Target One Academy / 就労活動サポート

Target One Academy / 就労活動サポート Japanese language center

ဂျပန်နိုင်ငံရဲ့ တူ(Hashi) ယဉ်ကျေးမှုဟာတခြားအာရှနိုင်ငံတွေနဲ့မတူဘဲအရမ်းကိူထူးခြားပါတယ်ဂျပန်မှာတူကိူစနစ်တကျမသုံးရင် မယဉ်ကျ...
19/07/2026

ဂျပန်နိုင်ငံရဲ့ တူ(Hashi) ယဉ်ကျေးမှုဟာတခြားအာရှနိုင်ငံတွေနဲ့မတူဘဲအရမ်းကိူထူးခြားပါတယ်
ဂျပန်မှာတူကိူစနစ်တကျမသုံးရင် မယဉ်ကျေးရာရောက်ရုံတင်မကဘဲ နာရေးကိစ္စတွေနဲ့လည်းဆက်စပ်ပါတယ်
ထမင်းပန်ကန်ထဲ တူကိုဒေါင်လိုက်စိုက်ထားတာဟာ နားရေးအခမ်းအနားမှာကွယ်လွန်သူအတွက် ဆွမ်းကပ်တဲ့အခါမျိူးမှာ လုပ်တာမလို့ အိမ်မှာ(သို့)စားသောက်ဆိုင်မှာလုံးဝမလုပ်သင့်ပါဘူး
ပြီးတော့ တူရဲ့အဖျားမှာကပ်နေတဲ့ ဆန်စေ့ သို့မဟူတ် ဟင်းရည်တွေကိုလျှာနဲ့ရက်တာ၊စုပ်တာမျိူးဟာ အလွန်ရိုင်းပြတဲ့အပြုအမူဖြစ်ပါတယ်

တူနဲ့ ဟင်းပန်းကန်လှမ်းဆွဲခြင်း၊ လူကို ညွှန်ပြခြင်း: ဒါတွေကလည်း ဂျပန်ထမင်းဝိုင်းမှာ အထူးရှောင်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်

ဒါကြောင့် ဂျပန်စာလေ့လာနေသူတွေပဲဖြစ်ဖြစ်၊ ဂျပန်ကို အလည်သွားဖို့ ရှိသူတွေပဲဖြစ်ဖြစ် ဒီအချက်လေးတွေကို သတိပြုနိုင်ကြပါစေနော်

"အာဇာနည်ဆိုတာ... သမိုင်းစာအုပ်ထဲမှာတင် ကျန်ရစ်ခဲ့တဲ့ နာမည်တွေ မဟုတ်ပါဘူး။"ဇူလိုင် ၁၉ ရောက်တိုင်းခေါင်းဆောင်ကြီးတွေကို အေ...
19/07/2026

"အာဇာနည်ဆိုတာ... သမိုင်းစာအုပ်ထဲမှာတင် ကျန်ရစ်ခဲ့တဲ့ နာမည်တွေ မဟုတ်ပါဘူး။"

ဇူလိုင် ၁၉ ရောက်တိုင်းခေါင်းဆောင်ကြီးတွေကို အောက်မေ့သတိရကြတယ်။ ဝမ်းနည်းကြေကွဲကြတယ်။ ဒါပေမဲ့ သူတို့ မျှော်မှန်းခဲ့တဲ့ အချင်းချင်းရိုင်းပင်းကူညီပြီး တိုးတက်တဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်လာဖို့ဆိုရင် ကျွန်မတို့ နှောင်းလူငယ်တွေရဲ့ စိတ်ဓာတ်ကလည်း အရေးကြီးပါတယ်။

အာဇာနည်စိတ်ဓာတ်ဆိုတာ ကိုယ့်အတ္တထက် အများအကျိုးကို ငဲ့ညှာတာ၊ ကိုယ့်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်တာပါပဲ။ နေ့စဉ်ဘဝမှာ မိဘစကားနားထောင်ပြီး ပညာကို ကြိုးစားသင်ယူနေတဲ့သူ၊ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသားနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေတဲ့သူ၊ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ကူညီနေတဲ့သူတိုင်းဟာလည်း တစ်နည်းအားဖြင့် ကိုယ့်နေရာလေးရဲ့ အာဇာနည်တွေပါပဲ။

ခေါင်းဆောင်ကြီးတွေ ပေးဆပ်ခဲ့တာတွေအတွက် အကောင်းဆုံး ကျေးဇူးဆပ်ခြင်းကတော့... ကျွန်မတို့လည်း ကိုယ့်ကဏ္ဍအသီးသီးကနေ လူတော်လူကောင်းတွေဖြစ်အောင် အကောင်းဆုံး ကြိုးစားရှင်သန်နေထိုင်ခြင်းပါပဲ။

(၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား လေးနက်စွာ ဂါရဝပြုလျက်... 🖤

18/07/2026

ဆိုင်လို (Silo) တပ်ဆင်ရေး / Plant Engineer ဂျပန်ပြည်တွင်း

• အဓိကရုံး – Aichi ပြည်နယ်၊ Nagoya မြို့၊ Nakagawa Ward
• Kanto ရုံး – Saitama ပြည်နယ်၊ Misato မြို့
လစာ
• တစ်လ ယန်း 225,*** မှ ယန်း37*,*** (အတွေ့အကြုံပေါ်မူတည်)

အလုပ်အမျိုးအစား
1. Plant Engineer
2. Silo တပ်ဆင်ရေး
3. Electrical Engineer (လျှပ်စစ်အင်ဂျင်နီယာ)

အလုပ်တာဝန်
• Cement Plant နှင့် Ready-mix Concrete Plant စက်များ တပ်ဆင်ခြင်း
• Silo များ တပ်ဆင်ခြင်း
• စက်ပြုပြင်ထိန်းသိမ်းခြင်း (Maintenance)
• Welding နှင့် Assembly
• လျှပ်စစ်ဝိုင်ယာကြိုးတပ်ဆင်ခြင်း

လိုအပ်ချက်
• အသက်မကန့်သတ်
• ကျား/မ မရွေး
• ပညာအရည်အချင်း မကန့်သတ်
• အတွေ့အကြုံမရှိသူလည်း လျှောက်ထားနိုင်
• အတွေ့အကြုံရှိသူကို ဦးစားပေး
• စက်ပစ္စည်းများကို စိတ်ဝင်စားသူ
• နည်းပညာသင်ယူလိုသူ

အလုပ်ခန့်အပ်မှု
• အမြဲတမ်းဝန်ထမ်း (正社員)
• စမ်းသပ်ကာလ ၃ လ

အလုပ်ချိန်
• မနက် 8:00 မှ ညနေ 5:00
• တစ်နေ့ 8 နာရီ
• နားချိန် 1 နာရီ
• လစဉ် အချိန်ပို ပျမ်းမျှ 15 နာရီ

ပိတ်ရက်
• တစ်နှစ် 120 ရက်
• စနေ၊ တနင်္ဂနွေ ပိတ်
• အလုပ်လိုအပ်ပါက စနေ၊ တနင်္ဂနွေတွင် အလုပ်လုပ်ရပြီး အစားထိုးနားရက် ရရှိမည်
• New Year ပိတ်ရက်
• Summer Vacation
• Paid Leave
• မီးဖွားခွင့်
• ကလေးပြုစုခွင့်
• မိသားစုစောင့်ရှောက်ခွင့်

လစာအပြင် ရရှိမည့်အကျိုးခံစားခွင့်
• အသက်မွေးဝမ်းကျောင်းစရိတ် ¥1x,###/လ
• သွားလာစရိတ် ¥3x,###/လ အထိ
• အိမ်ငှားထောက်ပံ့ကြေး (စည်းကမ်းနှင့်အညီ)
• အိမ်ထောင်ဖက်ထောက်ပံ့ကြေး ¥2x,###/လ
• ကလေးတစ်ဦးလျှင် ¥8,###/လ
• အစားအသောက်ထောက်ပံ့ကြေး
• ခရီးထွက်အလုပ်အတွက် နေထိုင်စရိတ်
• အချိန်ပိုကြေး

Bonus / လစာတိုး
• လစာတိုး – တစ်နှစ်တစ်ကြိမ် (မေလ)
• Bonus – တစ်နှစ်နှစ်ကြိမ် (ဇွန်၊ ဒီဇင်ဘာ)
• ကုမ္ပဏီအမြတ်ပေါ်မူတည်၍ အပို Bonus ရနိုင်

အာမခံ
• ကျန်းမာရေးအာမခံ
• အလုပ်လက်မဲ့အာမခံ
• အလုပ်ထိခိုက်မှုအာမခံ
• Pension (厚生年金)

ဝန်ထမ်း福利
• နှစ်စဉ် Company Trip
• Gero (Gifu) အပန်းဖြေစခန်း အခမဲ့အသုံးပြုနိုင်
• Resort Trust အဖွဲ့ဝင်အပန်းဖြေစခန်း အသုံးပြုနိုင်
• အနည်းဆုံး 3 နှစ် 1 လ လုပ်ပြီးပါက Retirement Money ရရှိမည်

သင်တန်း
အတွေ့အကြုံမရှိသူများကိုလည်း
• Welding
• စက်တပ်ဆင်ခြင်း
• Assembly
• လက်တွေ့လုပ်ငန်းခွင်သင်တန်း
• Senior ဝန်ထမ်းတစ်ဦးက Buddy အဖြစ် လေ့ကျင့်ပေးမည်။

လျှောက်ထားရန်
• ကိုယ်ရေးရာဇဝင် (履歴書)
• Web Site မှ
• Company Website မှ
• ဖုန်းဖြင့် ဆက်သွယ်နိုင်

ရွေးချယ်မှုအဆင့်
1. စာရွက်စာတမ်းစစ်ဆေးခြင်း
2. ၃ ရက် Internship
3. လူတွေ့အင်တာဗျူး

ခန့်အပ်မည့်ဦးရေ
5 ယောက်
ဒီအလုပ်က ဘယ်သူတွေအတွက်သင့်တော်လဲ?
• Tokutei Ginou (SSW) စက်မှု၊ ဆောက်လုပ်ရေး၊ စက်တပ်ဆင်ရေးအလုပ်များကို စိတ်ဝင်စားသူများ
• Welding၊ Maintenance၊ Machinery Installation လုပ်ဖူးသူများ
• ဂျပန်နိုင်ငံတွင် ရေရှည်အလုပ်လုပ်လိုသူများ
• အတွေ့အကြုံမရှိသေးသော်လည်း နည်းပညာသင်ယူလိုသူများ
ယေဘုယျအားဖြင့် တည်ငြိမ်သောကုမ္ပဏီ၊ အကျိုးခံစားခွင့်ကောင်း၊ သင်တန်းစနစ်ကောင်း၊ အလုပ်အကိုင်ရေရှည်အခွင့်အလမ်းရှိသော အလုပ်ဖြစ်သည်။

လျှောက်ထားလိုသူများ Target One Academy Messenger သို့လာရောလျှောက်ထားနိုင်ပါသည်

👷‍♂️ ဂျပန်မှာ ဆောက်လုပ်ရေး (Tokutei) ဗီဇာနဲ့ အလုပ်လုပ်ဖို့ စဉ်းစားနေတာလား? 👷‍♂️ဝင်ငွေကောင်းပြီး အလုပ်အကိုင်အခိုင်အမာရရှိ...
18/07/2026

👷‍♂️ ဂျပန်မှာ ဆောက်လုပ်ရေး (Tokutei) ဗီဇာနဲ့ အလုပ်လုပ်ဖို့ စဉ်းစားနေတာလား? 👷‍♂️

ဝင်ငွေကောင်းပြီး အလုပ်အကိုင်အခိုင်အမာရရှိနိုင်မယ့် ဂျပန်နိုင်ငံက Tokutei Construction အလုပ်သစ်လေး ထပ်ရောက်ထားပါတယ်။ လူဦးရေ (30) ယောက်တိတိ ခေါ်ယူသွားမှာဖြစ်လို့ အမြန်ဆုံး ကြိုတင်စာရင်းပေးသွင်းဖို့တော့ လိုအပ်ပါမယ်။

✅ ဘာတွေရရှိနိုင်မလဲ?
- လစာအနေနဲ့ တစ်လကို ယန်း 2**,*** ဝန်းကျင်အထိ ရရှိနိုင်မယ့် အခွင့်အရေး 💰
- အလုပ်သွားလုပ်ရမယ့် နေရာဒေသတွေကတော့ ကွဲပြားနိုင်ပေမယ့်၊ မသွားခင်မှာ မိမိအလုပ်လုပ်ရမယ့်နေရာနဲ့ ပတ်သက်ပြီး သေချာနားလည်အောင် Orientation ကို စနစ်တကျ လုပ်ပေးသွားမှာဖြစ်လို့ လုံးဝ စိတ်ပူစရာမလိုပါဘူး။ 💯

✅ လျှောက်ထားရန် လိုအပ်ချက်များ:
- Tokutei (ဆောက်လုပ်ရေး) အောင်လက်မှတ်နှင့် ဂျပန်စာအရည်အချင်း (N4 Passed) ထားသူ ဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး စည်းကမ်းရှိစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ရမည်။

အလုပ်နဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်သိချင်တာလေးတွေရှိရင် Target One Academy Page Messenger (သို့မဟုတ်) Ph နံပါတ်ဖြစ်တဲ့ 09 944 944 413 ကို အခုပဲ CV Form လာတင်ထားလိုက်တော့နော်...

LANGUAGE SCHOOL JANUARY INTAKE ကိုအောင်မြင်သွားတဲ့ သမီးလေးကိုおめでとうございます!🎓🌸ဒီကနေစပြီး Japan Life အသစ်တစ်ခု စတင်တော့မယ်နော...
17/07/2026

LANGUAGE SCHOOL JANUARY INTAKE ကို
အောင်မြင်သွားတဲ့ သမီးလေးကို
おめでとうございます!🎓🌸

ဒီကနေစပြီး Japan Life အသစ်တစ်ခု စတင်တော့မယ်နော် ✨
အနာဂတ်အတွက် အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေ လို့ Target One Academy မိသားစုကနေဆုတောင်းပေးလိုက်ပါတယ်🙏

「ご馳走様でした (Gochisousama desh*ta)」၏ အဓိပ္ပာယ်နှင့် ယဉ်ကျေးမှုတန်ဖိုး 🇯🇵🍱ご馳走様でした (Gochisousama desh*ta) ဆိုသည်မှာ ထမင်းစားပ...
17/07/2026

「ご馳走様でした (Gochisousama desh*ta)」၏ အဓိပ္ပာယ်နှင့် ယဉ်ကျေးမှုတန်ဖိုး 🇯🇵🍱
ご馳走様でした (Gochisousama desh*ta) ဆိုသည်မှာ ထမင်းစားပြီးနောက် ပြောသော ယဉ်ကျေးသော ဂျပန်စကားဖြစ်ပြီး “စားလို့ပြီးပါပြီ၊ ကျေးဇူးတင်ပါတယ်” ဟု အဓိပ္ပာယ်ရပါသည်။ 🙏🍚

🐎 ဝေါဟာရ၏ အစပြုပုံ (Etymology)
"Chisou" (馳走) ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ "မြင်းစီးပြီး အပြင်းအထန် ပြေးလွှားခြင်း" ဖြစ်သည်။ 💨 ရှေးခေတ်ကာလများတွင် ဧည့်သည်တစ်ဦးအတွက် အစားအသောက် ပြင်ဆင်ရန် အိမ်ရှင်ဖြစ်သူက အဝေးတစ်နေရာအထိ မြင်းစီး၍ အကောင်းဆုံးဟင်းလျာများကို ပင်ပင်ပန်းပန်း ရှာဖွေခဲ့ရသည့် "စေတနာနှင့် ကြိုးပမ်းမှု" ကို အသိအမှတ်ပြုရာမှ စတင်ခဲ့ခြင်းဖြစ်သည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။ 📜🏇

❤️ ကျယ်ပြန့်သော ကျေးဇူးတရား (The Spirit of Gratitude)
ဤစကားလုံးသည် ချက်ပြုတ်ပေးသူတစ်ဦးတည်းကိုသာ ရည်ညွှန်းသည်မဟုတ်ဘဲ -

စိုက်ပျိုးထုတ်လုပ်ပေးသည့် တောင်သူများနှင့် တံငါသည်များ၊ 👨‍🌾🎣
သယ်ယူပို့ဆောင်ပေးသူများ၊ 🚚📦
မိမိတို့အသက်ရှင်ရန် အာဟာရအဖြစ် ပေးဆပ်သွားခဲ့သော အပင်နှင့် တိရစ္ဆာန်များ၏ အသက် (Life) အားလုံးကိုပါ ခြုံငုံ၍ ကျေးဇူးတင်ခြင်း ဖြစ်ပါသည်။ 🌱🐂🐟
🥢 လူမှုဆက်ဆံရေး ယဉ်ကျေးမှု (Social Etiquette)
ဂျပန်နိုင်ငံတွင် အိမ်၌ဖြစ်စေ၊ စားသောက်ဆိုင်များ၌ဖြစ်စေ စားသောက်ပြီးသည့်အခါ "Gochisousama desh*ta" ဟု ပြောဆိုခြင်းမှာ အလွန်ယဉ်ကျေးသော အပြုအမူဖြစ်သည်။ ✨ ဆိုင်မှ ထွက်ခွာချိန်တွင် ငွေရှင်းကောင်တာ သို့မဟုတ် ဝန်ထမ်းများကို ဤသို့ပြောဆိုနှုတ်ဆက်ခြင်းဖြင့် စားဖိုမှူးနှင့် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကို အလေးအမြတ်ပြုရာရောက်ပါသည်။ 👨‍🍳💬

💡 နိဂုံး
「ご馳走様でした」 သည် စားသောက်ခြင်းအပေါ်သာမက ထိုအစားအသောက်နောက်ကွယ်ရှိ လူသားအင်အားနှင့် သဘာဝအရင်းအမြစ်များအားလုံးအပေါ် အလေးထားလေးစားမှုနှင့် ကျေးဇူးတင်မှုကို ဖော်ပြသည့် ယဉ်ကျေးမှုတန်ဖိုးမြင့် စကားလုံးတစ်ခု ဖြစ်ပါသည်။ 🌏🌿🙏

🌟ဂျပန်နိုင်ငံသို့ Language School ဖြင့် သွားရောက်မည့်သူများအတွက် စနစ်တကျ ပြင်ဆင်မှု လမ်းညွှန် (Free Webinar)🌟ဂျပန်နိုင်င...
16/07/2026

🌟ဂျပန်နိုင်ငံသို့ Language School ဖြင့် သွားရောက်မည့်သူများအတွက် စနစ်တကျ ပြင်ဆင်မှု လမ်းညွှန် (Free Webinar)🌟

ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ Language School နဲ့ သွားရောက်ခြင်းက အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဗီဇာလျှောက်ထားခြင်းကနေစလို့ ဂျပန်ရောက်တဲ့အခါ ကြုံတွေ့ရမယ့် အတွေ့အကြုံတွေအတွက် ကြိုတင်ပြင်ဆင်မှု မပြည့်စုံပါက အခက်အခဲများစွာ ရှိနိုင်ပါတယ်။

ဒါကြောင့် ဂျပန်သွားဖို့ ရည်မှန်းထားသူတွေ စနစ်တကျ ပြင်ဆင်နိုင်ဖို့အတွက် အစဉ်အမြဲ အားကိုးရတဲ့ Jay Vi Sensei၊ Yamin Sensei နဲ့ May Sensei တို့ သုံးဦး ပူးပေါင်းပြီး ဒီ Webinar ကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Webinar ကနေ ဘာတွေ သိရှိနိုင်မလဲ?

Language Readiness: ဂျပန်မသွားခင် မြန်မာပြည်မှာတင် ဘယ်လောက်အထိ အရည်အချင်း ပြင်ဆင်ထားသင့်လဲ? (စာမေးပွဲအောင်ရုံတင်မကဘဲ အချိန်တိုအတွင်း ဘာသာစကား စွမ်းရည်တိုးတက်အောင် လေ့လာနည်း)
Survival & Part-time Job Preparation: ဂျပန်ရောက်တာနဲ့ အလုပ်အကိုင်နဲ့ နေထိုင်မှု အဆင်ပြေစေဖို့ အရေးကြီးဆုံး လိုအပ်မယ့် "လက်တွေ့သုံး ဂျပန်စာစကားပြော"။
Mental & Cultural Prep: ယဉ်ကျေးမှု မတူညီတဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပုံနှင့် ကျောင်းပြီးရင် ဘာဆက်လုပ်မလဲဆိုတဲ့ Roadmap စဉ်းစားပုံ။
ဒီ Webinar က အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်မယ့်သူတွေအတွက် အမှားနည်းနည်းနဲ့ အောင်မြင်မှုမြန်မြန်ရစေမယ့် လမ်းညွှန်ချက်တစ်ခု ဖြစ်လာမှာပါ။

📅 Date - 25.7.2026
⏰ Time - 6:00PM to 7:30PM
📍 Platform - Zoom (အခမဲ့တက်ရောက်နိုင်ပြီး သတ်မှတ်လူဦးရေပြည့်ပါက စာရင်းပိတ်ပါမည်)
Register Link...
https://forms.gle/bGusZ79voSUBsSn6A

ဂျပန်နိုင်ငံ၊ Mie စီရင်စုရှိ စက်ရုံကြီး (၂) ခုတွင် တာဝန်ထမ်းဆောင်ရန် အမျိုးသားများများ အမြန်အလိုရှိသည်။၁။ Energywith (Na...
15/07/2026

ဂျပန်နိုင်ငံ၊ Mie စီရင်စုရှိ စက်ရုံကြီး (၂) ခုတွင် တာဝန်ထမ်းဆောင်ရန် အမျိုးသားများများ အမြန်အလိုရှိသည်။

၁။ Energywith (Nabari စက်ရုံ)
တည်နေရာ: Mie Prefecture, Nabari City

အင်အား: ကျား (၂၀) ဦး
အရည်အချင်း:
အသက် (၁၈ - ၄၅) နှစ်အတွင်း။
ဂျပန်စာ N3 အဆင့် နှင့်အထက် ရှိရမည်။
အသက် ၃၅ နှစ်အထက်ဖြစ်ပါက စက်ရုံအတွေ့အကြုံရှိရန် လိုအပ်သည်။ (၃၅ အောက် အတွေ့အကြုံမလို)။
ကျန်းမာသန်စွမ်းပြီး ခါးနာရောဂါမရှိသူဖြစ်ရမည်။
အလုပ်ချိန်: ၄ ရက်လုပ် ၂ ရက်နား (နေ့/ည နှစ်ဆိုင်းစနစ်)။
ခံစားခွင့်: အဆောင်ခ အခမဲ့ (ကုမ္ပဏီမှ အပြည့်အဝတာဝန်ယူသည်)။
ထူးခြားချက်: Tattoo ရှိသူများ (ယူနီဖောင်းဖြင့် ဖုံးကွယ်နိုင်ပါက) လျှောက်ထားနိုင်သည်။
၂။ TOYO TIRE (Kuwana စက်ရုံ)
တည်နေရာ: Mie Prefecture, Kuwana City

အင်အား: ကျား (၁၅) ဦး
အရည်အချင်း:
အသက် (၁၈ - ၄၅) နှစ်အတွင်း။
ဂျပန်စာ N3 အဆင့် နှင့်အထက် ရှိရမည်။
ကျန်းမာသန်စွမ်းပြီး ခါးနာရောဂါမရှိသူဖြစ်ရမည်။
လစာနှုန်းထား:
လက်ရှိတစ်နာရီလုပ်အားခ: ¥1,***
၂၀၂၆ ဇွန်လမှစတင်၍: ¥1,*** ထိ တိုးမြှင့်ပေးရန် အစီအစဉ်ရှိသည်။
အလုပ်ချိန်: ၄ ရက်လုပ် ၂ ရက်နား (နေ့/ည နှစ်ဆိုင်းစနစ်)။
ခံစားခွင့်: အဆောင်ခ အခမဲ့ (ကုမ္ပဏီမှ အပြည့်အဝတာဝန်ယူသည်)။
ထူးခြားချက်: Tattoo ရှိသူများ (ယူနီဖောင်းဖြင့် ဖုံးကွယ်နိုင်ပါက) လျှောက်ထားနိုင်သည်။
ဘုံလိုအပ်ချက်နှင့် အခြေအနေများ
Overtime (OT) နှင့် ပိတ်ရက်အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
နှစ်နေရာလုံးအတွက် ချက်ချင်း အလုပ်ဝင်နိုင်သူများကို ဦးစားပေးမည်။

📍For More Inquiries
📱09 944 944 413

15/07/2026

【Work Visa】စကားပြန်အလုပ်ခေါ်စာ
မြန်မာပြည်မှလျှောက်ထားနိုင်သည်။

🌟 ဒီအလုပ်ရဲ့ အဓိကထူးခြားချက်နဲ့ အားသာချက်များ
✈️လေယာဉ်လက်မှတ် -အခမဲ့
🏠 အဆောင် - အခမဲ့
💰 လစာ -၁၇သောင်း မှ ၂၅သောင်းထိ
ℹ️အတွေ့အကြုံ - မလို
⭐️ဘောနပ်စ် - တစ်နှစ်/၂ကြိမ်ရှိ
⚡️လစာတိုး - ရှိ

🌟 လိုအပ်သောအရည်အချင်း
📚ပညာအရည်အချင်း - ဘွဲ့ရ
🇯🇵ဂျပန်စာ - N2

📝 အလုပ်အချက်အလက်များ
ဗီဇာအမျိုးအစား: 技術・人文知識・国際業務 (技人国)
လုပ်ငန်းတာဝန်: နိုင်ငံခြားသားအလုပ်အကိုင် မိတ်ဆက်ပေးခြင်း၊ နေထိုင်မှုဘဝ ပံ့ပိုးကူညီခြင်းနှင့် ဂျပန်စာသင်ကြားပြသပေးခြင်း (အပြင်ထွက်လုပ်ငန်းနှင့် လုပ်ငန်းခွင် တွေ့ဆုံမှုများ ရှိပါမည်)
လုပ်ငန်းခွင်: 兵庫県 神戸市 (Hyogo Prefecture, Kobe)
လစာနှုန်းထား: ၁၇.၈ သောင်း မှ ၂၅ သိန်း ယန်း (စွမ်းဆောင်ရည်အပေါ်မူတည်၍ လစာတိုးခြင်းနှင့် Bonus ရှိသည်)
အလုပ်ချိန်: 9:00 - 18:00 (ရက်သတ္တပတ် ၂ ရက်ပိတ်)

လျှောက်ထားရန် CBမှတစ်တင့်လျှောက်ထားနိုင်သလို
Viber: 09 944 944 413 သို့ဆက်သွယ်၍လဲ လျှောက်ထားနိုင်ပါသည်။

"ကလေးတွေရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုတောက်ပလာစေဖို့..." 🇯🇵✨ဒီနေ့မှာတော့ ဆန်းဆေးတို့ Target One Academy သို...
15/07/2026

"ကလေးတွေရဲ့ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုတောက်ပလာစေဖို့..." 🇯🇵✨

ဒီနေ့မှာတော့ ဆန်းဆေးတို့ Target One Academy သို့ ဂျပန်နိုင်ငံမှ Japan Supporting Company က တာဝန်ရှိသူများ လာရောက်လည်ပတ်ပြီး ကျောင်းရဲ့ သင်ကြားမှုစနစ်နဲ့ ကလေးတွေရဲ့ အရည်အသွေးတွေကို စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။

ဒီလို လာရောက်စစ်ဆေးခြင်းဟာ ကျောင်းသား/သူတွေအတွက် ဂျပန်နိုင်ငံမှာ ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ခိုင်မာတဲ့ လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။ ဂျပန်စံချိန်စံညွှန်းနဲ့အညီ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေဖြစ်လာစေဖို့ ဆန်းဆေးတို့ကျောင်းဘက်ကလည်း အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

လာရောက်ကြည့်ရှုစစ်ဆေးပေးတဲ့ Japan Supporting Company မှ တာဝန်ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကလေးတို့ရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာဖို့ ကျွန်တော်တို့ အတူတူ ကြိုးစားသွားကြပါမယ်။ ❤️

Address

The Unique Condo, No(79), 2nd Floor, Room No(2F), Zayar Thiri Street
Kamayut

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00

Telephone

+959944944413

Alerts

Be the first to know and let us send you an email when Target One Academy / 就労活動サポート posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Target One Academy / 就労活動サポート:

Shortcuts

Share

Category