Yin Yin Htay

Yin Yin Htay မင်္ဂလာပါရှင့်

Fb ကလော့ကျနေလို့လိုင်းမရှိတာမဟုတ်ပါဘူးရှင့်
15/03/2021

Fb ကလော့ကျနေလို့လိုင်းမရှိတာမဟုတ်ပါဘူးရှင့်

နေ့တိုင်း RIPတွေ ထပ်မရေးချင်တော့ဘူးအနိဌာရုံတွေကို နေ့တိုင်း မမြင်ချင်တော့ဘူး။သွေးတွေကို မမြင်ချင်ဘူး။မီးတွေကို မမြင်ချင်...
14/03/2021

နေ့တိုင်း RIPတွေ ထပ်မရေးချင်တော့ဘူး
အနိဌာရုံတွေကို နေ့တိုင်း မမြင်ချင်တော့ဘူး။
သွေးတွေကို မမြင်ချင်ဘူး။
မီးတွေကို မမြင်ချင်ဘူး။
ငိုနေတာတွေ ထပ်မတွေ့ချင်တော့ဘူး။
စာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေကို မကြည့်ချင်တော့ဘူး။

မနက်ဖြန်တိုင်းကို မင်္ဂလာရှိစေချင်တယ်။
ကြည်လင်တဲ့စိတ်နဲ့ ချမ်းမြေ့တဲ့တစ်နေ့တာကိုပဲ
စိတ်အေးလက်အေး ဖြတ်သန်းချင်တယ်။

ရောင်နီလာမယ့် နေ့သစ်တွေအတွက်
ဘယ်လောက်ထိ မှောင်နေရအုံးမှာလဲ။

ရေးတဲ့သူတော်လိုက်တာ👏👏👏ဖတ်ရင်းမျက်ရည်ကျလာတယ်😥😥          ```  #အမေပြန်လာရင်´´´ တဲ့အမေ ပြန်လာရင်စုထားတဲ့လစာတွေ ပေါင်းထုတ်ပြ...
26/02/2021

ရေးတဲ့သူတော်လိုက်တာ👏👏👏
ဖတ်ရင်းမျက်ရည်ကျလာတယ်😥😥

``` #အမေပြန်လာရင်´´´ တဲ့

အမေ ပြန်လာရင်
စုထားတဲ့လစာတွေ ပေါင်းထုတ်ပြီး
ဂျိမ်းဖောမြေက ခေါင်ရည်ကို
မြန်မာ့မီးရထားကြီး စီးပြီးသွားသောက်မယ်အမေ
အမေ့သား မီးရထားဝန်ထမ်းကြီးတွေကလေ
အမေမရှိတုန်းရပ်ထားတဲ့ ရထားတွေကို
ဇွတ်ထွက်ခိုင်းတော့ သံလမ်းထက် လှဲအိပ်ပြီး
တားကြတာတဲ့အမေရယ်👏👏
အမေ့သားတွေသတ္တိ ဩချရတယ်အမေ

အမေပြန်လာရင်လေ
ကယားပြည်သွားပြီး တောင်ကွဲစေတီဖူးရင်း ဟင်းထုပ်သွားစားမယ်အမေ
သူတို့ကလဲလေ သမီးတို့လိုပဲ အမေလွတ်ဖို့
လမ်းပေါ်တက်ဆုတောင်းနေကြတာအမေရဲ့

အမေပြန်လာရင်လေ
ကရင်ပြည်နယ်ကို ကားကြီးစီးပြီးသွားမယ်
အမေ ကားသမားကြီးတွေကလေ လမ်းမထက်က
ပြန်လာတဲ့အမေ့သားသမီးတွေကို အပြန်ခရီး
မဖင့်အောင် အိမ်ပြန်ပို့ပေးကြတာတဲ့အမေရဲ့

အမေပြန်လာရင်လေ
ချင်းပြည်ကို လေယာဉ်စီးပြီး သွားချင်တယ်အမေ
အမေ့သားသမီးလေကြောင်းဝန်ထမ်းတွေက
အမေမရှိတုန်း ယန္တရားရဲ့ တစ်စိတ်တစ်ပိုင်း
ရပ်ထားပေးတယ်အမေ

မွန်ပြည်နယ် ကျိုက်ထီးရိုးကိုလဲ
သွားချင်သေးတာပဲအမေ
သမီးတို့နဲ့ရပ်တည်ချက်တူတဲ့ မောင်နှမတွေလေ
ပေတရာလမ်းမထက်မှာ ကြွေးကြော်သံတွေ
ဟစ်တာက အတူတူပဲအမေ

အမေပြန်လာရင် သဇင်ပန်းတွေဝေတဲ့
ရခိုင်မြေကို အရောက်သွားပြီး မြောက်ဦးက
ဘုရားတွေ သွားဖူးကြတာပေါ့
သူတို့ကလဲ သမီးတို့နဲ့တသားတည်းအမေ

ရှမ်းပြည်ကတော့ တောင်ရော မြောက်ရော
အရှေ့ပါမကျန်သွားချင်သေးတယ်အမေ
ပဲပုပ်နဲ့ မုန့်ညင်းချဉ် ဝအောင်သွားစားရင်း
အမေမရှိတုန်းကကြုံရတဲ့အဖြစ်အပျက်တွေကို
ပြန်ပြောင်းပြောဆိုချင်သေးတာအမေရယ်

တစ်ခုခုဆို တစ်ပြည်လုံး ဘယ်နေရာမှာ
ဘာပဲကြုံကြုံပဲပုပ်ရော အာပူလျှာပူရော
တာလပေါရော ဆာဖျယ်ရော
ဆာဗူးသီးရော
ဟင်းထုပ်ရော က စိတ်တွေပူကြ
တောက်တခေါက်ခေါက်နဲ့ပေါ့..အမေရာ

အမေရှိတုန်းကသာ ဒိုးနပ်နဲ့ထိုးမုန့်မတည့်တာသိလား
အမေမရှိတုန်းလေးကို သမီးတို့ရွှေမန္တလေးကို
အနိုင်ကျင့်ခံရတုန်းကပေါ့အမေရယ်
အားလုံးစိတ်ဆင်းရဲရတာပေါ့..😥😥

နောက်နေ့ကျ ဒိုးနပ်တွေက မေတ္တာကရုဏာတွေ
ထည့်လွှတ်လိုက်တဲ့ ဒိုးနပ်တွေ ပို့ပေးလိုက်တာအမေရ
အရသာရှိလိုက်တာဆို ပြောမနေနဲ့

အော်
အမေ့သားသမီးဝန်ထမ်း တွေကလဲလေ
အမေမလာမချင်း ရုံးမတက်ဘူးတဲ့အမေ

ဟိုလေ အမေချစ်တယ်ပြောတဲ့
ပြည်သူလူထုကြီးကလေ
ရုံးမတက်တဲ့သူတွေကိုလေ စားစရာတွေ
ယူပါစားပါနဲ့....လိုတာထောက်ပံ့မတဲ့
အားတောင်နာရတယ်အမေရာ

ည ည တော့ ခြေသံနဲ့ခွေးဟောင်သံကြောင့်
အိပ်ပျက်ညတွေများပေမဲ့
ပြည်သူက ပြည်သူကို စောင့်ရှောက်တာဆိုလားပဲ
ရပ်ကွက်က စောင့်ရှောက်ကြတယ်တဲ့အမေ

အမေ့သားသမီးတွေလေ
အင်တာနက်သုံးရင်းနိုင်ငံစုံအောင်လဲ
သွားနေကြသေးတယ်သိလား အမေ

ခုဆို အမေရယ်
G X Y Zဆိုတဲ့ မျိုးဆက်တွေကလေ
နိုင်ရာဝန်ထမ်း ပန်းတိုင်အရောက်လှမ်းနေတာများ
အမေမြင်ရင်ပြုံးနေမှာ အသေအချာပဲ

အမေ မရှိတုန်းကိုလေ
အမေ့သားကြီး အစ်ကိုကပြောထားတာ
တွဲတိုင်းမှာ စက်ခေါင်းပါတယ်တဲ့
အစ်ကို့စကားအတိုင်း
တွဲတိုင်းရုန်းနေတယ်အမေ

အဲ့လိုပဲ အမေ့မြေး တွေ ဂိမ်းပဲဆော့နေတယ်ထင်ရတဲ့
G zတွေကလေ...
အမလေးအမေရယ်...မထင်ရဘူး
သူတို့ဉာဏ်ရည် ကိုယ်ရည်ကိုယ်သွေးနဲ့
ဟိုလူတွေကို မောင်းထုတ်တာအမေရဲ့
အကွက်တွေကိုစုံလွန်းလို့ လိုက်မမီပါဘူးအမေရာ
သူတို့ကတော်လွန်းပါတယ်
သမီးတို့လဲပါးစပ်အဟောင်းသားနဲ့ငေးနေပြီး
လေးစားပြီး ရင်းလေးစားနေရတာအမေရေ

ဒါတင်ဘယ်ကမလဲ G Alpha ဆိုလား
အမေ့မြေးပေါက်စလေးတွေက
ဖွားဖွားစုပြန်လာမှ ကျောင်းတက်မှာတဲ့

ဟိုလေ အသက်ကြီးတဲ့စိတ်ပုတီးနဲ့
ဘိုးဘွားတွေကလဲ ညည သံပုံးတီးကြသေး

ပန်းသပြေနဲ့ဆီးမီးထွန်း ပြီး
ဘေးကင်းရန်ကွာဖို့မေတ္တာပို့ဆုတောင်းကြသတဲ့
🙏🙏🙏

တောင်းပန်ပါတယ်အမေ
အမေ့ကိုတစ်ယောက်တည်း ဝန်တွေပိစေပြီး
ဖာသိဖာသာ နေခဲ့မိတာတွေကို
အမေရှိတာပဲလေဆိုပြီး
အမေ့ကို အလုံးစုံမှီခိုလွန်းခဲ့တာတွေအတွက်
အားနာတယ်အမေ

ခုတော့လေ နိုင်ရာဝန်ထမ်း မညည်းညူတမ်းနဲ့
အမေဂုဏ်ယူစေဖို့
သမီးတို့အားလုံး ကြိုးစားနေပါတယ်အမေ

မဝေးတော့တဲ့ရက်တွေမှာ
အပြုံးတွေ တစ်ပွေ့တစ်ပိုက်နဲ့ပြန်လာမဲ့အမေ့ကို
နွေဦးကံ့ကော်တွေနဲ့အတူ ကြိုနေမယ်😍😍

လွမ်းလှပြီအမေ🥰😍😘

crd...

သိပ်ချမ်းသာတဲ့ မြန်မာပြည်အလှူတွေက အလျှံပယ်တွေဖြစ်နေတော့ အစားအသောက်တွေလည်းမစားနိုင်ကြတော့ဘူးပေါ့။ မစားနိုင်တော့လို့ မယူတေ...
23/02/2021

သိပ်ချမ်းသာတဲ့ မြန်မာပြည်

အလှူတွေက အလျှံပယ်တွေဖြစ်နေတော့ အစားအသောက်တွေလည်းမစားနိုင်ကြတော့ဘူးပေါ့။

မစားနိုင်တော့လို့ မယူတော့ပါဘူး နောက်လူတွေပေးပါဆိုလည်း အလှူရှင်လေးတွေကမျက်နှာငယ်လေးတွေနဲ့ လှူချင်လွန်းလို့ဆိုတဲ့ သဒ္ဓါတရားမျက်ဝန်းတွေကို ဘယ်လိုမှမငြင်းနိုင်ဘူး။ ကိုယ်စားတာမစားတာထက် ယူထားလိုက်ပြီး လက်ဆင့်ကမ်းပြန်လှူပေးလိုက်ပါတယ်။

သိပ်ချမ်းသာတာပဲ...
သိပ်ချမ်းသာတာပဲ ကိုယ်တို့တိုင်းပြည်က... စေတနာတွေ သဒ္ဓါတရားတွေ စိတ်ထားဖြူစင်မှုတွေ ရိုးသားမှုတွေ စည်းလုံးညီညွတ်မှုတွေ။

အမေ့ကို သိပ်မြင်စေချင်တာပဲ...🇲🇲🇲🇲

ရင့်ကျက်သွားတဲ့အခါ=================🍁အပိုစကားတွေထက်လိုအပ်သလောက်ဘဲပြောတက်တာကိုသဘောကျလာတယ်🍁လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်းအချိန...
27/01/2021

ရင့်ကျက်သွားတဲ့အခါ
=================

🍁အပိုစကားတွေထက်
လိုအပ်သလောက်ဘဲ
ပြောတက်တာကိုသဘောကျလာတယ်

🍁လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်း
အချိန်ပိုတွေ အရင်လိုမများတော့ဘူး

🍁ခေါ်ထူးမေးဖြေဆက်ဆံရေးတွေနဲ့
ကိုယ့်အပေါ်မကောင်းဘူးထင်တဲ့လူတွေကို
ဝေးဝေးကရှောင်တက်လာတယ်

🍁ပျော်စရာတွေများပေမယ့်
အရင်လိုသိပ်ပြီး မပြုံးဖြစ်တော့ဘူး

🍁ကြုံလာရတဲ့ပြဿနာတွေကိုလဲ
ခေါင်းအေးအေးထားပြီး
ရင်ဆိုင်ဖြေရှင်းနိုင်လာတယ်

🍁သောကဖြစ်စရာတွေကို
အကြာကြီးတွေးမနေတော့ဘူး
စိတ်အေးချမ်းဖို့ဘဲအဓိကထားပြီးနေတက်လာတယ်

🍁အတွေ့အကြုံတွေများလာတာနဲ့အမျှ
အရင်ကထက်စာတွေပိုဖတ်ဖြစ်လာတယ်

🍁ကိုယ်ချည်းဘဲအဆင်ပြေဖို့ထက်
ကိုယ်ဘေးကလူတွေအဆင်ပြေဖို့
ပိုပြီးဂရုစိုက်တက်လာတယ်

🍁ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလဲ
တစ်နေ့ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့
ကြိုးစားဖြေတွေးတက်လာပြီး

🍁နာကျင်စရာအကြောင်းတွေကို
အရင်ထက်ပိုပြီး မြိုသိပ်နိုင်လာတယ်

🍁ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေကို
အရင်လိုတုန့်ပြန်မနေတော့ဘူး
ဥပေက္ခာစိတ်နဲ့သီးခံတက်လာတယ်

🍁ချစ်ခြင်းမုန်းခြင်းတွေကိုလဲ
မျှမျှတတ ခံစားတက်လာပြီး
အရင်လိုအစွဲအလမ်းတွေသိပ်မဖြစ်တော့ဘူး

🍁ကိုယ်တကယ်လိုအပ်တာနဲ့
လိုချင်တက်မတ်စိတ်ဖြစ်မိတဲ့အရာ
ဘယ်အရာကအရေးကြီးသလဲလို့
တွေးဖြစ်လာတယ်

🍁အကောင်း နဲ့အဆိုးကို
တည်တည်ငြိမ်ငြိမ်နဲ့
ခွဲခြားနိုင်လာတယ်

🍁လောကထဲက
တွေ့ကြုံ ဆုံကွဲ အဖြစ်အပျက်တွေနဲ့
ကိုယ်ကျော်ဖြတ်လာရတဲ့
အနေအထားတွေကသာ ကိုယ့်စိတ်ကိုရင့်မာစေခဲ့တာ
ကံတရားရဲ့အနိမ့်အမြင့်အတိုင်းဘဲ
လိုက်ပါနိုင်ဖို့ကြိုးစားရင်း
ဘဝ ဟာအရင်ထက်ပိုပြီးနေသာထိုင်သာရှိလာတယ်။

 #မသေခင်က_ဗိမာန်_ပေါက်နေတဲ့_ဆွမ်းအလှူရှင်*********************************************ညောင်လေးပင် ဆေးရုံပေါ်မှာ သက်တော် (...
31/12/2020

#မသေခင်က_ဗိမာန်_ပေါက်နေတဲ့_ဆွမ်းအလှူရှင်
*********************************************

ညောင်လေးပင် ဆေးရုံပေါ်မှာ သက်တော် (၈၉)နှစ် ရှိပြီ ဖြစ်တဲ့ ဆရာတော်ကြီး ဦးဇာဂရဟာ နာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေ တစ်နေ့မှာတော့ သတိလစ်ပြီး မေ့မြော သွားခဲ့ပါတယ်။

“ အင်း ••
ငါ ဘယ်ကိုများ ရောက်နေပါလိမ့်၊
သူ့ဗိမာန်နဲ့ သူ •• စောင်း၊ ပတ်သာ၊ တူရိယာတွေ တီးမှုတ်၊ ကခုန် နေလိုက်ကြတာ။

ဧကန္တ •• ငါအခု နတ်ပြည်ကို ရောက်နေတယ် ထင်ပါရဲ့။
ဟော •• ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေ ဝင်းထိန် နေပါရောလား၊ နတ်သမီး တွေကလည်း ပြည့်လို့။ ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များ ပါလိမ့်၊ ငါ မေးမြန်း ကြည့်ဦးမှ ပါပဲ။ "

အို ••
အသင် နတ်သမီးတို့ ••
ဤ ဗိမာန်ပိုင်ရှင်ကား မည်သူ ဖြစ်ပါသလဲ။

မှန်လှပါ ဘုရား ••
ဗိမာန်ပိုင်ရှင်ကား ရောက် မလာ သေးပါ၊ လူ့ပြည်မှာပဲ ရှိနေဆဲပါ ဘုရား။ သက်တော်ပြည့်လို့ နေ့စေ့၊ ကံကုန်မှ ရောက်လာမှာမို့ တပည့်တော်မတို့ ပျင်းလှပါသည် ဘုရား။ လူ့ပြည် ပြန်ရောက်တဲ့ အခါ ဗိမာန်ပိုင်ရှင်ကို တပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်း ပြောကြား ပေးပါဘုရား။

ကောင်းပါပြီ ဒကာမတို့ ••
ဗိမာန်ပိုင်ရှင်ကို ပြောကြား ပေးပါ့မယ်။
အမည်နာမနဲ့ နေထိုင်တဲ့ နေရပ်ဒေသကိုသာ လျှောက်ထားပါလေ။

မှန်လှပါ ဘုရား ••
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား။

ဟော •• ဆရာတော်ကြီး သတိရလာပြီ ဟေ့။

မောင်ပဉ္ဇင်းတို့ ••
ငါပြောတာကို စာရွက်နဲ့ သေချာ လိုက်ရေးထားစမ်း ကွဲ့။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမ တဲ့။

ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့ အတွက် ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ ••

သူ မှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော် (၂)ပါးကို

မောင်ပဉ္ဇင်း တို့ ••
ဗိမာန်ပိုင်ရှင် ဆီကို သွားပါ။
ဘာကြောင့် မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန် ပေါက်တဲ့အထိ ဘယ်လို ကုသိုလ်၊ ကောင်းမှုတွေများ ပြုလုပ်သလဲ လို့ သေချာ မေးမြန်း၊ စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။

ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူ မရှိပေ။

ဒေါ်ကုလားမက မုဆိုးမ ပါ။
သမီးလေးတစ်ယောက်နဲ့ ပဲပြုတ် ရောင်းစားတယ် တဲ့။

ရဟန်းတော် (၂)ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲ ဝင်သွားပြီး ဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်၊ မြိုက်မြိုက် တွေ့တဲ့အခါ ဆရာတော်ကြီး မိန့်ကြား လိုက်တဲ့အတိုင်း အကျိုးအကြောင်း ပြောပြပြီး ဒေါ်ကုလားမရဲ့ ကုသိုလ် ကောင်းမှုတွေကို မေးမြန်း ကြပါတယ်။

အရှင်ဘုရား တို့ ••
တပည့်တော်မက ဆင်းရဲပါတယ် ဘုရား၊ တခြားသူတွေလို ထောင်သောင်းချီပြီး မလှူဒါန်း နိုင်ပေမဲ့ မနက်အာရုဏ် တစ်ကြိမ်၊ နေ့ဆွမ်း တစ်ကြိမ်တော့ ဘုရားရှင်ကို နေ့တိုင်း၊ မပျက် မကွက် ဆွမ်းကပ် လှူဒါန်းပါတယ် ဘုရား။

ဪ •• ဟုတ်လား၊
ဒါနဲ့ ဒကာမကြီးရဲ့ ဘုရားရှင်ကို ဆွမ်းကပ် လှူဒါန်းပုံကို ဦးဇင်းတို့ သိပါရစေ ဒကာမကြီး။

တင်ပါ့ ဘုရား ••

ဆွမ်းကပ် လှူဒါန်းပုံ
*******************

တပည့်တော်မဟာ မနက်အာရုဏ် တက်တာနဲ့ အသင့်ချက်ပြီးတဲ့ ဆွမ်းကို စားပွဲခုံနဲ့ သေချာ ပြင်ဆင်ပါတယ် ဘုရား။

လက်ဆေးတော်ရေ၊ သောက်တော်ရေ၊ လက်သုပ်ပုဝါတွေ အပြည့်အစုံ တင်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင် ကြွရောက် ဘုန်းပေး နေသလို အာရုံပြုလို့ ••
ဒါက လက်ဆေးတော်ရေပါ ဘုရား၊
ဒါက သောက်တော်ရေပါ ဘုရား လို့
လျှောက်ထား၊ ဆက်ကပ် အနားကနေ ယပ်ခတ်ပြီးတော့ လှူဒါန်းပါတယ် ဘုရား။

တပည့်တော်မလည်း သူများတွေလို သား၊ ငါးနဲ့ သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့် မတတ်နိုင်တဲ့အတွက်
နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်း နိုင်ပါတယ်။

တခါတရံ ဈေးရောင်းပြီး ပြန်လာတဲ့ အခါ ငါးနုပ်၊ ငါးဖွဲလေးများ ဝယ်လာပြီး တပည့်တော်တို့ မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ် ဘုရား။

ကောင်းလိုက်တာ ဒကာမကြီးရယ် ••
ဦးပဉ္ဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်ပါတယ်။

အင်း ••
ဒါကြောင့် ဒကာမကြီးရဲ့ အားကြီးတဲ့ သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ဗိမာန် ကြိုပေါက် နေတာကိုး။

ဒါနဲ့ ခုလို လှူဒါန်းခဲ့တာ ဘယ်လောက်များ ကြာပြီလဲ ဒကာမကြီး။

မှန်လှပါ ••
သမီးလေးတစ်သက် အနှစ်၊ နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရား။

ဒကာမကြီးရဲ့ကုသိုလ်ကို ဦးပဉ္ဇင်း တို့ကိုလည်း အမျှ ပေးဝေပါ၊ သာဓု ခေါ်ဆို ပါရစေ ဒကာမကြီး။

#ဘုရားတပည့်တော်မသည် ••
ဘုရားရှင်အား ရည်မှန်း၍ နေ့စဉ် ဝတ်မပြတ် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆပ်ကပ်၊ လှူဒါန်းရသော ကောင်းမှုကုသိုလ် အစုစုတို့ကို အနန္တ စင်္ကြာဝဋ္ဌာရှိ အနန္တ သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား မိမိ၏ ဖြူစင်သန့်ရှင်းသော ကုသိုလ်ကို ထပ်တူ၊ ထပ်မျှ ရနိုင်စေရန် အမျှ အမျှ အမျှ ပေးဝေ ငှပါ၏။

ကုသိုလ် •• အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့၊
သာဓု သာဓု သာဓု။🙏🙏🙏

#ဦးမြင့်ခိုင် & , Sai Myo Win

ကိုယ်ယုံကြည်တယ် 🌸 မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။🌸 မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။🌸 မိဘကိုပြန်ကြည...
16/12/2020

ကိုယ်ယုံကြည်တယ်

🌸 မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။

🌸 မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။

🌸 မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။

🌸 မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့ ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့လိမ့်မယ်။
မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။ စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။ ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။

လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။

မယုံမရှိနဲ့။ သူတို့ကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တာ 🙏🏻🙏🏻🙏🏻🙂

Copy

*တခါတလေ ကိုယ်ကဘာမှမလုပ်ပဲ ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...*တခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲကိုယ့်ကိုအထင်လွဲသွားတတ်တဲ့...
14/12/2020

*တခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

*တခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

*တခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

*တခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

*အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

*အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

*ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

*အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
သူတို့ ၀ဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... 😇

27/11/2020

စည်း

သတိပြုရန်များ...ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လု...
27/11/2020

သတိပြုရန်များ...

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++

- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။

မေတ္တာဖြင့်

မေနှင်းဆီ

အားလုံးရောဂါကပ်ဆိုးကြီးမှကင်းဝေးကျပါစေ။
Pho ~~~fbမှစုစည်းပြီး
မေနှင်းဆီနှင့်အတူ crdပါ

Address

Yin Yin Htay
Meiktila

Telephone

+959255686582

Website

Alerts

Be the first to know and let us send you an email when Yin Yin Htay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category