Shwe Job Agency

Shwe Job Agency Employment Agency

အမောက်ထောင်၍ သည်းခံပါ
30/05/2020

အမောက်ထောင်၍ သည်းခံပါ

အမောက်ထောင်၍ သည်းခံပါ….. ရှေ့အခါက ရွာတစ်ရွာမှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက်ကြီး တစ်ကောင်သည် ရွာ၏ အနီးလယ်....

လက္ခဏာဆရာကပြောတယ်  အမေရယ်..🎤 🎼နှလုံးလမ်းကြောင်းမှာ ဆပ်ပြာတွေခံနေတယ်...😁မိန်းမနဲ့ပက်သက်လာရင် ကိုဗစ်ကနှိပ်စက်နေတယ်...😈
07/05/2020

လက္ခဏာဆရာကပြောတယ် အမေရယ်..🎤 🎼

နှလုံးလမ်းကြောင်းမှာ ဆပ်ပြာတွေခံနေတယ်...😁

မိန်းမနဲ့ပက်သက်လာရင် ကိုဗစ်ကနှိပ်စက်နေတယ်...😈

Level ညှိ၍သိအောင်ကြိုးစားကြစေချင်ပါတယ်။==========================** ဆရာတော် အရှင်ဆန္ဒာဓိကမှ လူထုခေါင်းဆောင်ကို ဘယ်အချိန်...
21/04/2020

Level ညှိ၍သိအောင်ကြိုးစားကြစေချင်ပါတယ်။
==========================

** ဆရာတော် အရှင်ဆန္ဒာဓိကမှ
လူထုခေါင်းဆောင်ကို ဘယ်အချိန်
မှာ ဝေဖန်ပါ့မယ် ဆိုတဲ့ ရှင်းပြချက်..

အရှင်ဘုရားရဲ့စာတွေကိုဖတ်ကြည့်တော့ ဒေါ်စုရဲ့လုပ်ရပ်တွေအပေါ် စောဒကတက်တာ ထောက်ပြဝေဖန်တာ တစ်ခုမှမတွေ့ရဘူး.. ဒေါ်စုလုပ်တာတွေအားလုံးကိုထောက်ခံသလားဘုရား..မထောက်ခံတာ တစ်ခုမှပဲ မရှိတာလား.. ဒီလိုမေးလို့စိတ်မဆိုးပါနဲ့ဘုရား တဲ့..

မဆိုးပါဘူးဒကာ.. ခုခေတ်စကားလုံးနဲ့ပြောရရင်.. အရှင်ဘုရားကဒေါ်စု ( crazy ) ခရေဇီလား ဒေါ်စု လော်ဘီ ( lobbyist ) လား ပေါ့.. ထားပါလေ ဘယ်လိုထင်ထင် ပြသနာမရှိပါဘူး..
လောကမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အသိဉာဏ်ပညာ အဆင့်အတန်း မတူညီကြဘူး ဒကာရဲ့.. ဒီတော့ အတွေးအမြင်၊ အသိအမြင်ခြင်းလည်း ဘယ်တူမှာလဲ..ကိုယ် ကျွမ်းကျင်ရာမှာ လိမ္မာကြတာကိုး.. ပြိုင်ကားမောင်းတဲ့ နေရာမှာ ဟာမီတန်ကို သူရဲ့နည်းပြက
ဘယ်မှီမှာလဲ ..
ဒီလိုပဲ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေကို ထိန်းကျောင်းမောင်းနှင်နေတဲ့ နည်းပြဟာလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဟုတ်ချင်မှ ဟုတ်မှာပေါ့..ဘာကိုဆိုလိုချင်တာလည်းဆိုတော့ လူတိုင်းဟာသူ့နေရာနဲ့သူတော်ကြပေမယ့်နေရာတိုင်းမှာတော်ကြတာမဟုတ်ပါဘူး..

ဒေါ်စုမသိတာတွေ၊ မတတ်တာတွေ အများကြီးပါ..သိစရာ တတ်စရာတွေအားလုံးကို သိမှ တတ်မှ ခေါင်းဆောင်လုပ်ရမှာဆိုရင်တော့ ဘုရားဖြစ်မှ ရလိမ့်မယ်..
ဒါပေမယ့်အဲဒီတော်ပေ့ တတ်ပေ့ဆိုတဲ့ ပညာရှင်တွေကို လိုအပ်သလို စီမံခန့်ခွဲ ထိန်းကျောင်းမောင်းနှင်နိုင်ဖို့ဆိုတာ တစ်သောင်းမှာတစ်ယောက် တစ်သိန်းမှာတစ်ယောက်မရှိဘူး..အဲဒီအရည်အချင်းမျိုး ဒေါ်စုမှာရှိတယ်..

ခေါင်းဆောင်ကောင်းဆိုတာ မလုပ်တတ်တဲ့အရာကို ဘယ်တော့မှကိုယ်တိုင်မလုပ်ဘူး.. လုပ်စရာလည်းမလိုဘူး ကျွမ်းကျင်တဲ့ပညာရှင်တွေကို စနစ်တကျ ခိုင်းတတ်ဖို့ပဲလိုတယ် ပညာရှင်တွေရဲ့အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ယူအသုံးချတတ်ရမယ်.. ထုတ်ယူအသုံးချပုံခြင်းတူချင်မှတူမယ်.. ဒကာတို့ ဘောလုံးလောကနဲ့ပြောမယ်ဆိုရင် မော်ရင်ညိုနဲ့ အာစင်ဝင်းဂါးရဲ့ စီမံခန့်ခွဲမှုမတူသလို၊ ဂွါဒီယိုလာနဲ့ ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှူကလည်းတူမှာမဟုတ်ဘူး..

တစ်ခါတစ်ရံမှာ ဒေါ်စုလုပ်တာတွေ ပြောတာတွေကို နားမလည်တာရှိတာပေါ့.. သူများတွေကဒေါ်စုလုပ်ရပ်ကိုအပြစ်ပြောနေကြတာတွေလည်းရှိတာပဲ.. ဦးဇင်းကအဲဒါမျိုးဆိုသိပ်စိတ်ဝင်စားတယ်..
" ဒါကို ဘာ့ကြောင့်နားမလည်သလဲ ဘာ့ကြောင့်လက်မခံသလဲ သူကဘာကိုဆိုလိုချင်တာလဲ..လူတွေကဘယ်လိုနားလည်နေလို့လဲ.. ဘယ်နေရာလေးမှာလွဲနေသလဲ "
အဲဒီအချက်ကလေးကို ရအောင်ရှာတယ် တစ်ဦးနဲ့တစ်ဦးကို နားမလည်စေနိုင်တဲ့ စကား၊ လုပ်ရပ်လေးရဲ့ "ပွိုင့်"ကို သိပ်စိတ်ဝင်စားတယ်..ကိုယ့်အမြင်က နိမ့်နေရင် မြှင့်ယူတယ် သိတဲ့သူကိုမေးတယ်..စာအုပ်တွေရှာဖတ်တယ်..တစ်ခါတစ်ရံ ကိုယ်ကမြင့်နေရင် နှိမ့်ယူပြီး သိအောင်ကြိုးစားတယ်..
သူများတွေမှားတယ်ဆိုတိုင်း ကိုယ်ကလိုက်မမှားနိုင်ဘူး.. သူများတွေကမှန်တယ်ဆိုတိုင်းလည်း လိုက်မမှန်နိုင်ဘူး.. မတူညီတဲ့ အမြင်တွေကြောင့်ဖြစ်လာတဲ့ ပဋိပက္ခကို level ညှိပြီးသိအောင်ကြိုးစားတယ်.. အဲဒီလိုနားလည်သွားတော့လည်း တစ်ဖက်သားရဲ့လုပ်ရပ်နဲ့ပြောဆိုမှုအပေါ်စောဒကတက်စရာရှာမရတော့ပါဘူး.. အဓိကအချက်ကတော့ လူတွေရဲ့ အတွင်းစိတ်မှာဖြစ်တဲ့ အတ္တ နဲ့ မေတ္တာ၊စေတနာအနည်းအများကို ခန့်မှန်းပြီး သုံးသပ်ရတာပေါ့လေ..

#တို့ဗုဒ္ဓဘာသာမှာ အဓမ္မဝါဒအဖြစ်ဆုံးဖြတ်ထားတဲ့ ဝါဒတွေရှိတယ်..
" သူတို့ဘယ်အကြောင်းအရာကိုဘယ်လိုယူဆ၊ပြောဆို၊ရေးသားလိုက်လို့ အဓမ္မအဖြစ်ဆုံးဖြတ်သလဲ.. သူတို့က ဘာ့ကြောင့်အဲသလိုယူဆသလဲ..ဘယ်နေရာလေးမှာလွဲသွားသလဲ".. ဆိုတဲ့အချက်ဟာသိပ်စိတ်ဝင်စားစရာကောင်းတယ်..အဲဒီအဖြေကို သိသွားရင် ပြဿနာကပြီးသွားတာပဲ စောဒကတက်စရာမရှိတော့ဘူး..

*ခုလောလောဆယ် တို့မြန်မာနိုင်ငံရဲ့ အခြေအနေကို အကောင်းဆုံးစီမံခန့်ခွဲဖို့ဆိုတာ စာတတ်ရုံနဲ့ မရသလို၊ ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ်တတ်နေရုံနဲ့လည်းမရဘူး..ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုတွေအကြားမှာ အကြွေးတွေတောင်လိုပုံ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့..ပြန်ဆပ်ဖို့ နေနေသာသာ စားဖို့မှအနိုင်နိုင်.. ယိုင်နဲ့နေတဲ့စီးပွားရေးနဲ့ ကိုယ်ကျိုးရှာအတ္တသမားတွေရဲ့အကြား အပြင်းဖျားနေတဲ့ လူနာကိုဆေးကုနေရသလို၊ လူနာရှင်က လော.. လူနာက မောနဲ့ တွေးကြည့်တာနဲ့တင်ဆံပင်ဖြူ ချင်တယ်..

ဒီလို တိုင်းပြည်မျိုးကို အများလက်ခံအောင် စီမံခန့်ခွဲနိုင်ဖို့ ဦးဇင်းကတော့ ဒီတစ်သက်မပြောနဲ့ ဆယ်သက်ကြိုးစားတောင်ရမှာမဟုတ်ဘူး လုပ်လည်းမလုပ်နိုင်ဘူး လုပ်လည်းမလုပ်ချင်ဘူး.. နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်မှာ တို့သိတယ် မြင်တယ်ဆိုတာ အသေးအဖွဲလေးပါ.. ပြဿနာ
တွေနဲ့ လူမျိုးစုံစုပေါင်းနေထိုင်တဲ့ ဒီလိုတိုင်းပြည်မပြောနဲ့ ကိုယ်ပိုင်ကျောင်းတိုက်တစ်ခုကိုတောင် စနစ်တကျ စီမံခန့်ခွဲဖို့မလွယ်ဘူး ပါးစပ်ပြောကတော့လွယ်တာပေါ့..

မြန်မာလူမျိုးတွေက တကယ့်လက်တွေ့မှာသာ ဘာမှမဟုတ်တာ ပါးစပ်ပြောကတော့ ပညာရှိတွေချည်းပဲ..

ဒေါ်စုရဲ့စီမံခန့်ခွဲမှုတွေက အမျှော်အမြင်ရှိတယ် စနစ်ကျတယ် ပိရိသေသပ်တယ် ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်သူပြောလို့ပဲဖြစ်ဖြစ် ပြာယာမခတ်ဘူး.. တည်ငြိမ်တယ်.. သွေးအေးတယ် သတ္တိရှိတယ် အများနဲ့မဆန့်ကျင်ဘူး အမှန်တရားအတွက်ဆို အများနဲ့ဆန့်ကျင်ဖို့လည်းဝန်မလေးဘူး..
ကားသမားလိုပြောရရင် စတီယာရင် နိုင်နင်းတယ်ပေါ့.. အဲဒီလိုလူမျိုးတွေရဲ့လုပ်ရပ်က အင်မတန်မှားခဲတယ် တို့ဉာဏ်မမှီလို့နားမလည်တာပဲရှိမယ် အမျိုးမျိုး ဝေဖန်ပြစ်တင်ပြောဆိုကြပေမယ့်အကျိုးရလာဒ်ထွက်ပေါ်လာတဲ့အခါ အားလုံးကို မှင်တက်မိပြီးပါးစပ်ဟသွားစေတတ်တဲ့သူမျိုး..

ဒေါ်စုလုပ်ရပ်ဟာ မှားတယ်လို့ အကြောင်းအကျိုး ခိုင်ခိုင်မာမာနဲ့ မြင်နိုင်တဲ့သူဟာ ဒေါ်စုထက်သာတဲ့သူပဲ.. အဲလိုလူမျိုးဖြစ်ချင်တယ် အဲလိုလူမျိုးတွေပေါ်စေချင်တယ် ကိုယ်ဖြစ်ချင်တာပဲသိပြီး မှားတယ်လို့ဝေဖန်သုံးသပ်တဲ့သူမျိုးကတော့ ပေါပါတယ်..

ဥပမာ၊ ဦးဇင်းက ရဟန်းဆိုတော့ အတ္တနဲ့ပြောရရင် တစ်နိုင်ငံလုံး တစ်ယောက်မကျန်ဗုဒ္ဓဘာသာဖြစ်၊ တရားဓမ္မတွေကျင့်ကြံပွားများနေထိုင်တဲ့သူတွေချည်းပဲဖြစ်စေချင်တာပေါ့.. ဒေါ်စုကို အဲဒီလိုဖြစ်အောင်လည်းလုပ်ပေးစေချင်တယ်.. ဒါပေမဲ့ ဒေါ်စုက နိုင်ငံသားအားလုံးကို ဘယ်ဘာသာဝင်ဖြစ်ဖြစ် တန်းတူအခွင့်အရေးရဖို့ ဆောင်ရွက်မယ်ဆိုရင် ၊ ဦးဇင်းက ဒေါ်စုမှားတယ်လို့ဝေဖန်မှာပေါ့.. ဒါကဦးဇင်းရဲ့ အတ္တနဲ့အမြင်ကိုး..
တကယ်လို့ ဦးဇင်းဖြစ်စေချင်သလို ဒေါ်စုကလုပ်ပေးမယ်ဆိုရင်လည်း ဒေါ်စုဟာ အဂတိလိုက်စားတဲ့ တရားမမျှတတဲ့ ခေါင်းဆောင်ပဲဖြစ်မှာပဲ..အဲဒီလိုနိုင်ငံ့ခေါင်းဆောင်မျိုး မလိုချင်ဘူး..

ဒေါ်စုရဲ့လုပ်ရပ်တွေ၊ အပြောတွေမှာ မှားတာရှာပြီး ဝေဖန်ထောက်ပြချင်တယ် ဒါပေမယ့်နိုင်ငံရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်နေရာကနေ ဝင်ပြီးကြည့်လိုက်ရင် အပြစ်ပြောစရာရှာမတွေ့တော့ဘူး.. ဘာသာရေး၊ စီးပွားရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ လှမ်းကြည့်ဝေဖန်မယ် ဆိုရင်တော့ဝေဖန်စရာတွေရှိပါတယ်.. ဒါပေမယ့်သူဟာ စီးပွားရေးသမားတစ်ယောက်မဟုတ်သလို၊ သီလရှင်တစ်ပါးလည်းမဟုတ်ဘူးလေ..

ဦးဇင်းမဝေဖန်တာက ဒါတွေကြောင့်ပါဒကာ.. နိုင်ငံ့အရေးအနေနဲ့ တိုင်းပြည်အပေါ်မြင်တဲ့အမြင်မှာ ဒေါ်စုထက်သာတဲ့နေ့ ဝေဖန်ဖြစ်လောက်ပါတယ်...။

AshinUttama

အပျင်းပြေ game လေးတခုကစားကြရအောင်Sales      နဲ့       Marketing ဘာကွာသလဲဆိုတာကိုယ်သိသလောက်လေး comment မှာ ရေးတဲ့ game အစ...
20/04/2020

အပျင်းပြေ game လေးတခုကစားကြရအောင်
Sales နဲ့ Marketing ဘာကွာသလဲဆိုတာ
ကိုယ်သိသလောက်လေး comment မှာ ရေးတဲ့ game အစီအစဥ်လေးပေါ့
ဒီလို game လေးကို ဝင်ရောက်ကစားခြင်းကြောင့်
ကိုယ်သိထားတာလေးတွေ တခြားသူတွေကို Knowledge Sharing လုပ်ပြီးသားဖြစ်သလို
တခြားသူတွေသိထားတဲ့ အချက်လေးတွေကိုလဲ မှတ်သားထားလို့ရတာပေါ့
ဘာပဲပြောပြော အားလုံးအတွက်​ အပျင်းလဲပြေ
အကျိုးလဲရှိစေတဲ့ အစီစဥ်လေးဆိုတော့ ကဲစလိုက်ကြစို့

မင်မင်ကအရင်ဆုံး first comment မှာနည်းနည်းစရေးလိုက်မယ်
ကဲ....... ကျန်တဲ့သူများကရော????????

ပုံတွေမှပေးသော သင်ခန်းစာပထမပုံကို ကြည့်မယ်ဆိုရင်ယခုလက်တလော ခေတ်စားနေတဲ့ covid 19 ရောဂါးပိုးဟာ လူနာအမှတ် 24 ကနေ ဆင့်ပွားက...
15/04/2020

ပုံတွေမှပေးသော သင်ခန်းစာ

ပထမပုံကို ကြည့်မယ်ဆိုရင်
ယခုလက်တလော ခေတ်စားနေတဲ့ covid 19 ရောဂါးပိုးဟာ လူနာအမှတ် 24 ကနေ ဆင့်ပွားကူးဆက်သွားတာပါ

ဒုတိယပုံကို ကြည့်မယ်ဆိုရင်
လွန်ခဲ့တဲ့နှစ်များဆီက MLM(multi level marketing) တွေအလွန်ခေတ်ထခဲ့တဲ့အချိန်က လူတွေဆင့်ပွားမဲဆွယ်
တာလေးကို ပြေးမြင်မိပါတယ်
MLM စနစ်ကြောင့် လူပေါင်းများစွာ နစ်နာမှုတွေရှိတယ်လို့ ယူဆကြပြီး Anti-MLM group တွေပေါထွက်လာကြတာ အားလုံးအသိပါ
ဒီ MLM စနစ်ဆိုးကြီးကို ဆရာဇင်ဇေလွင် ဦးဆောင်ပြီး အနိုင်တိုက်ထုတ်ခဲ့သလိုပဲ

ဒီ Covid 19 ဆိုတဲ့ ရောဂါဆိုးကြီရဲ့ ခြိမ်းခြောက်ခြင်းခံနေရသော ကျနော်တို့ မိဘပြည်သူများရဲ အသက်အိုးအိမ် စည်းစိမ်များကို ဝိိုင်းဝန်းထိန်းသိမ်းကြရမှာ အမှန်ပဲဖြစ်ပါတယ်။ တချို့သူတွေ အသက်ကိုပင်ပေးလိုက်ရပါပီ

ဒါ့ကြောင့် ဒီ ရောဂါဆိုးကြီးကို အနိုင်တိုက်ထုတ်ဖို့အတွက် မိဘပြည်သူများအားလုံး
🏠 Stay Home နေပေးကြပါ
😷 မဖြစ်မနေအိမ်အပြင်ထွက်မယ်ဆိုရင်Maskတပ်ကြပါ
🤚 အခုခု ကိုင်တွယ်ပြီးတိုင်း လက်ဆေးကြပါ
Be safe
Be healthy
Be happy

Only my opinion
Crd - 7DAY(tv) & ဆရာဇင်ဇေလွင်

Corona ပိုးအကြောင်းသေချာစွာနားလည်ထားဖို့လိုပြီ
15/04/2020

Corona ပိုးအကြောင်းသေချာစွာနားလည်ထားဖို့လိုပြီ

ဆားရည်နဲ့ ကိုရိုနာပိုးသတ်ကြမယ် …. နှင့်ပေါက်ကရများ ရှင်းတမ်း ကိုရိုနာပိုးကို ကလေးအတွေးနဲ့ တွေးကြည့်ရင် ပြု...

ဒီလိုပဲဖစ်ရမယ်လေ😁
15/04/2020

ဒီလိုပဲဖစ်ရမယ်လေ😁

အကြောင်းမရှိအကြောင်းရှာ အပြင်ထွက်နေတဲ့ ယောင်္ကျားကို မိန်းမဖြစ်သူက ဒဏ်ပေးတဲ့ ဗီဒီယို ရုပ်/သံ April 14, 2020 admin News 0 ဖြ.....

14/04/2020
14/04/2020

နာမည်ကျော် မင်းသားကြီး ရှာရွတ်ခန်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနဲ့Maharashtra Chief Minister တို့ဟာ Covid 19 ပြန်လည် ထူထောင်.....

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Shwe Job Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share