エンチャント株式会社

電話する アクセス ウェブサイト 事業に問い合わせる

エンチャント株式会社 ဂျပန်နိုင်ငံ၏ဆောက်လုပ်ရေး ကုမ္ပဏီကြီးများတွင် Work Visa ဖြင့်အလုပ်လုပ်နိုင်ရန်ဆောင်ရွက်ပေးနေပါသည်။
(425)

Enchant Co., Ltd.

[မြန်မာပြည်ကနေ ဂျပန်သွားချင်ပါတယ်]
[ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အင်ဂျင်နီယာအဖြစ် အလုပ် လုပ်ကိုင်လိုပါသည်]

ထိုကဲ့သို့သော မြန်မာလူမျိုးများကို ကူညီပံ့ပိုးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

" မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို သွားရမှာ ကြောက်တယ်၊ ဂျပန်မှာနေရတာ ဘယ်လိုတွေ ကြုံတွေ့ရမှာလဲ။ အလိမ်ခံရမှာကိုလဲ စိုးရိမ်မိတယ်။ ". ဒီလိုခံစားချက်မျိုးတွေ မရှိအောင်၊ နည်းနည်းဖြစ်ဖြစ် ပျောက်သွားရန်အတွက် Enchantment Co., Ltd.မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ပညာရှင်တွေက ဂျပန်အစားအစာတွေ၊ သောက်စရာတွေ၊ မြန်မာစာကို လေ့လာတာ စတာတွေကို ဗီဒီယိုတွေနဲ့ တင်ဆက်ပေးသွားပါမယ်။ အလေးအနက်ထားပြီး ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Enchant Co., Ltd.သည် မြန်မာလူမျိုးများကို ဂျပန် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ချိတ်ဆက်ပေးနေပါသည်။ ဘာကြောင့် ဂျပန်ကို မလာနိုင်ရမှာလဲ။

ဂျပန် ဆောက်လုပ်ရေးကုမ္မဏီတွေမှာ အလုပ် လုပ်ကြရအောင်။
http://enchant-jp.com/haken/

Enchant Resume application form
Enchant အလုပ်လျှောက်လွှာပုံစံ
https://form.run/

16/10/2026

✨

◆ENCHANT Free School  #007 အခမဲ့ကျောင်း လျှောက်လွှာပုံစံယနေ့ အောက်တိုဘာ ၁၄ရက်နေ့ မြန်မာချိန် ည ၇:၃၀ မှ ဖောင်အသစ်စတင်လက်ခ...
14/10/2026

◆ENCHANT Free School #007 အခမဲ့ကျောင်း လျှောက်လွှာပုံစံ

ယနေ့ အောက်တိုဘာ ၁၄ရက်နေ့ မြန်မာချိန် ည ၇:၃၀ မှ ဖောင်အသစ်စတင်လက်ခံခြင်း စတင်လိုက်ပါပြီ။ QR Code (သို့) အောက်မှာပါတဲ့ လင့်ခ်ကနေဝင်ပြီး စတင်ဖြည့်နိုင်သည်။ အချိန်ကန့်သတ်ထားတာကြောင့် မဆှိုင်းမတွဝင်ဖြည့်ပေးပါ။

✨ကျောင်းဝင်ခွင့်ဖောင်တင်လိုသောသူများသည် ဤ post ကိုshare ပေးရမည်။

ကျောင်းတက်ခွင့်ရသောသူများ အင်တာဗျူးဝင်၍ဂျပန်သို့ အခမဲ့အလုပ်လုပ်ဖို့ သွားနိုင်ပါမည်။

အောက်ပါအကြောင်းများကို သေချာသိထားပေးပါ။

■ လစာစနစ်

ဝင်ခွင့်ရရှိပြီး အလုပ်ရသူများ လစာ ဂျပန်ငွေ ၂၄၀၀၀၀ ယန်း (မြန်မာငွေ သိန်း၆၀ခန့်) မှစတင်ရရှိပါမည်။ တစ်နှစ်ကို တစ်ခေါက် ၄လပိုင်းတိုင်းမှာ (၁) ကုမ္ပဏီရဲ့ evaluation, (၂) Enchant လုပ်သက်, (၃) ကားလိုင်စင်နှင့် သက်ဆိုင်ရာလုပ်ငန်းရဲ့ လက်မှတ်ရရှိမှု, (၄) လက်ရှိအလုပ်တွင်ရေရှည်ဆက်လက်လုပ်ကိုင်လိုစိတ်ရှိမှု မရှိမှု, (၅) မိမိကြောင့် အင်ယာအသစ်များထပ်ခေါ်ယူမှု စသဖြင့်အကြောင်းအရာမျိုးစုံကိုထည့်သွင်းစဉ်းစာပြီး လစာတိုးပေးပါသည်။ လက်ရှိဒေသအချို့ များတွင်လည်း Leader အနေနဲ့ထားရှိသော အင်ဂျင်နီယာများလည်းရှိပါသည်။

■ Work Visa

**Enchant Company သည် Work Visa ဖြင့် အင်ဂျင်နီယာ အလုပ်လုပ်ကိုင်ကြသော ကုမ္ပဏီဖြစ်၍ အလုပ် Agency/ kumiai လုံးဝမဟုတ်ပါ။ အလုပ်လျှောက်လိုသူများ မိမိသဘောဖြင့်လွတ်လပ်စွာ လျှောက်၍အောင်မြင်သူများဂျပန်နိုင်ငံသို့ ဝင်ရောက်အလုပ်လုပ်ကိုင်ကြပါသည်။**

**Enchant Co Ltd သည် ဂျပန်နိုင်ငံတွင်း အရွယ်အစားကြီးမားသောတစ်ခုဖြစ်၍ Category 2 company ဖြစ်ပါသည်။ Enchant ကနေလျှောက်သူများ Work Visa အတွက် N2 level certificate မရှိလဲရပါသည်။**

**ဈေးကြီးမားသော Visa တိုးခြင်းအဖိုးအခကိုလည်း Enchant မှာလုပ်ကိုင်နေသော အင်ဂျင်နီယာနှင့် မြန်မာနိုင်ငံရှိ မိသားစုများအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် Enchant Company မှခံ၍ စိုက်ပေးပါသည်။**

■ အားသာချက်များ

ဂျပန်နိုင်ငံမှာ အလုပ်လုပ်သူများအတွက် ဘာပြသနာပဲရှိရှိ တိုင်ပင်ဆွေးနွေးပေးပါသည်။ အရေးကြီးသည်မှာ တိုင်ပင်နားထောင်ပေးရုံသာမက ကုမ္ပဏီနဲ့ညှိနှုင်းဖြေရှင်းမှုများကို မိမိ​၏တာဝန်ခံမှ ပြုလုပ်ပေးပါသည်။
Mr. Tanabe 部長, Mr. Sato 次長, Myo Sensei, Ei Shwe Zin Sensei, Swan Yee Sensei, Mr. Kato, စသဖြင့် တာဝန်ခံ Enchant Member များရှိ၍ ကူညီစောင့်ရှောက်ကြမည်ဖြစ်ပါသည်။အမှားမှသင်ယူ၍ ပြောင်းလဲမှုများလည်း ပြုလုပ်ပါသည်။

ဂျပန်ကုမ္ပဏီအများစုသည် လစာတိုးဖို့အချိန်ကြာ ခက်ခဲသော်လည်း (တိုးပေးသော်လည်း ၂၀၀၀-၅၀၀၀ယန်း) Enchant Co ltd ကဝန်ထမ်းများအတွက်ကတော့ တစ်နှစ်တစ်ခါ သေချာပေါက်တိုးပေးပါသည်။ လိုအပ်ချက်မှာ မိမိ လုပ်ကိုင်နေသော နေရာကျသောအလုပ်ကို သေချာရေရှည်တာဝန်ယူပေးရန်သာဖြစ်သည်။
ကုမ္ပဏီရဲ့ Board Members တွင်လဲမြန်မာလူမျိုးပါဝင်သောကုမ္ပဏီလည်းဖြစ်ပါတယ်။

နောက်ထပ်ကြီးမားသော အားသာချက်မှာ Marketing ဆင်းတာGenius level အရမ်းတော်တဲ့ Director နဲ့ team ရှိခြင်းကြောင့် အလုပ်ရရှိတာအရမ်းမြန်သလို ကောင်းမွန်တဲ့ ကုမ္ပဏီတွေအများကြီး အလုပ် position ရရှိနိုင်နေခြင်းဖြစ်ပါတယ်။

■ ဖောင်တင်ခြင်း

ဖောင်တင်ပြီး (၁-၅)ပတ်အတွင်းမှာ ဂျပန်စာစစ်ဆေးခြင်း ဖုန်းများဆက်လာပါမည်။

အားလုံး ဘယ်အတန်းများတက်ကြပါမလဲ? 🎉

Enchant မှာ အလွန်ထူးချွန်သော အင်ဂျင်နီယာများအများကြီးရှိပြီး အခုကစပြီး ပိုပြီးလူတောင့်လာပါက မိမိတို့​၏ ကံကောင်းခြင်း မျှဝေပေးနိုင်ခြင်း၊ လစာတိုးခြင်းများ၊ ပိုကောင်းတဲ့ service များပေးနိုင်လာမှာဖြစ်လို့ အားလုံးကူညီပေးကြပေးပါဦး။ အင်ဂျင်နီယာတစ်ဦး ဂျပန်ကိုရောက်လာဖို့အတွက် ကုန်ကျငွေဂျပန်ငွေသောင်း၄၀ကျော် ရှိသော်လည်း အားလုံးရဲ့ကြိုးစားမှုကြောင့် Enchant မှကျခံရှင်းပေးနေနိုင်ခြင်း၊ အဆမတန်တိုးတက်လာသော Visa ခများရှင်းပေးနိုင်ခြင်း၊ အခမဲ့ကျောင်းကို အသုံးပြနိုင်ခြင်း စတဲ့ Action များယူနိုင်နေခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်လျက်ရှိပါတယ် ခင်ဗျာ။

↓↓↓ ဖောင်တင်ရန် ↓↓↓

https://form.run/-freeschool-07

↑↑↑ ဖောင်တင်ရန် ↑↑↑
(ခေါ်ယူမည့် ဦးရေ ၂၅၀-၃၀၀)
လျှောက်ထားမယ့်သူတွေ ဘယ်မြို့မှာ နေထိုင်နေကြလဲ ?? 😊

■ Enchant ရဲ့ အင်ဂျင်နီယာတစ်ယောက်ချင်းအမှတ်စဉ် ၈၇၇ ကိုရောက်ရှိလာသောကြောင့် ဒီ ၃-၄ နှစ်အတွင်းကို အင်ဂျင်နီယာအယောက်ပေါင်း (၈၇၇) ယောက်ကို အလုပ်ပေးနိုင်ခဲ့တဲ့တာအတွက်ဂုဏ်ယူလျက်ရှိပါတယ်ခင်ဗျာ။

အားလုံးလဲ အခွင့်အရေးနဲ့ ကောင်းသောကံများရောက်ရှိလာဖို့အတွက် ဒီ post ကိုမျှဝေပေးကြပါဦး။

✨‼️အားလုံးအတွက် အရေးကြီးတဲ့ကြေညာချက်ကိုအခုပြောပါမယ်။ ကြည့်ပေးပါ။ → Enchant မှာလုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ အားလုံးရဲ့ Japa...
01/10/2026

✨‼️အားလုံးအတွက် အရေးကြီးတဲ့ကြေညာချက်ကိုအခုပြောပါမယ်။ ကြည့်ပေးပါ။ → Enchant မှာလုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ အားလုံးရဲ့ Japan Work Visa တိုးကြေးကို Enchant ကုမ္ပဏီမှခံရှင်းပေးပါမယ်။ (၆၄၀၀၀ - ၇၅၀၀၀ယန်းခန့် ရှိ)

"အင်ဂျင်နီယာများအတွက် Work Visa သက်တမ်းတိုးခြင်း ကြေးငွေ ဈေးအဆမတန်တက်လာပါပြီ။"

Enchant သည် ကိုယ့်ဘက်ကိုပဲယက်တဲ့လိပ်ပါ။ ကိုယ့်လူ ကိုယ်အင်ဂျင်နီယာလို့သတ်မှတ်ထားတဲ့သူတွေရဲ့ ဘဝကိုအကောင်းဆုံးဖြစ်စေချင်ပါသည်။

Enchant Japan သည် ဝန်ထမ်းများအားလုံး ဂျပန်နိုင်ငံတွင် စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ပြီး ကုမ္ပဏီနှင့်အတူ ရေရှည်လက်တွဲ၍ မိမိတို့၏ အရည်အချင်းများကို အပြည့်အဝ အသုံးချနိုင်စေရန် ရည်ရွယ်၍၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ နေထိုင်ခွင့်သက်တမ်းတိုးချိန် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်ခွင့်စီမံခန့်ခွဲရေးဌာနသို့ ပေးသွင်းရသည့် အခကြေးငွေကို ကုမ္ပဏီမှ အပြည့်အဝ ကျခံပေးမည်ဖြစ်ပါသည်။

(Enchant မှာလုပ်နေသော ဂျပန်နိုင်ငံရှိ အင်ဂျင်နီယာများနှင့် နောက်ထပ်မြန်မာမှလာမည့် Enchant အင်ဂျင်နီယာများ၊ Enchant သို့ ဂျပန်ပြည်တွင်း အလုပ်ပြောင်းလာမယ့် အင်ဂျင်နီယာများအကုန်လုံးအတွက်ပါဝင်ပါတယ်။)

October 1, 2026 စတင်ပါမည်။

(အနှစ်ချုပ်ကို မျှဝေပါမည်)

■ နောက်ခံအကြောင်းအရာ
နေထိုင်ခွင့်သက်တမ်းတိုးခသည် ယခင်က တစ်ပြေးညီ ယန်း ၆,၀၀၀ ဖြစ်ခဲ့သော်လည်း ယနေ့မှစတင်၍ လျှောက်ထားသော လျှောက်လွှာများအတွက် ခွင့်ပြုသည့် နေထိုင်ခွင့်သက်တမ်းအလိုက် အခကြေးငွေ ပြောင်းလဲသွားပါသည်။
(ရုံးကောင်တာတွင် လျှောက်ထားပါက ၁ နှစ်အတွက် ယန်း ၃၃,၀၀၀ / ၃ နှစ်အတွက် ယန်း ၆၄,၀၀၀ / ၅ နှစ်အတွက် ယန်း ၇၅,၀၀၀)

■ ဆုံးဖြတ်ထားသည့် အချက်များ
・အကျုံးဝင်သည့် လျှောက်လွှာ — ဝန်ထမ်းကိုယ်တိုင်၏ နေထိုင်ခွင့်သက်တမ်းတိုး Visa Extension ပါ။
 (မိသားစုဝင်များ၏ Visa များ၊ Visa အမျိုးအစား ပြောင်းလဲခြင်းနှင့် Permanent Visa လျှောက်လွှာများ မပါဝင်ပါ။)
・ကုမ္ပဏီမှ ကျခံမည့်ပမာဏ — ခွင့်ပြုသည့် နေထိုင်ခွင့်သက်တမ်းအလိုက် အမှန်တကယ် ပေးသွင်းရသည့် အခကြေးငွေ အပြည့်အဝ
・ငွေပေးသွင်းသည့်နည်းလမ်း — လျှောက်လွှာတင်သွင်းပေးရန် တာဝန်ရှိသူက လျှောက်လွှာတင်သွင်းပြီး အခကြေးငွေကို ကုမ္ပဏီက တိုက်ရိုက်ပေးသွင်းပါမည်။ (ဝန်ထမ်းမှ ကြိုတင်စိုက်ထုတ်ပေးရန် မလိုပါ။)
・လျှောက်ထားသည့်နည်းလမ်း — ဝန်ထမ်းကိုယ်တိုင်က ကုမ္ပဏီ၏ ကုန်ကျစရိတ်ကျခံမှုကို အသုံးပြုရန် လျှောက်လွှာအား လျှောက်လွှာတင်သွင်းပေးရန် တာဝန်ရှိသူထံ တင်ပြရပါမည်။ (နေထိုင်ခွင့်သက်တမ်းမကုန်ဆုံးမီ ၃ လခန့်အလိုတွင် တင်ပြရန် ရည်မှန်းထားပါသည်။)

■ ရည်ရွယ်ချက်
ကုမ္ပဏီက အခကြေးငွေ အပြည့်အဝ ကျခံပေးခြင်းဖြင့် အင်ဂျင်နီယာများအား “စိတ်အေးချမ်းသာစွာ ရေရှည်အလုပ်လုပ်နိုင်သည့် ကုမ္ပဏီဖြစ်သည်” ဟု လက်တွေ့ခံစားနားလည်စေရန် ရည်ရွယ်ပါသည်။

■ လုပ်ငန်းဆောင်ရွက်မည့် မူဝါဒ
လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာ အတိုင်ပင်ခံပညာရှင် (社労士) နှင့် ဆွေးနွေးပြီး အလုပ်သမားစံနှုန်း ကြီးကြပ်ရေးရုံး (労働基準監督署) ထံတွင်လည်း အတည်ပြုထားသည့်အတိုင်း၊ ဤအစီအစဉ်အတွက် ကုမ္ပဏီတွင်း စည်းမျဉ်း သို့မဟုတ် အလုပ်ရှင်နှင့် အလုပ်သမားအကြား သဘောတူညီချက် သီးခြားမချမှတ်ဘဲ ဝန်ထမ်းကိုယ်တိုင် တင်ပြသည့် လျှောက်လွှာဖြင့်သာ ဆောင်ရွက်ပါမည်။ လျှောက်ထားခြင်းသည် မိမိဆန္ဒအလျောက် ဖြစ်ပါသည်။

コメント欄に使い方の動画を載せますので、ご覧ください。
19/08/2026

コメント欄に使い方の動画を載せますので、ご覧ください。

24/06/2026

おめでとう御座います。🥳

15/04/2026

█ Work Visa မှာ အရေးကြီးသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါပြီ။

Company President WATABE, Ei Shwe Zin Sensei

11/04/2026

တကယ်ကြီးမသိသေးတဲ့သူလည်းရှိမှာမလို့ SHARE ပေးပါ။ 🙏

10/03/2026

‼️Engineer Work Visa ကိုင်ဆောင်ထားတဲ့ Engineer များအတွက်ကြေညာချက်⚠️

ニュエニュエラインさん合格おめでとうございます‼️💮🎉 (2級土木施工管理技術検定)
02/03/2026

ニュエニュエラインさん合格おめでとうございます‼️💮🎉 
(2級土木施工管理技術検定)

ဝင်ခွင့်ရမယ့်သူတွေစရွေးနေပါပြီ‼️
16/02/2026

ဝင်ခွင့်ရမယ့်သူတွေစရွေးနေပါပြီ‼️

住所

北海道札幌市白石区中央1条5丁目5/7
Sapporo-shi, Hokkaido
003-0011

電話番号

+815037002418

ウェブサイト

アラート

エンチャント株式会社が新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

エンチャント株式会社にメッセージを送信:

ショートカット

共有する

カテゴリー