Ki Ko’s Beauty Bar & Boutique

Ki Ko’s Beauty Bar & Boutique Clothing And Skincare

28/06/2022

အသားအရေအမျိုးအစားခွဲခြားနည်း🎯

ကျွန်တော်တို့ Skincare တွေဝယ်တော့မယ်ဆိုရင်
ကိုယ့်အသားအရေအမျိုးအစားက ဘာလဲဆိုတာ သိဖို့လိုပါတယ်🤔 မဟုတ်ရင် ကိုယ်နဲ့မကိုက်တဲ့ပစ္စည်းတွေသုံးပြီး အချိန်ကုန် ငွေကုန်ပြီး အသားရေကကောင်းလာမှာ မဟုတ်ပါဘူး😔 အခန့်မသင့်ရင် breakout ဖြစ်ပြီး ဆေးခန်းပြေးရတဲ့အထိဖြစ်နိုင်ပါတယ်🙃

ကျွန်တော်တို့အသားအရေအမျိုးအစား (၅)မျိုးရှိပါတယ်
⚛Normal skin (ပုံမှန်အသားအရေ)
⚛Oily skin (အဆီပြန်)
⚛Dry skin (အသားခြောက်)
⚛Combination skin(T zone အဆီပြန် ကျန်နေရာအသားခြောက်)
⚛Sensitive skin (ထိလွယ်ရှလွယ်)

❣ဘယ်လိုခွဲခြားရမလဲဆိုရင် ပထမဆုံးကိုယ်သုံးနေကျမျက်နှာသစ်နဲ့ အရင်သစ်ပါ။ ပြီးရင် မျက်နှာသုတ်ပြီး ဘာမှမလိမ်းဘဲ တစ်နာရီလောက်နေပါ။ တစ်နာရီလောက်နေလို့ မှန်ကြည့်လိုက်တဲ့အခါ

✅မျက်နှာကအသားလဲမခြောက်ဘူး အဆီလဲမပြန်ဘူးဆိုရင် မျက်နှာကရေဓာတ်အဆီဓာတ်မျှမျှတတလေးဖြစ်နေမယ်ဆိုရင် Normal Skin

✅မျက်နှာက တင်းပြီးအသားခြောက်နေရင် Dry Skin

✅မျက်နှာက အဆီတွေပြန်နေရင် Oily Skin

✅မျက်နှာရဲ့ T Zone (နဖူး,နှာခေါင်း,ပါးနှစ်ဖက်) က အဆီပြန်ပြီး ကျန်နေရာတွေက အသားခြောက်ရင် Combination Skin

✅မျက်နှာက နီပြီးအထိမခံ ထိလွယ်ရှလွယ်ဖြစ်ရင် Sensitive Skin

များသောအားဖြင့် အဲ့လိုအလွယ် သတ်မှတ်လို့ရပေမယ့်
တခါတလေ Skin Types တွေတွဲနေတာမျိုးလဲရှိပါတယ်
ဥပမာ Dry Dehydrated Skin, Oily Dehydrated Skin, Sensitive Dry Skin, Sensitive Combination Skin,etc

အသားအရေပေါ်မူတည်ပြီး ကိုယ်နဲ့အဆင်ပြေတဲ့ Product ကို ရွေးချယ်သုံးစွဲဖို့လဲလိုပါတယ်🤔

နောက်ရက်ကျရင် ကိုယ့်အသားအရေအလိုက် သုံးစွဲသင့်တာလေးတွေ ပြောပြပေးပါမယ်🤓

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်😇😍


🥰🥰🥰
28/05/2022

🥰🥰🥰

Purging ဖြစ်နေရင်...

cell turn over rate ကိုမြန်စေမယ့် active ingredients ပါတဲ့ skincare တစ်ချို့ကိုသုံးမိတဲ့အခါ အဖုတွေကန်ထွက်လာတတ်ပါတယ်။ skin purging အကြောင်း အသေးစိတ် >>>
https://www.facebook.com/2291553304243174/posts/4242097459188739/
ဒီနေ့မှာတော့ ဒီလို skin purging period အတွင်းမှာ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို sharing လုပ်ပေးမှာ ဖြစ်ပါတယ်။

(1) scrub , peeling လို exfoliation products တွေ မသုံးပဲ ခနရပ်ထားပေးပါ။ over exfoliation လုပ်သလိုဖြစ်ပြီး skin barrier ကို ထိခိုက်စေသလို skin purging ကိုလဲ ပိုဆိုးစေပါတယ်။

(2) purging ဖြစ်နေချိန် product အသစ်တွေ ထပ်စမ်းသုံးတာမျိုးမလုပ်ပါနဲ့။ ပထမ purging ကြောင့်ထွက်တဲ့အဖုဖြင့် မပျောက်သေးပဲ အသစ်ထပ်သုံးလို့ အဖုထပ်ထွက်တဲ့အခါ ဘာကြောင့် ပြသနာတက်လို့တက်မှန်းမသိ အကုန်ရောထွေးပြီး ခေါင်းရှုပ်ရပါလိမ့်မယ်။

(3) purging ဖြစ်တာ အရမ်းဆိုးနေတယ်ခံစားရရင် သုံးနေတဲ့ purging ဖြစ်စေတဲ့ product ကို အကြိမ်ရေလျော့သုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။

(4) skincare routine မှာ တတ်နိုင်သမျှ Gentle အဖြစ်ဆုံး product တွေကိုသာ ထည့်သုံးပေးပါ။ ပြောချင်တာက purging ဖြစ်စေမယ့် AHA BHA toner သုံးနေတယ်ဆိုရင် အခြား moisturizer တို့ cleanser တို့ကိုတော့ AHA,BHA လို ingredients တွေမပါတာမျိုး ၊hydrating and soothing ဖြစ်စေတာမျိုး ရွေးသုံးပေးတာက ပိုအဆင်ပြေစေပါတယ်။

(5) Sunscreen ကို နေ့စဥ်မပြတ်လိမ်းပေးပြီး direct sunlight နဲ့ ထိတာမျိုးကို တတ်နိုင်သမျှ ရှောင်ပေးပါ။

purging ကြောင့်ထွက်လာတဲ့အဖုလေးတွေကို ညှစ်တာ ၊ ဆိတ်တာတွေလဲမလုပ်နဲ့နော်။ purging period လဲ ပြီးရော မျက်နှာက အမဲစက် အမာရွတ်တွေနဲ့ ကျန်ခဲ့မယ်။
ဒါဆို ဒီ Post လေးကလဲ အားလုံးအတွက် အထောက်အကူရမယ်လို့မျှော်လင့်ပါတယ်။

21/05/2022
Hello , Morning ပါရှင့်
20/05/2022

Hello , Morning ပါရှင့်

19/05/2022
19/05/2022
19/05/2022
🙋‍♀️𝐅𝐫𝐚𝐢𝐣𝐨𝐮𝐫 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐖𝐨𝐫𝐦𝐰𝐨𝐨𝐝 𝐏𝐇𝐀 𝐏𝐞𝐞𝐥𝐢𝐧𝐠 𝐄𝐬𝐬𝐞𝐧𝐜𝐞 😍✅အဆီအရမ်းပြန်ပြီး မျက်နှာညစ်ထေးထေးဖြစ်တဲ့သူတွေ၊ ချွေးပေါက်ပိတ်လွယ်၊ဝ...
19/05/2022

🙋‍♀️𝐅𝐫𝐚𝐢𝐣𝐨𝐮𝐫 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐖𝐨𝐫𝐦𝐰𝐨𝐨𝐝 𝐏𝐇𝐀 𝐏𝐞𝐞𝐥𝐢𝐧𝐠 𝐄𝐬𝐬𝐞𝐧𝐜𝐞 😍

✅အဆီအရမ်းပြန်ပြီး မျက်နှာညစ်ထေးထေးဖြစ်တဲ့သူတွေ၊ ချွေးပေါက်ပိတ်လွယ်၊ဝက်ခြံအဆီဖုထလွယ်ပြီး Skin Texture မညီတဲ့သူတွေအတွက် Fraijour Original PHA Peeling essence 😘

✅PHA ဆိုတာ chemical exfoliant တွေထဲမှာ အပျော့ဆုံးအမျိုးအစားဖြစ်တာကြောင့် sensitive skin တွေကအစ စိတ်ချလက်ချသုံးနိုင်ပါတယ်နော်။

✅ဒါ့အပြင် ချွေးပေါက်‌ထဲက အဆီပိုတွေနဲ့ Dead skin cell တွေကို ညင်သာစွာဖယ်ရှားပေးနိုင်တာကြောင့် အဆီပြန်တာကို သက်သာစေပြီး Skin Texture improve ဖြစ်လာတာကို သိသိသာသာမြင်ရမှာပဲဖြစ်ပါတယ်။

✅Wormwood Extract 20,000ppmအပြင် Centella Extract, Green tea extract တွေပါ ပါဝင်တာကြောင့် နီရဲယောင်ယမ်းနေတဲ့ ဝက်ခြံ၊အဆီဖုတွေကို Calming လုပ်ပေးနိုင်ပါတယ်။

✅Gentle Exfoliating essence ဖြစ်တာကြောင့် ပုံမှန်စွဲသုံးပေးရင် အဆီဖု၊ဝက်ခြံတွေကို လျော့ပါးစေတဲ့အပြင် အနီစက်၊အမာရွတ်စတာတွေကိုပါ သက်သာစေမှာပဲဖြစ်ပါတယ်။

✅All skin types, sensitive skin, Acne-prone skin

Hello , morning
19/05/2022

Hello , morning

18/05/2022

Sensitive skin တွေနဲ့ သင့်တော်တဲ့ Round Lab ရဲ့ toner 2ခုထဲက ဘာသုံးရမလဲ ခေါင်းစားနေရင်...🤔

ဒီ 2ခုထဲက ဘာသုံးရမလဲဆိုပြီး အမြဲလာမေးတတ်ကြလို့ Nyi ဒီနေ့ comparison လေး လုပ်ပေးသွားပါမယ်။

🌿Ingredients

အကြမ်းဖျင်းကြည့်ရင် ပါဝင်တဲ့ ingredients တွေဆင်တူတယ်လို့ထင်ရပေမဲ့ dokdo က hydrating, exfoliating ကို ဦးတည်ပြီးတော့ mugwort က soothing & refreshing ကို ပိုရည်ရွယ်တယ်။

▪️Dokdo မှာ hydration ပေးဖို့အတွက်💦 panthenol, allantoin, betaine, glycerin, sea water နဲ့ sugar cane extract, exfoliation အတွက် protease enzyme ပါတယ်။

▪️Mugwort မှာကျတော့ calming & soothing အတွက်☘️ mugwort extract နဲ့ madecassoside, hydration အတွက် glycerin, panthenol, betaine နဲ့ cacao seed extract တို့ပါတယ်။

📌2ခုလုံးက drying alcohol တွေ fragrance & essential oils တွေမပါလို့ sensitive skin တွေ skin barrier ပျက်စီးနေတဲ့သူတွေကအစ သုံးလို့အဆင်ပြေတယ်။ ဒါ့အပြင် 2ခုလုံးက fungal acne safe ဖြစ်လို့ fungal acne သမားတွေလဲ သုံးနိုင်ပါတယ်။

🌿How I feel

Ingredients တွေကွာပေမဲ့ သုံးရတဲ့ experience ကတော့ အတော်လေးဆင်တယ် ပြောရမယ်။ Texture ကစပြောရရင် 2ခုလုံးက very watery toner တွေဆိုပေမဲ့ လက်နဲ့လိမ်းကြည့်တဲ့အခါ dokdo က အနည်းငယ်လေး viscosity ရှိချင်တယ်။ 2ခုလုံးက စိမ့်ဝင်တာတော့ အရမ်းမြန်တယ်, စေးကပ်မှုမရှိဘူး, layer လုပ်လို့ကောင်းတယ်👍 အမွှေးနံ့ထည့်ထားတာမျိုးမရှိပေမဲ့ mugwort က ချဥ်ပြုံးပြုံးအနံ့လိုလေး ထွက်တယ်, dokdo ကတော့ အနံ့အထွေအထူးမပါဘူး။

▪️Effect ကိုပြောရရင် အပေါ်မှာပြောခဲ့သလိုပဲ dokdo toner က hydrating & exfoliating effect မျိုးပေးနိုင်ပြီး mugwort toner က hydrating, calming, soothing, refreshing ဖြစ်တဲ့ခံစားချက်မျိုးပေးတယ်🔑 Hydration ပေးတဲ့နေရာမှာ 2ခုလုံးက သူမသာကိုယ်မသာဆိုပေမဲ့ dokdo က a little လေးပိုကောင်းတယ်။ Soothing, calming မှာတော့ mugwort က သာပါတယ်။

▪️Result အနေနဲ့ 2ခုလုံးက စသုံးခါစမှာတော့ အသားကြည်လာသလို ခံစားရတယ်။ Mugwort က irritation တွေ လျှော့ချပေးပြီး skin ကို healthy glow ဖြစ်ဖို့ အထောက်အကူပြုတယ်📌 တဖက်မှာတော့ dokdo က skin tone မညီတာတွေညှိပေးတယ်, rough ဖြစ်နေတဲ့ skin texture ကို တဖြည်းဖြည်းနဲ့ ချောမွေ့လာအောင် လုပ်ဆောင်ပေးနိုင်တယ်📌

ဆိုတော့ ကိုယ်ကြိုက်တာရွေးသုံးပါ, 2ခုလုံးက all skin types အဆင်ပြေသလို sensitive skin တွေ skin barrier damaged ဖြစ်နေတဲ့သူတွေပါ သုံးလို့ရလို့ ဘာပဲရွေးရွေး အရွေးမှားတာမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူး။

✅Dokdo > Hydrating, gentle exfoliating toner
✅Mugwort > Hydrating, calming, soothing, refreshing toner

စျေးနှုန်းအရလဲ dokdo က 200ml ကို 25000ks ဝန်းကျင်ရှိပြီး mugwort က 300ml ကို 29000ks ဆိုတော့ သိပ်မကွာပါဘူး💰

2ခုလုံးကို GG x Round Lab Official Myanmar မှာ
ဝယ်လို့ရပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့မယ်နော်
နောက်ရက်မှ ပြန်တွေ့ပါမယ်😘

With Much Love,
Nyi❣️

Disclaimer : Not sponsored.



18/05/2022

Hello,
လောလောဆယ်တော့ skin care တစ်ခုချင်းစီရဲ့ review လေးတွေပဲရှယ်ပေးပါ့မယ်ရှင့်🥰🥰🥰
လိုချင်တာလေးတွေရှိရင်လဲ မှာလို့ရပါတယ်ရှင့်🥰🥰🥰
အရင်က supplierမဆင်မပြေဖြစ်သွားတဲ့အတွက်ကြောင့် page လေးကိုနားလိုက်ရတဲ့အတွက်ကြောင့် တောင်းပန်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻
မကြာခင်မှာပဲ အရင်လို sales လေးတွေနဲ့ပြန်လာခဲ့ပါ့မယ်နော်🥰🥰🥰
Giveaway လေးတွေလဲ အများကြီးဖောက်ပေးပါ့မယ်ရှင့်😍😍😍

Round lab cleanser review🥰🥰🥰
18/05/2022

Round lab cleanser review🥰🥰🥰

Address

Taunggyi

Telephone

+959798975612

Website

Alerts

Be the first to know and let us send you an email when Ki Ko’s Beauty Bar & Boutique posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ki Ko’s Beauty Bar & Boutique:

Share