10/02/2025
ဂျပန်မှာနေပီး မျက်ကပ်မှန်ရှာနေတဲ့ မမတွေညီမလေးတွေအတွက် ကျွန်မလက်ရှိသုံးနေတဲ့Daily သုံးမျက်ကပ်မှန်လေးအကြောင်းပြောပြမယ်နော် 🥰
ဆိုင်နာမည်ကတော့ エースコンタクト ဆိုတဲ့ဆိုင်လေးပါ
link လေးကိုအောက်မှာထည့်ပေးထားပါတယ် ။
ဂျပန်တစ်နိုင်ငံလုံးမှာဆိုင်ခွဲတွေရှိပါတယ်။
https://goace.jp/
ကျွန်မကိုယ်တိုင်ကမြန်မာမှာကျောင်းတက်ကတည်းကမျက်ကပ်မှန်ကိုနေ့စဥ်ပုံမှန်တပ်ခဲ့သူပါ 🥲
မျက်မှန်ကတော့ ၈တန်းလောက်ထဲကတပ်ပေမယ့်နေ့တိုင်းအချိန်ပြည့်မျက်မှန်တပ်ထားရင် မျက်ရိုးကိုက်တတ်တာမို့ မြန်မာမှာနေတုန်းကတော့ Color ပါတဲ့ Big Eye ပါတဲ့ မျက်ကပ်မှန်တွေတပ်ခဲ့တာပေါ့နော်
( ပဲများတာလည်းပါတာပေါ့😁)
ဂျပန်ရောက်လာတော့ မြန်မာကနေလှမ်းမှာဖို့ကလည်းခက်၊ ခွဲဖို့ကလည်းအရမ်းကြောက်တာနဲ့ ရုံးကဂျပန်မလေးကိုမေးလိုက်တော့ သူ့သားလေးသုံးနေတဲ့မျက်ကပ်မှန်ဆိုင်ကိုညွှန်းပေးတာနဲ့ ဆိုင်လေးကိုသွားဖြစ်ခဲ့ပါတယ် 💃
ရောက်ရောက်ချင်းမျက်မှန်ပါဝါစစ်တယ် အရင်ကလည်းမျက်ကပ်မှန်တပ်ဖူးတော့ မျက်လုံးမှာအခြားထိခိုက်မှုရှိမရှိစစ်ပါတယ် ပီးတော့ မျက်ကပ်မှန်တပ်လို့ရမရလည်းသေချာလေး စစ်ပေးတယ်
စစ်တာတွေက အကုန်အခမဲ့ပါ ။😌
ဒီဆိုင်မှာက Daily Wear ကော ၊ 2 ပတ်ခံ ၊ 1 လခံ ဆိုပီးအစုံရှိပါတယ် ။
ပီးတော့အလှတပ်ချင်တာလားပေါ့ပေါ့ပါးပါးနေချင်လို့တပ်တာလားဆို ပီးlifestyle နဲ့လိုက်ပီးတော့လည်းရွေးလို့ရပါတယ်။
ကျွန်မကတော့ နေ့တိုင်းရုံးသွားရင်တပ်ချင်တာမို့ daily Wear ( တစ်ခါတပ်ပီးပစ်လိုက်တဲ့ ) 1 Day 1日使い捨てဆိုတာကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်
မျက်ကပ်မှန်ရွေးပီးပီဆိုရင်တော့ ကို့မျက်လုံးနဲ့ကိုက်မယ့် Brand ကိုသိရအောင်လို့ အမျိုးမျိုးတပ်ကြည့်ခိုင်းပါတယ်
( မြန်မာမှာကတော့မသိဘူး လှရင်ပီးရောဆိုပီး မျက်လုံးခုလုခုလု
ဖြစ်နေလည်းတပ်ခဲ့တာပါဆို😆 )
မျက်ကပ်မှန်ရယ် brand ရယ်ရွေးပီးရင်တော့ ဆိုင်မှာရှိတဲ့Plan တွေကိုရှင်းပြပါတယ်
( ကိုကကြိုရွေးထားတာရှိရင်လည်းဆိုင်ကိုကိုယ်လုပ်ချင်တဲ့
plan ကြိုပြောလို့ရပါတယ် )
ကျွန်မကတော့ MELS PLAN 1 DAY プレミオ トーリック
ဆိုတဲ့Plan ကိုရွေးခဲ့ပါတယ် ။
2 ပတ်တို့ 1 လတို့က ဆေးရည်လဲရတာအလုပ်ရှုပ်လို့ တခါသုံးပဲသုံးလိုက်တာပါ။
ပထမဆုံးလမှာတော့ member ကြေးရယ် တစ်လစာရယ် 15,180 円ပေးရပါတယ်။
ပီးရင်တော့ လစဥ် 5500 ပေးရပါတယ် ။
ဘာလို့လစဥ်ကြေးပေးရလဲဆိုတော့ ၃လတကြိမ် 郵便ကနေ ပုံမှန်လေးပို့ပေးပါတယ်
(တခုခုကုန်ခါနီးရင် ဝယ်ဖို့အမြဲမေ့တတ်တဲ့ကျမအတွက်
တော့အရမ်းအဆင်ပြေ 😁)
App လည်း ဖုန်းထဲထည့်ထားပေးတာမို့ လိပ်စာပြောင်းသွားရင်လည်းအလွယ်တကူ app မှာပြောင်းလိုက်ရုံပါပဲ
ဆောင်းတွင်းဖက်မျက်လုံးတွေအရမ်းခြောက်လို့ခနခနလဲမိလို့
ကုန်သွားတယ်ဆိုရင်လည်း အခမဲ့ 追加 ထပ်ပို့ခိုင်းလို့ရပါတယ်
(ဒါလေးလည်းအရမ်းကြိုက်)🥰
ဒီ Plan ကအနည်းဆုံး 1နှစ်တော့ သုံးပေးရပါတယ် ။
1 နှစ်တခါ မျက်မှန်ပါဝါနဲ့ မျက်လုံးအခြေအနေကို free စစ်ပေးပါတယ်။
ကျွန်မကတော့အရမ်းအဆင်ပြေလို့တောက်လျှောက်သုံးနေတာ 3 နှစ်လောက်ရှိပီ ။
မျက်မှန်မပါရင်လည်းမမြင်ရ ၊ တနေကုန်တပ်ထားရင်လည်းမျက်ရိုးတွေကိုက်တတ်၊ ခွဲဖို့လည်းကြောက်ပေမယ့်လှချင်တဲ့သူလေးတွေတွေအတွက် share ပေးလိုက်ပါတယ်။
အခုမှအသစ်စလုပ်မယ့်သူဆို 20% Discount ရတယ်လို့ကြားတယ်
တခြားထပ်ပီးသိချင်တာလေးတွေရှိရင် cb မှာမေးလို့ရပါတယ်နော် ။😘
You Tube ↓
https://www.youtube.com/
page
https://www.facebook.com/profile.php?id=100064306294167
https://www.facebook.com/profile.php?id=100063698096252
Japanese Online Class
https://www.facebook.com/profile.php?id=61566348455417
Telegram
https://t.me/+wCAbgQXtms5kNDA1