12/06/2026
📌建築現場作業所支援အလုပ်ခေါ်စာလေးလျှောက်လိုရပါသေးတယ်ရှင်
ဖောင့်မပိတ်ခင်လေးအမြန်လျှောက်ထားရအောင်နော်📌
📌建築現場作業所支援အလုပ်ခေါ်စာလေးပါ 📌
(အလုပ်မိတ်ဆက်ခ အခမဲ့ ၊ ဂျပန်သို့လာမည့် လေယာဥ်လက်မှတ် အခမဲ့)
မြန်မာက နည်းပညာတက္ကသိုလ်ကို Civil မေဂျာနဲ့ဘွဲ့ရထားပြီး ဂျပန်မှာအလုပ်လုပ်ဖို့ စိတ်ဝင်စားသူများ၊ ဂျပန်ပြည်တွင်းအလုပ်ပြောင်းလိုသူများ၊ နိုင်ငံတကာမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေသူများ လျှောက်ထားနိုင်ပါတယ် ။
■ Job Position:建築現場作業所支援 (8名)
■နေထိုင်ခွင့် ဗီဇာ :Work Visa
■ အလုပ်တည်နေရာ :ဂျပန်တစ်နိုင်ငံလုံးမှာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ site အခြေအနေအရ နေရာအပြောင်းအရွေ့ရှိနိုင်ပါသည်။
■အခြေခံလစာ ¥215,000 ~
JLPT N2 လက်မှတ်ရှိလျှင် လစာအပြောင်းအလဲရှိသည် ။
(အချိန်ပိုကြေးနှင့် ပိတ်ရက်တွင်အလုပ်ဆင်းရသည်များရှိလျှင် သီးသန့် ပေးချေပါသည်)
ပုံမှန်ပိတ်ရက် : တစ်ပါတ် ၂ ရက် ပိတ်ပါသည် ။
နွေရာသီပိတ်ရက် ၊ နှစ်ကုန်ပိတ်ရက်နှင့် အခြားသောအစိုးရရုံးပိတ်ရက်များ
(Company Calendar အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သည် )
လိုအပ်သည့်အရည်အချင်း :
JLPT N2 လက်မှတ်ရှိသူများ (သို့မဟုတ်) BJT အမှတ်၄၀၀နှင့်အထက်ရသူများ (CEFR・B2 levelရှိသူများ)၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ။
တိုက်ရိုက်၀န်ထမ်းအဖြစ် ရည်မှန်းထားသူများ၊建築現場作業所支援အနေနဲ့ရေရှည်လုပ်ချင်သူများ။
မိမိကြိုးစားရင်ကြိုးစားသလောက် 総合職အထိရောက်ရှိနိုင်တဲ့အခွင့်အလမ်းကောင်းတွေရှိပါသည်။
အလုပ်လုပ်မည့်ကုမ္ပဏီအကြောင်း
မြင့်မားသောနည်းပညာကို အခြေခံပြီး၊ မြို့ပြပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများမှ နိုင်ငံခြားစီးပွားရေးချဲ့ထွင်မှုအထိ customer များအတွက် အကောင်းဆုံးတွေကို ဖန်တီးပေးနေသော အထွေထွေဆောက်လုပ်ရေးကုမ္ပဏီ ဖြစ်ပါသည်။
“အနာဂတ်နည်းပညာ” များကို ဖန်တီးထုတ်လုပ်နေသော နည်းပညာစင်တာတွင် ဆောက်လုပ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
အင်ဂျင်နီယာနည်းလမ်းများကို အသုံးပြု၍ customer များအတွက် ပိုမိုကောင်းမွန်သောအရည်အသွေးများကို လုပ်ဆောင်ပေးလျက်ရှိပြီး၊ ဆောက်လုပ်ရေးလုပ်ငန်း၏ ဆွဲဆောင်မှုကိုလည်း နောင်လာမည့် မျိုးဆက်ကလေးများထံသို့ မျှဝေပေးနေပါသည်။
မြန်မာနိုင်ငံသား ၁၂၀ ကျော် အလုပ်လုပ်လျက်ရှိပါသည်။
Job Description:
1910 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အဆောက်အဦးနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်သည့် အထွေထွေဆောက်လုပ်ရေးကုမ္ပဏီ (ゼネコン) တွင် 建築現場作業所支援အဖြစ် အလုပ်လုပ်ရပါမည်။
【အဓိကတာဝန်များ】
• စာရွက်စာတမ်းရေးသားခြင်းနှင့် ဒေတာထည့်သွင်းခြင်း
• ဖုန်းဖြေကြားခြင်းနှင့် ဧည့်သည်လက်ခံခြင်း
• လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများနှင့် ဆောက်လုပ်ရေးဓာတ်ပုံများ စီစဉ်ထိန်းသိမ်းခြင်း
• လုပ်ငန်းခွင်ကြီးကြပ်သူများနှင့် လုပ်ငန်းခွင့်လုပ်သားများကို ကူညီပံ့ပိုးခြင်း
• ပစ္စည်းကိရိယာများ စီမံခန့်ခွဲခြင်းနှင့် အချိန်ဇယားညှိနှိုင်းခြင်း
ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို လုံခြုံစွာနှင့် ချောမွေ့စွာ လည်ပတ်နိုင်ရန် ရုံးပိုင်းဆိုင်ရာနှင့် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်ရမည့် အလုပ်ဖြစ်ပါသည်။
【အလုပ်လုပ်မည့်နေရာ】
ဂျပန်နိုင်ငံတစ်နိုင်ငံလုံး ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
【အဓိကဆောက်လုပ်သည့် အဆောက်အဦးများ】
• ကွန်ဒိုမီနီယံ
• ရုံးအဆောက်အဦး
• စျေးဝယ်စင်တာများ
• ကျောင်းများ
• ဆေးရုံများ
• စက်ရုံများ
• ဟိုတယ်များ
• အများပြည်သူအသုံးပြုသည့် အဆောက်အဦးများ
လူများအသုံးပြုသည့် အကြီးစားအဆောက်အဦးများ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး၊ အမျိုးမျိုးသော ဆောက်လုပ်ရေးပရောဂျက်များတွင် ပါဝင်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
အလုပ်ခန့်ထားမည့်ပုံစံ:
ပထမနှစ်နှစ်ခန့်သည် စေလွှတ်မည့်ရုံး၏ စာချုပ်၀န်ထမ်း [ Link Familiar ၏ အချိန်ပြည့်၀န်ထမ်း(正社員)အဖြစ်လုပ်ရမည်ဖြစ်ပြီး တစ်ဖက်ရုံးမှ သင့်အား၀န်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်ချင်သည်ဆိုပါက လိုအပ်သည်များကို ကျွန်ုပ်တို့ရုံးမှ အပြည့်အဝထောက်ပံ့ပေးပါမည် ။
အလုပ်လျှောက်လိုသူများအနေဖြင့် [email protected] သို့ ဂျပန်ဘာသာဖြင့်ရေးသားထားသော 履歴書と職務経歴書 များ ပေးပို့ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ ။
လျှောက်ထားရာတွင် 宛先 : 建築現場作業所支援လို့ရေးပို့ပေးပါရန်။
• 業務内容:建築現場作業所支援
• 契約期間:無期雇用 更新あり 勤務態度等
• 就業場所(日本全国)
• 勤務時間・休憩・休日:8:00∼17:00 (1時間休憩)※現場によって若干の変更有
• 時間外労働の有無:状況による残業はあり
• 試用期間の有無と条件:無し
• 社会保険の適用状況:健康保険・厚生年金・雇用保険に加入。労災保険は全員適用。
• 受動喫煙防止措置:屋内禁煙(喫煙専用室のみ設置)
• 募集者の名称:株式会社リンクファミリア
မိသားစုကဲ့သို့နွေးထွေးစွာချိတ်ဆက်မှု
温かい家族のような繋がり