16/07/2025
စာရင်းနှင့် ကွန်ပျူတာဌာန အတွက် အငယ်တန်းဝန်ထမ်း (အမျိုးသား/အမျိုးသမီး) ခန့်ထားရန်ရှိပါသဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
“ဒေါ်ဝင်း” မွေးမြူရေးအစားအစာ၊ ဂျုံ၊ ဓါတ်မြေသြဇာနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းစုမှ စာရင်းနှင့် ကွန်ပျူတာဌာန အတွက် အငယ်တန်းဝန်ထမ်း (အမျိုးသား/အမျိုးသမီး) ခန့်ထားရန်ရှိပါသဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
(လျှောက်ထားရန်အသေးစိတ်အချက်အလက်များကို အလုပ်ခေါ်စာတွင် ဖော်ပြထားပါသည်။)
လျှောက်ထားသူသည်
♦ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ (သို့) နေထိုင်ကြောင်းထောက်ခံစာ
♦ ပညာအရည်အချင်းဆိုင်ရာအထောင်အထား မိတ္တူများ
♦ ဓာတ်ပုံ (၂)ပုံ (၆လအတွင်း ရိုက်ကူးထားသော)
♦ ကိုယ်ရေးရာဇဝင်အကျဉ်း (လုပ်ငန်းအတွေ့အကြုံ အကျဉ်းချုပ်နှင့် မျှော်မှန်းလစာ ထည့်သွင်း ဖော်ပြရန်)
စသည်တို့ကို အလုပ်လျှောက်လွှာနှင့်အတူပူးတွဲ၍ ၁၆.၇.၂၀၂၅) ရက်နေ့မှ (၂၄.၇.၂၀၂၅) ရက်နေ့အတွင်း ဆိုင်အမှတ်(၃၃၃)၊ သီရိလမ်း၊ သီရိမင်္ဂလာ(က) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊ ဈေးအရှေ့ဘက်၊ မိတ္ထီလာမြို့ရှိ “ဒေါ်ဝင်း” မွေးမြူရေးအစားအစာ၊ ဂျုံ၊ ဓါတ်မြေသြဇာနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သလို Viber No. 095182303 သို့ဖြစ်စေ၊ [email protected] သို့ဖြစ်စေ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။