Equipping Youth for Employment - EYE Project

Equipping Youth for Employment - EYE Project The EYE project supports reforms in the secondary education subsector and technical and vocational education.

Equipping Youth for Employment -EYE အကြောင်းသိကောင်းစရာ ================== လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် လေ့ကျင့်ပြု...
03/01/2020

Equipping Youth for Employment -EYE အကြောင်းသိကောင်းစရာ
==================
လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် လေ့ကျင့်ပြုစု မွေးထုတ်ရေး စီမံကိန်း- EYE သည် ပညာရေးဝန်ကြီးဌာန၏ အသစ်ဖော်ဆောင်နေသည့် ပညာရေးများဖြစ်သည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေးဏ္ဍခွဲ(SES)နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဌာနခွဲ(TVET)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းတစ်ခုဖြစ်ပါသည်။
ရည်ရွယ်ချက်မှာ ကျောင်းပြင်ပရောက် လူငယ်လူရွယ် များအား ကျွမ်းကျင်မှု အခြေပြု ကာလတိုသင်တန်းများ သို့ တက်ရောက် ပြီးနောက် လုပ်သားဈေးကွက် တွင် အရည်အသွေး ပြည့်မီသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ခြင်းဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ကူညီရန်ဖြစ်သည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းပြင်ပရောက် လူငယ်များအတွက် ကျွမ်းကျင်မှု အခြေပြု ကာလတိုသင်တန်းများ တက်ရောက်နိုင်အောင် လူထုသို့ မိတ်ဆက်ပေးလျက်ရှိပါသည်။ ယင်းကာလတို သင်တန်းများကို အစိုးရနည်းပညာ အထက်တန်း ကျောင်းများ (နေပြည်တော်၊ ရွာမ၊ မန္တလေး၊ မိတ္ထီလာ၊ တောင်ငူ၊ လားရှိုး၊ မုံရွာ၊ ဘားအံ၊ ပုသိမ်၊ ကလေး၊ မော်လမြိုင်) နှင့် စက်မှုသင်တန်းကျောင်း(မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေး) စုစုပေါင်း (၁၅) ကျောင်းတွင် ကျွမ်းကျင်မှုကို အခြေပြုကာ လုပ်ငန်းခွင်တွင် အဆင်သင့် အသုံးပြုနိုင်အောင် သင်ကြားပေးလျက် ရှိပါသည်။
EYE စီမံကိန်း မှ ဖော်ဆောင်နေသည့် သက်မွေးပညာရေးတွင် ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်း (CBMSC) ကို သုံးလသင်တန်းများအဖြစ် သုံးလတစ်ကြိမ်ဖွင့်လှစ်လျက်ရှိရာ အသက် ၁၈နှစ်မှ ၄၀နှစ်အတွင်းရှိ မည်သည့် တိုင်းရင်းသား အမျိုးသား၊အမျိုးသမီး မဆို တက်ရောက်နိုင်ပါကြောင်းနှင့် သင်တန်းပြီးဆုံး ပါက ဆောက်လုပ်ရေးလုပ်ငန်း၊ ဂဟေဆက်ခြင်း လုပ်ငန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ခြင်းလုပ်ငန်း၊ လျှပ်စစ်နှင့် သက်ဆိုင်သည့် လုပ်ငန်းတို့တွင် ကျွမ်းကျင်စွာ ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
EYE စီမံကိန်းရုံးခန်း
ပညာရေးဝန်ကြီးဌာန ၊ ရုံး အမှတ် ၁၃။ နေပြည်တော်
ဖုန်း - ၀၆၇ ၄၀၄၅၈၈၊ ၀၉ ၄၀၈၈၁၃၉၉၀
အီးမေးလိပ်စာ - [email protected]
Website: http://www.moe.gov.mm/Programs/EYE/en/
Facebook: Equipping Youth for Employment - EYE Project

19/12/2019
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းအတွက် သင်တန်းသား/သူ အသစ်များ ခေါ်ယူခြင်း...
19/12/2019

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းအတွက် သင်တန်းသား/သူ အသစ်များ ခေါ်ယူခြင်း
==========================
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်ပြုစုရေးစီမံကိန်း အစီအစဉ်ဖြင့် GTHS နေပြည်တော်၊ GTHS ရန်ကုန် (ရွာမ)နှင့် GTHS မန္တလေးမြို့များတွင် သင်တန်းသား/သူများခေါ်ယူလျက်ရှိပါသည်။ သင်တန်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ပြည့်မှီရမည်ဖြစ်ပြီး၊ သင်တန်းများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် စတုတ္ထအကြိမ်အနေဖြင့် အခမဲ့ကျောင်းအိပ်ကျောင်းစား ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းကြာချိန်မှာ သုံးလကြာမြင့်မည်ဖြစ်ကြောင်းသိရပါသည်။
ဆက်သွယ်ရမည့် ဖုန်းနံပတ်များ သင်ကြားမည့်ဘာသာရပ်များ
အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)-၀၉ ၄၄၈၅၃၆၂၀၀, ၀၆၇ ၄၀၁၄၂၅/၂၆ အုတ်စီကျွမ်းကျင်သင်တန်း၊ သံချည်သံကွေးကျွမ်းကျင်သင်တန်း
အစိုးရနည်းပညာအထက်တန်းကျောင်း (ရန်ကုန်(ရွာမ))- ၀၁ ၆၄၁၆၉၆ အုတ်စီကျွမ်းကျင်သင်တန်း၊ သံချည်သံကွေးကျွမ်းကျင်သင်တန်း
အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး)- ၀၉ ၇၉၁၃၇၁၂၇၄, ၀၂ ၅၁၅၂၁၉၂ အုတ်စီကျွမ်းကျင်သင်တန်း၊ သံချည်သံကွေးကျွမ်းကျင်သင်တန်း
ကျား/မ မရွေးတက်ရောက်နိုင်ပြီး သင်တန်းဘာသာရပ်တစ်ခုလျှင် သင်တန်းသား/သူ(၁၆)ဦးသာလက်ခံပါသည်။ လျှောက်လွှာများကို (၁၃-၁၂-၂၀၁၉) မှ (၆-၁-၂၀၂၀)ရက်နေ့အထိ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ သက်ဆိုင်ရာကျောင်းအသီးသီးတွင် ရယူလျှောက်ထားနိုင်ပြီး နောက်ဆုံးတင်ရမည့်ရက်မှာ (၆-၁-၂၀၂၀) ရက်နေ့ဖြစ်ပါသည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး၊ ထောက်ပံ့ကြေးလျှောက်ထားနိုင်ပါကြောင်းနှင့် သင်တန်းသား/သူများအတွက် အစားအသောက်နှင့်နေထိုင်ရန် အဆောင်စီစဉ်ပေးမည်ဖြစ်ပါသည်။

-
လူငယ်များအလုပ်အကိုင်ရရှိရေးအ တွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း
(Equipping Youth for Employment - EYE Project)
Specialist on Social Marketing and Advocacy for Education and Training
09 788196963, [email protected]

EYE project မှ ကျွမ်းကျင်မှု အခြေပြု ကာလတိုသင်တန်းများအကြောင်းမိတ်ဆက်ပွဲကျင်းပ (English Version Below)==================...
01/12/2019

EYE project မှ ကျွမ်းကျင်မှု အခြေပြု ကာလတိုသင်တန်းများအကြောင်းမိတ်ဆက်ပွဲကျင်းပ (English Version Below)

================================

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၅၁လမ်း၊ ရွှေလှံဗိုလ်လမ်းထောင့်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး)တွင် ကျောင်းပြင်ပရောက်လူငယ်များအလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများ မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၆ရက် ၂၀၁၉ခုနှစ် နံနက် ၉နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး)မှ ကျောင်းအုပ်ကြီး ဦးသက်လွင်တိုးက အဖွင့်အမှာစကားပြောကြားပြီး၊ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်ပြုစု မွေးထုတ်ရေးစီမံကိန်း မှ ဦးကျော်မြတ်ခိုင်၊ ဒေါ်စိုးစိုးလင်း၊ Dr. Brian Stains နှင့် ဦးစန်းမောင်ဝင်း တို့က လူငယ်များ အလုပ်အကိုင်ရရှိရေး လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်းအကြောင်း ရှင်းလင်းတင်ပြကြကြောင်းသတင်းရရှိပါသည်။

-

Equipping Youth for Employment (EYE) project introduce Competency Base Modular Short Course-CBMSC courses
===================================

On 26 November 2019, under the Department of Technology and Vocational Education and Training, GTHS (Mandalay) introduced a short-term skills-based training courses at Mandalay Region, 51st Street, Pyigyidagun Township at Corner of Shwe Hlegu Bo Street. The courses aim for young people who drop out from the school to be employed in the labor market.

U Thet Lwin Toe, Principal of Government Technical High School (Mandalay) delivered the opening speech. U Kyaw Myat Khaing, Daw Soe So Linn, Dr. Brian Stains and U San Maung Win presented the presentation on the Youth Employment Training Program.

-
လူငယ်များအလုပ်အကိုင်ရရှိရေးအ တွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း
(Equipping Youth for Employment - EYE Project)
Specialist on Social Marketing and Advocacy for Education and Training
09 788196963, [email protected]

Address

Thukhamain
Pyinmana
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09 890430725

Alerts

Be the first to know and let us send you an email when Equipping Youth for Employment - EYE Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Equipping Youth for Employment - EYE Project:

Share

EYE - EQUIPPING YOUTH FOR EMPLOYMENT

The EYE project, a major Ministry of Education (MOE) programme, supports key reforms laid out in the National Education Strategic Plan 2016-2021 (NESP). It is programmed for the secondary education subsector (SES) - including middle school and high school - and technical and vocational education and training (TVET) subsector.

Myanmar has embarked on ambitious reforms to strengthen the education sector and Myanmar’s human capital base. The EYE Project was approved on 28 November 2016 to support Myanmar’s transition towards a modern, market-based economy. EYE strengthens the country’s education and skills base, promoting economic modernization, job creation, inclusive growth, poverty reduction, and other national goals.

Outputs of the EYE Project:

1. Policy frameworks and capacities for cohesive, workforce-responsive SES and TVET enhanced - to anchor subsector-specific interventions under outputs 2-3, output 1 will advance cross-cutting reforms to rationalize and better link SES and TVET and reorient them to demand-driven, competency-based approaches, and will build related capacities within MOE, Ministry for Industry, Ministry of Labour, Ministry of Labour Immigration and Population, and related agencies; �