Yamamura 📌人材紹介 外食のみ Work In Japan
Only For Japanese Cuisine Lover 🍜

🔊 【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】📍 ဂျပန် うどん専門店 📍အိုဆာကာ လေဆိပ် 伊丹空港店 နှင့်📍UMEDA မြို့ထဲ LUCUA ကုန်တိုက်ထဲရှိစားသောက်ဆိုင်...
18/05/2026

🔊 【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍 ဂျပန် うどん専門店

📍အိုဆာကာ လေဆိပ် 伊丹空港店 နှင့်
📍UMEDA မြို့ထဲ LUCUA ကုန်တိုက်ထဲရှိစားသောက်ဆိုင်

✨ 社宅 ရှိ – လစဉ် ¥13,000
✨ 社宅 မနေပါက အိမ်ငှားခ 30% ထောက်ပံ့ (အများဆုံး ¥20,000)
✨ အခွန်နှင့်အိမ်လစာဖြတ်ပြီး ၁၆သောင်းအနည်းဆုံးကျန် (အချိန်ပိုကြေးထည့်မတွက်ထားသေး)
✨ သွားလာစရိတ်ထောက်ပံ့ – ရထား (အများဆုံး ¥40,000)
✨ စက်ဘီးဖြင့်သွားလာနိုင်

✅ 特定技能「外食」ဗီဇာ လျှောက်နိုင်သူ
(စာမေးပွဲဖြေမည့်သူများလည်း လျှောက်နိုင်ပါသည်)
✅ ဂျပန်ဘာသာ N2 အဆင့်ရှိသူ များသာမက N3 လည်း လျှောက်နိုင် (Interview တွင် စစ်ဆေးမည်)

■ အလုပ်အမျိုးအစား

・အစားအစာပြင်ဆင်ခြင်း (仕込み)
・ချက်ပြုတ်ခြင်း
・ဝန်ဆောင်မှုပေးခြင်း

■ လစာ

လစဉ် ¥213,000 + အချိန်ပိုကြေး
(အခြေခံလစာ ¥206,000 +
အတည်ပြုထားသော အချိန်ပိုကြေး 4 နာရီစာ ¥7,000)
※ 4 နာရီထက်ပိုလုပ်ပါက အချိန်ပိုကြေး အပြည့်ပေးမည်
ဥပမာ – 30 နာရီ အချိန်ပိုလုပ်ပါက 26 နာရီစာ ထပ်ပေးမည်

■ အလုပ်ချိန်

(Shift စနစ်)
တနင်္လာ – သောကြာ
7:30 – 15:00 / 17:00 – 21:00
စနေ / တနင်္ဂနွေ / ရုံးပိတ်ရက်
7:30 – 21:00
(L.O. 20:30)

■ နားရက်
တစ်ပတ် ၂ ရက် နား
(တစ်နှစ်လုံး 105 ရက်နား)

■ Refresh Vacation (အနားယူခွင့်)
တစ်နှစ် ၂ ကြိမ် (၅ ရက်ဆက်တိုက်) ယူနိုင်
・ဧပြီ – စက်တင်ဘာ အတွင်း ၁ ကြိမ်
・အောက်တိုဘာ – မတ် အတွင်း ၁ ကြိမ်

■ Interview

Online 1 ကြိမ် + လူတွေ့ 1 ကြိမ်

━━━━━━━━━━━━━━━━━━

📢 【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】  📍お弁当屋  📍SHIZUOKA မြို့ ✨ボーナスရှိ  (ယန်း ၄၀ သောင်း) ✨まかないရှိ   ✨ညဆိုင်းမရှိ ✨အဆောင်ရှိ(ယန်...
17/05/2026

📢 【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍お弁当屋
📍SHIZUOKA မြို့

✨ボーナスရှိ (ယန်း ၄၀ သောင်း)
✨まかないရှိ
✨ညဆိုင်းမရှိ
✨အဆောင်ရှိ(ယန်း ၃ သောင်း)ရေ ၊ မီး ကုန်ကျစာရိတ်ပါပြီး

✅特定技能「外食」ဖြင့်အလုပ်လုပ်နိုင်သူများ
✅JLPT N3 နှင့်အထက်

■ လစာ

လစဉ်စုစုပေါင်းလစာ - 246,000ယန်း
・အခြေခံလစာ - 210,000 ယန်း
・သတ်မှတ်အလုပ်ချိန်ပို (Fixed Overtime) – 36,000 ယန်း (24နာရီစာ)

※ သတ်မှတ်နာရီကျော်လွန်ပါက ထပ်မံပေးချေမည်

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(外食)လက်မှတ်ကိုင်ဆောင်ထားသူ
・ဂျပန်ဘာသာစကား - N3 နှင့်အထက်

■ ခေါ်ယူမည့်ရာထူး

① မီးဖို (Kitchen)
② ဝန်ဆောင်မှု (ORDER ကောက်ခြင်း နဲ့ ငွေရှင်းခြင်း)

■ အလုပ်ချိန်

Shift စနစ် (မနက် 09:00 မှ ည 10:00 အတွင်း)
အလုပ်လုပ်ချိန် 8 နာရီ / နားချိန် 1 နာရီ

①9:00~17:00
②10:00~18:00
③13:00~21:30
④14:00~22:00

■ အနားယူရက်

・Shift အလိုက် (တစ်လ 8 ရက်)
・Paid Leave ရှိ အလုပ်ဝင်ပြီး ၆ လကြာပြီးနောက် ၁၀ရက်

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (၈ လ နှင့် ၁၂ လ ပိုင်းတွင်ရရှိမည် ※ ၁ ကြိမ် ယန်း၂၀သောင်း )
・လစာတိုး - ၁ နှစ် ၁ ကြိမ် (၁ကြိမ် အနည်းဆုံး ယန်း ၁ သောင်း)
・ကုမ္ပဏီအဝင် ယန်း ၁ သောင်းထောက်ပံ့
・လမ်းစာရိတ်ထောက်ပံ့ရှိ အပြည့်အဝပေးခြေ
・အစားအစာ (တစ်နေ့ ၂ ကြိမ်)
・လူမှုအာမခံ အပြည့်အစုံ

━━━━━━━━━━━━━━━
Online Interview ဖြင့် ပြုလုပ်နိုင်မည်
━━━━━━━━━━━━━━━

📢 【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】 📍蕎麦屋(ဂျပန်ရိုးရာ ဆိုးဘ ခေါက်ဆွဲဆိုင်)  📍KYOTO မြို့ထဲ DOWNTOWN  📍KAWARAMACHI ဘူတာ အထွက် ダ...
16/05/2026

📢 【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍蕎麦屋(ဂျပန်ရိုးရာ ဆိုးဘ ခေါက်ဆွဲဆိုင်)

📍KYOTO မြို့ထဲ DOWNTOWN
📍KAWARAMACHI ဘူတာ အထွက် ダイニングガーデン京回廊 7 FLOOR တွင်ရှိသော ဆိုင်

✨ボーナスရှိ
✨まかないရှိ
✨ညဆိုင်းမရှိ
✨အဆောင်မရှိ (လိုအပ်ကတိုင်ပင်နိုင်)
✨ဆိုင်အတည်တကျ လုပ်ငန်းခွင်ကောင်းမွန်

⛩ အားသာချက်

📌အိုဆာကာသို့ ရထားတဆင့် ၄၅ မိနစ်အရောက်သွားနိုင်

📌အခွန်ဖြတ်ပြီး ၁၉သောင်းခန့် အကျန်...

📌အိမ်လခ ၃ သောင်း မှ ၄ သောင်းခန့်ကျနိုင်...

📌ညဆိုင်းမပါ ဆိုင်အပြောင်းလဲမရှိ အချိန်ပို နာရီ၂၀ ခန့်လုပ်ခြင်းဖြင့် အိမ်လခ နှင့် အခွန်ဖြတ်ပြီး အားလုံးအပြီးစီး ၁၆ သောင်းခန့် ကျန်နိုင်...

📌 နေ့လည် ၊ ညစာ ၂ ခါ ထောက်ပံ့ခြင်းရှိ

📌နှစ်စဉ်ဘောနပ် နှင့် ထပ်မံ အချိန်ပို များအား သက်သက်ထပ်မံတွက်ပေးမည်...

💯 ရေရှည်လုပ်လိုသူများအတွက် အကောင်းဆုံး အသင့်တော်ဆုံး လုပ်ငန်းခွင် ဖြစ်ပါတယ် ....

✅ 特定技能「外食」ဖြင့်အလုပ်လုပ်နိုင်သူများ
✅ JLPT N3 နှင့်အထက်

■ လစာ

လစဉ်စုစုပေါင်းလစာ - 230,000ယန်း

・အခြေခံလစာ - 203,000 ယန်း
・သတ်မှတ်အလုပ်ချိန်ပို (Fixed Overtime) – 27,000 ယန်း (22 နာရီစာ)

※ သတ်မှတ်နာရီကျော်လွန်ပါက ထပ်မံပေးချေမည်

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(外食)လက်မှတ်ကိုင်ဆောင်ထားသူ
・ဂျပန်ဘာသာစကား - N3 နှင့်အထက်

■ ခေါ်ယူမည့်ရာထူး

① မီးဖို (Kitchen)
② ဝန်ဆောင်မှု (Hall)

■ အလုပ်ချိန်

Shift စနစ် (မနက် 08:00 မှ ည 9:00 အတွင်း)
ပုံမှန်အလုပ်ချိန် 8 နာရီ / နားချိန် 1 နာရီ

■ အနားယူရက်

・Shift အလိုက် (တစ်လ 8 ရက် မှ 9 ရက်ခန့်)
・Paid Leave ရှိ အလုပ်ဝင်ပြီး ၆ လကြာပြီးနောက် ၁၀ရက်

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (၈ လပိုင်းတွင်ရရှိမည် ※ ကုမ္ပဏီရောင်းအားအတိုင်းရရှိမည်)
・လစာတိုး - တစ်နှစ်တစ်ကြိမ် (စွမ်းဆောင်ရည်အပေါ်မူတည်)
・လမ်းစာရိတ်ထောက်ပံ့ရှိ
・ယူနီဖောင်းပေးအပ်
・အစားအစာ (တစ်နေ့ ၂ ကြိမ်)
・လူမှုအာမခံ အပြည့်အစုံ

━━━━━━━━━━━━━━━
Online Interview ဖြင့် ပြုလုပ်နိုင်မည်
━━━━━━━━━━━━━━━

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】 ⛩ ၄လပိုင်းထဲတွင်း ၃ဦးဖြေ ၂ဦးခေါ်ယူခဲ့သော နိုင်ငံခြားသား ခန့်အပ်မှု့ကောင်းမွန်သော ကုမ္ပဏီဖြ...
14/05/2026

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

⛩ ၄လပိုင်းထဲတွင်း ၃ဦးဖြေ ၂ဦးခေါ်ယူခဲ့သော နိုင်ငံခြားသား ခန့်အပ်မှု့ကောင်းမွန်သော ကုမ္ပဏီဖြစ်ပြီး ၅လပိုင်းအတွက် ၄ဦး ထပ်မံခေါ်ယူပါမည်

━━━━━━━━━━━━━━━
📍HYOGO・HIMEJI မြို့(姫路駅မှလမ်းလျှောက် ၂ မိနစ်)

📍ဂျပန်ရိုးရာဆိုင်寿司屋

📍 OSAKA မှ HIMEJI အထိ ရထားဖြင့် မိနစ် ၅၀ခန့်

📍 “အလုပ် + နေထိုင် + ခရီးသွား” BALANCE ကောင်းမွန်သောမြို့

━━━━━━━━━━━━━━━

✨ ボーナスရှိ / まかないရှိ / လမ်းစရိတ်ထောက်ပံ့ရှိ / အဆောင်မရှိ
✨ OJT Training ဖြင့် သေချာသင်ကြားပေးမည် (စိတ်ချလက်ချလုပ်နိုင်)
✨ အလုပ်ဝင်ခါစ အခွန်နှုတ်ပြီး ယန်း သောင်း ၂၂သောင်းဝန်းကျင် အနည်းဆုံးအကျန်
✨ အိုဆာကာလောက်နေစားစာရိတ်မကြီး / အိုဆာကာနဲ့နီး
✨ HYOGO ခရိုင် HIMEJI မြို့တွင်း လစာမြင့်မည်

✅ 特定技能「外食」ဖြင့်အလုပ်လုပ်ကိုင်လျက်ရှိသူများ
✅ လက်ရှိ နိုင်ငံခြားသားများ လက်ကိုင်လျက်ရှိ GLOBAL လုပ်ငန်းခွင်ဖြစ်သည်
✅ မြန်မာစီနီယာရှိ

■ လစာ

လစဉ်စုစုပေါင်းလစာ:263,335 ယန်း〜
・အခြေခံလစာ:197,500 ယန်း(職能手当ပါဝင်)
・သတ်မှတ်အလုပ်ချိန်ပို (Fixed Overtime):65,835 ယန်း(45 နာရီစာ)
※ သတ်မှတ်နာရီကျော်ပါက ထပ်မံပေးချေမည်
※ အတွေ့အကြုံအလိုက် လစာတိုးနိုင်

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (နှစ် ၂ ကြိမ်:7月 / 12月)
・လစာတိုး (နှစ် ၁ ကြိမ်:4月)
・လမ်းစရိတ်ထောက်ပံ့
・特定技能2号 သို့ တက်နိုင်ရန် support ရှိ

■ အလုပ်ချိန်

・11:00 ~ 22:30
・ပိတ်ရက် တစ်ပတ် ၂ရက်
※ အလုပ်ဝင်ပြီး ၆လပြည့်ပါစ 有給၁၀ရက်

■ လျှောက်ထားရန် လိုအပ်ချက်

・特定技能「外食」လက်မှတ်ကိုင်ထားပြီး လက်ရှိလုပ်ကိုင်နေသူ
・ဂျပန်စာ N3 နှင့်အထက် (စကားပြောနိုင်ပါက အောင်လက်မှတ်မကြည့်ပါ)

■ ခေါ်ယူမည့်ရာထူး

① မီးဖို (Kitchen)
② ဝန်ဆောင်မှု (Hall)

■ အလုပ်တာဝန်

【Kitchen】
・အစားအစာပြင်ဆင်ခြင်း / Prep / Cooking / Plating
【Hall】
・Order ယူခြင်း / Food & Drink ပို့ခြင်း / Customer service

OJT ဖြင့် သေချာသင်ကြားပေးမည်
仕込みအချိန်တွင် စက်အသုံးပြုနည်းနှင့် service ကို တစ်ဆင့်ချင်းသင်ပေးမည်

━━━━━━━━━━━━━━━
📩 Online Interview ဖြင့်လျှောက်ထားနိုင်သည်
━━━━━━━━━━━━━━━

🏯【HIMEJI မြို့ဆိုတာ ဘယ်လိုမြို့လဲ?】

📍 兵庫県 (HYOGO ခရိုင်) ထဲက အထင်ကရမြို့တစ်မြို့

✨ HIMEJI မြို့အကြောင်း

Himeji မြို့ဟာ စားသောက်ဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေ တိုးတက်နေပြီး
ဂျပန်နိုင်ငံတစ်ဝှမ်းလုံးက လူတွေ သိကြတဲ့ အထင်ကရမြို့တစ်မြို့ ဖြစ်ပါတယ်။

🚄 သွားလာရလွယ်ကူမှု
・Shinkansen (ကျည်ဆန်ရထား) တိုက်ရိုက်ရောက်နိုင်
・Osaka နဲ့လည်း အလွန်နီး
👉 သွားလာရေး အလွန်အဆင်ပြေသော “Standard မြို့”

🏯 ခရီးသွားနေရာ
・Himeji Castle (世界遺産) နာမည်ကြီး
👉 ဂျပန်လူတိုင်း သိတဲ့ သမိုင်းဝင်မြို့

🍣 အစားအစာ
・海鮮 (Seafood) နာမည်ကြီး
・စားသောက်ဆိုင်များလည်း များပြား

💰 နေထိုင်မှု
・Osaka ထက် နေထိုင်စရိတ်သက်သာ
・အလုပ်လုပ်ရလည်း လွယ်ကူ
・အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေသောမြို့

━━━━━━━━━━━━━━━

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】📍 ラーメン工場 (ခေါက်ဆွဲစက်ရုံ)📍 神奈川県(KANAGAWA)✨ BONUS ရှိ  ( ၂ကြိမ်ရှိ )✨ လစာတိုးရှိ✨まかない ရှိ✨ လ...
13/05/2026

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍 ラーメン工場 (ခေါက်ဆွဲစက်ရုံ)
📍 神奈川県(KANAGAWA)

✨ BONUS ရှိ ( ၂ကြိမ်ရှိ )
✨ လစာတိုးရှိ
✨まかない ရှိ
✨ လမ်းစာရိတ်ထောက်ပံ့ ရှိ
✨ ညဆိုင်းမရှိ

✅ 特定技能「食品製造」အောင်လက်မှတ်ကိုင်ဆောင်ထားသူများ
✅ JLPT N3 အဆင့် ဂျပန်စကားပြောနိုင်သူ

■ လစာ

・月給: 244,500円
・基本給:213,500円
・固定残業代 : 31,000 (20時間)

【昇給・賞与 / လစာတိုး・ဘောနပ်စ် 】
・昇給あり(役職昇格時/年1回)
・賞与 (3月、9月 概算で1回につき¥381,900)

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (1ကြိမ် ကို သောင်း ၃၀ ကျော်)
・လစာတိုး
・လမ်းစာရိတ်ထောက်ပံရှိ
・まかないရှိ
・2号 အထောက်ပံ့ရှိ
・အဆောင်မရှိ (လိုအပ်ပါက တိုင်ပင်ဆွေးနွေးနိုင်)

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(食品製造)ဗီဇာ
・ဂျပန်ဘာသာ - N3

■ အလုပ်ချိန်

အလုပ်ချိန်
08:00~17:00
※ပုံမှန် အလုပ်ချိန် 8 နာရီ ၊ နားချိန် 60 မိနစ်

■ အနားယူရက်

・တစ်ပတ် 2 ရက် (土、日)
・6 လပြည့်ပြီး Paid Leave 10 ရက်

■ အလုပ်တာဝန်

ခေါက်ဆွဲပြုလုပ်ခြင်း နှင့် ထုပ်ပိုးခြင်းများ

━━━━━━━━━━━━━━━
Interview Online ဖြင့် ပြုလုပ်မည်
━━━━━━━━━━━━━━━

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】📍 寿司、串カツဆိုင် 📍 FUKUOKA မြို့ထဲ HAKATA နှင့် TENJIN အနီးတဝိုက်✨ ボーナスရှိ / まかないရှိ / လမ်းစာရ...
12/05/2026

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍 寿司、串カツဆိုင်
📍 FUKUOKA မြို့ထဲ HAKATA နှင့် TENJIN အနီးတဝိုက်

✨ ボーナスရှိ / まかないရှိ / လမ်းစာရိတ်ရှိ / အဆောင်ရှိ
✨ အင်တာဗျူး မြန်မည် (အချိန်ဆွဲခြင်း မရှိသော ကုမ္ပဏီ)
✨ ၁၈ရက်နေ့မှ ၂၂ရက်နေ့အတွင်းဖြစ်မည်

✅ 特定技能「外食」ဖြင့်အလုပ်လုပ်နိုင်သူများ
✅ JLPT N3 နှင့်အထက်
✅ မြန်မာစီနီယာများစွာရှိ / ကြိုးစားကြခြင်းကြောင့်ထပ်မံခေါ်ယူခြင်း

■ လစာ

လစဉ်စုစုပေါင်းလစာ - 233,000ယန်း
・အခြေခံလစာ - 187,500 ယန်း
・သတ်မှတ်အလုပ်ချိန်ပို (Fixed Overtime) - 45,500 ယန်း (34 နာရီစာ)

※ သတ်မှတ်နာရီကျော်လွန်ပါက ထပ်မံပေးချေမည်

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(外食)လက်မှတ်ကိုင်ဆောင်ထားသူ
・ဂျပန်ဘာသာစကား - N3 နှင့်အထက်

■ ခေါ်ယူမည့်ရာထူး

① မီးဖို (Kitchen)
② ဝန်ဆောင်မှု (Hall)

■ အလုပ်ချိန်

Shift စနစ် (မနက် 10:00 မှ ည 11:00 အတွင်း)
အလုပ်လုပ်ချိန် 8 နာရီ / နားချိန် 1 နာရီ

■ အနားယူရက်

・Shift အလိုက် (တစ်လ 8 ရက်ခန့်)
・နွေရာသီ / နှစ်သစ်ကူး အားလပ်ရက် (4 ရက်)
※ များပြားသောရာသီကိုရှောင်၍ ကြိုတင်တင်ပြရန်လိုအပ်
・Paid Leave ရှိ

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (နှစ် 2 ကြိမ် - နွေ / ဆောင်း ※ ကုမ္ပဏီအခြေအနေအပေါ်မူတည်)
・လစာတိုး - တစ်နှစ်တစ်ကြိမ် (စွမ်းဆောင်ရည်အပေါ်မူတည်)
・လမ်းစာရိတ်ထောက်ပံ့ (အပြည့်အဝ / အကန့်အသတ်မရှိ)
・ယူနီဖောင်းပေးအပ်
・အစားအစာ (တစ်နေ့ 1 ကြိမ် အခမဲ့)
・လူမှုအာမခံ အပြည့်အစုံ
・懇親会 ရှိ

■ အလုပ်တာဝန်

【မီးဖိုအလုပ်】
အစားအစာပြင်ဆင်ခြင်း၊ Drink ပြင်ဆင်ခြင်း၊ Prep နှင့် Plating

【ဝန်ဆောင်မှုအလုပ်】
Order လက်ခံခြင်း၊ အစားအစာနှင့် Drink ပို့ဆောင်ခြင်း၊ ဖောက်သည်ဝန်ဆောင်မှု
━━━━━━━━━━━━━━━
Online Interview ဖြင့် ပြုလုပ်နိုင်မည်
━━━━━━━━━━━━━━━

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】📍 ラーメンဆိုင် 📍OSAKA မြို့တွင်း UMEDA မှ ၁၅ မိနစ်ဝန်းကျင်OSAKA မှနေပြီး KYOTO NARA KOBE အလည်သ...
11/05/2026

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍 ラーメンဆိုင်
📍OSAKA မြို့တွင်း UMEDA မှ ၁၅ မိနစ်ဝန်းကျင်

OSAKA မှနေပြီး KYOTO NARA KOBE အလည်သွားရကြိုက်သူများ

>> အရင်တစ်ခေါက်လူပြည့်ပြီးမဖြေလိုက်ရလို့ အခုထပ်မံခေါ်ယူခြင်းဖြစ်ပါတယ်

>> အင်တာဗျူးမြန်မည် ၁ ကြိမ်

✨ ボーナスရှိ
✨まかないရှိ
✨ ညဆိုင်းမရှိ
✨ အဆောင်မရှိ ( လိုအပ်ပါကတိုင်ပင်နိုင် )
✨ အခွန်ဖြတ်ပြီး ယန်း ၂၁သောင်းကျော်အနည်းဆုံးကျန် (ဘောနပ် + သတ်မှတ်ကျော်လွန်ချိန် ထပ်ရမည်)

✅ လက်ရှိ特定技能「外食」ဖြင့်အလုပ်ပြောင်းမယ့်သူများသီးသန့်

✅ JLPT N3 နှင့်အထက်

✅ ဒီတစ်ခေါက်တော့ ယောကျာ်းလေးဦးစားပေးပါမယ် 🙇🏽

■ လစာ

လစဉ်စုစုပေါင်းလစာ - 253,500 ယန်းမှ စတင်

・အခြေခံလစာ - 224,000 ယန်း
・သတ်မှတ်အလုပ်ချိန်ပို (Fixed Overtime) - 29,500 ယန်း (20 နာရီစာ)

※ သတ်မှတ်နာရီကျော်လွန်ပါက ထပ်မံပေးချေမည်

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(外食)လက်မှတ်ကိုင်ဆောင်ထားသူ
・ဂျပန်ဘာသာစကား - N3 နှင့်အထက်

■ အလုပ်ချိန်

Shift စနစ် (မနက် 9:00 မှ ည 10:00 အတွင်း)
အလုပ်လုပ်ချိန် 8 နာရီ / နားချိန် ၁နာရီ

■ အနားယူရက်

・တစ်လ 8 ရက်
・Paid Leave - 10 ရက် (6 လပြည့်ပြီးနောက်)

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ်
・လမ်းစာရိတ်ထောက်ပံ့

■ အလုပ်တာဝန်

【မီးဖိုအလုပ်】

အစားအစာပြင်ဆင်ခြင်း၊ Drink ပြင်ဆင်ခြင်း၊ Prep နှင့် Plating၊

【ဝန်ဆောင်မှုအလုပ်】

Order လက်ခံခြင်း၊ အစားအစာနှင့် Drink ပို့ဆောင်ခြင်း၊ ဝန်ဆောင်မှု

━━━━━━━━━━━━━━━
Online Interview ဖြင့် ၁ ကြိမ် ပြုလုပ်နိုင်မည်

━━━━━━━━━━━━━━━

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】📍 定食屋(FAMILY RESTAURANT)📍 TOKYO  ( 新宿三丁目駅 မှ လမ်းလျှောက် ၈ မိနစ်ခန့် )📍 CHIBA   ( 千葉中央駅မှ လ...
10/05/2026

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍 定食屋(FAMILY RESTAURANT)

📍 TOKYO ( 新宿三丁目駅 မှ လမ်းလျှောက် ၈ မိနစ်ခန့် )
📍 CHIBA ( 千葉中央駅မှ လမ်းလျှောက် ၃ မိနစ်ခန့် )

✅ ဘယ်သူတွေလျှောက်သင့်ပါသလဲ??

နေထိုင်သွားလာရ အဆင်ပြေ ဘူတာနဲနီးပြီး အချိန်ပိုအရမ်းမများပဲ လစာ အနည်းဆုံးလစာ ၂၆ သောင်းပတ်ချာလည် နဲ့ မိသားစုစတိုင်မဟုတ်တဲ့ ကုမ္ပဏီစနစ်ကောင်းမှာလုပ်ချင်သူ ၊ လစဉ်ရောင်းအားရ‌‌ငွေ နှင့် နှစ်စဉ်ရောင်းအားရငွေ အကျိုးခံစားခွင့် မျှော်မှန်းထားသူ

✨ ボーナスရှိ
✨ まかないရှိ
✨ လမ်းစာရိတ်အထောက်ပံ့ရှိ
✨ လစဉ်ရောင်းအားတိုးငွေ
✨ အဆောင်မရှိ (လိုအပ်ပါက တိုင်ပင်ဆွေးနွေးနိုင်)

✅ 特定技能「外食」ဖြင့်အလုပ်လုပ်နေသူများ

✅ JLPT N3 မှ N2 အဆင့် ဂျပန်စကားပြောနိုင်သူ

✅ မြန်မာလူမျိုးများအား ဦးစားပေးခေါ်ယူ

■ လစာ ( TOKYO )

လစာစုစုပေါင်း:260,000 ယန်း မှစ
※ အခြေခံလစာ:212,600 ယန်း ( TOKYO )
※ သတ်မှတ်အလုပ်ပိုချိန်ခ:40,700ယန်း(26 နာရီအထိ ပါဝင်သည်)
※ ည၁၀နာရီနောက်ပိုင်းပေါင်းထည့်ငွေ : 6,700 ယန်း

※ အချိန်ပိုထပ်မံရှိခဲ့ပါက မိနစ်တိုင်းအတွက် အပိုငွေရပါမည်

■ လစာ ( CHIBA )

လစာစုစုပေါင်း:260,000 ယန်း မှစ
※ အခြေခံလစာ:197,800 ယန်း ( CHIBA )
※ သတ်မှတ်အလုပ်ပိုချိန်ခ:54,300 ယန်း(38 နာရီအထိ ပါဝင်သည်)
※ ည၁၀နာရီနောက်ပိုင်းအတွက်ပေါင်းထည့်ငွေ : 7,900 ယန်း

※ အချိန်ပိုထပ်မံရှိခဲ့ပါက မိနစ်တိုင်းအတွက် အပိုငွေရပါမည်

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (※ ကုမ္ပဏီရောင်းအားအတိုင်း)
・လစာတိုးရှိ
・လမ်းစာရိတ်ရှိ (※ 35,000 ယန်း အထိ)
・まかないရှိ
・2号 အထောက်ပံ့ရှိ
・လစဉ်ရောင်းအားတိုးငွေ (5,000~17,000 ယန်းအထိရှိ)

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(外食)ဗီဇာကိုင်ထားသူ
・ဂျပန်ဘာသာ - N3 စကားပြော N2 ဆိုပိုကောင်း

■ ခေါ်ယူမည့်ရာထူး

① မီးဖို (Kitchen)
② ဝန်ဆောင်မှု (Hall)

■ အလုပ်ချိန်
အလုပ်ချိန်:10:00 ~ 23:00 (ဆိုင်ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲနိုင်
) ※ပုံမှန် အလုပ်ချိန် 8 နာရီ ၊ နားချိန် 60 မိနစ် (SHIFT စနစ်ဖြင့် အလှည့်ကျ)

※ညနက် သန်ခေါင်ချိန်အထိ အလုပ်လုပ်ရခြင်းမရှိပါ

■ အနားယူရက်

・ တပတ် 2 ရက်
・ 1 နှစ် 105 ရက်
・ 6 လပြည့်ပြီး Paid Leave 10 ရက်

■ အလုပ်တာဝန်

【မီးဖိုအလုပ်】
အစားအစာပြင်ဆင်ခြင်း၊ Prep၊ Cooking၊ Plating

【ဝန်ဆောင်မှုအလုပ်】
Order လက်ခံခြင်း၊ အစားအစာပို့ဆောင်ခြင်း၊ Customer Service
━━━━━━━━━━━━━━━
Interview Online ဖြင့် ပြုလုပ်ပါမယ်

လူတွေ့ဖြေနိုင်သူများအတွက်လည်း လမ်းစာရိတ်အပြည့်ထောက်ပံ့ပေးပါမည်
━━━━━━━━━━━━━━━

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】📍 韓国料理屋 (ပုံပါအတိုင်း)📍 東京(TOKYO)မြို့ထဲ SHINJYUKU နှင့် NERIMA ရှိဆိုင်✨ BONUS ရှိ ✨ လစာတိ...
07/05/2026

🔊【အမြဲတမ်းဝန်ထမ်းခေါ်ယူခြင်း】

📍 韓国料理屋 (ပုံပါအတိုင်း)
📍 東京(TOKYO)မြို့ထဲ SHINJYUKU နှင့် NERIMA ရှိဆိုင်

✨ BONUS ရှိ
✨ လစာတိုးရှိ
✨ まかない ရှိ
✨ လမ်းစာရိတ်ထောက်ပံ့ ရှိ
✨ ညဆိုင်းရှိ

✅ 特定技能「外食」ဖြင့်အလုပ်လုပ်နေသူများ

✅ JLPT N3 အဆင့် ဂျပန်စကားပြောနိုင်သူ

■ လစာ

・月給: 266,000円 မှစ
・基本給:218,000円
・固定残業代 : 48,000 (30時間分)

အချိန်ပို နာရီ ၄၀ထိပေးနိုင်သောဆိုင်ဖြစ်သောကြောင့် လစာ ၂၈ သောင်းကျော်ထိမျှော်မှန်းနိုင်

【昇給・賞与 / လစာတိုး・ဘောနပ်စ် 】

・昇給あり(役職昇格時/年1回)
・賞与 (業績により)

■ အကျိုးခံစားခွင့်များ

・ဘောနပ်စ် (1ကြိမ်)
・လစာတိုး
・လမ်းစာရိတ်ထောက်ပံရှိ
・まかないရှိ
・2号 အထောက်ပံ့ရှိ
・အဆောင်မရှိ (လိုအပ်ပါက တိုင်ပင်ဆွေးနွေးနိုင်)

■ လျှောက်ထားရန် လိုအပ်ချက်များ

・特定技能(外食)ဗီဇာ
・ဂျပန်ဘာသာ - N3

■ ခေါ်ယူမည့်ရာထူးY

① မီးဖို (Kitchen)
② ဝန်ဆောင်မှု (Hall)

■ အလုပ်ချိန်

အလုပ်ချိန်
①10:00~20:00 ②12:00~23:00 ③21:00~翌朝7:30
※ပုံမှန် အလုပ်ချိန် 8 နာရီ ၊ နားချိန် 60 မိနစ်

■ အနားယူရက်

・တစ်ပတ် 9 ရက် မှ 10 ရက်အထိ
・6 လပြည့်ပြီး Paid Leave 10 ရက်

■ အလုပ်တာဝန်

【မီးဖိုအလုပ်】
အစားအစာပြင်ဆင်ခြင်း၊ Prep၊ Cooking၊ Plating

【ဝန်ဆောင်မှုအလုပ်】
Order လက်ခံခြင်း၊ အစားအစာပို့ဆောင်ခြင်း၊ Customer Service
━━━━━━━━━━━━━━━
Interview Online ဖြင့် ၁ကြိမ် ပြုလုပ်မည်
━━━━━━━━━━━━━━━

✅ ဂျပန်မှာနေထိုင်သည့် နိုင်ငံခြားသားတိုင်း မည်သည့်ဗီဇာတင်တဲ့အခါမဆို မဖြစ်မနေလိုအပ်တဲ့ အခွန်နှင့်သက်ဆိုင်သည့်စာရွက်ထုတ်ယူ...
03/05/2026

✅ ဂျပန်မှာနေထိုင်သည့် နိုင်ငံခြားသားတိုင်း မည်သည့်ဗီဇာတင်တဲ့အခါမဆို မဖြစ်မနေလိုအပ်တဲ့ အခွန်နှင့်သက်ဆိုင်သည့်စာရွက်ထုတ်ယူခြင်းကို အမြဲမေးကြလို့ ကိုယ်တိုင်ထုတ်ယူခဲ့တုန်းက အချက်လက်များကို သိထားသလောက် မျှဝေလိုက်ပါတယ်....

📌"အခွန်စည်းကြပ်မှုဆိုင်ရာ သက်သေခံလက်မှတ် (課税証明書 - Kazei Shoumeisho)" နှင့်

📌 "အခွန်ပေးဆောင်ပြီးကြောင်း သက်သေခံလက်မှတ် (納税証明書 - Nouzei Shoumeisho)" တို့ကို ထုတ်ယူရန် နည်းလမ်းများကို အောက်ပါနည်းလမ်း (၄) ခုဖြင့် အဓိက ထုတ်ယူနိုင်ပါတယ်…

၁။ မြို့နယ်ရုံး (市役所) တွင် လျှောက်ထားခြင်း

မိမိနေထိုင်ရာ မြို့နယ်ရုံးသို့ တိုက်ရိုက်သွားရောက် လျှောက်ထားခြင်း ဖြစ်ပါသည်။

• မိမိမည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား (在留カード၊ ကားလိုင်စင် သို့မဟုတ် マイナンバーカード) နှင့် စာရွက်စာတမ်းကြေး

• အခြားသူတစ်ဦးက ကိုယ်စားသွားထုတ်ပေးမည်ဆိုပါက "ကိုယ်စားလှယ်လွှဲစာ နှင့် တံဆိပ်တုံး" လိုအပ်ပါတယ်

၂။ Convenience Store တွင် ထုတ်ယူခြင်း (အလွယ်ကူဆုံးနည်းလမ်း)

My Number Card ရှိပါက コンビニများရှိ Multi-copy စက်တွင် ကိုယ်တိုင်ထုတ်ယူနိုင်ပါသည်။

• လိုအပ်သည်များ: My Number Card၊ လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး)၊ ဝန်ဆောင်ခ (ယန်း ၂၀၀ မှ ၃၀၀ ခန့်)

• အချိန်: မနက် ၆:၃၀ မှ ည ၁၁:၀၀ အထိ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များလည်း ရသည်)။
မှတ်ချက်: အချို့မြို့နယ်များတွင် コンビニမှာ ထုတ်ယူ၍မရသေးသည်များ ရှိနိုင်ပါတယ်

၃။ စာတိုက်မှတစ်ဆင့် လျှောက်ထားခြင်း

အလုပ်မအား၍ ရုံးသို့မသွားနိုင်သူများ သို့မဟုတ် ယခင်နေထိုင်ခဲ့သည့် မြို့နယ်အဝေးကြီးမှ လက်မှတ်လိုအပ်သူများအတွက် ဖြစ်ပါတယ်

• လျှောက်လွှာ: မြို့နယ်ရုံး ဝက်ဘ်ဆိုက်မှ ဒေါင်းလုဒ်ဆွဲ၍ ဖြည့်စွက်ပါ

• နေထိုင်ခွင့်ကတ် (Zairyu Card) မိတ္တူ

• Teigaku Kogawase (定額小為替): စာတိုက်တွင် ဝန်ဆောင်ခအတွက် ဝယ်ယူရမည့် ငွေလွှဲလက်မှတ်

• ပြန်စာအတွက် စာအိတ်: မိမိလိပ်စာရေးပြီး တံဆိပ်ခေါင်းကပ်ထားသော စာအိတ်အလွတ်

• အားလုံးကို စာအိတ်ထဲထည့်၍ သက်ဆိုင်ရာ မြို့နယ်ရုံး၏ အခွန်ဌာန သို့ စာတိုက်မှတဆင့်ပေးပို့ရပါမယ်

၄။ အွန်လိုင်းမှ လျှောက်ထားရန် လိုအပ်သည်များ

• My Number Card: (IC Chip ပါသော ကတ်ဖြစ်ရပါမည်)

• စမတ်ဖုန်း: (My Number Card ကို ဖတ်နိုင်သော NFC စနစ်ပါသည့် ဖုန်း)

• Mynaportal App: ဖုန်းထဲတွင် ဒေါင်းလုဒ်ဆွဲထားရန် လိုအပ်ပါသည်

• လျှို့ဝှက်နံပါတ်: ကတ်ထုတ်စဉ်က သတ်မှတ်ခဲ့သော ဂဏန်း ၄ လုံး (利用者証明用電子証明書)

• အွန်လိုင်းငွေပေးချေမှု: ဝန်ဆောင်ခပေးဆောင်ရန် Credit Card သို့မဟုတ် PayPay ကဲ့သို့သော အီလက်ထရောနစ်ငွေပေးချေမှုစနစ်

• လျှောက်ထားပုံ အဆင့်ဆင့်

၁။ Mynaportal သို့ ဝင်ရောက်ခြင်း: Mynaportal APP သို့မဟုတ် ဝက်ဘ်ဆိုက်သို့သွားပြီး My Number Card ကို ဖုန်းဖြင့်ဖတ်ကာ Login ဝင်ပါ

၂။ (手続の検索・電子申請)" ကဏ္ဍတွင် မိမိနေထိုင်ရာ မြို့နယ်ကို ရွေးချယ်ပြီး "Tax (税)" သို့မဟုတ် "Certificate (証明書)" ဟူသော စကားလုံးဖြင့် ရှာဖွေပါ

၃။ အချက်အလက် ဖြည့်စွက်ခြင်း: မည်သည့်လက်မှတ် (課税証明書 သို့မဟုတ် 納税証明書) နှင့် မည်သည့်နှစ်အတွက် လိုအပ်သည်ကို ရွေးချယ်ပါ။
လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ပါ။

၄။ ဝန်ဆောင်ခ ပေးဆောင်ခြင်း: လျှောက်ထားပြီးနောက် မြို့နယ်ရုံးမှ စစ်ဆေးပြီးပါက ချိတ်ဆက်ထားသော မေးလ်ထဲသို့အကြောင်းကြားစာ ရောက်လာပါလိမ့်မည်။ ထိုအခါ ဝန်ဆောင်ခကို အွန်လိုင်းမှ ပေးဆောင်ရပါမယ်

၅။ ဝန်ဆောင်ခ ပေးဆောင်ပြီးပါက မြို့နယ်ရုံးမှ သင့်အိမ်လိပ်စာသို့ လက်မှတ်ကို စာတိုက်မှတစ်ဆင့် ပေးပို့ပေးပါမည်။ (သတိပြုရန် - အွန်လိုင်းမှ လျှောက်သော်လည်း လက်မှတ်ကို အိမ်သို့ စာတိုက်ဖြင့် ပို့ပေးခြင်း ဖြစ်ပါသည်)။

သတိထားရမည့်အချက်များ: ဤလက်မှတ်များကို ထုတ်ယူရန်အတွက် သင်သည် ဇန်နဝါရီလ (၁) ရက်နေ့ တွင် မည်သည့်မြို့နယ်တွင် နေထိုင်ခဲ့သနည်းဆိုသည်မှာ အလွန်အရေးကြီးပါသည်။ ဥပမာ - ယခုနှစ်အတွက် လက်မှတ်ကို ဇန်နဝါရီလ (၁) ရက်နေ့က နေထိုင်ခဲ့သော မြို့နယ်ရုံးတွင်သာ လျှောက်ထားရပါမယ်ခင်ဗျ

အနည်းနဲ့အများ အထောက်ကူဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ 👐

⛩ GOLDEN WEEK ကာလ ၅ လပိုင်း ၂ရက်နေ့ မှ ၆ရက်နေ့ထိ ရုံးပိတ်ရက် ဖြစ်လို့ 面談 ဝင်မယ့်သူများ ၇ရက်နေ့ မှ စပြီး APPOINTMENT ယူထာ...
02/05/2026

⛩ GOLDEN WEEK ကာလ ၅ လပိုင်း ၂ရက်နေ့ မှ ၆ရက်နေ့ထိ ရုံးပိတ်ရက် ဖြစ်လို့ 面談 ဝင်မယ့်သူများ ၇ရက်နေ့ မှ စပြီး APPOINTMENT ယူထားလို့ရပါတယ်ခင်ဗျ

☎️ ပိတ်ရက်ဖြစ်စေ ၊ ရုံးချိန်ပြင်ပဖြစ်စေ စာပြန်ခြင်း ဖုန်းလက်ခံပြောကြားခြင်းများကိုတော့ အရင်အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်

အားလုံးပဲ HAPPY HOLIDAYS မှာ ပျော်ရွှင်ပါစေ..

အလုပ်ရှာနေသူများလည်း ကောင်းမွန်တဲ့အလုပ်သစ်တစ်ခု အမြန်ဆုံးရှာတွေ့ပါစေ 🤗

住所

Osaka, Osaka

電話番号

+959772202373

ウェブサイト

アラート

Yamamuraがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー