကို "MyanTal" မှ ဖြေရှင်းပေးနေပါပြီနော်။😍

ဘာနဲ့ ဖြေရှင်းပေးမှာလဲ ဆိုရင်တော့အလုပ်ရဖို့အတွက် လိုအပ်တဲ့ ကိုယ့်ရဲ့ personal skills တွေကို develop ဖြစ်အောင် "MyanTal" မှ "Job For U" Training ပေးပြီး ဖြေရှင်းပေးနေတာပဲ ဖြစ်ပါတယ်ရှင်။🔥

ဒါကြောင့် လက်မနှေးဘဲ join လို့ရအောင် page ကို see first လုပ်ထားဖို့ မမေ့နဲ့နော်။

☎ MyanTal နှင့်ပက်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
09 457500118 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။☎

နွေးထွေးစွာဖြင့် ❤
MyanTal Team/ESC Myanmar- MyanTal
Myanmar

"အလုပ်လျှောက်ကြမယ်ဟေ့"📣📣📣(English Below)မင်္ဂလာပါရှင်။ "MyanTal" မှကြိုဆိုပါတယ်။🤗"MyanTal" မှ လူကြီးမင်းတို့အတွက် အလုပ်အ...
29/01/2021

"အလုပ်လျှောက်ကြမယ်ဟေ့"📣📣📣

(English Below)
မင်္ဂလာပါရှင်။ "MyanTal" မှကြိုဆိုပါတယ်။🤗

"MyanTal" မှ လူကြီးမင်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း​များ ယူဆောင်လာပါပြီရှင်။💯

#အလုပ်ခေါ်စာ link များ👇

📌MRTV မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
https://www.facebook.com/523763414336156/posts/3829389850440146/

📌Senior Officer(MAB Bank)
https://www.facebook.com/488924137943104/posts/1820239521478219/

📌Data Centre Technician(MAB Bank)
https://www.facebook.com/488924137943104/posts/1820214001480771/

📌Chatrium Hotel Royal Lake Yangon
https://www.facebook.com/2216485451775437/posts/3631896900234278/

📌HR Manager(Daewoo Bus Myanmar)
https://www.facebook.com/765137270206565/posts/3644901462230117/

📌Marketing Assistant(Kaytumadi Co. Ltd)
https://www.facebook.com/126727964054595/posts/3749043601822995/

📌Digital Marketing Manager(NIZ Digital)
https://www.facebook.com/373835663378001/posts/875232336571662/

📌Sale & Marketing Executive(Thamasanda)
https://www.facebook.com/609648045721884/posts/3951134824906506/

📌Quality Assurance Engineer/ Functional Tester(G Bank)
https://www.facebook.com/933535273348702/posts/3647464218622447/

📌IT Support Technician(G Bank)
https://www.facebook.com/933535273348702/posts/3647443661957836/

📌Assistant Project Manager(G Bank)
https://www.facebook.com/933535273348702/posts/3647238118645057/

📌NOC Engineer(G Bank)
https://www.facebook.com/933535273348702/posts/3647098748658994/

📌G Bank
https://www.facebook.com/933535273348702/posts/3636296599739209/

"MyanTal"က အပတ်စဥ်တိုင်း နယ်ပယ်အသီးသီးမှ အလုပ်ခေါ်စာတွေကို တင်ပေး​နေတာဖြစ်လို့ စောင့်ကြည့်ကြဖို့ လိုမယ်နော်။💼

ဒါ့အပြင် "MyanTal" မှ သင်တန်းများ၊ training များ ဖွင့်လှစ်သင်ကြားပေးနေတာမို့ see first လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်။😍

☎ MyanTal နှင့်ပက်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
09 457500118 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။☎

နွေးထွေးစွာဖြင့် ❤
MyanTal Team/ESC Myanmar- MyanTal
Myanmar

"Let's apply for a job"📣📣📣

Hello everyone. Welcome to "MyanTal". 🤗

'MyanTal' brings you job opportunities. 💯

offer links👇

📌MRTV မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
https://www.facebook.com/523763414336156/posts/3829389850440146/

📌Senior Officer(MAB Bank)
https://www.facebook.com/488924137943104/posts/1820239521478219/

📌Data Centre Technician(MAB Bank)
https://www.facebook.com/488924137943104/posts/1820214001480771/

📌Chatrium Hotel Royal Lake Yangon
https://www.facebook.com/2216485451775437/posts/3631896900234278/

📌HR Manager(Daewoo Bus Myanmar)
https://www.facebook.com/765137270206565/posts/3644901462230117/

📌Marketing Assistant(Kaytumadi Co. Ltd)
https://www.facebook.com/126727964054595/posts/3749043601822995/

📌Digital Marketing Manager(NIZ Digital)
https://www.facebook.com/373835663378001/posts/875232336571662/

📌Sale & Marketing Executive(Thamasanda)
https://www.facebook.com/609648045721884/posts/3951134824906506/

📌Quality Assurance Engineer/ Functional Tester(G Bank)
https://www.facebook.com/933535273348702/posts/3647464218622447/

📌IT Support Technician(G Bank)
https://www.facebook.com/933535273348702/posts/3647443661957836/

📌Assistant Project Manager(G Bank)
https://www.facebook.com/933535273348702/posts/3647238118645057/

📌NOC Engineer(G Bank)
https://www.facebook.com/933535273348702/posts/3647098748658994/

📌G Bank
https://www.facebook.com/933535273348702/posts/3636296599739209/

You need to keep an eye 'MyanTal' page as we are posting job offers from various fields. 💼

Therefore,Don't forget to see first 'MyanTal Page' as we frequently offer training, courses and internship. 😍

☎ For more detailed information about MyanTal, please contact 09457500118.☎

Warm regards,❤
MyanTal Team/ESC Myanmar- MyanTal
Myanmar

`Dreamfora´မြင်လိုက်တာနဲ့စိတ်ဝင်စားစရာကောင်းနေပြီမလား။`မင်္ဂလာပါရှင်။ Myantalမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။´😇Myantalက Drea...
28/01/2021

`Dreamfora´
မြင်လိုက်တာနဲ့စိတ်ဝင်စားစရာကောင်းနေပြီမလား။

`မင်္ဂလာပါရှင်။ Myantalမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။´😇

Myantalက Dreamforaဆိုတဲ့အိပ်မက်တွေကိုအစီအစဥ်ဆွဲတဲ့ appကို Fan fansလေးတွေကို reviewပေးမှာဖြစ်ပါတယ်။🤗

သူကOnlineသုံးရပြီးSign inအရင်လုပ်ဖို့လိုပါတယ်။

Appလေးအထဲမှာ အဓိကက Dreams, Tasks, Habitsဆိုပြီး အဓိကသုံးခုရှိပါတယ်။

Dreamsနေရာမှာ ကိုယ့်ရဲ့အိပ်မက်တွေကိုအရင်ချရေးပါ။ ပြီးရင်Due dateထားပါ။ ကိုယ့်အိပ်မက်တွေပြည့်မြောက်ပြီဆိုရင်တော့ Tickလုပ်လို့လည်းရပါတယ်။✔️

Tasksနေရာမှာ ကိုယ့်Dreamsတွေအတွက် လုပ်ရမယ့်လုပ်ငန်းဆောင်တာ ဒါမှမဟုတ် တစ်နေ့တစ်နေ့လုပ်ရမယ့်အလုပ်တွေကို မမေ့အောင် planဆွဲလို့ရပါတယ်။🤠

Habitကတော့ exerciseကို သုံးလလုပ်မယ်ဆိုတာမျိုး ဒါမှမဟုတ် ရေကို တစ်နေ့ကို 1litreသောက်မယ်ဆိုတာမျိုး အကျင့်လုပ်ရတာမျိုးဖြစ်ပါတယ်။

ဒီAppလေးရဲ့ တကယ့်တကယ့်Main သရုပ်ဆောင်လေး လာပါပြီ။🤩

သူက Motivational Quotesလေးတွေကို အားအင်တွေပြည့်သွားအောင် မနက်တိုင်းပြောပြတာပါ။ နာမည်ကြီးမင်းသား Tom Cruiseကိုယ်တိုင်ပြောထားတာတွေတောင် ပါပါတယ်။😉

👉You can do it စသဖြင့်လည်း နေ့တိုင်း ချီးမွမ်းပါတယ်။✨✨✨

တစ်ခါတလေကျရင် Stellaတို့က ကိုယ့်ကိုယ်ကို ချီးမွမ်းဖို့မေ့နေတတ်ပါတယ်။ဒါကို ဒီAppလေးက Remindလုပ်ပေးတာပါ။

ဒါဆိုရင် Myantal Fansလေးတွေလည်း အခုချက်ချင်းပဲ Dreamforaလေးကို Downloadလုပ်ပြီး `Change your dreams into reality´လုပ်လိုက်ပါတော့နော်။😘

📞Myantalနဲ့ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
09 457500118သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။

နွေးထွေးစွာဖြင့်💓
MyanTal Team/ ESC Myanmar- Myantal
Tal Myanmar

Good Hormonesမင်္ဂလာပါ။Myantalမှကြိုဆိုပါတယ်။ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့Hormonesတွေက ဘာတွေလဲဆိုတာသိချင်နေပြီလား။Myant...
27/01/2021

Good Hormones

မင်္ဂလာပါ။Myantalမှကြိုဆိုပါတယ်။

ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့Hormonesတွေက ဘာတွေလဲဆိုတာသိချင်နေပြီလား။Myantalကပြောပြဖို့အဆင်သင့်ရှိတယ်လေ။😉

၁။Dopamine
Myantal fansတွေအတွက်ပျော်ရွှင်စေတဲ့ Hormoneထုတ်ပေးတာကDopamineပါ။DopamineဟာHormoneတွေထဲမှာ လူသားတွေအတွက်အရေးကြီးဆုံးလို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။

၂။Serotonin
အခုချိန်မှာCovidဖြစ်လို့ကမ္ဘာ့လူဦးရေရဲ့၄%ဟာ Depressionကို ခံစားနေကြရပါတယ်။😢
သူကစိတ်ဖိစီးမှု၊စိတ်ဓာတ်ကျတာမျိုးတွေမဖြစ်အောင်လျှော့ချပေးတာပါ။အစာချေဖျက်ခြင်း၊စားတာ၊ အိပ်တာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းလုပ်ဆောင်ပေးပါတယ်။

၃။ Endorphin
ကိုယ်နှစ်သက်တဲ့အရာကိုလုပ်ရတာပင်ပန်းပေမဲ့လည်းဆက်ပြီးလုပ်ချင်တာမျိုးကြုံဖူးကြတယ်မလား။ဟုတ်ပါတယ် Endorphinကရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုတောင်မေ့ပျောက်စေပြီးပျော်ရွှင်အောင်လုပ်ပေးတဲ့Hormoneလေးပါ။ ဥပမာအနောက်တိုင်းအကတွေ၊K-pop၊ကုလားအက ကပြီးရင်ထွန်းရွှေဝါဆောင်ထားရသလိုပေါ့။😅

ဒါဆိုရင်Myantalကရော Fansလေးတွေအတွက် Dopamineမဖြစ်နိုင်ဘူးလား။🙄ဟုတ်ရင် Yesလို့မန့်ခဲ့။
နောက်အပတ်တွေမှာလည်း ဒီHormonesတွေ အားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ
ပြောပြပေးသွားမှာမို့ Stay Tunedနော်။

Myantalနဲ့ပတ်သက်၍အသေးစိတ်သိရှိလိုပါက
09 457500118သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Myantal team/ESC Myanmar
Myanmar

Good Morning.Welcome to Myantal.

Good Hormones
Do you wanna know what hormones in ur body are good for u?Myantel is ready to tell you.

1.Dopamine
Hormone that makes u feel happy is dopamine.Scientists prove that dopamine is one of the most important hormones for humanity.

2.Serotonin
4% of world population are now facing depression.Serotoin is the one that reduces stress,sadness and depression. It helps digestion,sleeping,eating.

3.Endorphin
Have you ever felt happy even though what u are doing makes u feel tired.This is bz of the only endorphin that makes you feel relaxed although u have physical pain. Like after dancing western style dancing, k-pop,indian dance,you must have Tun Shwe War.😅

Couldn't Myantal be your Dopamine?🙄.If it is, then cmt yes. Stay tuned for coming next week when I will tell how to make that hormones better.

နေ့တစ်နေ့ရဲ့ စဦးဖြစ်တဲ့ မနက်ခင်းပိုင်းကိုအကျိုးရှိစွာအသုံးချပါ။`မင်္ဂလာပါရှင်။Myantalမှပြန်လည်ကြိုဆိုပါတယ်။´😊ဒီနေ့မှာတေ...
26/01/2021

နေ့တစ်နေ့ရဲ့ စဦးဖြစ်တဲ့ မနက်ခင်းပိုင်းကို
အကျိုးရှိစွာအသုံးချပါ။

`မင်္ဂလာပါရှင်။Myantalမှပြန်လည်ကြိုဆိုပါတယ်။´😊

ဒီနေ့မှာတော့ Myantalက မနက်ခင်းအချိန်ကို ဘယ်လိုကောင်းကောင်းအသုံးချရမလဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။😍

၁။ အိပ်ရာစောစောထပါ။🌻
မနက်စောစောအိပ်ရာထခြင်းဟာ stressတွေကို လျော့ကျစေပါတယ်။တစ်နေကုန်လည်း လန်းလန်းဆန်းဆန်းနှင့်အလုပ်လုပ်ဖို့အတွက် အထောက်အပံ့​ ပေးပါတယ်။

၂။ လမ်းလျှောက်ပါ။🏃‍♀️
Steve Jobsကိုယ်တိုင်နေရောင်ခံတာဟာ အကောင်းဆုံးကုသနည်းလို့ပြောခဲ့ပါတယ်။လမ်းလျှောက်ခြင်းဟာ လေကောင်းလေသန့်ကိုရတဲ့အပြင် နေ့တစ်နေ့ရဲ့အကောင်းဆုံးနေရောင်ခြည်ကိုလည်းခံစားရပါတယ်။

၃။ မနက်စာစားပါ။🍔
တစ်နေ့လုံးမှာမနက်စာဟာအရမ်းအရေးကြီးပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ ကြက်ဥပြုတ်၊နွားနို့၊ပေါင်မုန့်၊မေမေလုပ်ပေးတဲ့ မနက်စာကို ရအောင်ထစားပါ။

ဒါဆိုရင် Myantal fanလေးတွေလည်း covidဖြစ်နေလို့၊ ချမ်းလို့၊ဘာမှလုပ်စရာမရှိဘူးဆိုပြီး အိပ်ရာထဲဝင်ကွေးမနေကြပါနဲ့နော်။😝

Myantalပြောတဲ့နည်းတွေနဲ့နံနက်ခင်းအချိန်ကို ကောင်းစွာအသုံးချပြီးတစ်နေကုန်လန်းလန်းဆန်းဆန်းနဲ့ productiveဖြစ်အောင်နေကြပါနော်။😉

Myantalနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက
09457500118သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်။

နွေးထွေးစွာဖြင့်🤗
Myantal team/ESC Myanmar- Myantal
Myanmar

Use Your Morning Time effectively.

`Good Morning.Welcome to Myantal´😊

Today,I want to share how to use ur morning better.😍

1. Get up early🌻
Getting up early can reduce your stress level. It also provides you to work active and fresh the whole day.

2. Walk🏃‍♀️
Steve Jobs once said that, `Sunbathing is the best doctor in the world.´ When you walk,not only you will get fresh air but also your skin can absorb the best sunlight of the day.

3. Have Breakfast🍔
Breakfast is the very important meal for your whole day.Get up,eat nourishing bread,boiled egg,milk and ofcourse, dishes made by mom.

So Lovely Myantal fans,`Plz don't scooch in courseof cold,covid´.😝
Use ur Morning time effectively to be active & productive.😉

For more detailed information about Myantal, plz contact 09457500118.

Warm regards,🤗
Myantal Team/ESC Myanmar- Myantal
Myanmar

"မြန်တယ်" နှင့်အတူ မြန်မြန်ဆန်ဆန် ဖြေရှင်းကြမယ်။⚡မင်္ဂလာပါရှင်။ "MyanTal" မှကြိုဆိုပါတယ်။🤗လူကြီးမင်းတို့ရဲ့ အခက်အခဲ​တွေက...
23/01/2021

"မြန်တယ်" နှင့်အတူ မြန်မြန်ဆန်ဆန် ဖြေရှင်းကြမယ်။⚡

မင်္ဂလာပါရှင်။ "MyanTal" မှကြိုဆိုပါတယ်။🤗

လူကြီးမင်းတို့ရဲ့ အခက်အခဲ​တွေကို ဖြေရှင်းပေးဖို့ "MyanTal" ရောက်ရှိလာပါပြီ။💪

ဘာအခက်အခဲတွေကို ဖြေရှင်းပေးမှာလဲဆိုတော့.........

-လျှောက်ပယ်
(ဒါကတော့ နာမည်နဲ့လိုက်အောင် လျှောက်သမျှ CV အပယ်ခံရခြင်း)🙅

-မျှော်ကျန်
(မျှော်ကျန်တို့ကတော့ တစ်ဆင့်တော့အမြဲအောင်ပြီး ရမယ်ထင်လို့မျှော်ကာမှ မပါတော့ခြင်း)😞

-CV တစ်ဖက်ကမ်းခတ်
(ဒါကတော့ CV က စပယ်ရှယ်ဖြစ်နေလို့ ပါကာမှ interview ကျ ဘာပြောရမှန်းမသိတော့ခြင်း)😶

-အကုန်သိ အကုန်တတ်
( CVတွင် အတွေ့အကြုံ စုံပလုံစိထည့်သွင်းထားသော်လည်း လျှောက်သည့်အလုပ်နှင့် ဘာမှမဆိုင်ခြင်း)😖

-နှစ်ချို့စီစီ
(နှစ်ပေါင်းများစွာကတစ်ကြိမ်တစ်ခါ ပြင်ဆင်ပြုလုပ်ထားသော Cv ကိုသာ ပြတိုက်ထဲမပို့ရုံတစ်မယ် အသုံးပြု၍ လျှောက်သောကြောင့် အလုပ်မရခြင်း)😵

အဲ့သလို... အဲ့သလို အခက်အခဲတွေကို ကြုံနေရပြီဆိုရင်တော့ "မြန်တယ်" ကိုသာ အပြေးလေး ဆက်သွယ်လိုက်ပါတော့ရှင်။

#လူကြီးမင်းတို့အတွက် မြန်တယ်။⚡
#အလုပ်အတွက်ဆို မြန်တယ်။⚡
#အရမ်းမြန်တဲ့ "မြန်တယ်"⚡

"MyanTal" မှ လူကြီးမင်းတို့ အလုပ်ရဖို့အတွက် "Job For U" training" ဖြင့် skills တွေကိုမြှင့်တင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်
အချိန်နှင့်တစ်ပြေးညီ joinလို့ရအောင် Page ကို see first လုပ်ထားဖို့ မမေ့ကြနဲ့နော်။😍

☎ MyanTal နှင့်ပက်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
09 457500118 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။☎

နွေးထွေးစွာဖြင့် ❤
MyanTal Team/ESC Myanmar- MyanTal
Myanmar

Address

Thingangyun

Website

Alerts

Be the first to know and let us send you an email when မြန်တယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြန်တယ်:

Share

Category

Our Story

“အလုပ်အကိုင်တိုးတက်ရရှိဖို့ “myanTal” မြန်တယ်တွင်ဝင်ရောက်လျှောက်ထားကြပါစို့”