Myanmar HR Support LLC

電話する ウェブサイト 事業に問い合わせる

Myanmar HR Support LLC Myanmar HR Support LLC, 人材雇用, Osakaの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

မင်္ဂလာပါ။

ကျွန်မတို့ရဲ့ Myanmar HR Support ကုမ္ပဏီဟာ ဂျပန်နိုင်ငံမှာ အဓိကအားဖြင့်

၁။ အထူးကျွမ်းကျင်လုပ်သား ကူညီထောက်ပံ့ခြင်းကုမ္ပဏီ
၂။ ဂျပန်ပြည်တွင်းပြည်ပ အလုပ်အကိုင်မိတ်ဆက်ခြင်းကုမ္ပဏီ

အဖြစ်နဲ့ လုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။

✨ Kishioka Sensei က 🇲🇲 ရန်ကုန်ကို ရောက်ရှိစဥ်မှာ 🇯🇵 ဂျပန်စာသင်တန်းကျောင်းတစ်ခုမှာ သင်တန်းသားများကို ခဏတာ စာသင်ကြားပေးခဲ့...
28/10/2026

✨ Kishioka Sensei က 🇲🇲 ရန်ကုန်ကို ရောက်ရှိစဥ်မှာ 🇯🇵 ဂျပန်စာသင်တန်းကျောင်းတစ်ခုမှာ သင်တန်းသားများကို ခဏတာ စာသင်ကြားပေးခဲ့ပါတယ်။

✨ Myanmar HR Support မှ အလုပ်မိတ်ဆက်ပေးမှုနဲ့ အလုပ်ခန့်ခြင်းခံရပြီး ဂျပန်ကို ထွက်ခွာဖို့အတွက် စီအိုအီးရရှိဖို့ စောင့်ဆိုင်းနေသူများကိုပါ အနီးကပ် ဂျပန်စာသင်ကြားပေးခဲ့ပါတယ်။

---------------------------------------------------------


📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။



#ဂျပန်စာသင်တန်းကျောင်

အလုပ်ခေါ်စာ TG26008 အိုဆာကာရှိ ခိုင်းဂေါ့မသန်စွမ်းသူများ စောင့်ရှောက်ရေးဂေဟာ အလုပ်ခေါ်စာအင်တာဗျူးအောင်မြင်သွားသူများဖြစ်...
24/10/2026

အလုပ်ခေါ်စာ TG26008 အိုဆာကာရှိ ခိုင်းဂေါ့မသန်စွမ်းသူများ စောင့်ရှောက်ရေးဂေဟာ အလုပ်ခေါ်စာ

အင်တာဗျူးအောင်မြင်သွားသူများဖြစ်ပါတယ်။

မိန်းကလေး ၂ ယောက်ပဲခန့်မယ် ပြောခဲ့ပေမယ့် ၃ ယောက်ခန့်သွားခဲ့ပါတယ်။ 💖

အလုပ်ခေါ်စာ TG26009သိုခုတေးဂိနော စိုက်ပျိုးရေး အလုပ်ခေါ်စာ📍တိုတိုရီ - 鳥取県 (Tottori Prefecture) - ကျား ၁ 🌸 လျှောက်ထားရန်လ...
21/10/2026

အလုပ်ခေါ်စာ TG26009

သိုခုတေးဂိနော စိုက်ပျိုးရေး အလုပ်ခေါ်စာ
📍တိုတိုရီ - 鳥取県 (Tottori Prefecture) - ကျား ၁

🌸 လျှောက်ထားရန်လိုအပ်ချက်များ
🌟 ဂျပန်စာ - N4 နှင့် အထက် အောင်လက်မှတ်ရှိထားသူ
🌟 စိုက်ပျိုးရေး အတွေ့အကြုံရှိသူ
🌟 သီးနှံများ စိုက်ပျိုးရေးမှာ အတွေ့အကြုံရှိသူ
🌟 လယ်ယာလုပ်ငန်း အတွေ့အကြုံရှိသူ
🌟 လယ်ယာသုံး စက်ကိရိယာများ ကိုင်တွယ်ရေးမှာ အတွေ့အကြုံရှိသူ

🏡 အဆောင်ခ - ၁၂၀၀၀ ယန်း ကျသင့်ပါမယ်။

🌸 လစာ နှင့် ခံစားခွင့်များ
🌟 အခြေခံ လစဉ်လစာ - ၁၈၀,၀၀၀ ယန်း (ကနဦးလစာ)
🌟 ဘောနပ်စ်က ၁ နှစ်လျှင် ၂ ကြိမ်၊ ဇူလိုင်လနှင့် ဒီဇင်ဘာလ တွင်ရပါမယ်။
🌟 ၁ ကြိမ်လျှင် တစ်လစာနီးပါးရပါမယ်။ ဘောနပ်စ်ရဲ့ပမာဏအတိအကျက မိမိ၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းပေါ်မူတည်ပါမယ်။ ဘောနပ်စ်မှာ အလုပ်ဝင်ပြီး ဒုတိယနှစ်မှ စတင်၍ ရှိပါမယ်။

🌸 စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွင် အချိန်ပိုဆင်းခြင်းနှင့် ပတ်သက်၍
🌟 ယခု အလုပ်ခေါ်စာ အလုပ်မှာ အချိန်ပိုအလုပ် မရှိပါ။
🌟 အချိန်ပိုလုပ်ကိုင်လိုလျှင် အခြားစိုက်ခင်းများတွင် လုပ်ကိုင်နိုင်ရန် စဉ်းစားစီစဥ်ပေးပါမယ်။

🌸 အာမခံ၊ အခွန်များနှင့်ပတ်သက်၍
🌟 အမျိုးသားကျန်းမာရေးအာမခံနှင့် အမျိုးသားပင်စင် ဖြစ်ပါတယ်။
🌟 အမျိုးသားပင်စင်ကြေး၏ ပထမနှစ်ကို ကင်လွတ်ခွင့်ရရှိရန် လျှောက်ထားပေးပါမယ်။

🌸 လျှောက်ထာလိုသူများ ပေ့ချ် မက်ဆင်ဂျာတွင် လက်မှတ်များနှင့်အတူ စီဗီဖောင်ပို့ကာ လျှောက်ထားနိုင်ပါသည်။

---------------------------------------------------------------------------------------
📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို့ ဒီ page လေးကို Like & Follow လုပ်ထားပါရှင်။



#သိုခုတေးဂိနောဗီဇာ
#စိုက်ပျိုးရေး

ပြီးခဲ့တဲ့လတွေက Myanmar HR Support LLC ကို ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခုက သူတို့ဂေဟာတစ်ခုရဲ့ဖွင့်ပွဲကို တက်ရောက်ဖို့ ...
19/10/2026

ပြီးခဲ့တဲ့လတွေက Myanmar HR Support LLC ကို ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခုက သူတို့ဂေဟာတစ်ခုရဲ့ဖွင့်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

Kishioka Sensei က ကုမ္ပဏီကိုယ်စား ဂေဟာဖွင့်ပွဲကို သွားရောက် ဂုဏ်ပြုပေးခဲ့ပါတယ်။

ပုံတွေက ဖွင့်ပွဲမှာမြင်ရတဲ့ ဂေဟာအသစ်ရဲ့ ပုံတွေပဲဖြစ်ပါတယ်။

---------------------------------------------------------


📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။



#သိုခုတေးဂိနောဗီဇာ
#ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ

☀️သိုခုတေးဂိနော စားသောက်ကုန်ထုတ် နဲ့ရောက်ရှိလာတဲ့ ညီမလေး၊ ညီလေးတို့ကို Kishioka Sensei, Koshiba Sensei, Moe Sensei နှင့်...
16/10/2026

☀️သိုခုတေးဂိနော စားသောက်ကုန်ထုတ် နဲ့ရောက်ရှိလာတဲ့ ညီမလေး၊ ညီလေးတို့ကို Kishioka Sensei, Koshiba Sensei, Moe Sensei နှင့် ကုမ္ပဏီမှ တာဝန်ရှိသူကိုယ်တိုင် နေအိမ်ကို လိုက်ပို့ခဲ့ပါတယ်။ အနီးအနားရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများကိုလည်း လိုက်လံပြသပေးခဲ့ပါတယ်။

🏡မွေ့ယာ၊ စောင်တွေကိုပါ ကုမ္ပဏီမှ အသစ်တွေဝယ်ထားပေးတဲ့အပြင် တာဝန်ရှိသူတွေက ပရိဘောဂ၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အခြားလိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။

---------------------------------------------------------

📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို့ ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။



#သိုခုတေးဂိနောဗီဇာ
#စားသောက်ကုန်ထုတ်

ပြီးခဲ့တဲ့လက ဂျပန်ကိုရောက်ခါစ ညီမလေးတွေနဲ့အတူ Moe Sensei, Kishioka Sensei နဲ့ ဗီဇာရှေ့နေတို့က စားရအောင် မြန်မာစားသောက်ဆိ...
15/10/2026

ပြီးခဲ့တဲ့လက ဂျပန်ကိုရောက်ခါစ ညီမလေးတွေနဲ့အတူ Moe Sensei, Kishioka Sensei နဲ့ ဗီဇာရှေ့နေတို့က စားရအောင် မြန်မာစားသောက်ဆိုင်မှာ အတူတူ စားသောက်ခဲ့ကြပါတယ်။

---------------------------------------------------------

📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို့ ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။



#သိုခုတေးဂိနောဗီဇာ
#ဘိုးဘွားစောင့်ရှောက်ရေး

🌟 သိုခုတေးဂိနော စားသောက်ကုန်ထုတ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ ညီမလေး ညီလေးတို့ကို Kishioka Sensei, Koshiba Sensei, M...
08/10/2026

🌟 သိုခုတေးဂိနော စားသောက်ကုန်ထုတ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ ညီမလေး ညီလေးတို့ကို Kishioka Sensei, Koshiba Sensei, Moe Sensei တို့က သွားရောက်ကြိုဆိုပြီး နေအိမ်များ၊ ဆိုင်များကို လိုက်ပို့ခဲ့ပါတယ်။

🌸 ကုမ္ပဏီမှ တာဝန်ရှိသူကိုယ်တိုင်လည်း လိုက်ပါလာပြီး အရသာရှိလှတဲ့ 🍜 ramen ဆိုင်လေးမှာ ရာမာန်ခေါက်ဆွဲကို မိတ်ဆက်ကျွေးမွေးခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီမှ တာဝန်ရှိသူက နေထိုင်မှုဘဝအတွက် လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းများကို လိုက်လံဝယ်ယူပေးခဲ့ပါသေးတယ်။

🛒 ပြီးနောက် စူပါမားကက်မှာ လိုအပ်တဲ့အိမ်သုံးပစ္စည်းနဲ့စားစရာ၊ သောက်စရာတို့ကို ဝယ်ယူဖို့ အားလုံးက ညီလေး ညီမလေးတို့ကို ပံပိုးကူညီခဲ့ပါတယ်။

📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။



#သိုခုတေးဂိနောဗီဇာ
#စားသောက်ကုန်ထုတ်

🌸 အိုဆာကာမြို့ရှိ မသန်စွမ်းဂေဟာကို Kishioka Sensei, Moe Sensei တို့ ကိုယ်တိုင်သွားရောက်လေ့လာစဉ်မှာ ရိုက်ယူခဲ့တဲ့ ပုံလေးတ...
07/10/2026

🌸 အိုဆာကာမြို့ရှိ မသန်စွမ်းဂေဟာကို Kishioka Sensei, Moe Sensei တို့ ကိုယ်တိုင်သွားရောက်လေ့လာစဉ်မှာ ရိုက်ယူခဲ့တဲ့ ပုံလေးတွေကိုပြချင်ပါတယ်။

🌟 လှပသပ်ရပ်တဲ့ ဂေဟာအသစ်စက်စက်မှာ အလုပ်လုပ်ချင်တယ်ဆိုရင် ဒီပို့စ်လေးကို အဆုံးထိ သေချာဖတ်ပေးပါနော်။

🌟 ပုံလေးတွေကိုကြည့်ရင် လှပသပ်ရပ်ပြီး မိသားစုတွေနေထိုင်ရာ အိမ်လေးတစ်လုံးလို နွေးထွေးတဲ့ ခံစားမှုမျိုးရရှိပါမယ်။ ဂေဟာက မသန်စွမ်းသူတွေအတွက် ရည်ရွယ်ပြီး မိသားစုအိမ်သဖွယ် တည်ဆောက်ထားတဲ့ အသစ်စက်စက် အဆောက်အဦးဖြစ်ပါတယ်။

🏡 ၂ ထပ်ဆောင် အိမ်ကလေးဖြစ်ပါတယ်။ သွားကြည့်ခဲ့တဲ့နေရာမှာ အခုလိုအဆောက်အဦးမျိုး ၄ ခုရှိပါတယ်။ အခြားမြို့နယ်တွေမှာလည်း ဂေဟာတွေ အများကြီးရှိပါသေးတယ်။

🏆 မိမိကကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိမယ့် အလားအလာကောင်းတဲ့အလုပ်လေးဖြစ်ပါတယ်။

📍Osaka - ကျား ၁၊ မ ၂

🌟 အသေးစိတ်အချက်အလက်တွေကို Myanmar HR Support LLC ပေ့ချ်မှာ တင်ပြီးသားဖြစ်လို့ အဲ့ဒီပိုစ်လေးကို သွားရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/photo/?fbid=122196796718690655&set=a.122167728650690655

🌟 လျှောက်ထားလိုသူများ ပေ့ချ် မက်ဆင်ဂျာမှာ လက်မှတ်များနှင့်အတူ စီဗီဖောင်ပို့ကာ လျှောက်ထားနိုင်ပါတယ်။

📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို့ ဒီ page လေးကို Like & Follow လုပ်ထားပေးပါခင်ဗျာ။





🎊🎉 သိုခုတေးဂိနောဗီဇာ စားသောက်ကုန်ထုတ်လုပ်ငန်း ဖြင့် ညီမလေး နှင့် ညီလေးတို့ ဂျပန်ကို အဆင်ပြေချောမွေ့စွာ ရောက်လာခဲ့ပါပြီ။✈...
06/10/2026

🎊🎉 သိုခုတေးဂိနောဗီဇာ စားသောက်ကုန်ထုတ်လုပ်ငန်း ဖြင့် ညီမလေး နှင့် ညီလေးတို့ ဂျပန်ကို အဆင်ပြေချောမွေ့စွာ ရောက်လာခဲ့ပါပြီ။✈️ 🇯🇵

✨Kishioka Sensei က ညီမလေး နှင့် ညီလေးတို့ကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။ Kishioka Sensei နဲ့အဆင်ပြေချောမွှေ့စွာတွေ့ဆုံ စကားပြောဆက်သွယ်နိုင်ခဲ့ပါတယ်။

✨ရှေ့ဆက်ပြီးတော့လည်း အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ Sensei တို့က ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။ 🙏🏼

📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို့ ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။

🎉🎉🇯🇵 သိုခုတေးဂိနောဗီဇာ စားသောက်ကုန်ထုတ်လုပ်ငန်း ဖြင့် ညီမလေး နှင့် ညီလေးတို့ ဂျပန်ကို ထွက်ခွာသွားကြပါပြီ။🎁💰ဖြစ်ချင်တဲ့ အ...
05/10/2026

🎉🎉🇯🇵 သိုခုတေးဂိနောဗီဇာ စားသောက်ကုန်ထုတ်လုပ်ငန်း ဖြင့် ညီမလေး နှင့် ညီလေးတို့ ဂျပန်ကို ထွက်ခွာသွားကြပါပြီ။

🎁💰ဖြစ်ချင်တဲ့ အိမ်မက်တွေအားလုံး အဆင်ပြေချောမွေ့စွာ ရရှိနိုင်ကြပါစေရှင်။❤️

📢📖 အလုပ်ခေါ်စာနှင့် အသေးစိတ်အချက်အလက်များ တင်ပေးသွားမှာဖြစ်လို့ ဒီ page လေးကို Like & Follow လုပ်ထားပါခင်ဗျာ။

住所

Osaka, Osaka

営業時間

月曜日 09:00 - 18:00
火曜日 09:00 - 18:00

電話番号

+81677773801

ウェブサイト

アラート

Myanmar HR Support LLCが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

事業に問い合わせる

Myanmar HR Support LLCにメッセージを送信:

ショートカット

共有する

カテゴリー