ミックコントラクトサービス

アクセス ウェブサイト

ミックコントラクトサービス ミックコントラクトサービス, 人材雇用, 神奈川県, Yokohamaの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

‌ဒေသအသီးသီးမှ အလုပ်ခေါ်စာများအား မိတ်ဆက်ပေးလျက်ရှိသည်။
様々なエリアの求人をご案内しています!
အလုပ်ရှာချင်သူများ အောက်ပါလင့်ကိုနှိပ်ပြီး အချက်အလက်လေးတွေ ဖြည့်ပေးထားရင် ပြန်ဆက်သွယ်ပေးပါ့မယ်
https://form.run/-rXdMY7hyG9s0gswI2LJu

အချိန်ပြည့်ခစုးဒိုးသမားများအား ရည်ရွယ်လျက် မိယဇာခိခဲန်း၊ မိယခိုနိုဂျောမြို့ တွင် ကားတိုင်ယာစက်ရုံအတွင်း လုပ်ကိုင်ရန် ဝန်...
31/10/2025

အချိန်ပြည့်ခစုးဒိုးသမားများအား ရည်ရွယ်လျက် မိယဇာခိခဲန်း၊ မိယခိုနိုဂျောမြို့ တွင် ကားတိုင်ယာစက်ရုံအတွင်း လုပ်ကိုင်ရန် ဝန်ထမ်းအလိုရှိသည်။
💼 အလုပ်အကြောင်းအရာ:
・ကားタイヤများအား ဂိုဒေါင်အတွင်း စီမံခန့်ခွဲခြင်း
・タイヤ များအား စကင်ဖတ်ကာ အချက်အလက်များ ထည့်သွင်းခြင်း
・タイヤ များကို တွန်းလှည့်းပေါ်သို့တင်ကာ သယ်ဆောင်ပေးခြင်း
(15〜30kg အထိ)
🕐အလုပ်ချိန်
① 6:50~14:45 
② 14:35~22:30 
③ 22:20~7:00 
✨ယောကျာ်းလေးသီးသန့်
✨အတွေ့အကြုံမရှိသူလည်း လက်ခံပါသည်
✨အဖွဲ့လိုက် သူငယ်ချင်းများလည်း လက်ခံပါသည်
✨အိမ်ခလပေးစရာမလို
✨ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ Micro wave၊ အခမဲ့ ထောက်ပံ့ပါမည် ✨အလုပ်နှင့် အိမ် စက်ဘီးဖြင့် 10မှ 15မိနစ်အတွင်း

📍နေရာ: မိယဇာခိခဲန်း၊ မိယခိုနိုဂျောမြို့
📞ဆက်သွယ်ရန်:စိတ်ဝင်စားသူများ Messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်သည်

03/02/2025

💮ဂျပန်ပြည်တွင်းအလုပ်ေခါ်စာ💮

🔴YAMAGUCHI မှာရှိတဲ့ HOUFU မြို့မှာမှာ ဖြစ်ပါတယ်
🔴正社員အနေနဲ့ အလုပ်လုပ်ရပါမယ်
🔴အလုပ်အမျိုးစား - စက်ရုံထဲမှာရှိတဲ့ မြန်မာဝန်ထမ်းများရဲ့ ခေါင်းဆောင် အနေနဲ့ အလုပ်လုပ်ရပါမယ်
(ခေါင်းဆောင်ထောက်ပံ့ကြေးရှိ)
🔴ဘာသာပြန်ခြင်း ရုံးစာရွက်စာတမ်းများ ရေးသားပြုစုခြင်း
(စက်ရုံပိုင်းဆိုင်ရာ80%ーရုံးပိုင်းဆိုင်ရာ20%)
🔴ညဆိုင်းရှိ (အဆိုင်း သုံးဆိုင်း ရွေးချယ်နိုင်)
🔴မိတ်ဆက်ခ အခမဲ့
🔴Work Visa
🔴မြန်မာနိုင်ငံကနေဘွဲ့ရထားပြီး Katsudo Visa ပြောင်းထားတဲ့သူများလည်း Work Visa Support ပေးပါတယ်
🔴မြန်မာနိုင်ငံကနေဘွဲ့ရထားပြီး Tokuteigino Visa ရှိတဲ့သူများကိုလည်း Work Visa Support ပေးပါတယ်
🔴Japan မှာကျောင်းပြီးထားတဲ့သူများကိုလည်း Work Visa Support ပေးပါတယ်
🔴အလုပ်ချိန်နဲ့ ပိတ်ရက်များကိုတော့ အင်တာဗျုး တဲ့အချိန်မှာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်
🔴ဂျပန်စာ N2 အောင်ပြီး သူများ
🔴Work Visa Support ပေးပါတယ်
🔴 ကျား/မ
🔴အသေးစိတ် သိရှိလိုပါက Messenger မှာလာရောက် မေးမြန်နိုင်ပါတယ်🔴🤙🤙🧑‍💻🧑‍💻
#正社員

ြည်တွင်းအလုပ်
#အလုပ်မိတ်ဆက်
#ဂျပန်ရောက်မြန်မာ
#တိုခုတဲအိခစုဒိုး
#တိုခုတဲအိဂီနိုး


#転職

Send a message to learn more

24/01/2025

ဂျပန်မှာ အလုပ်လုပ်ကြရင်းနဲ့ ကိုယ့်ရဲ့အချိန်ပိုင်းလစာကို ဘယ်လိုတွက်ကြမလဲ?
အချိန်ပို လုပ်နေပေမယ့်လဲ အချိန်ပိုကြေးကော သေချာရနေရဲ့လား?
တစ်ရက်မှာ ကိုယ့်ရဲ့ အားလပ်ချိန်ကကော အလုပ်သမားဥပဒေနဲ့အညီ အချိန်မှန်ရဲ့လား?

အဲ့လိုမေးခွန်းတွေရှိတဲ့သူတွေအတွက် လွယ်လွယ်ကူကူရှင်းပြပေးထားပါတယ်။

労働時間(ろうどうじかん)

労働時間(ろうどうじかん)အလုပ်လုပ်ချိန် ဆိုတာလုပ်အားခ ရယူပိုင်ခွင့်ရှိတဲ့အချိန်လို့လဲ ပြောလို့ရပါတယ်။ နောက်တစ်ခုက မိမိလုပ်နေတဲ့အချိန်က လုပ်အားခရယူပိုင်ခွင့်ရှိရဲ့လားဆိုတာကို ဆန်းကြည့်လို့ရပါတယ်။ အလုပ်ခန့်စာချုပ်တွေမှာ တစ်ရက်တာအလုပ်စတင်ချိန်နှင့် ပြီးဆုံးရမည့် အချိန်ကို ရေးထားလေ့ရှိပါတယ်။ဒါပေမယ့် တစ်ကယ်တမ်း အဲ့အလုပ်ထဲဝင်ပြီး လုပ်တဲ့အချိန်မှာ အချိန်အပြောင်းအလဲတွေရှိတတ်ပါတယ်။

ဥပမာ၊ စာချုပ်သို့မဟုတ် ကုမ္ပဏီစည်းကမ်း တွေထဲမှာ မနက် 9နာရီကနေ အလုပ်ချိန်စမယ်လို့ရေးထားပေမည့် တကယ်တမ်း ကျတော့ 9နာရီမတိုင်ခင် 8နညရီခွဲလောက်ကတည်းက မနက်တန်းစီဖို့ ပြင်ဆင်ရမည်၊ 8ခွဲအရောက်
လာပေးပါလို့ ကုမ္ပဏီကနေ အမိန့်ဒါမဟုတ် ညွန်ကြားချက်ထုတ်ပြန်ထားရင် အဲ့ မိနစ်30က အလုပ်လုပ်ချိန်ထဲမှာ ပါဝင်ပါတယ် တစ်နည်းအားဖြင့် လုပ်အားခရယူပိုင်ခွင့်ရှိပါတယ်။

所定労働時間(しょていろうどうじかん)
အလုပ်သမားဥပဒေအရ ပြဠာန်းထားသည့် အလုပ်ချိန်မှာ 所定労働時間(しょていろうどうじかん)ပုံမှန်အလုပ်ချိန်မှာ တစ်ရက်ကို 8နာရီနှင့် တစ်ပတ်ကို နာရီ40အထိပါ။ တစ်ရက်ကို 8နာရီဆိုတာက 休憩(きゅうけい)အနားယူချိန် 1နာရီကို ထည့်မတွက်ပါဘူး။

休憩(きゅうけい)အနားယူချိန် နှင့်ပတ်သက်ပြီး
အလုပ်ချိန် 6နာရီကိုကျော်သွားရင် အနားယူချိန် အနည်းဆုံး45မိနစ် မယူလို့မရပါဘူး။
အလုပ်ချိန် 8နာရီကိုကျော်သွားရင် အနားယူချိန် အနည်းဆုံး1နာရီ မယူလို့မရပါဘူး။
(အကယ်၍ အဲ့လိုတွေကျော်နေလို့ အနားယူခွင့်မပေးဘူးဆိုရင် ဥပဒေနဲ့မညီပါဘူး နီးစပ်ရာကို တိုင်ကြားလို့ရပါတယ်။)

残業(ざんぎょう)
အကယ်၍ အဲ့ဒီသတ်မှတ်ထားတဲ့အချိန်8နာရီကို ကျော်ပြီးလုပ်ခဲ့ရင် 残業(ざんぎょう)အချိန်ပို ဆိုပြီးသတ်မှတ်ပါတယ်။残業(ざんぎょう)ဖြစ်ပြီဆိုရင်တော့ ပုံမှန်အချိန်ကြေးထက် 25ရာခိုင်နှုန်းပိုရပါမယ်။

ဥပမာ - ပုံမှန်အချိန်ကြေး 1နာရီ 1000ယန်းဆိုရင် အချိန်ပို 1နာရီလုပ်ရင်
1250ယန်း ရပါမယ်
- ညဆိုင်းသမားများ ည10နညရီကနေ မနက်5နညရီအတွင်းအလုပ်လုပ်
တဲ့သူတွေဆိုရင်ဲ 1နာရီကို ပုံမှန်ကြေးထက် 25ရာခိုင်နှုန်းပိုရပါမယ်

休日出勤(きゅうじつしゅっきん)
ကုမ္ပဏီပိတ်ရက်တွင် အလုပ်ဆင်းရခြင်း
အဲ့လိုရက်တွေမှာ အလုပ်ဆင်းရတယ်ဆိုရင် ပုံမှန်ကြေးထက် 35ရာခိုင်နှုန်းပိုရပါမယ်။တစ်ချို့ကုမ္ပဏီတွေမာတော့ 25ရာခိုင်နှုန်းပဲ ပေးတဲ့ကုမ္ပဏီတွေလဲရှိပါတယ်။

အဲ့တာဆိုရင်တော့ ကုမ္ပဏီကကို့ပေါ်မှာ ခေါင်းပုံဖြတ်တာတွေ မရှိအောင် မိမိအလုပ်လုပ်ခဲ့တဲ့အချိန်တွေအတိုင်းလစာတွေရနေရဲ့လား အနားယူရတဲ့အချိန်တွေကကောဥပဒေနဲ့အညီ အနားယူနေရရဲ့လားဆိုတာ သေချာဆန်းစစ်ပြီး
နီးစပ်ရာကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ကြပါ။ လုပ်သလောက်လုပ်ပြီး ရသင့်တာမရရင် ကို့အတွက် အများကြီး နစ်နှာပါတယ်။
#ဂျပန်ရောက်မြန်မာ
#အလုပ်ခေါ်စာ
#အလုပ်အကိုင်
#ခစုဒိုး

အမှားအယွင်းများပါရင် ခွင့်လွတ်ကြပါ။

Send a message to learn more

住所

神奈川県
Yokohama, Kanagawa
2310047

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00
水曜日 09:00 - 18:00
木曜日 09:00 - 18:00
金曜日 09:00 - 18:00

ウェブサイト

アラート

ミックコントラクトサービスが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー