EPS KOREA

EPS KOREA Korea www.hrd Korea.com

မိနစ်ပိုင်းအတွင်း won ၁သိန်းရချင်ရင် ဒီလင့်ကလေ ဝင်အကောင့်ဖွင့်ပီး ဘောလုံးဝင်ကန်ပါ တကယ်ရပါတယ် ...  TikTok Lite에서 저와 함께하세요...
28/12/2025

မိနစ်ပိုင်းအတွင်း won ၁သိန်းရချင်ရင် ဒီလင့်ကလေ ဝင်အကောင့်ဖွင့်ပီး ဘောလုံးဝင်ကန်ပါ တကယ်ရပါတယ် ...

TikTok Lite에서 저와 함께하세요!

기간 한정 이벤트 히트 챌린지에 참여하고 최대 ₩100,777의 리워드를 획득하세요. https://lite.tiktok.com/t/ZSHKtbHhVACeD-q5Qmz/ TikTok Lite에서 저와 함께하세요!

기간 한정 이벤트 히트 챌린지에 참여하고 최대 ₩100,777의 리워드를 획득하세요.
https://lite.tiktok.com/t/ZSHKtbHhVACeD-q5Qmz/

풍성한 리워드가 소진되기 전에 지금 바로 받아가세요!

29/11/2025
Fighting bro....အရာရာဟာ ကံတရားပဲ...
22/10/2024

Fighting bro....
အရာရာဟာ ကံတရားပဲ...

 #၂၀၂၄ခုနှစ်ရဲ့၄ကြိမ်မြောက်ကိုရီးယားကောလင်း #အားလုံးပါကြပါစေ
28/09/2024

#၂၀၂၄ခုနှစ်ရဲ့၄ကြိမ်မြောက်ကိုရီးယားကောလင်း
#အားလုံးပါကြပါစေ

 # အလုပ်ဖောင်(Job Application Form) တင်ပြီးချိန် အဆင့်ဖြစ်တည်မှုနှင့် သူဌေးများ၏ လုပ်သားခေါ်ယူမှု့ပုံစံ  #*EPS စာမေးပွဲက...
26/09/2024

# အလုပ်ဖောင်(Job Application Form) တင်ပြီးချိန် အဆင့်ဖြစ်တည်မှုနှင့် သူဌေးများ၏ လုပ်သားခေါ်ယူမှု့ပုံစံ #

*EPS စာမေးပွဲကြီးတခုလုံးအောင်မြင်ပြီးအလုပ်ဖောင်တင်ပြီး အဆင့်ဖြစ်တည်မှု့ကို သိလိုသူများအတွက်ကတော့ ကို့ယ့်မှာ ID အကောင့် ရှိရမှာဖြစ်ပြီး မရှိသူများအတွက်ကတော့ www.eps.go.kr မှာ ခုံနံပါတ် ပတ်စ်ပို့ နံပါတ်တို့နှင့်သွားဖွင့်ရမှာပဲဖြစ်ပါတယ် *
*များသောအားဖြင့်ကတော့ အောင်စာရင်းကြည့်ကတည်းက အကောင့်ဖွင့်ပြီး ကြည့်ကြတာဖြစ်တဲ့အတွက် ID နဲ့ PW ကို သေချာမှတ်သားထားရန် ကျွန်တော်သတိပေးခဲ့ဖူးပါတယ်ခင်ဗျာ *

အဆင့်ကြည့်ရန် အဆင့်ဆင့်
**********************
*ခုအဆင့်ကြည့်ရာမှာလဲ ID နဲ့ PW ကိုအသုံးပြုပြီး LOGIN ကိုနှိပ်ရပါတယ် ခင်ဗျာ *
*အကောင့်ထဲ ဝင်သွားရင်တော့ အဲဒီ ID နဲ့ PW ရဲ့အောက်မှာ ရှိတဲ့ (မြန်မာလို)
လူဝင်မှု့ကြီးကြပ်ရေးဆိုင်ရာ တိုးတတ်မှုအမြင်
(အင်္ဂလိပ်လို) View Immigration progress ဆိုတဲ့စာသားကို နှိပ်လိုက်တာနဲ့ အဆင့်ကြည့်ရမယ့် ဇယားကျလာပါမယ်ခင်ဗျာ .(ပုံမှာစာသားကို အစိမ်းနဲ့ ဝိုင်းပြထားပါတယ်)

* အဆင့်တတ်ဖို့က Job Form တင်ပြီး တပတ်လောက်ကြာတတ်ပြီး စတတ်ပြီဆိုရင်လဲ အဆင့် 1 ,2 ကတခါထဲတက်တတ်ပါတယ်ခင်ဗျာ *

*အဆင့်(1)ဆိုတာ နာမည် ရဲ့ အောက်က PASS လို့ပြထားပြီး ဘေးမှာ စာမေးပွဲအောင်တဲ့ DAY DATE ပါပါတယ်*

*အဆင့်(2)ကတော့ SEND ဖြစ်ပါတယ် ၊ မြန်မာနိုင်ငံကနေ JOB FORM ကို SCAN ဖတ်ပြီး ပို့လိုကိပါပြီ *

*အဆင့်(3)ကတော့ APPROVAl ဖြစ်ပါတယ် ၊ မြန်မာနိုင်ငံက ပို့လိုက်တဲ့ ပြည့်ပြည့်စုံစုံဖောင်တွေကို ကိုရီးယားကလက်ခံလိုက်ပါပြီ ၊(မပြည့်မစုံပဲ ဟိုဟာကျန် ဒီဟာကျန်ဆို RETURN နဲ့ပြန်လာပါမယ်ခင်ဗျာ )APPROVAL (အဆင့်(3))ဖြစ်သွားတဲ့သူတွေကတော့ CALLING စမျှော်လို့ရပါပြီခင်ဗျာ ၊
APPROVAL ဖြစ်ပြီဆိုတာနဲ့ ဘေးမှာခေါ်ယူခွင့်သက်တမ်းပါတခါထဲပါလာပါမယ်ခင်ဗျာ *

အဆင့်(4)ကတော့ အလုပ်မိတ်ဆက်ပေးတာဖြစ်ပါတယ် ခေါ်ယူမည့် သူဌေးနဲ့ လုပ်သားကို HRDကမိတ်ဆက်ပေးတာဖြစ်ပြီး သူဌေးက လုပ်သားကို ကြိုက်ပါက အဆင့်(5)ကိုတတ်ပါတယ် . အဆင့်(4)မှာ သူဌေးမရွေးချယ်ပါက အဆင့်(3)ကိုပြန်ရောက်ပါတယ်.

* အဆင့်(5)ကတော့ ISSUED ဖြစ်ပါတယ် ၊ သူဌေးက သူခေါ်မယ့်သူကိုစတင်ရွေးလိုက်ပါပြီ ၊ (သူဌေးကရွေးရုံတင်ရွေးပြီး ၊ စာချုပ်မပို့သေးသရွေ့ အဆင့် ၅ ၊၆ မတတ်ပါဘူးခင်ဗျာ ၊ တခါတလေ ရွေးထားပြီးမခေါ်တော့ပဲ အဆင့်(3)ကိုပြန်ရောက်သွားတတ်ပါတယ်)*

*အဆင့်(6)ကတော့ ရွေးထားပြီးသား သူကိုစာချုပ်ပေးပို့ချင်းပဲဖြစ်ပါတယ် အဲဒီအချိန်မှာပဲ မြန်မာပြည် POEAကနေ CALLING ကြော်ငြာတဲ့ စာရင်းထဲပါလာပါတယ်ခင်ဗျာ *

*အဆင့်(7)ကတော့ POEAမှာ ပေးပို့ထားတဲ့စာချုပ်ကို ချုပ်ဆိုချင်းပဲ ဖြစ်ပါတယ်ခင်ဗျာ .ကိုကအလုပ်ကို မကြိုက်ရင် ငြင်းပြီး စာချုပ်မချုပ်ရင်လဲရပါတယ် (အဲလိုဆိုရင်တော့ အဆင့်(3) ကိုပြန်ရောက်မှာဖြစ်ပြီး နောက်သူဌေးခေါ်တာကိုစောင့်ရပါမယ်) စာချုပ်ချုပ်လိုက်ပြီဆိုရင်တော့ . သူဌေးက ပြည်ဝင်ခွင့်ဗီဇာအတွက် ကိုရီးယား လဝကမှာ ကိုယ့်နာမည်ကို စစ်ဆေးတာ ရဲ မှတ်တမ်းရှိမရှိ ကြွေးကျန်ရှိမိရှိ သူဌေးကစစ်ရပါတော့မယ်ခင်ဗျာ *

*အဆင့်(8)ကတော့ စောစောကသူဌေးစစ်ဆေးတဲ့ ပြစ်ချက်တွေအားလုံးကင်းရှင်းပြီး ကိုရီးယား လဝကက VISA လျောက်ထားခွင့်ကိုပေးလိုက်တာပဲဖြစ်ပါတယ်၊ အဲအချိန်မှာ မြန်မာပြည်ကို CCVI ISSUED အဖြစ် ဝင်လာတာပဲဖြစ်ပါတယ်.
(အဆင့်(8)ရောက်ဖို့ဟာကတော့ CANCEL အမျိုးမျိုးဖြစ်နိုင်ပါတယ် ၊ သူဌေးသေဆုံး ၊စက်ရုံဒေဝါရီခံ ၊ စက်ရုံလုပ်သားလျော့ချ ၊ လုပ်သားဆေးကျ ၊ ကိုရီးယား လဝက မှာ လုပ်သားက ပြစ်မှု (သို့) အကြွေးကျန်တာတွေကြောင့် CANCEL ဖြစ်သွားနိုင်တာတွေပဲဖြစ်ပါတယ်ခင်ဗျာ)
အဆင့်(8)ကိုရောက်ရင်တော့ ရင်တဝက်အေးရပါပြီ *

*အဆင့်(9)ကတော့ ခန့်မှန်းလေယဉ်ဒိတ် ဖြစ်ပါတယ်ခင်ဗျာ CCVIကျပြီးရင် ၂ပတ် ၃ပတိအတွင်းထွက်ရပါတော့မယ် ၊(တခါတလေ ကိုနဲ့ စက်ရုံတူကျသူက ဆေးမအောင်လို့ စောင့်နေရတာနဲ့ ၃ပတ် ၄ပတ်ဖြစ်သွားတတ်ပါတယ်)*

*အဆင့်(10)ကတော့ လေယဉ်ဒိတ် အတည်ကျပါပြီခင်ဗျ ကြိမ်းသေထွက်ပါပြီ (အဲအချိန်မှာပဲ အာမခံ ၁၅သိန်းကို အစိုးရနဲ့ စာချုပ်ချုပ်ရပါတယ်)*

*အဆင့်(11)ကတော့ ကိုရီးယားနိုင်ငံကိုဝင်ရောက်ပြီး သင်တန်း၃ရက်တတ်ပါပြီခင်ဗျာ .
(အဲဒီမှာလဲ ကြောက်ရတာတခုက ရောက်ရောက်ချင်းနေ့မနက်ပဲ ဆေးစစ်ပါတယ် ညနေ ဆေးအောင်လက်မှတ်ရပါတယ်၊ ဆေးကျတာနဲ့ ပြန်ပို့ခံရပါတယ် )။ အဆင့်(10)မှာ CANCEL ဖြစ်သွားတာပေါ့ခင်ဗျာ (များသောအားဖြင့်ဆေးကျသူတွေကတော့ မူးယစ်ဆေး နဲ့ XRAY ဓာတ်မှန် TB SPOT နှင့် VDRL ကာလသားရောဂါကြောင့်ပဲ ဖြစ်ပါတယ်)*

* အဆင့်(12)ကတော့ ဆေးအောင်မြင်ပြီး သင်တန်းတတ်ခါ အလုပ်ခွင်ကိုဝင်ပါပြီခင်ဗျာ အားလုံး COMPLETED ဖြစ်သွားပါပြီခင်ဗျာ *
(အဆင့်ဖြစ်တည်မှု့ကို ပုံ၃တွင်ကြည့်ရန်)

*အဆင့်ဖြစ်တည်မှု့ရဲ့ အရေးအကြီးဆုံးအပိုင်း (CANCEL )အဖြစ်အများဆုံးအဆင့်တွေကတော့ 5,8,11ပဲဖြစ်ပါတယ် ခင်ဗျာ *

* လုပ်သားခေါ်ယူမှုမှာ အမှတ်မလို ၊ ခုံနံပါတ်မလို ၊ ကံတရားသာလိုပါတယ်ခင်ဗျာ
(သူဌေးများက လုပ်သားခေါ်ယူမှုပုံစံ ကိုနောက်နေ့မှာ ဆက်လက်ဖေါ်ပြပေးပါ့မယ်ခင်ဗျာ)

စေတနာဖြင့်
*********

2024ခုနှစ်ရဲ့ ဒုတိယအကြိမ် ကောလင်းကုန်ထုတ်  - 25906 ဦးသင်္ဘောကျင်းလုပ် -1824 ဦးစိုက်မွေး -4955 ဦးဆောက်လုပ် -2056 ဦးဝန်ဆော...
02/04/2024

2024ခုနှစ်ရဲ့ ဒုတိယအကြိမ် ကောလင်း

ကုန်ထုတ် - 25906 ဦး
သင်္ဘောကျင်းလုပ် -1824 ဦး
စိုက်မွေး -4955 ဦး
ဆောက်လုပ် -2056 ဦး
ဝန်ဆောင်မှု -4490 ဦး
ရေလုပ်ငန်း -2849 ဦး

ခေါ်ယူမည့် ရက်များ
ကုန်ထုတ်နဲ့ သင်္ဘောကျင်း လုပ်ငန်းများက
22.5.2024 - 28 .5.2024

ဆောက်လုပ်ရေး၊စိုက်မွေးနှင့်အခြားလုပ်ငန်းများ
29.05.2024 -04.06.2024

အားလုံးအလုပ်ခေါ်စာများ ရကြပါစေ။

16/02/2024

မကြာခင်မှာ Calling တွေ ပြန်စတေ့ာမှာ ဖြစ်လို့ follow and likedလုပ်ထားကြပါ

Korea

14/02/2024

2024 EPS စာမေးပွဲ ကြေညာချက် အနှစ်ချုပ် ရှင်းလင်းချက်

#2024.02.14

၁။ မြန်မာနိုင်ငံအတွက် ယခင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနယ်ပယ် (၃) မျိုးမှ ၊ ယခု ဝန်ဆောင်မှု လုပ်ငန်း (၁) မျိုး ထပ်တိုး၊ စုစုပေါင်းလုပ်ငန်း နယ်ပယ် (၄)မျိုးဖြစ်။

၂။ ယောက်ျားလေးများ လုပ်ငန်း နယ်ပယ် (၄) မျိုးလုံး လျှောက်လို့ရ (သတ်မှတ်ချက်- ယခင်အတိုင်း )

၃။ မိန်းက‌လေးများ ဝန်ဆောင်မှု နယ်ပယ် (၁) မျိုးသာ လျှောက်လို့ရ (သတ်မှတ်ချက်- ၁၀ တန်းအောင်ပြီးသူသာ လျှောက်နိုင် ၊ ၁၀ တန်းအောင် လက်မှတ် ယူထားရန်လိုအပ် )

၄။ လုပ်ငန်းနယ်ပယ် (၄) မျိုးလုံး အတွက် စာမေးပွဲ လျှောက်လွှာ တင်သွင်းရမည့်ရက် - ၃ လပိုင်း ၄ ရက်နေ့မှ ၃ လပိုင်း ၁၀ ရက်နေ့အထိ ( စုစုပေါင်း - ၇ ရက်)

၅။ စာမေးပွဲကို ပထမအဆင့် - Ubiquitous Based Test (UBT ) စနစ်ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ဒုတိယအဆင့် - skills test ပါ စစ်ဆေးမည်။
( UBT - Tablet ၊ Ipad ၊ ဖုန်းကဲ့သို့သော တက်ဘလက်အမျိုးအစား touch screen ဖြင့် ဖြေဆိုသည့်နည်း၊

Skills test - ပင်ထိုးခြင်း၊ ချိန်တွယ်ခြင်း၊ ကွင်းစွပ်ခြင်း၊ တွယ်ဆက်ခြင်း၊ လက်ညှစ်အား၊ ခါးဆွဲအား၊ လက်တွန်းလှည်း၊ အမြင်အာရုံ၊ အင်တာဗျူး၊ ကိုယ်အလေးချိန် ၊ အရပ်အမြင့် တိုင်းတာ/ လုပ်ငန်းနယ်ပယ်အလိုက် ကွဲပြား)

၆။ စာမေးပွဲ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာမည့်ရက် - 17.4.2024
(လျှောက်လွှာများကို စီစစ်ပြီး ဖြေဆိုသူဦးရေပေါ်မူတည်ပြီး အချိန်ဇယားအပြောင်းအလဲရှိနိုင် )

၇။ ဝန်ဆောင်မှု၊ ကုန်ထုတ် လုပ်ငန်း စာမေးပွဲ ဖြေမည့် လျာထားရက် - 24.4.2024 မှ 10.5.2024 ထိ ကာလ ၊
အောင်စာရင်း ထုတ်ပြန်ရန် လျာထားရက် - 17.5.2024

၈။ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး စာမေးပွဲ ဖြေမည့် လျာထားရက် - 20.5.2024 မှ 26.7.2024 ထိ ကာလ၊
အောင်စာရင်း ထုတ်ပြန်ရန် လျာထားရက် - 5.8.2024

၉။ ဒုတိယအဆင့် Skills test အထောက်အထား တင်သွင်းရမည့်ရက်
ကုန်ထုတ် ၊ ဝန်ဆောင်မှု လုပ်ငန်း - 27.5.2024 မှ 31.5.2024 ထိ ကာလ၊
စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း - 7.8.2024 မှ 16.8.2024 ထိ ကာလ၊

၁၀။ ဒုတိယအဆင့် skills test ဖြေဆိုရမည့် နေ့ရက်နဲ့အချိန် ကြေညာမည့်ရက်
ကုန်ထုတ်၊ဝန်ဆောင်မှု လုပ်ငန်း - 4.6.2024
စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း -20.8.2024

၁၁။ ဒုတိယအဆင့် Skills test ဖြေမည့် လျာထားရက်
ကုန်ထုတ်၊ဝန်ဆောင်မှု လုပ်ငန်း - 10.6.2024 မှ 14.6.2024 ထိ ကာလ
စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း -26.8.2024 မှ 13.9.2024 ထိ ကာလ

ပထမအဆင့် စာ‌မေးပွဲ + ဒုတိယအဆင့် Skills test ဖြေပြီး နောက်ဆုံး
၁၂။ အပြီးသတ် အောင်စာရင်း ကြေညာမည့် လျာထားရက်
ကုန်ထုတ်၊ဝန်ဆောင်မှု လုပ်ငန်း - 21.6.2024
စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း -20.9.2024

***(ကုန်ထုတ်၊ဝန်ဆောင်မှု လုပ်ငန်းများအတွက် စာမေးပွဲကို 2024 ခုနှစ် 6 လပိုင်း ကုန်အထိ အပြီးသတ်ရန် လျာထား၊
စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကို 2024 ခုနှစ် 9 လပိုင်း ကုန်အထိ အပြီးသတ်ရန် လျာထား၊)

**** မှတ်ချက်။ စာမေးပွဲ အချိန်ဇယားအားလုံးသည် ‌‌ဖြေဆိုမည့် လူဦးရေပေါ် မူတည်ပြီး ပြောင်းလဲနိုင်သည် ။

၁၃။ စာမေးပွဲ ကို အမှတ်အနည်းအများအလိုက် သတ်မှတ်ဦးရေအထိသာ ‌အောင်စာရင်းထုတ်ပြန်ပေးပြီး အလုပ်လျှောက်လွှာတင်သွင်းမည်။
(အမှတ်များများ ရထားနိုင်လေ ကောင်းလေဖြစ်သည်၊ ဖြေဆိုသူများလေ ဖြတ်မှတ်များလေဖြစ်သည်)

၁၄။ စာမေးပွဲကို ( စာတွေ့၊ လက်တွေ့ ) 2 ခုလုံးဖြေဆို အောင်မြင်ပြီးမှသာ အလုပ်လျှောက်လွှာတင်လို့ ရမည်။

( Skills test အထောက်အထားတင်သွင်းရာတွင် - သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုလက်မှတ်၊ အသက်မွေးဝမ်းကြောင်း သင်တန်းလက်မှတ်၊ လုပ်ငန်းအတွေ့အကြုံ 1 နှစ်အထက် ရှိသူများ လုပ်ငန်းခွင် ထောက်ခံချက် စသည့် အထောက်အထားများ တင်သွင်းနိုင်။)

*** ထို လက်မှတ်များနှင့် ထောက်ခံချက်များ မရှိပါက မတင်လည်း ရသည်။
လိုအပ်ချက်အသေးစိတ်ကို ‌ဖြေဆိုမည့် ရက် ကြေညာသည့်အခါ ထပ်မံ ထုတ်ပြန်ပေးမည်။

၁၅။ အမှတ်ပေးစည်းမျည်း

ကုန်ထုတ်လုပ်ငန်း
ပေးမှတ် ( 200 ) / စာတွေ့ ( 100 ) မှတ်၊ လက်တွေ့ (100)မှတ်

ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ
ပေးမှတ် - ( 200 ) / စာတွေ့ (90 ) မှတ်၊ လက်တွေ့ (110 )မှတ်

လုပ်ငန်းအတွေ့အကြုံ အထောက်အထား ရှိပါက - 3 မှတ်

အသက်မွေးဝမ်းကြောင်း သင်တန်းလက်မှတ် ရှိပါက - 1 မှတ်၊

နိုင်ငံအဆင့် ကျွမ်းကျင်မှုလက်မှတ် ရှိပါက - 1 မှတ် ထပ်တိုးပေးမည် ။

၁၆။ စာမေးပွဲလျှောက်လွှာတင်သွင်းရာတွင် လိုအပ်ချက်

စာမေးပွဲ လျှောက်လွှာကို - ပတ်စပို့စ် ဘိုကင်တင်သလိုမျိုး website ဖြင့် တင်ခိုင်းနိုင်ချေရှိ ၊ ‌application လည်းဖြစ်နိုင် ( မကြာမီ လျှောက်နိုင်မည့် လင့်ကို တင်ပေးလိမ့်မည်)

လျှောက်လာတင်သွင်းရာတွင်
(က) ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ် Scan ) / File size - 100kb နှင့် 100 kb အောက် , Resolution - 600 pixels , JPG အမျိုးအစားနှင့်

(ခ) မိမိ၏ ဓာတ်ပုံ - File size - 15 kb ‌အောက်, အချိုး - 3.5x4.4 cm , Resolution - 100 မှ 300 pixels , JPG အမျိုးအစား, နောက်ခံ အဖြူရောင်) လိုအပ်သည်။
*** file နာမည်ကို နိုင်ငံကူးလက်မှတ် နံပါတ် ပေးရမည်။

(ဂ) ပတ်စပို့စ် အမျိုးအစား၊ သက်တမ်းမကန့်သတ်ထား၊ ကြိုက်ရာနဲ့ တင်လို့ရ

*** နောက်ပိုင်း အလုပ်လျှောက်ရာတွင် PJ သာလက်ခံမည်။
( လျှောက်လွှာတင်သွင်းနည်း မကြာခင် တင်ပေးမည်)

၁၇။လျှောက်လွှာတင်ပြီးလျှင် လျှောက်လွှာနံပါတ် ကျလာမည်၊
ထိုနံပါတ်အတိုင်း ‌စာမေးပွဲကြေးကို သွင်းရမည်။
စာမေးပွဲ လျှောက်လွှာကြေး - 28 ဒေါ်လာ၊ မြန်မာငွေနှင့်သွင်းလည်းရ

၁၈။ စာ‌မေးပွဲ ဖြေဆိုရာတွင်
(က) ဖြေဆိုခွင့်ကဒ်ပြား ( ငွေသွင်းပြီး ရမည် )
(ခ) နိုင်ငံကူးလက်မှတ် ( လျှောက်လွှာတင်သည့် လက်မှတ်)
(ဂ) မှတ်ပုံတင် ယူလာရမည်။

၁၉။ စားမေးပွဲ အောင်စာရင်း တရားတင် ဝက်ဘ်ဆိုက်များတွင် ကြေညာပေးမည်
( အောင်လက်မှတ် သက်တမ်း - 2 နှစ် )

၂၀။ သတိထား သတိပြုရမည့်အချက်များ
(က) အရောင် ခွဲခြားနိုင်ခြင်း မရှိပါက (ကာလာဘလိုင်းသမားများ) ကိုရီးယားသို့ သွားလို့မရပါ။
(ခ) စာမေးပွဲခန်းသို့ ဖုန်းနှင့်အခြား အီလက်ထရောနစ်ပစ္စည်းများ ယူလာပါက အဖြေလွှာပယ်မည်။
(ဂ) စာမေးပွဲကို မသမာသော နည်းလမ်းဖြင့် ဖြေဆိုသည်ပါက eps ‌ဖြေခွင့် (4) နှစ်ပိတ်မည်။
(ဃ) စာ‌မေးပွဲ ဖောင်တင်ရာတွင် အမည်၊ နိုင်ငံကူးလက်မှတ် အမှတ်၊ မွေးသက္ကရာဇ် မှန်ကုန်ဖို့ လိုသည်။ *** အရေးကြီး
(င)လုပ်ငန်းတစ်မျိုးတည်းသာ လျှောက်လို့ရသည်။
(စ) စာမေးပွဲ အောင်ပြီး ‌ကျိန်းသေ သွားရမည်ဟု အာမမခံ။
(ဆ) အလုပ်စာချုပ်အတိုင်း လုပ်နိုင်သူသာ ဖြစ်ရမည်။ လက်ကြောတင်းသူဖြစ်ရမည်။
(စျ) တရားမဝင်နေထိုင်ခဲ့သူများပြန်လည် ဖြေဆို၍ မရပါ။
နောက်သွားမဲ့သူများ တရားမဝင်နေထို်ခြင်း မပြူရ၊ ထွက်မပြေးရ။ MOU ပျက်ပြယ်နိုင်သည်။
(မသွားခင် အာမခံကြေး 15 သိန်း သွင်းပြီး သိန်း 30 တန် စာချုပ် ချုပ်ရမည်။/ အာခံပေးသူ (၂)ဦးလို၊ ပြန်မလာပါက အာမခံပေးသူ (၂) ဦးမှ 15 သိန်း ပေးရမည်)

21/01/2024

EPSစာမေးပွဲဖောင်တင်ရက်နဲ့ဖြေဆိုမဲ့လကိုHRD မှမကြာမှီကြေငြာတော့မှာပါ
မိန်းကလေးများလဲဖြေဆိုခွင့်ရမှာမို့မိန်းကလေးသင်တန်းသူများလဲစတင်လက်ခံသင်ကြားနေပါပီ
BestPoint
ဆရာစိုင်း
ကိုရီးယားဘာသာသင်တန်း
မြင်းခြံမြို့
၀၄၃၀၉၂၀၅၃

EPS စာမေးပွဲအောင်မြင်ထားသူများအတွက် 2024ခုနှစ်အတွက် ပထမဆုံး ကောလင်းလာပါတော့မယ်လက်ရှိမှာကတော့ လုပ်သားခေါ်ယူမည့် လုပ်ငန်းရ...
16/01/2024

EPS စာမေးပွဲအောင်မြင်ထားသူများအတွက် 2024ခုနှစ်အတွက် ပထမဆုံး ကောလင်းလာပါတော့မယ်
လက်ရှိမှာကတော့ လုပ်သားခေါ်ယူမည့် လုပ်ငန်းရှင်များ အတွက် လုပ်သားခေါ်ယူခွင့်လျှောက်လွာတင်သွင်းဖို့ ကြေငြာချက် ထွက်လာပါပြီ။
(နောက်ရက်အနည်းငယ်အတွင်း ခေါ်ယူမည့်လူဦးရေ နေ့ရက်အချိန် ထပ်မံကြေငြာပါလိမ့်မည်)

2024ခုနှစ် EPSစာမေးပွဲ1-UBTစနစ် Tablet ဖြင့်ဖြေရပါမယ်။2-Skill Testပါ ဖြေရမှာဖြစ်ပါတယ်။3-အရင်နှစ်ကအတိုင်း online ကနေ ဖောင...
15/01/2024

2024ခုနှစ် EPSစာမေးပွဲ

1-UBTစနစ် Tablet ဖြင့်ဖြေရပါမယ်။
2-Skill Testပါ ဖြေရမှာဖြစ်ပါတယ်။
3-အရင်နှစ်ကအတိုင်း online ကနေ ဖောင်တင်ရပါမယ်။

WBO

Address

Seoul

Website

Alerts

Be the first to know and let us send you an email when EPS KOREA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share