My Work Recruitment Co.,Ltd

My Work Recruitment Co.,Ltd Job Opportunities for Myanmar

ဘာလဲဟ . . . HR နှင့် ဘာဘာညာညာ Goal Setting & CSRလူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အကြောင်းကို ပြောရလျှင် What is Res...
09/10/2023

ဘာလဲဟ . . . HR နှင့် ဘာဘာညာညာ Goal Setting & CSR

လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အကြောင်းကို ပြောရလျှင် What is Resources? အရင်းအမြစ်ဆိုတာ ဘာလဲ? ဆိုသည့် အကြောင်းအရင်းကို ကနဦး လေ့လာရမည်။ အရင်းအမြစ် ဆိုသည်မှာ - လွယ်လင့်တကူ မှတ်သားရလျှင် 6 M ဟု အတိုကောက် မှတ်ယူထားနိုင်သည်။ ၎င်းတို့သည် -
1. Men
2. Money
3. Materials
4. Methods
5. Measure
6. Management Information တို့ ဖြစ်ပါသည်။

ထိုအထဲတွင် အရေးကြီးဆုံးမှာ Men ဆိုသော လူများက အဓိက ဖြစ်သောကြောင့် Human များကို မည်ကဲ့သို့ စီမံခန့်ခွဲမည်ဟူသော အကြောင်းတရားသည် အရေးပါသော နေရာမှ ပါဝင်လာလျက် ရှိပါသည်။

လူသားအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲသော ပညာရပ်ဖြစ်သောကြောင့် Human Resource Management အကြောင်းကို သေသေချာချာ လေ့လာသင်ယူရမည် ဖြစ်ပါသည်။ လူသားသည် အရင်းအမြစ် အဖြစ် တည်ရှိသည်ဟု ကျနော်တို့ ယူဆချက်အတိုင်း စီမံခန့်ခွဲခြင်း Management ၏ အကြောင်းကိုလည်း ကောင်းစွာ သဘောပေါက် နားလည်ရမည် ဖြစ်ပါသည်။

Management Function ကို ကျေညက်မှ HRM ကို ကောင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
အခြေခံကျသော Management Functions များမှာ -
1. Planning
2. Organizing
3. Leading
4. Controlling (P - O - L - C ) တို့ ဖြစ်ပါသည်။ အဆိုပါ အခြေခံကျသော Management Functions များကို Human Resource Management ကို စတင် လေ့လာသူများက အထူး ဂရုထားပြီး လေ့လာရမည်။ ထိုကဲ့သို့ လေ့လာမှသာ Human Resource (လူ့စွမ်းအား အရင်းအမြစ်) ကို သေသေချာချာ စီမံခန့်ခွဲမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Planning ကို မည်ကဲ့သို့ ပြုလုပ်ကြမလဲ။ အရေးကြီးဆုံး ကိစ္စမှာ Plan ရေးဆွဲခြင်းပင် ဖြစ်ပါသည်။ အဘယ်ကြောင့်လဲဟု ဆိုရလျှင် Business ဆိုသော စီးပွားရေးတွင် Plan သည် အရေးပါသည်။ Plan ရေးဆွဲရာတွင် Goal ဟူသည့် သတ်မှတ်ချက် ပါဝင်ရမည် ဖြစ်သည်။ အဆိုပါ Goal သည် တိကျခြင်း၊ သေချာခြင်းကို အခြေခံရမည်။ ထိုကဲ့သို့ Goal မျိုးကို သတ်မှတ်ရန် Human Resource Management ကို စတင် လေ့လာနေသော သူများသည် Goal Setting Theory ကို သိရှိရမည် ဖြစ်ပါသည်။

မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်သည် ဖြစ်ပါစေ အရေးတကြီး ရှိရမည်မှာ Goal ပါရှိသော Plan ဖြစ်ပါသည်။ Plan ဟု ပြောရတွင် မည်ကိုသွားမည် မည်သည်ကို လိုချင်သည်ဟူသော Goal သည် မပါမဖြစ် ရှိရမည် ဖြစ်သည်။ထိုကဲ့သို့ Goal ကို ချမှတ်ရာတွင် Mission နှင့် Cooperated Objectives များကိုပါ ခွဲခြားထားရမည် ဖြစ်ပါသည်။ Mission Complete ဖြစ်စေရန် Mission Statement တစ်ခုထားရှိထားရန်ကို မမေ့မလျော့ လိုအပ်မည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ လှေကားထစ်များကဲ့သို့ တစ်ထစ်ခြင်းကို စီမံထားရှိသည့် Objectives များဖြင့် ဖွဲ့စည်းထားသည့် Mission Statement ကို ဆိုလိုပါသည်။ သေချာသည်မှာ Specific ရှိတိုင်းအောင်မြင်မည်ဟူသည့် အယူအဆကို ငြင်းပယ်ရမည်။ အဘယ်ကြောင့်ဆိုသော် Specific သည် အထင်ဖြင့်၎င်း၊ ပတ်ဝန်းကျင် သို့မဟုတ် တစ်စုံတစ်ယောက်၏ လွှမ်းမိုးခြင်းကြောင့်၎င်း ချမှတ်ထားမှုသည် `ရေပေါ်အရုပ်ရေး ´သလို ဖြစ်နေမည် ဖြစ်သည်။ Specific ကို ဖြစ်ထွန်းစေရန် အခြေခံ အချက် (၃) ချက်ဖြင့် ဆန်းစစ်ရမည်။
1. Measurable
2. Achievable
3. Realistic ဆိုသော အချက်တို့ ဖြစ်ပါသည်။
Measurable သည် မိမိ ချမှတ်သော Goal သည် တကယ်ကိုဘဲ တိုင်းတာ၍ ရရမည့် Specific ဖြစ်ဖို့လိုအပ်ပါသည်။ ဆိုလိုခြင်းမှာ Mission သည် နောက်ဆုံးရချင်သော Specific ဖြစ်ပြီး Cooperate Objectives များကို Resources များဖြင့် စတင်ချိန်ဆသော အခါတွင် Measurable ဖြစ်သည်၊ မဖြစ်ဘူး ဆိုသော ရလဒ် ထွက်လာလျှင် Mission Complete ဖြစ်စေရန် သေချာပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မဖြစ်နိုင်မှုမှ ဖြစ်နိုင်မှုများကို သိရှိသွားသောကြောင့် ဖြစ်ပါသည်။

ထိုအခါမှ မိမိ ရယူနိုင်စွမ်း စတင်နိုင်သော Achievable ကို ခန့်မှန်းလိုက်နိုင်ပြီး Realistic ဖြစ်ခြင်း၊ မဖြစ်ခြင်းကို သုံးသပ် ဆင်ခြင်နိုင်မည် ဖြစ်သည်။ ဥပမာ ဆိုရလျှင် မိမိသည် ဆေးလိပ် ဖြတ်နေသော သူတစ်ဦး ဖြစ်သည် ဆိုပါက ပထမဦးဆုံး အနေဖြင့် Measurable ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို သဘောပေါက်ရန် ကောင်းစွာ လိုအပ်သည်။ အဘယ်ကြောင့် ဆိုရလျှင် ပထမနေ့သည် Cooperate Objectives များ စတင်သော First Objective ဖြစ်သည်။ထို First Objective ကို Measurable မပြုလုပ်နိုင်လျှင်၊ Achievable မရယူနိုင်လျှင်၊မိမိနှင့် ဆေးလိပ်ဖြတ်ခြင်းသည် တကယ်ကို Realistic မဟုတ်လျှင် တကယ့် Mission ဖြစ်သော Specific Goal သည် ပျောက်ဆုံးသွားမည် ဖြစ်ပါသည်။

ထိုကဲ့သို့ Mission ရှိပြီး SMAR ရှိနေရုံနှင့် မပြီးပြတ်ဘဲ Timely မရှိပါက ဘောလုံးအသင်းနှစ်သင်းသည် ဘောလုံးသမား ၁၁ ယောက်စီ၊ ဒိုင်လူကြီး ၅ ဦးစီ၊ ဂိုး၊ ပရိသတ်နှင့် ဘောလုံးကွင်း အစရှိသည်တို့ ပြည့်စုံသည် မှန်သော်လည်း အချိန်ဟူသော မိနစ် ၉၀၊ နာကျင်အအချိန်ပိုနှင့် အခြားသတ်မှတ် အချိန်ပိုများ မပါဝင်ပါက အဓိပ္ပာယ်ရှိသော ဘောလုံးပွဲ ဖြစ်မည် မဟုတ်ပေ။ သို့ဖြစ်ပါ၍ Goal Setting ကို တည်ဆောက်ပြီး အောင်မြင်မှုကို ဦးတည်သော SMART ကို ပြင်ဆင်ရမည် ဖြစ်ပါသည်။

SMART ကို ပြင်ဆင်ရာတွင် နောက်ထပ် ထပ်မံပြီး စဉ်းစားရမည်မှာ Agreeable ဖြစ်သည်၊ မဖြစ်သည်ဟူသော အချက် ဖြစ်ပါသည်။ နောက်ဆုံး မိမိ ဖြစ်ချင်သော Mission သည် တကယ့် မိမိရချင်သော Goal ဖြစ်ဖို့ လိုအပ်ပါသည်။ သဘောတရားအားဖြင့် ပြောဆိုရလျှင် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် ဘရာဇီးလက်ရွေးစင်ဘောလုံးအသင်းတို့သည် မပြောကောင်း မဆိုကောင်း `ကမ္ဘာ့ဖလား ဗိုလ်လုပွဲ´ တွင် တွေ့ကြသည် ဆိုပါစို့။နောက်ဆုံးမိနစ် အချိန်ထိ မည်သူမှ ဂိုးမသွင်းနိုင်ဘဲ ရှိနေချိန်တွင် မြန်မာအသင်းက ဂိုးသွင်းလိုက်သည် ဆိုလျှင် ပွဲကြည့်နေသော မိမိ အော်ဟစ်လိုက်သော Goal ဖြစ်နေစေရန် ဖြစ်ပြီး မဟုတ်ပါ ဘရာဇီးက ဂိုးသွင်းလိုက်သော အခါတွင် မိမိရရှိလိုက်သော Goal အခြေအနေမျိုးလား သေချာ စဉ်းစားရမည် ဖြစ်ပါသည်။

ထို့ကြောင့် Goal Setting ကို သေချာ ချိန်ညှိရမည် ဖြစ်ပါသည်။Goal သည် Strategic Goal ဖြစ်စေရမည်။Strategy ဟု ပြောဆိုလိုက်လျှင် -
1. Think
Specific ကို သတ်မှတ်မှုကို ယုတ္တိဗေဒကျကျ ချည်းကပ်သော Measurable / Attainable / Realistic တို့ကို သေချာ စဉ်းစားရမည်။ ပြီးနောက်တွင် သေချာသော Timely ကို စနစ်တကျ တွေးခေါ်သုံးသပ်ရမည်။
2. Plan
စီမံဆောင်ရွက်မှုတွင်လည်း မိမိရွေးချယ်လိုက်သော Specific ဖြစ်သော Mission Complete ဖြစ်စေရန် Cooperate Objectives များကို Do / Don`t Policies များ ချမှတ်ရမည် ဖြစ်ပါသည်။
3. Management
စီမံမှုကို ပြုလုပ်ရာတွင် Policies များကို Procedures များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှုကို ယုတ္တိဗေဒရှိသော ချည်းကပ်မှုဖြစ်သည့် Conceptual Thinking ဖြင့် လေ့လာ ဆန်းစစ် သုံးသပ်ရမည် ဖြစ်ပါသည်။ လုပ်ဆောင်နေသော Procedures များနှင့် ထားရှိထားသော Policies များ အမြဲတစေ Audit ပြုလုပ်ပြီး ရရှိလာသော Result / Impact များမှ Study ပြုလုပ်ရမည် ဖြစ်ပါသည်။

Strategy တကျ လုပ်ဆောင်ရာတွင် အောက်ပါအချက် (2) ချက်သည် လွန်စွာ အရေးပါလေသည်။
1. How to Achieve Your Goal
2. How approach Your Goal ကို ` Different Thinking ´ ဖြင့် စဉ်းစားခြင်းသည် Strategy ပင် ဖြစ်ပါသည်။ထိုသို့ စဉ်းစာရာတွင် ရှိထားရမည့် Abilities / ဖြစ်နေရမည့် Motivation / မြင်နေရမည့် Opportunities များကို သိရှိပြီး ရှိအောင် ဖြည့်ဆည်းရမည် ဖြစ်ပါသည်။အဆိုပါ AMO ပြည့်စုံမှ မိမိ Goal သည် Intrinsic ဖြစ်ပေါ်လာသော Goal လား (သို့မဟုတ်) Extrinsic အရ ဖြစ်ပေါ်လာသော Goal လား သိရှိနိုင်မည် ဖြစ်ပါသည်။မိမိ Goal သည် Need Goal `or´ Want Goal `or´ Demand Goal ဖြစ်တည်မှုကို နားလည်လာမည် ဖြစ်သည်။
Goal Setting ကို ကောင်းစွာ နားလည်စွာ ချမှတ်တတ်မှာသာ လက်ရှိနှင့် နောင်လာမည့် ကာလအတွက် ပြင်ဆင်နိုင်မည်။ မဖြစ်နိုင်သော Goal ကို ချမှတ်နေတာလား၊ ဖြစ်နိုင်မှုကို ဦးစားပေးတာလား၊ ကြိုးစားလျှင် ရရှိမည့် အကြောင်းအရာလား၊ စိတ်ကူးသက်သက်လားကို သဘောပေါက်ပါမှ `နွား ဟမ်ဘာဂါ ဝါးသော Goal ´ များကို မချမိဘဲ တကယ့်ကို ကိုက်ညီသော Goal များကို ယုတ္တရှိစွာ တည်ဆောက်လာနိုင်မည် ဖြစ်ပြီး လုပ်ဆောင်မှုတိုင်းသည် အရာထင်လာလိမ့်မည် ဖြစ်ပါသည်။ ဒါကြောင့် အဓိပ္ပာယ်ရှိသော Goal များကို Setting ချိန်ညှိပြီး Human Resource Management ၏ Goal ကို ချမှတ်ပြီး အကောင်အထည်ဖော်ရမည်။

သို့မှသာ Planning အပိုင်း ပြီးနောက်တွင် ရှိနေသော Organizing, Leading & Controling အပိုင်းတို့ကို ဆက်လက်ပြီး အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ Plan မှာ ရေးဆွဲထားသော Cooperate Objectives များကို တိတိကျကျဖြင့် Assignment ဖြင့် Organizing ကို ပြုလုပ်နိုင်ပြီး သွားချင်သော HR Plan ကို အကောင်အထည်ဖော်နိုင်မည်။ လုပ်ကိုင်မှုတိုင်းကို မည်သည့် အခြေအနေမျိုးမှာမဆို သေသေချာချာ Leading (Driving) လုပ်နိုင်ပြီး Monitoring & Controling ကို ကောင်းစွာ ချမှတ်နိုင်မည် ဖြစ်သည်။

ချမှတ်လိုက်သော Goal သည် Business ၏ Strategy လည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Human Resource Management ကို လေ့လာနေသူများသည် What is Business? နှင့် What is Organization? ဟူသော အကြောင်းကိုလည်း သေသေချာချာ နားလည် သဘောပေါက်ထားရမည်။ Business ဟု ဆိုလိုက်လျှင် Human Resource Management ကို စတင် လေ့လာနေသူများ အနေဖြင့် ပထမဆုံး သိရှိရမည်မှာ Profit (စီးပွားရေး၏ အမြတ်အစွန်း) ဖြစ်ပါသည်။

တစ်ခါတစ်ခါတွင် Profit နှင့် Human Resource Management နှင့် မည်ကဲ့သို့ ဆက်စပ်သနည်း ဟူသော အကြောင်းတရားကို အမြဲမေ့လျော့တတ်ကြသည်။တစ်နည်းဆိုရလျှင် HR ကို နားမလည်ခြင်းဟု ပြောလို့ရပါသည်။ Business တွင် Human Resource Department သည် အဓိက Profit ကို ဖန်တီးပေးနေသည့်ဌာန ဖြစ်ပါသည်။ ထို့ကြောင့်ပင် Human Resource Business Partner ဆိုသည့် HRBP အဖြစ် တည်ရှိလာခြင်းလည်း ဖြစ်ပါသည်။
အဘယ်ကြောင့်လဲ . . . မေးခွန်းကို ဖြေရလျှင် Profit ကို ရယူပေးမည့် သူများသည် Business အတွင်းရှိ People များ ဖြစ်ကြပါသည်။ People တို့ ကောင်းမွန်လျှင် Profit သည် တက်လာမည် ဖြစ်ပါသည်။ ` လူကောင်းမှ မူကောင်းမည် ´ ` မူမည်မျှ ကောင်းကောင်း၊ လူမကောင်းလျှင် ပျက်တတ်သည် ´။ ထို့ကြောင့် Internal Customer များ ဖြစ်ကြသော People တို့အား အလေးထားပြီး တည်ဆောက်ရမည်။ Internal Customer များသည် External Customer များကို ခေါ်ဆောင်ပေးကြသည်။
အရှင်းဆုံး နားလည်ထားရမည်မှာ Profit ကို People (Internal Customer + External Customer) တို့က ယူဆောင်သည်။ ထိုအခါတွင် Planet (Environment) ဖြစ်တည်မှုကို ဖော်ဆောင်နိုင်သဖြင့် Employee Relatins(ER) ကို အကောင်းဆုံး ထောက်ပံ့နိုင်မည်။ ဆိုလိုသည်မှာ Human Resource Management နှင့် CSR သည် တကယ့်ကို ချိတ်ဆက်လျက်ရှိသည်။ ထို့ကြောင့် CSR ကို Human Resource Management ကိုစတင် လေ့လာနေသူများသည် ကောင်းစွာ သိရှိနိုင်ရန် အနည်းငယ်သော CSR အကြောင်းကို ထည့်သွင်း ဖော်ပြပေးလိုက်ပါသည်။

Corporate Social Responsibility (CSR) ကို ကျနော်တို့ လက်ရှိ Organization တော်တော်များများမှာ အသုံးပြုလာကြပါသည်။ CSR ကို အခြားခေါ်ဆိုတာက Corporate Conscience,Corporate Citizenship သို့မဟုတ် Responsible Business လို့လည်း ပြောဆိုကြပါသည်။ CSR ဆိုတာသည် Business Model တစ်ခုတွင် Organization မှ တာဝန်ယူသော ပုံစံတစ်ခုဖြင့် ပေါင်းစပ်ပြီး ပါဝင်ပါသည်။ CSR သည် ငွေကြေး အကျိုစီးပွား (သို့မဟုတ်) အခြား အကျိုးရလဒ် ဖြစ်တည်မှုနှင့်အတူ လိုအပ်နေသော ပတ်ဝန်းကျင်အပေါ် တာဝန်ယူမှု ဖြစ်ပါသည်။

ဒါဆို CSR ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုထားလဲ။ CSR ဆိုတာကရော ဘယ်လိုမျိုးလဲ။ ကျနော်တို့စဉ်းစား ကြည့်ရအောင် CSR သည်
1. Human Right လား
2. Safe Products လား
3. Emvironmental Impact လား
4. Employee Treatment လား
5. Business Ethics လား
6. PR လား
7. Solving Social Problems လား
8. Risk Management လား
9. Sponsorship လား အတွေးပေါင်းများစွာ ထင်မြင်ထားမှုများစွာဖြင့် CSR ကို အဓိပ္ပါယ် ဖွင့်ကြပါသည်။

CSR သည် ဖွင့်ဆိုချက်များစွာနှင့် လုပ်ဆောင်ချက်များစွာဖြင့် လက်ရှိတွင်လည်း ပြုလုပ်နေပါသည်။CSR သည် ဖော်ပြချက်များမှ အခြေခံကျဆုံးအချက်သည် Business Strategy တစ်ခုအဖြစ် လက်ရှိတွင် ကျင့်သုံးနေခြင်းသာ ဖြစ်ပါလိမ့်မည်။ CSR သည် လူအများနဲ့ သူတို့တန်ဖိုးထားသော ပတ်ဝန်းကျင်ကို အထက်ပါ အချက်များနှင့် ၎င်းထက်ပိုပြီး လုပ်ပေးလေ့ရှိသော လုပ်ရပ်များ ဖြစ်ပါသည်။ CSR လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း အောင်မြင်အောင် လုပ်ဆောင်လေ့ရှိပါသည်။
1. NGO(Non-Governmental Organization)
2. Scially Responsible Investing(SRI)
3. Others Processes စသော အကြောင်းအရာများဖြင့် အောင်မြင်အောင် ကြိုးပမ်းလေ့ရှိပါသည်။

CSR လုပ်ငန်းစဉ်အတွက် အခြေခံ အကြောင်း(3)ခုရှိပါတယ်။ယင်းတို့သည်ကို မူတည်ပြီး CSR လုပ်ဆောင်လေ့ရှိသည်။
1. People
2. Planet
3. Profit ဟူ၍ CSR လုပ်ငန်းစဉ်ကို လုပ်ကိုင်ပါသည်။
CSR လုပ်ငန်းစဉ်ကိုလည်း Level (3) ခု ထပ်မံခွဲခြားထားပါသည်။၎င်းတို့မှာ
1. Social Obligation
2. Social Responsibility
3. Social Responsiveness တို့ဖြစ်ပါသည်။ထို့ကြောင့် CSR သည် အပြောလွယ်သလောက် ကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ အထက်ပါ အချက်တို့ကို မူတည်ပြီး CSR ၏ ပုံစံကို တစ်ဖြည်းဖြည်းနှင့် ထိတွေ့ပြီး ခွဲခြားခဲ့ရာ ဤသို့တွေ့ရပါသည်။Ethical Responsibilities, Social Responsibilities, Legal Responsibilities, Economic Responsibilities တို့ကို ခွဲခြား၍ ရပါသည်။ CSR လုပ်ငန်းစဉ် အောင်မြင်ရန် အဓိက ပါဝင်ပတ်သက်သူများမှာ Stakeholder များ ဖြစ်ပါသည်။Stakeholder များကို (3) မျိုး ခွဲခြားနိုင်ပါသည်။
1. Primary - Economic
2. Secondary - Socio Political
3. Tertiary - Powerless ဟု အုပ်စုသုံးခု ခွဲခြမ်းနိုင်ပါသည်။Stakeholder အခန်းကဏ္ဍပံ့ပိုးမှု ရသောအခါ CSR လုပ်ငန်းစဉ်သည် CSP လုပ်ငန်းစဉ် အဖြစ် စတင်သွားသည်။

Corporate Social Performance(CSP) သည် ပါဝင်လုပ်ဆောင်မည့်သူများရဲ့ အခန်းနှင့် လုပ်နိုင်စွမ်းဖြစ်ပါသည်။ CSR အောင်မြင်အောင် CSP ကဏ္ဍသည် အရေုးကြီးဆုံးဖြစ်ပါသည်။ CSP ကို စဉ်းစားရာတွင် Resources ကို စဉ်းစားရမည်။Team Members, Cost, Time, Material & Method စသော Resources တို့သည် CSP မှ အောင်မြင်သော CSR ကို ဖြစ်ထွန်းစေမှာ သေချာပါသည်။ထို့ကြောင့် CSR ၏ main concept သည် Political Economy ပင် ဖြစ်ပါတော့သည်။ ထို့ကြောင့် Human Resource Management ကို လေ့လာနေသူများသည် CSR အကြောင်းကို ထဲထဲဝင်ဝင်ဖြင့် သိရှိထားရမည်။


#အလုပ်အကိုင်ရှာဖွေရေး

One Page - Digital Marketing Plan မြန်မြန် ဆန်ဆန်နဲ့ တိုးတက်လာတဲ့ စျေးကွက် ရှာဖွေခြင်း အပိုင်းတွင် လုပ်ငန်းများ အနေဖြင့်...
07/10/2023

One Page - Digital Marketing Plan

မြန်မြန် ဆန်ဆန်နဲ့ တိုးတက်လာတဲ့ စျေးကွက် ရှာဖွေခြင်း အပိုင်းတွင် လုပ်ငန်းများ အနေဖြင့် အောက်ပါ မေးခွန်းတို့ကို ဂရုတစိုက် ဖြေရှင်းပြီး မိမိတို့ လုပ်ငန်း၏ အမြတ်အစွန်း Digital Marketing ကို အသုံးပြုပြီး ရင်ဆိုင် ဖြေရှင်းရပါမည် ဖြစ်ပါသည်။

၁။ သင်တို့ ရောင်းချမှုကို လက်ခံပြီး ဘာကြောင့် သင်တို့ကို အမြတ်အစွန်း ပေးချေရမည်နည်း။
၂။ အခြား အမျိုးအစားတူသော ပြိုင်ဘက်များနှင့် သင်တို့ ဘာတွေ ကွာခြားသနည်း။
၃။ လက်ရှိ ရယူနိုင်သော စျေးကွက်နေရာ အစစ်အမှန်ကို သေချာချရေးပါ။
၄။ ဘယ်အခက်အခဲက သင်တို့ လိုချင်သော အမြတ်အစွန်းကို တားဆီးထားသနည်း။ဘာအကြောင်းတွေနည်း။
၅။ နောင်လာမည့် (၅) လအတွင်း ရလာမည့် အမြတ်အစွန်း မည်မျှရမည်နည်း။

ကောင်းပြီ။ကျနော်တို့ အနေဖြင့် စျေးကွက်ကို ဖန်တီးရယူပြီးလျှင်လည်း ကောင်းမွန်သော စီမံခန့်ခွဲမှုတို့ဖြင့် လုပ်ငန်းကို ဖော်ပြပါ အချက် (၁၀) ချက်ဖြင့် စီမံထားရမည် ဖြစ်ပါသည်။

၁ လက်ရှိ ပြသနာများ
၂ ဖြေရှင်းရန် နည်းလမ်းများ
၃ အဓိကထားပြီး လုပ်ဆောင်ရမည့် လုပ်ငန်းများ
၄ လုပ်ငန်း၏ အဓိက တန်ဖိုးထားသော အရာများ
၅ ပြိုင်ဘက်တို့၏ အားသာချက်များ
၆ အမြတ်အစွန်း ရရှိမည့် နေရာများ
၇ အမြတ်အစွန်း ပေးအပ်မည့် ဖောက်သည်အမှန်များ
၈ လုပ်ငန်းကုန်ကျစရိတ် ရေးဆွဲထားမှုများ
၉ စာရင်းစီမံ ခန့်ခွဲမှုများ
၁၀ လုပ်ငန်းအတွက် အဓိကကျသော အရင်းအမြစ်များ နှင့် နောက်ထပ်မည့်ကဲ့ တိုးတက်လုပ်ဆောင်မည့် အစီအမံ တို့ ဖြစ်ပါသည်။

ထိုကဲ့သို့ ပြင်ဆင်ပြီးပါက ယခု စာပုဒ်၏ အဓိကကျသော One Page - Digital Marketing Plan ကို ပြင်ဆင်ကြည့်ရရန် တိုက်တွန်းလိုပါသည်။Digital Marketing ကို ပြုလုပ်ထားခြင်းသည် ဆိုင်ခွဲပေါင်း မြောက်မြားစွာ သို့မဟုတ် ဝန်ထမ်းများစွာဖြင့် လည်ပတ်နေသကဲ့ ဖြစ်နေပါသည်။Digital Marketing သည် နေ့ရော၊ညပါ Customer များကို ဝန်ဆောင်မှုပေးနေမည် ဖြစ်ပါသည်။

One Page - Digital Marketing ကို ပြင်ဆင်ရာတွင် အောက်ပါ အချက် (၄) ချက်ဖြင့် စတင် စဉ်းစားပြီးပြင် ဆင်ရမည် ဖြစ်ပါသည်။

၁။ Target Market
လုပ်ငန်းအတွက် အဓိကကျမည့် မှန်ကန်သော စျေးကွက်နေရာကို ရှာဖွေနိုင်ရမည် ဖြစ်ပါသည်။မှန်ကန်သော စျေးကွက်ထဲတွင် စစ်မှန်သော ဖောက်သည်တို့ကို တွေ့မြင်ရမည်။တိကျသော Segmentation တွင် ရှာဖွေခြင်းဖြင့် မှန်ကန်ကို Target Market ကို တည်ဆောက်လာနိုင်မည် ဖြစ်ပါသည်။

၂။ Their Needs
မိမိတို့၏ လုပ်ငန်းသည် Customer များ လိုအပ်သော လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မျှ နှင့် လိုအင်ကို မည်မျ ဖြည့်ဆည်းပေးသည် ဟူသော လုပ်ဆောင်မှုများကို လိုချင်သည်။Need ကို ဖြည့်ဆည်းပေးနိုင်မှုသည် Customer Satisfaction ကို တည်ဆောက်ထားနိုင်သောကြောင့် ကောင်းမွန်သော Customer Relationship ကို ထူထောင်ထားနိုင်မည် ဖြစ်ပါသည်။

၃။ Your Product & Service
ယခု ဖော်ပြသော Product နဲ့ Service သည် လုပ်ငန်းအတွက် အရေးကြီးသည်။တစ်ခါတစ်ခါတွင် မိမိ၏ လုပ်ငန်း၏ Product နဲ့ Service ကို ကိုယ့်ဘာသာ အမှတ်ပေး ဆုံးဖြတ်ပြီး လုပ်ငန်းများသည် ဘာတွေ အားသာသည်၊ ဘာတွေ အခွင့်အရေး ရှိသည် ဟူပြီး ထီထိုးပြီး စိတ်ကူးယဉ်နေသောသူကဲ့သို့ ဖြစ်နေတတ်ပါသည်။ထို့ကြောင့် မိမိတို့၏ Product & Service ကို သေချာစွာ SWOT Analysis ပြုလုပ်ရမည် ဖြစ်ပါသည်။

၄။ Marketing Actions
အထက်ပါ အချက် ၃ ချက်အရ ပြုလုပ်ပြီး Marketing Actions များကို လုပ်ဆောင်ရတော့မည်။Action မရှိလျှင် အရွေ့မရှိပါ။ထို့ကြောင့် အရွေ့ကို တွန်းဖို့ Action သည် မရှိမဖြစ် လိုအပ်မှုတစ်ခု ဖြစ်ပါသည်။ထိရောက်သော Action Plan ရှိမှသာ ကောင်းမွန်သည့် Workdone ကို တည်ထောင်နိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ ထိရောက်သော Digital Marketing ကို ပြဒလုပ်ရန် One Page - Digital Marketing Plan ကို ရေးသားလိုက်ရပါသည်။ကဲ . . . ဒါဆိုရင် One Page - Digital Marketing Plan တစ်ခုမှာ ဘာတွေ ပါဝင်ရမည်နည်း။

1. Objectives
ခရီးသွားဖို့ ရှိသည်ဟု ပြောဆိုခြင်းသည် မှန်ကန်သော Objective ရှိခြင်း မဟုတ်ပေ။ပုဂံကို ဘယ်နေ့မှာ ဘယ်သူတွေနဲ့ ဘယ်လိုသွားခြင်းကို ပြောပြမှာသာ Objective ဖြစ်ပါသည်။ထို့ကြောင့် One Page ကို တည်ဆောက်ရာတွင် Objective ရှိမှ ဖြစ်ပါမည်။အနည်းဆုံးတော့ လမ်းဆုံးမှာ ဘယ်ရောက်မည်ကို ပြောထားခြင်းသည် ပဲ့ပာသော လှေတစ်စီးကို လှော်နေရလို အရှိန်ဖြင့် ပြေးနေသော မြင်းကိုလည်း အထိန်းရှိသလို ဖြစ်နေပါမည်။မဟုတ်လျှင် ` ငါ့လှေ ငါထိုး ၊ ပဲခူးရောက်ရောက် ´ ` ငါ့မြင်းငါ့စိုင်း ၊ စစ်ကိုင်းရောက်ရောက် ´ ဟူသည့် Planless ပြီး ပက်လက်လန်သွားမည် ဖြစ်ပါသည်။

2. Target Audience
မိမိတို့ Product နှင့် Service အတွက် အမှန်တကယ် အလားအလာ ဖြစ်နိုင်ခြေ အရှိဆုံးသော သူများကို ရွေးချယ်ပြီး ရည်မှန်း Market ကို တည်ဆောက်ခြင်း ဖြစ်ပါသည်။STP ဟု Marketing တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိပါသည်။
1. Segmentation - ဖြစ်နိုင်ချေ ရှိသော စျေးကွက်နေရာများ ပိုင်းခြားသတ်မှတ်ခြင်း
2. Targeting - စျေးကွက်မှ အလားအလာရှိသော ဖောက်သည်များကို ပိုင်းခြားထားသော စျေးကွက်အတွင်းမှ ရှာထွေခြင်း
3. Positioning - နေရာတစ်ခု မည်ကဲ့ရအောင်ယူမည်ဟု How နည်းလမ်းကို လုပ်ဆောင်ခြင်း တို့ ဖြစ်ပပါသည်။
Target Audience ကို ရွေးချယ်ရာတွင် - အသက်အရွယ်၊ ကျား/မ၊ နေထိုင်ရာဒေသ၊ စိတ်ပါဝင်ဝင်စားမှု နှင့် အခြား မိမိတို့ Product / Service အတွက် ဖြစ်နိုင်ချေ အရှိဆုံး Target Audience များ ဖြစ်ဖို့လိုအပ်ပါသည်။

3. Channels
မိမိတို့သည် TV ကြည့်ရင်တောင်မှ မိမိတို့ နှစ်သက်ရာ လိုင်းကို ပြောင်းပြီးကြည့်လေ့ရှိသည်။ထို့အတူ မိမိတို့ Target ထားလိုက်သော Audience သည် မည်သည့် Digital Channels များကို စိတ်ပါဝင်စားမှု ပိုမိုရှိနေသနည်း ဆိုသော မေးခွန်းသည် One Page - Digital Marketing Plan တွင် လွန်စွာပင် အရေးပါလှသည်။မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ facebook သည် မိုးလင်း မိုးချုပ် ကြည့်လေ့ရှိသော လူအများ စိတ်ပါဝင်စားသော နေရာဖြစ်သောကြောင့် များစွာသော လုပ်ငန်းတို့၏ ကြော်ငြာရာ နေရာ ဖြစ်လာပါသည်။ထို့ကြောင့် လူအများ စိတ်ပါဝင်စားသော Digital Channels ကို ကောင်းစွာ ရွေးတတ်ရန် လိုအပ်ပါသည်။

4. Where are we, now?
အရမ်းအရေးကြီးသော မေးခွန်း ဖြစ်ပါသည်။မိမိတို့သည် စျေးကွက်တွင် မည်သည့်နေရာတွင် ရှိသည်။၎င်းနောက်တွင် မိမိတို့၏ အားနည်းချက်၊ အားသာချက်၊ အခက်အခဲ နှင့် အခွင့်အလမ်းတို့ကို ဆန်းစစ်ထားသော SWOT Analysis ကို သေချာစွာ သုံးသပ်ပြီး မိမိတို့ကို ပြိုင်ဘက်များထက် ကျော်လွန်ပြီး သို့မဟုတ် ပြိုင်ဘက်များထက် နိမ့်ကျပြီး စျေးကွက်တွင် ရှိနေသော နေရာ ဖြစ်ပါသည်။SWOT Analysis မှ ထွက်လာသော အဖြေများကို အသုံးချပြီး ပြုပြင်လိုက်ပါက စျေးကွက်တွင် နေရာပိုပြီးရမည် ဖြစ်ပါသည်။

5. Core Brand Value
တကယ့်ကိုပင် စျေးကွက်က သတ်မှတ်စေချင်သော သင်တို့ လုပ်ငန်း၏ နာမည်နှင့် ကုန်အမှတ် တံဆိပ်ကို တန်ဖိုးထားမှု ဖြစ်ပါသည်။အဆိုပါ ကုန်အမှတ်တံဆိပ်ပေါ်တွင် မူတည်ပြီး Context Marketing ကို တည်ဆောက်ယူရပါသည်။မည်သည့် အချက်သည် အရေးကြီးသော Brand တည်ဆောက်မှု၏ အချက်အလက် ဖြစ်သည်ကို သိရှိထားရမည် ဖြစ်ပါသည်။

6. Competition
ပြိုင်ဘက်များကို စာရင်းပြုစုပြီး အနီးစပ်ဆုံးသော ပြိုင်ဘက် ၃ ဦးကို ဆွဲထုတ်ပြီး ပြိုင်ဘက်နဲ့ မိမိတို့လုပ်ငန်းကြားမှာ ရှိနေတဲ့ SWOT Analysis ကို သေချာနှိုင်းယှဉ်ရမည် ဖြစ်ပါသည်။ထို့ကြောင့်တွင် ဘယ်Competitive ကို ကနဦးကျော်ဖြတ်မည်ကို သတ်မှတ်ရမည် ဖြစ်ပါသည်။တစ်ခါတစ်ရံတွင် တစ်ကြိမ်တည်းဖြင့် ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်နိုင်သော ဗျူဟာတို့ဖြင့် ကျော်ဖြတ်နိုင်ခြင်းလည်း ရှိပါသည်။ပြိုင်ဘက်ကို ကျော်ဖြတ်ရန် အတွက်
၁ ဘာကြောင့် သင်၏ ပြိုင်ဘက်လို့ သတ်မှတ်လိုက်သနည်း။
၂ သူက သင့်ထက် အကြီးမားဆုံး အားသာချက်က ဘယ်အချက်နည်း။
၃ သင်ကိုယ်တိုင် သူ့ကို ကျော်ဖြတ်ရန် အကြီးမားဆုံး အားသာချက်က ဘယ်အချက်နည်း။
၄ အရှုံးကို ကြောက်ပါသလား။
၅ ပြိုင်ဘက်တိုင်းကို အနိုင်ရရှိဖို့ သင်၏ပြိုင်ဘက်သည် သင်ကိုယ်တိုင် ဖြစ်နေသည်ကို သိရှိထားပြီး သင်၏ SWOT Analysis ကို ပြုလုပ်ပြီး သင်နှင့် သင်ကို အမြဲယှဉ်ပြိုင်လိုက်ပါ။

7.Timeline
ဘောလုံးပွဲတစ်ပွဲကို သတ်မှတ်ပုံမှန်ကစားချိန် မိနစ် ၉၀ သတ်မှတ်ထားခြင်း မရှိပါက အနိုင်အရှုံး အဖြူအမည်း ကွဲပြားသွားမည် မဟုတ်ပါ။ထို့ကြောင့် ကျနော်တို့ ရေးဆွဲမည့် One Page - Digital Marketing Plan တွင်လည်း Timeline သတ်မှတ်ပြီး အချိန်ကို အဆုံးသတ်ရမည် ဖြစ်ပါသည်။မဟုတ်လျှင် မပြီးစီးသော ရလဒ်များဖြင့် အဆုံးသတ် ကောင်းမွန်မည် မဟုတ်ပေ။

8. Marketing Budget
Budget သည် Digital Marketing တွင် လွန်စွာ အရေးကြီးသော ကိစ္စ ဖြစ်ပါသည်။တစ်ခါတစ်ရံတွင် လိုချင်သော Audience ကို ရရှိရန်မှာ Marketing Budget က အရေးကြီးသော နေရာတွင် ပါဝင်ပါသည်။Marketing Budget သည် မိမိလုပ်ငန်းက ရွေးချယ်လိုက်သော Digital Channels များတွင် များစွာပင် မူတည်လေ့ရှိပါသည်။

9. Key Metrics
One Page - Digital Marketing Plan ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၏ အဆုံးသတ်တွင် ရရှိရမည့် ရလဒ် ဖြစ်ပါသည်။တစ်နည်းဆိုရလျှင် မည်သည့် အောင်မြင်မှုကို ရရှိမည် ဟူသော ဖော်ပြချက် ဖြစ်ပါသည်။ထိုဖော်ပြချက် အတိုင်း ဖြစ်ရန် One Page - Digital Marketing Plan ရေးဆွဲကတည်းက သေချာပင် အချက်တိုင်းကို ကောင်းစွာ သုံးသပ်ပြီးမှ ရေးဆွဲရမည် ဖြစ်ပါသည်။

Digital Marketing ကို အသုံးပြုခြင်းဖြင့် သင်၏ လုပ်ငန်းသည် အခြား ပြိုင်ဘက်များထက် ပိုမိုပြီး ကောင်းမွန်သော ဝန်ဆောင်မှုကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။`နေ့လည်းပွတ်၊ ညလည်းပွတ် ဒါက Daily Duty´ ဟူသော ခေတ်ကြီးမှာ Digital Marketing ကို ကောင်းစွာ ပြင်ဆင်ရန် One Page - Digital Marketing Plan ကို ပြင်ဆင်ကြည့်ရန် တိုက်တွန်းလိုက်ရပါသည်။


#အလုပ်အကိုင်ရှာဖွေရေး

မိရိုးဖလာ စျေးကွက်သို့ တိုးဝင်နေကြတဲ့ SME လုပ်ငန်းတွေကို လေ့လာ အကဲခတ်မိတာက လက်ရှိတွင် အထင်နှင့် စျေးကွက် ထိုးဖောက်ခြင်းက...
07/10/2023

မိရိုးဖလာ စျေးကွက်သို့ တိုးဝင်နေကြတဲ့ SME လုပ်ငန်းတွေကို လေ့လာ အကဲခတ်မိတာက လက်ရှိတွင် အထင်နှင့် စျေးကွက် ထိုးဖောက်ခြင်းကို လည်တယ်တယ် လုပ်နေကြသော လုပ်ငန်း အကြီး၊ အသေး၊ အလတ် များစွာကို တွေ့မြင်ရပါသည်။

ဥပမာအားဖြင့် - စားသောက်ဆိုင် စျေးကွက် ဆိုကြပါစို့၊ အားလုံးက အိုင်ဒီယာ အသစ်ကို မသွားဘဲ ငါ ဒါလေး ရောင်းရရင် မဆိုးဘူး စားကြမှာထင်တယ် ဆိုတဲ့ အထင်နှင့် စျေးကွက်ကို ဆန်းစစ်ခြင်း အားနည်းစွာဖြင့် တစ်လမ်းထဲမှာ တစ်အိမ်ကျော်လောက်ကို လက်ဖက်ရည်ဆိုင် နှစ်ဆိုင် အပြိုင်ဖွင့်တာမျိုး၊ ကပ်လျက် ရှမ်းခေါက်ဆွဲဆိုင် နှစ်ဆိုင် ဖွင့်တာမျိုးတွေကို ပြုလုပ်မိကြပါသည်။

အဆိုပါ အမှားများက အမြတ်အစွန်းကို အတူတူ မျှယူရသလို ဖြစ်လာတာကြောင့် သူနဲ့ကိုယ် မျှယူရတဲ့ ပုံစံဖြစ်ပြီး ပင်လယ်ထဲက ငါးမန်းတိုက်ပွဲလို သွေးချင်းနီတဲ့ Red Market တစ်ခု ဖြစ်လာပါသည်။

ဒီလို သွေးချင်းချင်းနီနေတဲ့ Red Market ကြောင့် စျေးပြိုင် စနစ်ကနေ စျေးချရောင်းတဲ့ စနစ်၊ ပိုကိုက်အောင် အရည်အသွေး လျော့ရတဲ့ စနစ်များကြောင့် ဖောက်သည်များရဲ့ လိုအင် ဆန္ဒနဲ့ ကွဲလွဲလာမည် ဖြစ်ပါသည်။

ထိုသို့ မဖြစ်စေရန် -
၁။ ဖောက်သည်ကို လေ့လာပါ။
၂။ ရောင်းတဲ့ ကုန်ပစ္စည်းသည် ဖောက်သည်၏ အကြိုက် ဖြစ်အောင် ပြုလုပ်ပါ။
၃။ ဖောက်သည် လိုအပ်ချက်အတိုင်း ​လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ပြောင်းလဲပေးပါ။
၄။ လက်ရှိ စျေးကွက် နေရာရမှုထက် ပိုမိုပြီး စျေးကွက်နေရာ ရရှိအောင် အမြဲ ပြုလုပ်ပါ။
၅။ စျေးကွက် ဘယ်လို ရပ်တည်မည်နည်း ဟူသော မေးခွန်း ၅ ခုဖြင့် ခေတ်ဟောင်း အတွေးအခေါ်များကို ရဲရဲဝံ့ဝံ့ တွန်းလှန်ပစ်ပါဟု တိုက်တွန်းလိုက်ရပါသည်။


#အလုပ်အကိုင်ရှာဖွေရေး

Job Analysis လုပ်ငန်းတစ်ခုအတွက် Job Analysis ဟု ခေါ်ဆိုသော JA သည် လွန်စွာ လိုအပ်ပါသည်။ဘာကြောင့်လဲဟု ပြောရလျှင် သတ်မှတ် လ...
07/10/2023

Job Analysis

လုပ်ငန်းတစ်ခုအတွက် Job Analysis ဟု ခေါ်ဆိုသော JA သည် လွန်စွာ လိုအပ်ပါသည်။ဘာကြောင့်လဲဟု ပြောရလျှင် သတ်မှတ် လုပ်ငန်းတာဝန်၏ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် တာဝန်ယူမှု တာဝန်ခံမှုများကို လေ့လာပြီး တစ်စုတစ်စည်းတည်း ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။Job Analysis တွင် အဓိက ပါဝင်သော အချက် (3) ခုမှာ -
1. Job Descriptions (JD)
2. Job Specifications (JS)
3. Evaluation တို့ ဖြစ်ပါသည်။

Job Analysis ကို ပြုလုပ်ရာတွင် အခြေခံကျသော လုပ်ငန်းတာဝန်များ၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ ပါဝင်ရသည်။အဆိုပါ လုပ်ငန်းစဉ်များကို ရေးသားရာတွင် Job Description (JD) တွင် အဓိက တာဝန်များနှင့် အသေးစိတ် တာဝန်များသည် အရေးကြီးသည်။တာဝန်ယူမည့် လူပုဂ္ဂိုလ်၏ ရာထူးဖော်ပြချက်၊ ပြန်လည်တင်ပြရမည့်သူတို့သည် အရေးပါသည်။

ဥပမာ ဖော်ပြရလျှင် -
အမည် …………………………………
ရာထူး …………………………………
ဌာန ………………………………………
တင်ပြရမည့်သူ ……………………………

အဓိကတာဝန်များ
1. # # # # # # # # # # # # #
2. # # # # # # # # # # # # #
အသေးစိတ် တာဝန်များ
1. # # # # # # # # # # # # # #
2. # # # # # # # # # # # # # #
3. # # # # # # # # # # # # # #
4. # # # # # # # # # # # # # #
5. # # # # # # # # # # # # # #

* * *တာဝန်ယူမည့်သူ၏ လက်မှတ်နှင့် တာဝန်ပေးသည့် ရက်စွဲလည်း ပါဝင်ရမည် ဖြစ်ပါသည်။အဓိက တာဝန်ဖော်ပြချက်သည် ၁ ချက်မှ ၅ ချက်အတွင်းနှင့် အသေးစိတ်တာဝန် ဖော်ပြချက်သည် ၂၅ ချက်အတွင်း ဖြစ်သင့်ပါသည်။

Job Description ရှိမှသာ Job Specification ကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်။What ဆိုတဲ့ လုပ်ငန်းစဉ်ရှိမှသာ Who ဆိုသော လူကို သတ်မှတ်မှုပြုနိုင်မည်။Job Specification တွင် အရေးကြီးသော အချက်များမှာ -
1. Abilities
2. Skills
3. Knowledge
4. Experiences
5. Education တို့သည် အရေးပါသည်။သို့မှသာ လိုချင်သော Key Performance Area (KPA) ကို အောင်မြင်အောင် လုပ်နိုင်လိမ့်မည်။သို့မှသာ Key Result Area (KRA) ကို ရရှိနိုင်မည် ဖြစ်ပါသည်။

Job Analysis သည် အောက်ပါ Function များ အတွက် အထောက်အပံ့ ဖြစ်စေသည်။
1. Recruitment & Selection
2. Training & Development
3. Compensation & Benefits
4. Performance Management
5. Employee Relations (ER) တို့သည် Job Analysis ရှိမှသာ ပီပီပြင်ပြင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

Content of Job Description တွင် ပါဝင်သင့်သော အချက်များမှာ -
1. Job Title / Job Indentification / Organization Position
2. Location
3. Job Summary
4. Duties
5. Machines, Tools & Equipment
6. Materials & Forms Used
7. Supervision given or received
8. Working Conditions
9. Hazards တို့ ပါဝင်ရမည် ဖြစ်ပါသည်။

Job Specification တွင် ပါဝင်သင့်သော အချက်များမှာ -
1. Physical Specification
2. Mental Specification
3. Emotional & Social Specification
4. Behavioral Specification တို့ မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အချက်များ ဖြစ်ပါသည်။Job Specification ရှိခြင်းကြောင့် -
1. Physical Characteristics
2. Special Characteristic
3. Personal Characteritic
4. Responsibilities တို့ကို ကောင်းစွာ ရရှိမည် ဖြစ်ပါသည်။

Job Analysis ပြုလုပ်ရာတွင် အောက်ပါ အချက် (၅) ချက်သည် မပါမဖြစ် ဖြစ်ပါသည်။
1. လက်ရှိ လုပ်ဆောင်ချက်နှင့် သတ်မှတ်မှုများ (JD / JS) များကို လေ့လာ ဆန်းစစ်ခြင်း
2. လုပ်ငန်းခွင် လိုအပ်သော တာဝန်ဝတ္တရား သတ်မှတ်မှုများကို စုဆောင်းပြုစုခြင်း
3. Job Analysis ကို ယခုထက် ပိုမို ကောင်းမွန်အောင် ပြုလုပ်ခြင်း
4. ပြုလုပ်နေသော Job Analysis ကို Review ပြုလုပ်ခြင်း
5. လိုအပ်သော JD / JS များကို ပြန်လည်ရေးဆွဲ ပြုစုခြင်းတို့ကို ပြုလုပ်ရမည်။Job Analysis ပြုလုပ်ရာတွင် JD နှင့် JS ကို Detail ကျနိုင်သမျှ ကျအောင်ပြုလုပ်ရန် လိုအပ်ပါသည်။သို့မှသာ Evalution ကို ကောင်းစွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Job Analysis ပြုလုပ်သောကြောင့် Evalution တွင် အောက်ပါ အချက်တို့ကို အားကောင်းစေသည်။Training / Personal Need Area နှင့် Performance Appraisal တို့၏ တိုးတက်မှုများကို ကြည့်နိုင်သည်။SWOT Analysis ကို သိရှိသဖြင့် Evalution ကို ကောင်းစွာ သိရှိနိုင်မည် ဖြစ်ပါသည်။Job Evalution ပြုလုပ်ခြင်းကို ဖော်ပြပါ Process များဖြင့် ပြုလုပ်နိုင်သည်။
1. Gaining Acceptance
2. Creating Job Evalution Committe
3. Finding The Jobs To Be Evaluated
4. Analysing & Preparing JD
5. How to Evaluate
6. Evaluating Jobs

Job Evluation ကို Methods (3) ခု ပြုလုပ်လေ့ ရှိပါသည်။
1. Ranking Method
2. Grading Method
a. Top Level
b. Middle Level
c. Operative Level
d. Unskilled Worker Level
3. Point Method တို့သည် Job Evaluation ပြုလုပ်ရာတွင် အသုံးပြုသော Method များ ဖြစ်ပါသည်။သို့ရာတွင် Job Evalution သည် လုံးဝ Scientific ကျသော လုပ်ဆောင်ချက် မဟုတ်ပေ။ထို့ကြောင့် စဉ်ဆက်မပြတ် တိုးတက်မှု ရှိစေရန် ပိုမိုကောင်းမွန်သော Job Evalution စနစ်များကို Strategy ကျစွာ လုပ်ဆောင်ရမည် ဖြစ်ပါသည်။ကောင်းမွန်သော Job Analysis များကို တည်ဆောက်ပြီး လုပ်ငန်းခွင်ကို တိုးတက်အောင် ပြုလုပ်ရမည် ဖြစ်ပါသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ကောင်းမွန် HR System များကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။


#အလုပ်အကိုင်ရှာဖွေရေး

Notice Board အသုံးပြုနည်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသော HR & Admin သမား အနေဖြင့် မသုံးမဖြစ် အသုံးပြုနေရသည်မှာ N...
06/10/2023

Notice Board အသုံးပြုနည်း

စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသော HR & Admin သမား အနေဖြင့် မသုံးမဖြစ် အသုံးပြုနေရသည်မှာ Notice Board ဆိုသည့် လုပ်ငန်းပိုင်းဆိုင်ရာ ကြော်ငြာချက် သင်ပုန်း ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ Notice Board ကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လွန်စွာ အရေးကြီးပါသည်။ Notice Board သည် အဓိကအားဖြင့် ဖြန့်ဝေစာများကို ကြော်ငြာလေ့ရှိသောနေရာ ဖြစ်ပါသည်။

ဒါဆိုရင် Notice Board ကို ဘယ်လို သုံးစွဲရမလဲ။

၁။ Notice Board တွင် မည်သည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုမည် ဖြစ်ကြောင်းကို စီမံခန့်ခွဲမှုတွင် ဦးဆောင်နေသူများထံမှ ခွင့်ပြုချက်ရယူပြီး ဝန်ထမ်းများ အားလုံးကို ကြော်ငြာထားရမည် ဖြစ်သည်။

၂။ Notice Board ကို ဝန်ထမ်းအားလုံး မြင်သာသည့် နေရာတွင် ထားရှိပြီး Eye Level နှင့် သေချာ ချိန်ညှိကာ ရုံးတက်၊ ရုံးဆင်းတွင် သေချာ ဖတ်ရှုနိုင်ရန် ထားရှိပေးရမည်။

၃။ ဝန်ထမ်း အားလုံးသည် Notice Board ကို ဖတ်ရှုရန် မိမိတို့၏ တာဝန်ဖြစ်ကြောင်းကို အသိပေးစာ (ရုံးတွင်း လှည့်လည်စာ) ဖြင့် အသိပေး လက်မှတ်ထိုး ရယူပြီး Notice Board ခေါင်းပိုင်းတွင်လည်း " ရုံးတက်၊ ရုံးဆင်းချိန်တွင် ကြော်ငြာသင်ပုန်းမှ ကြော်ငြာချက်များကို ဖတ်ရှုပြီး လိုက်နာရမည်မှာ ဝန်ထမ်းအားလုံး၏ တာဝန် ဖြစ်သည် " ဟု ရေးသားထားရမည်။

၄။ Notice Board တွင် ကြော်ငြာမည့် ကြော်ငြာစာ၏ သက်တမ်းကိုလည်း ဝန်ထမ်းများကို အသိပေးရမည်။ ( အနည်းဆုံး အလုပ်ဖွင့်ရက် ၃ ရက် ထားရှိလျှင် အဆင်ပြေမည် ဖြစ်ပါသည်။)

၅။ Notice Board တွင် ကပ်သောစာများသည် ဘယ် မှ ညာ (Notice Board ကို မျက်နှာမူ၍) သို့ ကပ်ရမည် ဖြစ်သည်။ စာတွဲများကို ကြော်ငြာရာတွင် ကပ်လျက် ကြော်ငြာရမည် ဖြစ်ပြီး စာအမှတ် တစ်ခု ပြောင်းသွားပါက ၃ လက်မ ခွာရမည် ဖြစ်ပါသည်။ စာများပြန်လည် ခွာယူရာတွင် First In First Out (FIFO System) ဖြင့် ပြုလုပ်ရမည် ဖြစ်သည်။

၆။ ခွာထားသော စာများကို မှတ်တမ်းလုပ်၍ သိမ်းသော အခါတွင် Last In Last Out (LIFO System) ဖြင့် သိမ်းရမည် ဖြစ်သည်။ သို့မှသာ အနီးဆုံး ရုံးတွင်း ကြော်ငြာစာကို ပြန်လည် ရှာဖွေနိုင်မည် ဖြစ်သည်။

၇။ ပြီးနောက်တွင် လကုန်တိုင်း အလုပ်ဖွင့်ရက် နောက်ဆုံးတွင် Notice Board တွင် ကြော်ငြာခဲ့သော ကြော်ငြာချက် မှတ်တမ်းကို ထုတ်ပြန် ပေးရမည် ဖြစ်သည်။

သို့ဖြစ်ပါသဖြင့် စကားမပြောသော Notice Board ကို အသက်ဝင်စေရန် စနစ်တကျဖြင့် မူဝါဒများ ရေးဆွဲပြီး အကျိုးရှိသည့် လုပ်ငန်းခွင် အဖြစ်သို့ ပြောင်းလဲကြရန် ရေးသား လိုက်ရပါသည်။


#အလုပ်အကိုင်ရှာဖွေရေး

လူငယ် နှင့် အောင်မြင်မှုလူငယ်တွေမှာ အောင်မြင်ချင်စိတ်တွေ၊ကြီးပွားတိုးတက်ချင်စိတ်တွေ၊ပတ်ဝန်းကျင်ကို အကျိုးပြုချင်တဲ့စိတ်တ...
05/10/2023

လူငယ် နှင့် အောင်မြင်မှု

လူငယ်တွေမှာ အောင်မြင်ချင်စိတ်တွေ၊ကြီးပွားတိုးတက်ချင်စိတ်တွေ၊ပတ်ဝန်းကျင်ကို အကျိုးပြုချင်တဲ့စိတ်တွေ စသည်ဖြင့် လူငယ်တိုင်းတွင် ရှိနေသော စိတ်ဓာတ်ကောင်းများသည် အခြေခံရှိပြီး ဖြစ်ပါသည်။

သို့သော် အဆိုပါ စိတ်ဓာတ်ကောင်းများကို ဟန့်တားထားသော အကြောင်းအရာများကလည်း ရှိနေပါသည်။အောက်မြင်ချင်တယ်၊ကြီးပွားချင်တယ် သို့သော် လွယ်ကူစွာ ဖြစ်ချင်ကြသည်။လွယ်လွယ်ပြောရလျှင် "အသင့်စား ၃ မိနစ် ခေါက်ဆွဲခြောက် " လို ချက်ချင်း လိုချင်သည်။ထို့ကြောင့် အချိန်တစ်ခုကို မပေးနိုင်ဘဲ ထိုက်တန်တဲ့ ပေးဆပ်မှု မပါဘဲ လူငယ်တို့ မရနိုင်သည်ကို သိရှိရမည် ဖြစ်ပါသည်။

အောက်ပါ အကျင့် ( ၃ ) ခု သည် သင့်ကို ကျဆုံးစေရန်အတွက် ပြင်ဆင်ထားမှုများ ဖြစ်ပါသည်။

၁ ပြတင်းပေါက်ကိုဘဲ လိုချင်တယ်။
မည့်သည့်ကိစ္စဘဲ ဖြစ်ဖြစ် မိမိတွင် အပြစ်မရှိဘဲ တခြားသူ သို့မဟုတ် တခြား ဖြစ်ရပ်များကိုသာ လက်ညှိုးညွှန်ချင်ကြသည်။

၂ စုန်ချင်စုန် ဆန်ချင်ဆန်။
အကြောင်းအရာ ရည်မှန်းချက် မရှိဘဲ ဘဝကို ဖြစ်သလို ဖြတ်သန်းရန် အသင့်ပြင်ထားသည်။ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် ဖြင့် နေ့စဉ် လုပ်ဆောင်လေ့ရှိသည်။

၃ ငါသိ ငါတတ် ငါအမှတ်။
မည့်သည့် ကိစ္စမဆို ငါမှငါဆိုတဲ့ မာန်မာနဖြင့် လုပ်ကိုင် ဆောင်ရွက်တတ်သည်။ပြဿနာက ငါမှ အမှန်တရားဆိုတဲ့ မာန်မာနဖြင့် အမိုက်ဥာဏ်အသိ လွှမ်းသွားတတ်သော လုပ်ကိုင်မှု ဖြစ်ပါသည်။

ဒါဆိုရင် အောင်မြင်သော ဘဝကို ပိုင်ဆိုင်လိုပါ အထက်ပါ အချက် ( ၃ ) ချက်ကို ပြောင်းလဲပြစ်ရမည်။ပြောင်းလဲမှုကို ပြုလုပ်ရဲရမည်။

၁ မှန်လိုကြည့်လိုက်ပါ။
ဖြစ်ရပ်တိုင်းတွင် ငါဘာမှားလဲ။ဘာလိုအပ်လဲ။ငါကဘာကစပြီး ပြင်ရမလဲ ဟူသော အဖြေများကို ရှာဖွေရမည်။

၂ ဦးတည်ချက် ရှိတဲ့ မြစ်ကြောင်း။
တိတိကျကျဖြင့် စီးဆင်းသော မြစ်တစ်စင်းလို ရပ်တန့် မနေဘဲ ဦးတည်ချက်ကို သတ်မှတ်ချိန်တွင် အရှိန်ပြင်းစွာ စီးဆင်းစေရမည်။

၃ ငါကိုရှာဖွေ အမှားမြင်။
ငါဆိုတာကို သေချာမြင်ပြီး ငါ၏အမှား ငါ၏တရားကို သေချာမြင်ပြီး ပြင်ဆင်ရမည်။

ယခု ပြင်ဆင်ရမည့် အချက် ( ၃ ) ချက်သည် အောင်မြင်မှုကို ရရှိစေမည့် မရှိမဖြစ်ထားရမည့် အချက်များ ဖြစ်ပါသည်။သေချာသော အောင်မြင်မှုသည် ကိုယ်တွင်းမှသာ ရှာဖွေရသည်။တိကျသော ငါကို သိရှိသွားလျှင် အောင်မြင်သော ငါ ရောက်လာပါမည် ဖြစ်ပါသည်။

ငါသည် ငါ၏ရန်သူ ဖြစ်နိုင်သလို ငါ၏ မိတ်ဆွေလည်း ဖြစ်ပါသည်။လူငယ်အများသည် အောင်မြင်သောငါကို တည်ဆောက်နိုင်ပါစေဟု My Work Recruitment Co.,Ltd မှ တိုက်တွန်း ရေးသားလိုက်ရပါသည်။


#အလုပ်အကိုင်ရှာဖွေရေး

အလုပ်ရှင် ရဲ့ ကိုယ်စားလှယ် . . . HRလက်ရှိ လုပ်ငန်းခွင်တွင် ကြားနေရသော စကားတို့မှာ HR ဆိုတာ ဝန်ထမ်းဘက်ကလား (သို့မဟုတ်) အလ...
04/10/2023

အလုပ်ရှင် ရဲ့ ကိုယ်စားလှယ် . . . HR

လက်ရှိ လုပ်ငန်းခွင်တွင် ကြားနေရသော စကားတို့မှာ HR ဆိုတာ ဝန်ထမ်းဘက်ကလား (သို့မဟုတ်) အလုပ်ရှင်ဘက်ကလား ဆိုသော မေးခွန်းများကို ခဏ၊ ခဏ ကြားနေရလေ့ ရှိပါသည်။

ထို့ကြောင့် ယခုနေရာတွင် ခဏ ရပ်ပြီး HR ဆိုတာ အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်ပါ . . . ဟု ပြောကြားပါစေ။

ဘာကြောင့် HR သည် အလုပ်ရှင်၏ ကိုယ်စားလှယ် ဖြစ်ရနည်းဟု ပြောရလျှင် . . . HR တို့သည် လက်ရှိအချိန်တွင် အဖွဲ့အစည်း၏ အကျိုးအကြောင်းသင့် စီးပွားဖက်ဟု ခေါ်သော Business Partner Role အနေဖြင့် လုပ်ကိုင်နေကြသော အချိန် ဖြစ်လာပါသည်။ လုပ်ငန်းခွင်တွင် HR ကို ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ စည်းမျဉ်း စည်းကမ်းတို့ ထိန်းချုပ်ရေး စသည့် အလုပ်ရှင် စိတ်တိုင်းကျ ပြုလုပ်ပေးရသည့် ကြားပွဲစားအဆင့်မှ ယခု အချိန်တွင် အဖွဲ့အစည်း၏ အမြတ်အစွန်း ရရှိရေးကို လုပ်ဆောင်ပေးနိုင်ရန် HR ကို ခန့်အပ်လာကြပြီ ဖြစ်ပါသည်။

ပုံမှန် မြင်နေကြ HR လုပ်ငန်းစဉ်များမှ ခွဲထွက်ပြီး Profit, People & Planet ဟူသည့် 3Ps ကို ဦးတည်ပြီး လုပ်ကိုင်ပေးမည့် HR တို့ကို လုပ်ငန်းခွင်များက တောင်းဆိုလာကြသည်။ အဆိုပါ HR တို့ကိုသာ လုပ်ငန်းရှင်တို့က လိုအပ်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကြသည်။ POLC နှင့် Staffing Process ကို နိုင်နင်းသော HR သမားတို့၏ ခေတ်တစ်ခေတ် စတင်လာခြင်းကို မြင်လာရပြီ ဖြစ်ပါသည်။ HR ဆိုသည်မှာ Job Description ရေး၊ စည်းကမ်းချက်များရေးဆွဲ၊ အလုပ်သမား ဥပဒေတို့ ဖတ်မှတ်ပြီး ဝန်ထမ်းများ၏ ခွင့်နှင့် လစာလေးတွက်၊ ဖြတ်လိုက် တောက်လိုက် အဆင့်များထက် ကျော်လွန်သော စီးပွားရေးတွင် ဦးဆောင်သူ အခန်းမှ ပါဝင်လာမှုကို အလုပ်ရှင်တိုင်း အလေးထားလာကြခြင်းကို ယနေ့ စီးပွားရေး မကောင်းချိန်တွင် ကွင်းကွင်းကွက်ကွက် တွေ့မြင်လာရသည်။

အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တို့ ပုံဖော်ပြီး ထုဆစ်ပေးမည့် Strategic Business Partner များ အဖြစ် ရပ်တည်မှုကို အောက်ပါ အချက်များဖြင့် ထင်ရှားစွာ သိရှိနိုင်သည်။

ပြိုင်ဆိုင်မှု ပြင်းထန်သော စီးပွားရေး လုပ်ငန်းများ အကြားတွင် လုပ်ငန်းမှ လိုအပ်သော ဝန်ထမ်းများကို HR Manager များ တော်ရင်တော်သလို အမဲပြိုင်လိုက်သော Labour Movement ကို ဖန်တီးမှုများကို ယနေ့ HR များအနေဖြင့် စတင် ကျင့်သုံးလာကြသည်ကို တွေ့မြင်နေရသည်။

ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်သော လူတန်းစားများကို စျေးဆစ်နေသော HR များ ကြားမှ လူတော်၊ လူကောင်းများကို တန်ရာတန်ကြေးဖြင့် ရအောင် ခေါ်ပေးနိုင်သော သက်ရှိများ၏ တန်ဖိုးဖြတ် ပညာကို Business Partner များ အနေဖြင့် ကောင်းစွာ ပြုလုပ်နေသည်ကို Labour Market တွင် ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။

ယခင် အချိန်က လူတစ်ဦး တစ်ယောက် အပေါ်တွင် မှီခိုနေသော SME လုပ်ငန်းများ ကျဆုံးရခြင်း၏ အဓိက အကြောင်းမှာ HR များ၏ စီးပွာရေး အမြင် မရှိမှုကြောင့် ဖြစ်ပါသည်။ အလုပ်ရှင် စိတ်တိုင်းကျ လုပ်ပေးသော လက်ဝေခံ ပွဲစားအဆင့်တွင် ပျော်ရွှင်ရင်း လုပ်ငန်း၏ ယိုပေါက်ကို စီးပွားရေးအမြင်ဖြင့် မပြုလုပ်နိုင်သည့် အခါတွင် အလုပ်သည် နစ်မွန်းပြီး ကောင်းမွန်သော စနစ်မရဘဲ အလုပ်က လူကို ပြန်ကြောက်ရသော မူနဲ့လူ မကွဲသည့် HR Systems နှင့် Service များကို ကျင့်သုံးခဲ့သည်မှာ HR သည် အလုပ်ရှင်၏ ကိုယ်စားလှယ်ဟု မသိသောကြောင့် ဖြစ်ပါသည်။

ယခု အချိန်တွင် -
၁။ ရှိရင်းစွဲ အရင်းအမြစ်တို့အား မပြောင်းလဲဘဲ လုပ်ငန်း၏ လက်ရှိတွင် ရှိသော အရောင်း၊ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်လုပ်မှုအား တိုးတက်လာအောင် HR မှ ကူညီပေးနိုင်ခြင်း။
၂။ ရှိရင်းစွဲ လုပ်ငန်း၏ လက်ရှိတွင် ရှိသော ကုန်ထုတ်မှု (သို့မဟုတ်) ဝန်ဆောင်မှု တို့တွင် အသုံးပြုနေသော အရင်းအမြစ်တို့၏ ကုန်ကျစရိတ်အား လျော့ချမှုတို့တွင် HR မှ လုပ်ကိုင်ပေးခြင်း။
စသည့် ဖော်ပြပါ အချက် (၂) ချက်ဖြင့် လုပ်ငန်း၏ အမြတ်အစွန်းများ တိုးပွားလာအောင် ပြုလုပ်ပေးပါသည်။

ထိုကဲ့သို့ အဖွဲ့အစည်း အပေါ်တွင် HR Practitioner များ အနေဖြင့် ဦးဆောင်ရာတွင် Leadership Tools ကို စနစ်တကျ အသုံးပြုရမည် ဖြစ်ပါသည်။ Coaching & Mentoring အပိုင်းသည် ယနေ့ HR Manager များ အတွက် မသိမဖြစ်နှင့် မရှိမဖြစ်သိရမည့် အပိုင်းများလည်း ဖြစ်လာပါသည်။ ဘာကြောင့်လဲဟု ပြောရလျှင် လက်ရှိတွင် HR Manager များ ရင်ဆိုင်နေရသည်မှာ Limited Human Resources များကြောင့် ဖြစ်သည်။

Limited Human Resources များကြောင့် အဖွဲ့အစည်းတို့သည် ပေးရသည့် ကုန်ကျစရိတ်များနှင့် ရရှိသည့် ရလဒ်များသည် လွန်စွာ အလှမ်းဝေးလေ့ ရှိနေပါသည်။ ထို့ကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ယနေ့ အဖွဲ့အစည်း၏ လူဝင်ပေါက်သည် HR Department မှ ဖြစ်သောကြောင့် မှန်ကန်သော ရာထူးနှင့် တိကျသည့် လုပ်ဆောင်ချက် ရလဒ် လုပ်မည့်သူများအား ရှာဖွေနိုင်မှုသည် ကနဦး စီးပွားရေး လုပ်ငန်းတွင် အရေးပါသည်။

ဘာကြောင့် HR လုပ်ချင်လဲဟူသော အဖြေကို ဖြေကြည့်စမ်းစေချင်သည်။

HR ဖြစ်ချင်သည် . . . ဆိုပါက . . . သင်သည် စီးပွားရေးကို စိတ်ဝင်စားရမည် ဖြစ်ပါသည်။ ယခုမူ လူတွေကို စိတ်ဝင်စားပါသည် ဟူသော အဖြေမျိုးကိုသာ သင်ပေးမည်ဆိုက စကောစကနှင့် တောင်စဉ်ရေမရ HR ဖြစ်လာပါအုန်းမည် ဖြစ်ပါသည်။

ကောင်းမွန်သော HR သမား တစ်ယောက်သည် သိမ်မွေ့လွန်းသော စစ်တုရင် ချန်ပီယံ တစ်ယောက်နှင့် အလားသဏ္ဍန်တူပါသည်။ ကောင်းမွန်သော HR Practitioner တစ်ဦးသည် နည်းပရိယာယ် ကြွယ်ဝမှု၊ အဖွဲ့အစည်း၏ မူဝါဒနှင့် အတွေးအခေါ်ပေါ်တွင် ချည်းကပ်နိုင်မှု၊ လူအများကို လွှမ်းမိုးထားနိုင်မှု စသည့် အချက်များဖြင့် လုပ်ဆောင်သော သူတစ်ဦးလည်း ဖြစ်ပါသည်။

အလုပ်ရှင်၏ ကိုယ်စားလှယ်ဟု ဘာကြောင့် ပြောရလျှင် HR သမားသည် Business Strategy ပေါ်တွင် ကျော်လွန်ပြီး လုပ်ပိုင်ခွင့် မရှိသောကြောင့် ဖြစ်ပါသည်။ HR Strategy သည် Business Strategy အား အထောက်အပံ့ ဖြစ်အောင် ပြုလုပ်ရသော HR သည် အလုပ်ရှင်၏ ကိုယ်စားလှယ် အမှန် စစ်စစ် ဖြစ်ပါသည်။ အလုပ်ရှင်သန်မှုကိုသာ လုပ်ဆောင်ရသော မူဝါဒများနှင့် လှုပ်ရှားသူ HR သည် Strategic Business Partner လည်း ဖြစ်ပါသည်။ ယနေ့ ခေတ်စနစ် စီးပွားရေး ပြောင်းလဲမှုအရ တစ်နည်းဆိုရလျှင် စီးပွားရေး လုပ်ငန်း၏ ညာလက်ရုံးဟုပင် ပြောနိုင်ပါသည်။

ကိုယ်စားလှယ်သည်
၁။ သူ၏ ထောက်ခံသူများ၏ တိုးတက်မှုကို လိုလားသူ ဖြစ်သည်။
၂။ သူ၏ ထောက်ခံသူတို့၏ အကျိုးစီးပွားကို ကာကွယ်သူ ဖြစ်သည်။
၃။ သူ၏ ထောက်ခံသူတို့အား ပေးအပ်ထားသည့် ကတိကို တည်သူဖြစ်သည်။
၄။ သူ၏ ထောက်ခံသူတို့နှင့် ကောင်းမွန် Relationship ကို တည်ဆောက်ထားသူဖြစ်သည်။
၅။ သူ၏ ထောက်ခံသူတို့အတွက် တရားမျှတမှုနှင့် လိုအင်ဆန္ဒတို့ကို ဖြည့်ဆည်းပေးသူဖြစ်သည်။
၆။ သူ၏ ထောက်ခံသူတို့ ရပ်တည်ချက်ကို မှန်ကန်စေသူဖြစ်သည်။

ထို့ကြောင့် HR ဆိုတာ အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်ဟု ညွှန်းဆိုချင်ပါသည်။


#အလုပ်အကိုင်ရှာဖွေရေး

Address

54A, Between 126 Street & 127 Street
Mandalay
050151

Alerts

Be the first to know and let us send you an email when My Work Recruitment Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category