07/09/2025
100% Kaigo Scholarship
(ထိုင်းမှာရှိနေတဲ့ အသက် ၂၈ အောက် မြန်မာလူငယ်တွေအတွက်)
✅ စကော်လာအမျိုးစား
- ဆန်းမွန်း (ကောလိပ်) မှာ ၂ နှစ်ကျောင်းတက်
- သတ်မှတ်ထားတဲ့နေရာမှာ ၃ နှစ်အလုပ်လုပ်
🔺 စုစုပေါင်း ၅ နှစ်သာအချိန်ပေးရပြီး အလုပ်ပြောင်းတာ၊ တခြားဗီဇာပြောင်းတာလုပ်လို့ရမယ့် ( ကျောင်းပြီးအကြွေးဆပ်ဖို့မလို ကျောင်းလခ 100% အခမဲ့) စကော်လာ🔻
✅ တခြားအခွင့်အလမ်း
- ကျောင်းတက်နေစဉ် အချိန်ပိုင်းအလုပ်လဲစီစဉ်ပေးပြီး ကျောင်းပြီးဝင်ငွေကောင်းတဲ့အလုပ် တစ်ခါတည်းဝင်လို့ရမယ့် scholarship program ဖြစ်ပါတယ်။ (အချိန်ပိုင်းအလုပ်ကလဲ Kaigo တင်မဟုတ် တခြားအလုပ်တွေလဲရွေးချယ်ခွင့်ရမယ်)
- Kaigo နဲ့ ဂျပန်မှာရေရှည်နေလိုသူတွေအတွက် Senmon ကျောင်းတက်အပြီး
Kaigo Fukushi စာမေးပွဲအောင်မြင်၍ဖြစ်စေ / Senmon ကျောင်းတက်အပြီး 5 နှစ်လုပ်သက်ရှိယုံနဲ့ ဖြစ်စေဂျပန်မှာ ရေရှည်နေလို့ရမယ့် Kaigo Fukushishi ဖြစ်လာနိုင်မယ့်အခွင့်အရေးလဲဖြစ်ပါတယ်။
✅ ကျောင်းသားဘက်က ကုန်ကျစရိတ်
- စစချင်း form တင်ချိန် ၅၀၀၀ ဘတ်
- ပထမအင်တာဗျူးအောင်မြင်ပြီး ၅၀၀၀ ဘတ်
- ဒုတိယအင်တာဗျူးအောင်မြင်ပြီး စကော်လာရပါက ၁၀၀၀၀ ဘတ်
- COE အောင်မြင်ပြီးပါက လေယာဉ်လက်မှတ်ကြေး ၁၀၀၀၀ ဘတ်နှင့် ဂျပန်ဘက်အထွေထွေလိုအပ်ချက်ဝန်ဆောင်မှု (လိုအပ်မှသာ) ၁၀၀၀၀ ဘတ်
(တခြား COE အတွက် စာရွက်စာတမ်းများ notary ပြန်ခနှင့် မိမိဘက်က မပြည့်စုံသောအချက်လက်များရှိပါက ထပ်တိုးယူရမည့် ဝန်ဆောင်ခများ မပါဝင်ပါ🙏🏻)
✅လျောက်ထားလိုသူတွေအတွက် လိုအပ်ချက်
- JLPT N2 သို့မဟုတ် EJU 200 points, BJT 400 points ရှိထားရပါမည်။ ( N3 passed ထားပြီး ဒီဇင်ဘာမှာ N2 ဖြေဆိုမည့်သူများလဲ လျှောက်ထားနိုင်ပါသည်)
- ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
- COE လျှောက်ထားဖူးခြင်းမရှိသူ။
- 🟥 ထိုင်းမှာ ရေရှည်ဗီဇာတစ်ခုခုယူထားသူ ( Non-ED, Non-LA, Non-B)
လျှောက်ထားချင်သူတွေအနေနဲ့
- ဆယ်တန်းအောင်လက်မှတ်
- JLPT N2 အောင်လက်မှတ် or N3 အောင်လက်မှတ်
- Passport အရှေ့စာမျက်နှာ bio page
- ထိုင်းဗီဇာ page ( work permit ရှိထားပါက work permit page)
✅ Form တင်ရမယ့် နောက်ဆုံးရက် : ယခုမှစ ဖောင်ပြည့်သည်အထိ 🙏🏻
✅ အင်တာဗျူးဝင်ချိန်
- ပထမအင်တာဗျူး : ဖောင်ပိတ်ချိန်မှစ ဒီဇင်ဘာအတွင်း အဖွဲ့လိုက်စီစဉ်ပါမည်။
- ဒုတိယအင်တာဗျူး : 2026 ၁ လပိုင်းတွင် စီစဉ်ပါမည်။
- အင်တာဗျူးအဖြေများ ၂ လပိုင်းတွင်ထွက်ပြီး COE စတင်မည်ဖြစ်ပါသည်။
🟥 ကျောင်းတက်တဲ့ ပထမလတွင် ဂျပန်မှာနေထိုင်ရေးအဆင်ပြေဖို့အတွက် ကုန်ကျစရိတ် ယန်း၁၀သောင်းမှ ၁၀ သောင်း ( ထိုင်းဘတ် ၃ သောင်းကျော်လောက် လိုအပ်နိုင်ပါသည်။)
🟥 ကျောင်းသားဘက်မှ ဂျပန်အရောက် ပထမလအသုံးစရိတ်ခန့်မှန်း ကုန်ကျစရိတ်အပြီးစီး
ဘတ် ၇ သောင်းမှ - ဘတ် ၁ သိန်းဝန်းကျင် ( ကိုယ်ပိုင်ဆောင်ငွေ အပြည့်စုံအပြီးစီး)
အသေးစိတ်အချက်လက်များသိရှိလိုပါက page messenger မှတစ်ဆင့် မေးခွန်းများချန်ထားခဲ့နိုင်ပါတယ်ရှင်။ ၂၄ နာရီအတွင်း ဖြေပေးပါမယ်ရှင်။